< ယောဘ 11 >
1 ၁ နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊
Respondens autem Sophar Naamathites, dixit:
2 ၂ စကား များ ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ် နှင့် လွတ်ရမည်လော။
Numquid qui multa loquitur, non et audiet? aut vir verbosus iustificabitur?
3 ၃ သင် ပြောသောမုသာ စကားကြောင့် သူတပါးတို့သည် တိတ်ဆိတ် စွာနေရမည်လော။ သင်ကဲ့ရဲ့ သောအခါ အဘယ်သူသည် အရှက် မ ကွဲဘဲနေရမည်နည်း။
Tibi soli tacebunt homines? et cum ceteros irriseris, a nullo confutaberis?
4 ၄ သင်က၊ ငါ့ စကား ဖြောင့် ၏။ ဘုရား သခင့်ရှေ့ တော်၌ ငါသန့်ရှင်း ၏ဟု ဆို မိပြီ။
Dixisti enim: Purus est sermo meus, et mundus sum in conspectu tuo.
5 ၅ ဘုရား သခင်မိန့် တော်မူပါစေ။ သင့် တစ်ဘက် ၌ နှုတ် တော်ကို ဖွင့် တော်မူပါစေ။
Atque utinam Deus loqueretur tecum, et aperiret labia sua tibi,
6 ၆ နက်နဲ သော ပညာ အရာတည်းဟူသောသင် နားလည်နိုင်သည်ထက်၊ နှစ်ဆ သာသောအရာတို့ကို သင့် အား ပြ တော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင် သည် အပြစ် ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရ လိမ့်မည်။
Ut ostenderet tibi secreta sapientiæ, et quod multiplex esset lex eius, et intelligeres quod multo minora exigaris ab eo, quam meretur iniquitas tua.
7 ၇ သင်သည် ဘုရား သခင်၏ ဇာတိတော်ကို စစ်၍ တွေ့ နိုင်သလော။ အနန္တ တန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင်နားလည် နိုင်သလော။
Forsitan vestigia Dei comprehendes, et usque ad perfectum Omnipotentem reperies?
8 ၈ မိုဃ်းကောင်းကင် ကိုမှီသည်ဖြစ်၍သင်သည်အဘယ် သို့ပြု နိုင်သနည်း။ မရဏာ နိုင်ငံထက် နက် သည် ဖြစ်၍သင်သည်အဘယ် သို့သိ နိုင်သနည်း။ (Sheol )
Excelsior cælo est, et quid facies? profundior inferno, et unde cognosces? (Sheol )
9 ၉ အတိုင်း အရှည် သည် မြေကြီး ကိုလွန် လျက် သမုဒ္ဒရာ ထက် သာ၍ကျယ်ဝန်း လျက်ရှိ၏။
Longior terra mensura eius, et latior mari.
10 ၁၀ ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား ၍ စစ်ကြောတော်မူလျှင် အဘယ် သူဆီးတား နိုင်သနည်း။
Si subverterit omnia, vel in unum coarctaverit, quis contradicet ei?
11 ၁၁ ဘုရား သခင်သည် ဆိုး သောသူတို့၏ သဘောကို သိ တော်မူ၏။ သူတို့အမှတ် တမဲ့ပြုသောဒုစရိုက် ကို သိမြင် တော်မူ၏။
Ipse enim novit hominum vanitatem, et videns iniquitatem, nonne considerat?
12 ၁၂ သို့သော်လည်း ရိုင်း သောမြည်း ကလေးသည် လူ အဖြစ်သို့ရောက်သောအခါ ၊ လူ မိုက်သည် ပညာ သတိရလိမ့်မည်။
Vir vanus in superbiam erigitur, et tamquam pullum onagri se liberum natum putat.
13 ၁၃ သင် သည် စိတ် နှလုံးကို ပြင်ဆင် ၍ လက် တို့ကို ဘုရား သခင်ထံ တော်သို့ ဆန့် လျှင် ၎င်း ၊
Tu autem firmasti cor tuum, et expandisti ad eum manus tuas.
14 ၁၄ သင် ပြုသောဒုစရိုက် ကိုပယ် ၍ သင့် အိမ် ၌ ဆိုးညစ် သောအမှုကို လက် မ ခံလျှင် ၎င်း၊
Si iniquitatem, quæ est in manu tua, abstuleris a te, et non manserit in tabernaculo tuo iniustitia:
15 ၁၅ အညစ် အကြေးနှင့်ကင်းလွတ် သော မျက်နှာ ကို ပြရလိမ့်မည်။ စိုးရိမ် စရာအကြောင်းမ ရှိ၊ တည်ကြည် လိမ့်မည်။
Tunc levare poteris faciem tuam absque macula, et eris stabilis, et non timebis.
16 ၁၆ ခံပြီးသောဒုက္ခ ဆင်းရဲကို မေ့လျော့ လိမ့်မည်။ လွန် သွားပြီးသော ရေ ကိုကဲ့သို့ အောက်မေ့ လိမ့်မည်။
Miseriæ quoque oblivisceris, et quasi aquarum quæ præterierunt recordaberis.
17 ၁၇ သင်၏အသက် သည်မွန်းတည့် အရောင်ထက် ထွန်းလင်း လိမ့်မည်။ ယခုမှောင်မိုက် သော်လည်းနံနက် ကဲ့သို့ လင်းလိမ့်မည်။
Et quasi meridianus fulgor consurget tibi ad vesperam: et cum te consumptum putaveris, orieris ut lucifer.
18 ၁၈ မြော်လင့် စရာရှိ သောကြောင့် မ စိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်းလုံခြုံ စွာ ငြိမ်ဝပ် လိမ့်မည်။
Et habebis fiduciam, proposita tibi spe, et defossus securus dormies.
19 ၁၉ အိပ် သောအခါ အဘယ် သူမျှမချောက် မလှန့်ရ။ လူများ တို့သည် သင့် ကိုတောင်းပန် ကြလိမ့်မည်။
Requiesces, et non erit qui te exterreat: et deprecabuntur faciem tuam plurimi.
20 ၂၀ ဆိုး သောသူတို့ ၏မျက်စိ သည် အားလျော့ လိမ့်မည်။ သူ တို့သည် ပြေး၍မ လွတ်ရကြ။ သူ တို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။
Oculi autem impiorum deficient, et effugium peribit ab eis, et spes illorum abominatio animæ.