< ယောဘ 1 >

1 ယောဘ အမည် ရှိသောသူတယောက်သည် ဥဇ ပြည် ၌ နေ ၏။ ထို သူ သည်စုံလင် ဖြောင့်မတ် ခြင်းရှိ ၏။ ဘုရား သခင်ကို ကြောက်ရွံ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။
Был человек в земле Уц, имя его Иов; и был человек этот непорочен, справедлив и богобоязнен и удалялся от зла.
2 သား ခုနစ် ယောက်နှင့် သမီး သုံး ယောက်ရှိ ၏။
И родились у него семь сыновей и три дочери.
3 သူ ၏ဥစ္စာ ကား၊ သိုး ခုနစ် ထောင် ၊ ကုလားအုပ် သုံး ထောင် ၊ နွား ယှဉ်ငါး ရာ ၊ မြည်း မငါး ရာ ၊ ငယ်သား အတိုင်း မသိများ သည်ဖြစ်၍ ၊ ထို သူ သည် အရှေ့ မျက်နှာအရပ် သားတကာ တို့ထက် သာ၍ကြီး သောသူဖြစ် ၏။
Имения у него было: семь тысяч мелкого скота, три тысячи верблюдов, пятьсот пар волов и пятьсот ослиц и весьма много прислуги; и был человек этот знаменитее всех сынов Востока.
4 ယောဘ ၏ သား တို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိ တို့အိမ် ၌ ပွဲ ခံ သဖြင့် ၊ နှမ သုံး ယောက်ကို လည်းခေါ် ၍ အတူ စား သောက် လေ့ ရှိကြ၏။
Сыновья его сходились, делая пиры каждый в своем доме в свой день, и посылали и приглашали трех сестер своих есть и пить с ними.
5 ပွဲ ခံသောနေ့ ရက်လွန်သောအခါ ၊ ယောဘ သည်သူ တို့ကိုခေါ်၍ သန့်ရှင်း စေပြီးလျှင် နံနက် စောစောထ ၍ သူ တို့အရေ အတွက်အတိုင်း မီး ရှို့သောယဇ်ကိုပူဇော် လေ့ရှိ၏။ အကြောင်း မူကား၊ ငါ့ သား တို့သည် မှားယွင်း ၍ စိတ် နှလုံးထဲ ၌ဘုရား သခင်ကို စွန့်ပယ်ကြပြီလောဟု ယောဘ အောက်မေ့ ၏။ ထိုသို့ ယောဘ သည် အစဉ် ပြု မြဲ ရှိ၏။
Когда круг пиршественных дней совершался, Иов посылал за ними и освящал их и, вставая рано утром, возносил всесожжения по числу всех их и одного тельца за грех о душах их. Ибо говорил Иов: может быть, сыновья мои согрешили и похулили Бога в сердце своем. Так делал Иов во все такие дни.
6 ဘုရား သခင်၏ သား တို့သည်ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသော နေ့ ရက်အချိန် ရောက်လျှင် ၊ စာတန် သည်လည်း သူ တို့နှင့်ရောနှော၍လာ ၏။
И был день, когда пришли сыны Божии предстать пред Господа; между ними пришел и сатана.
7 ထာဝရဘုရား ကလည်း ၊ သင်သည်အဘယ် အရပ်က လာ သနည်းဟုစာတန် ကို မေး တော်မူလျှင် ၊ စာတန် က၊ မြေကြီး ပေါ် မှာ လှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန် လျှောက်လေ၏။
И сказал Господь сатане: откуда ты пришел? И отвечал сатана Господу и сказал: я ходил по земле и обошел ее.
8 ထာဝရဘုရား ကလည်း ၊ ငါ့ ကျွန် ယောဘ ကိုဆင်ခြင် ပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တယောက်မျှမ ရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်သည်ဟု စာတန် အား မိန့် တော်မူ၏။
И сказал Господь сатане: обратил ли ты внимание твое на раба Моего Иова? ибо нет такого, как он, на земле: человек непорочный, справедливый, богобоязненный и удаляющийся от зла.
9 စာတန် ကလည်း ၊ ယောဘသည် အကျိုး မရဘဲ ဘုရား ဝတ်ကို ပြုသလော။
И отвечал сатана Господу и сказал: разве даром богобоязнен Иов?
10 ၁၀ ကိုယ်တော် သည် သူ့ ကိုယ်မှစ၍သူ့ အိမ် နှင့် သူ့ ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာ တော်မူသည် မဟုတ် လော။ သူ ပြု လေသမျှတို့ကို ကောင်းကြီး ပေးတော်မူပြီ။ သူ့ သိုး နွားအစရှိသော တိရစ္ဆာန်တို့သည် မြေ ပေါ် မှာ အလွန်ပွားများ ကြပြီ။
Не Ты ли кругом оградил его и дом его и все, что у него? Дело рук его Ты благословил, и стада его распространяются по земле;
11 ၁၁ ယခု မူကား ၊ လက် တော်ကိုဆန့် ၍ သူ ၏ဥစ္စာရှိသမျှ ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရား ကို ပြန် လျှောက်လေ၏။
но простри руку Твою и коснись всего, что у него, - благословит ли он Тебя?
12 ၁၂ ထာဝရဘုရား ကလည်း ၊ သူ ၏ဥစ္စာရှိသမျှ သည် သင့် လက် ၌ ရှိ၏။ သူ့ ကိုယ်တခုကိုသာ မ ထိ မခိုက်နှင့်ဟု မိန့် တော်မူလျှင် ၊ စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား လေ၏။
И сказал Господь сатане: вот, все, что у него, в руке твоей; только на него не простирай руки твоей. И отошел сатана от лица Господня.
13 ၁၃ တနေ့ သ၌ယောဘ ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် တွင် စား ၍ စပျစ်ရည် ကိုသောက် လျက် နေကြစဉ်၊
И был день, когда сыновья его и дочери его ели и вино пили в доме первородного брата своего.
14 ၁၄ ယောဘ ထံ သို့ တမန် တယောက်လာ ၍ ၊ နွား တို့သည် လယ်ထွန် လျက်၊ သူ တို့အနား မှာမြည်း မတို့သည် ကျက်စား လျက် ရှိကြသောအခါ၊
И вот, приходит вестник к Иову и говорит:
15 ၁၅ ရှေဘ အမျိုးသားတို့သည် တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
волы орали, и ослицы паслись подле них, как напали Савеяне и взяли их, а отроков поразили острием меча; и спасся только я один, чтобы возвестить тебе.
16 ၁၆ ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍၊ ဘုရား သခင်၏မီး သည် မိုဃ်းကောင်းကင် မှ ကျ သဖြင့် ၊ သိုး များနှင့် လူ စောင့်များတို့ကို လောင် ၍ သူတို့သည်ကျွမ်း ကုန်ကြပါပြီ။ ကျွန်တော် တ ယောက် တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟုလျှောက် လေ၏။
Еще он говорил, как приходит другой и сказывает: огонь Божий упал с неба и опалил овец и отроков и пожрал их; и спасся только я один, чтобы возвестить тебе.
17 ၁၇ ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူ တယောက်သည်လာ ၍ ၊ ခါလဒဲ အမျိုးသားတပ် သုံး တပ် တို့သည် ချီ ၍ ကုလားအုပ် တို့ကို တိုက် ယူ သွားကြပါပြီ။ လူ စောင့်တို့ကိုလည်း ထား နှင့် သတ် ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
Еще он говорил, как приходит другой и сказывает: Халдеи расположились тремя отрядами и бросились на верблюдов и взяли их, а отроков поразили острием меча; и спасся только я один, чтобы возвестить тебе.
18 ၁၈ ထိုသို့ လျှောက် စဉ် တွင်၊ အခြားသောသူတယောက်သည်လာ ၍ ၊ ကိုယ်တော် ၏သား သမီး တို့သည် အစ်ကို အကြီး အိမ် ၌ စား ၍ စပျစ်ရည် ကို သောက် လျက်နေကြသောအခါ၊
Еще этот говорил, приходит другой и сказывает: сыновья твои и дочери твои ели и вино пили в доме первородного брата своего;
19 ၁၉ တော မှ လေ ကြီး လာ၍ အိမ် လေး ထောင့် ကို တိုက် သဖြင့် ၊ အိမ်သည် ထိုလုလင် တို့အပေါ် ၌ပြိုလဲ ပါ၏။ သူတို့သည်သေ ၍ ကျွန်တော် တ ယောက်တည်း ကျန်ရစ် လျက် ၊ ကိုယ်တော် အား သိတင်းကြား ပြောရပါသည်ဟု လျှောက် လေ၏။
и вот, большой ветер пришел от пустыни и охватил четыре угла дома, и дом упал на отроков, и они умерли; и спасся только я один, чтобы возвестить тебе.
20 ၂၀ ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။
Тогда Иов встал и разодрал верхнюю одежду свою, остриг голову свою и пал на землю и поклонился
21 ၂၁ အဝတ် မပါဘဲ အမိဝမ်းထဲ သို့ ပြန် သွားတော့မည်။ ထာဝရဘုရား ပေး တော်မူ၏။ ထာဝရဘုရား လည်း ရုပ်သိမ်း တော်မူ၏။ ထာဝရဘုရား ၏ နာမ တော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆို လေ၏။
и сказал: наг я вышел из чрева матери моей, наг и возвращусь. Господь дал, Господь и взял; как угодно было Господу, так и сделалось; да будет имя Господне благословенно!
22 ၂၂ ယောဘ သည် ဤ အမှုများ နှင့် တွေ့ကြုံသော်လည်းမ မှားယွင်း။ ထာဝရဘုရား ကိုလည်းအပြစ် မ တင်ဘဲနေ၏။
Во всем этом не согрешил Иов и не произнес ничего неразумного о Боге.

< ယောဘ 1 >