< ယေရမိ 8 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး ၊ မှူးမတ် တို့၏အရိုး ၊ ယဇ်ပုရောဟိတ် တို့၏အရိုး ၊ ပရောဖက် တို့၏အရိုး ၊ ယေရုရှလင် မြို့သား တို့၏ အရိုး များကို သင်္ချိုင်း တွင်းများ အထဲ ကထုတ် ပစ်၍ ၊
“‘Wakati huo, asema Bwana, mifupa ya wafalme na maafisa wa Yuda, mifupa ya makuhani na manabii, na mifupa ya watu wa Yerusalemu itaondolewa kutoka makaburi yao.
2 ထိုသူ တို့သည် ကြည်ညို ရာ၊ အမှုဆောင် ရာ၊ လိုက် သွားရာ၊ ရှာဖွေ ရာ၊ ကိုးကွယ် ရာဖြစ်သော နေ ၊ လ ၊ ကောင်းကင် တန်ဆာ ရှေ့ မှာ လှန် ထားကြလိမ့်မည်။ ထို အရိုးတို့ကို မ စု မပုံ၊ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ရကြလိမ့်မည်။
Itawekwa wazi kwa jua, na mwezi, na nyota zote za mbingu, ambazo walizipenda na kuzitumikia, na ambazo wamezifuata kutafuta ushauri na kuziabudu. Hawatakusanywa pamoja au kuzikwa, lakini watakuwa kama mavi yaliyotapakaa juu ya ardhi.
3 ငါနှင် လိုက်ရာအရပ်ရပ် ၌ ကျန် ကြွင်း၍၊ ဆိုးယုတ် သော ဤ အမျိုးသား တို့သည် အသက် ကို အလိုမရှိ။ သေ ခြင်းကို အလိုရှိ၍ ရွေးချယ် ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Popote nitakapowafukuzia, mabaki wote wa kizazi hiki kiovu watatamani kufa kuliko kuishi, asema Bwana Mwenye Nguvu Zote.’
4 တဖန် သင်သည် သူတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ လဲ သောသူသည် နောက်တဖန် မ ထ ရသလော။ လွဲသွား သောသူသည် နောက် တဖန်ပြန်၍ မ လာ ရသလော။
“Waambie, ‘Hivi ndivyo asemavyo Bwana: “‘Je, watu wanapoanguka hawainuki? Je, mtu anapopotea harudi?
5 ဤလူမျိုးတည်းဟူသောယေရုရှလင် မြို့သား တို့သည် ထာဝရဖောက်ပြန် ခြင်းအားဖြင့်အဘယ်ကြောင့် ဖောက်ပြန် ကြသနည်း။ မုသာ ကို စွဲလမ်း ကြ၏။ ငါတို့သည် ပြန် ၍မလာဟု ခိုင်မာစွာ ဆို ကြ၏။
Kwa nini basi watu hawa walipotea? Kwa nini Yerusalemu inapotea kila mara? Wanangʼangʼania udanganyifu na wanakataa kurudi.
6 ငါ စေ့စေ့ နားထောင် သောအခါ ၊ သူတို့သည် ဖြောင့်မတ် စွာ မ ပြော ကြ။ ငါသည် အဘယ်သို့ ပြု မိ သနည်းဟု ကိုယ် အပြစ် ကို မြင်၍ အဘယ်သူ မျှနောင်တ မရ။ စစ်တိုက် ခြင်းငှာ မြင်း ပြေး သကဲ့သို့ ၊ ထိုသူ အပေါင်း တို့သည် လမ်းလွှဲ၍ တဟုန်တည်းပြေး တတ်ကြ၏။
Nimewasikiliza kwa makini, lakini hawataki kusema lililo sawa. Hakuna anayetubia makosa yake akisema, “Nimefanya nini?” Kila mmoja hufuata njia yake mwenyewe kama farasi anayekwenda vitani.
7 မိုဃ်းကောင်းကင် ၌ ကျင်လည်သော တောငန်း သော်လည်း ၊ မိမိ အချိန် ကို သိ တတ်၏။ ဥချိုး ၊ တီတီတွတ် ၊ ဇရက်သော်လည်း၊ မိမိ ပြန်လာ ချိန် ကို မှတ် တတ်၏။ ငါ ၏လူ မူကား ၊ ထာဝရဘုရား စီရင် တော်မူခြင်း ကို နား မ လည်တတ်။
Hata korongo aliyeko angani anayajua majira yake yaliyoamriwa, nao njiwa, mbayuwayu na koikoi hufuata majira yao ya kurudi. Lakini watu wangu hawajui Bwana anachotaka kwao.
8 ငါ တို့သည် ပညာရှိ ဖြစ်၏။ ထာဝရဘုရား ၏ တရား သည် ငါ တို့၌ ရှိ၏ဟု သင်တို့သည် အဘယ်သို့ ဆို ရလိမ့်မည်နည်း။ အကယ်စင်စစ်စာရေး တို့၏ မုသာ မှင်တံ သည် မုသာ တရားကို လုပ် လေပြီ။
“‘Mwawezaje kusema, “Sisi tuna busara kwa sababu tunayo sheria ya Bwana,” wakati ambapo kwa hakika kalamu ya uongo ya waandishi imeandika kwa udanganyifu?
9 ပညာရှိ တို့သည် အရှက် ကွဲကြ၏။ ထိတ်လန့် ၍ ကျော့ကွင်း ထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပယ် ကြပြီ။ သူ တို့၌ ပညာ မည် မျှရှိသနည်း။
Wenye hekima wataaibika, watafadhaika na kunaswa. Kwa kuwa wamelikataa neno la Bwana, hiyo hekima waliyo nayo ni ya namna gani?
10 ၁၀ ထိုအကြောင်းကြောင့်၊ သူ တို့မယား များကို သူတပါး တို့၌ ငါအပ် မည်။ သူ တို့လယ်ယာ များကို သူတပါးတို့အား အပိုင် ပေးမည်။ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူ အပေါင်း တို့သည် မတရားသော စီးပွား ကို ရှာကြ၏။ ပရောဖက် မှ စ၍ ယဇ် ပုရောဟိတ်ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
Kwa hiyo nitawapa watu wengine wake zao, na mashamba yao kwa wamiliki wengine. Kuanzia aliye mdogo kabisa hadi aliye mkubwa kabisa, wote wana tamaa ya kupata zaidi; manabii na makuhani wanafanana, wote wanafanya udanganyifu.
11 ၁၁ ချမ်းသာ မရှိ သောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီး အနာ ကို ပေါ့လျော့ စွာကုကြ၏။
Wanafunga majeraha ya watu wangu bila uangalifu. Wanasema, “Amani, amani,” wakati hakuna amani.
12 ၁၂ သူတို့သည် ရွံရှာဘွယ် သောအမှုကို ပြု ပြီးမှရှက် ကြ သလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မပျက်တတ်ကြ။ ထိုကြောင့်၊ တယောက်နောက် တယောက်လဲ ကြလိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းကိုခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Je, wanaona aibu kwa ajili ya tabia yao inayochukiza mno? Hapana, hawana aibu hata kidogo, hawajui hata kuona haya. Kwa hiyo wataanguka miongoni mwa hao walioanguka, watashushwa chini watakapoadhibiwa, asema Bwana.
13 ၁၃ သူ တို့ကို ငါရှင်းရှင်းဖျက်ဆီး မည်။ စပျစ်နွယ် ပင် ၌ စပျစ်သီး မ ရှိရ။ သင်္ဘော သဖန်းပင်၌ သင်္ဘောသဖန်းသီး မ ရှိရ။ အရွက် လည်း ညှိုးနွမ်း ရမည်အကြောင်း၊ လွှမ်းမိုး သောသူ တို့ကို ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
“‘Nitayaondoa mavuno yao, asema Bwana. Hapatakuwepo zabibu kwenye mzabibu. Hapatakuwepo na tini kwenye mtini, majani yake yatanyauka. Kile nilichowapa watanyangʼanywa.’”
14 ၁၄ ငါ တို့သည် အဘယ် ကြောင့် ထိုင် လျက်နေကြ သနည်း။ စုဝေး ကြကုန်အံ့၊ ခိုင်ခံ့ သော မြို့ များအထဲ သို့ ဝင် ၍ တိတ်ဆိတ် စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် ငါ တို့ကို တိတ်ဆိတ် စွာနေစေ၍ ၊ ဆေးခါး နှင့် ရောသော ရေ ကိုတိုက် တော်မူ၏။
“Kwa nini tunaketi hapa? Kusanyikeni pamoja! Tukimbilie kwenye miji yenye maboma, tukaangamie huko! Kwa kuwa Bwana, Mungu wetu ametuhukumu kuangamia, na kutupa maji yenye sumu tunywe, kwa sababu tumemtenda dhambi.
15 ၁၅ ငါတို့သည် ချမ်းသာ ကို မြော်လင့် သော်လည်း ၊ ကောင်း သောအရာ မ ပေါ်လာ။ သက်သာ ချိန် ကို မြော်လင့်သော်လည်း ၊ ဘေး သက်သက်ဖြစ်၏။
Tulitegemea amani, lakini hakuna jema lililokuja, tulitegemea wakati wa kupona, lakini kulikuwa hofu tu.
16 ၁၆ သူ့ မြင်း နှာခေါင်းရှုသံ ကို ဒန် ပြည်က ကြား ရ၏။ သူ့ မြင်းရဲ ဟီ သံ ကိုကြား၍ တပြည် လုံး တုန်လှုပ် လေ၏။ သူတို့သည် ရောက် လာ၍ ၊ ပြည် နှင့် တကွပြည် ၌ရှိသမျှ ကို၎င်း ၊ မြို့ နှင့် တကွမြို့ သား တို့ကို၎င်းစား ၍မျိုကြ၏။
Mkoromo wa farasi za adui umesikika kuanzia Dani, kwa mlio wa madume yao ya farasi, nchi yote inatetemeka. Wamekuja kuangamiza nchi na vyote vilivyomo, mji na wote waishio ndani yake.”
17 ၁၇ ကြည့်ရှု လော့။ မန်း မှုတ်၍ မ နိုင်သော မြွေ ၊ ဆိုးသောမြွေ များကို သင် တို့ရှိ ရာသို့ ငါ စေလွှတ် သဖြင့် ၊ သင် တို့ကို ကိုက် ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
“Tazama, nitatuma nyoka wenye sumu kali katikati yenu, fira ambao hawawezi kulogwa, nao watawauma,” asema Bwana.
18 ၁၈ ငါ ဝမ်းနည်း ခြင်း ပျောက်မည်အကြောင်းအဘယ်သို့နည်း။ ငါ သည် စိတ် ပျက် လျက်နေရ၏။
Ee Mfariji wangu katika huzuni, moyo wangu umezimia ndani yangu.
19 ၁၉ ငါ၏ လူမျိုးသတို့သမီး အော်ဟစ် သံ ကို ဝေး သော ပြည်က ကြားရ၏။ ထာဝရဘုရား သည် ဇိအုန် မြို့၌ ရှိတော်မ မူသလော ။ မိမိ ရှင် ဘုရင်သည် မြို့ ထဲ၌ရှိတော်မ မူသလော။ တကျွန်းတနိုင်ငံ နှင့်ဆိုင်သောအချည်းနှီးအရာ ၊ ရုပ်တုဆင်းတု အားဖြင့် သူတို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှာ အဘယ်ကြောင့် ပြုကြသနည်း။
Sikia kilio cha watu wangu kutoka nchi ya mbali: “Je, Bwana hayuko Sayuni? Je, Mfalme wake hayuko tena huko?” “Kwa nini wamenikasirisha kwa vinyago vyao, kwa sanamu zao za kigeni zisizofaa?”
20 ၂၀ အသီးအနှံသိမ်း ရာကာလလွန် ပြီ။ နွေ ကာလ ကုန် ပြီ။ ငါ တို့သည် ကယ်တင် ခြင်းသို့ မ ရောက်ကြ။
“Mavuno yamepita, kiangazi kimekwisha, nasi hatujaokolewa.”
21 ၂၁ ငါ ၏လူမျိုး သတို့သမီး သည် နာ သောကြောင့် ၊ ငါ လည်းနာ ရ၏။ ကြမ်းတမ်း သော အဝတ်ကို ဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။
Kwa kuwa watu wangu wamepondwa, nami nimepondeka pia; ninaomboleza, nayo hofu kuu imenishika.
22 ၂၂ ဂိလဒ် ပြည်၌ ဗာလဇံ ပင် အစေးမ ရှိသလော။ ထို ပြည်၌ ဆေးသမား မ ရှိသလော။ ရှိလျက်ပင် ငါ ၏လူမျိုး သတို့သမီး သည် အဘယ်ကြောင့် အနာမှမ ထမြောက် သနည်း။
Je, hakuna zeri ya kuponya katika Gileadi? Je, hakuna tabibu huko? Kwa nini basi hakuna uponyaji wa majeraha ya watu wangu?

< ယေရမိ 8 >