< ယေရမိ 7 >
1 ၁ ထာဝရဘုရား ၏ အထံ တော်က နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊ သင်သည် ဗိမာန် တော် တံခါး ဝ၌ ရပ် လျက် ကြွေးကြော် ရမည့်စကား ဟူမူကား ၊
Das Wort, welches von seiten Jehovas zu Jeremia geschah, also:
2 ၂ ထာဝရဘုရား ကို ကိုးကွယ် ခြင်းငှါ ၊ ဤ တံခါး တို့ အတွင်းသို့ ဝင် သောယုဒ အမျိုးသားအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
Stelle dich in das Tor des Hauses Jehovas, und rufe daselbst dieses Wort aus und sprich: Höret das Wort Jehovas, ganz Juda, die ihr durch diese Tore eingehet, um Jehova anzubeten.
3 ၃ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များတို့ကို ပြုပြင် ကြလော့။ သို့ပြုလျှင် သင် တို့ကို ဤ အရပ် ၌ ငါနေ စေမည်။
So spricht Jehova der Heerscharen, der Gott Israels: Machet gut eure Wege und eure Handlungen, so will ich euch an diesem Orte wohnen lassen.
4 ၄ ဤသည်ကား၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်ဖြစ်သတည်းဟု မုသာ စကား ကို ပြော သောသူတို့၌ မ မှီဝဲ ကြနှင့်။
Und verlasset euch nicht auf Worte der Lüge, indem man spricht: Der Tempel Jehovas, der Tempel Jehovas, der Tempel Jehovas ist dies!
5 ၅ သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များ တို့ကို စုံလင်စွာ ပြုပြင် လျှင် ၎င်း ၊ အမှုသည်ချင်း တို့ကို သေချာစွာ တရား သဖြင့် စီရင် လျှင် ၎င်း ၊
Sondern wenn ihr eure Wege und eure Handlungen wirklich gut machet, wenn ihr wirklich Recht übet zwischen dem einen und dem anderen,
6 ၆ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူငယ်၊ မုတ်ဆိုးမ ကို မ ညှဉ်းဆဲ ၊ အပြစ် မရှိသောသူ၏ အသက် ကိုဤ အရပ် ၌ မ သတ် ၊ ကိုယ် အကျိုးကို ဖျက် ၍ အခြား တပါးသော ဘုရား တို့ကို မ ချဉ်းကပ် ဘဲ နေလျှင်၎င်း ၊
den Fremdling, die Waise und die Witwe nicht bedrücket, und unschuldiges Blut an diesem Orte nicht vergießet, und anderen Göttern nicht nachwandelt euch zum Unglück:
7 ၇ သင် တို့ဘိုးဘေး တို့အား ၊ ငါသည် အစဉ် မပြတ်ပေး သော ပြည် တည်းဟူသောဤ အရပ် ဌာန၌ သင် တို့ကို ငါနေ စေမည်။
so will ich euch an diesem Orte, in dem Lande, das ich euren Vätern gegeben habe, wohnen lassen von Ewigkeit zu Ewigkeit.
8 ၈ အကျိုး မ ရှိဘဲ မုသာ စကား ကို ပြောသောသူတို့၌ သင် တို့သည် ခိုလှုံ ကြ၏။
Siehe, ihr verlasset euch auf Worte der Lüge, die nichts nutzen.
9 ၉ သင်တို့သည် သူ့ဥစ္စာကိုခိုး လျက်၊ လူအသက်ကိုသတ် လျက် ၊ သူ့မယားကိုပြစ်မှား လျက် ၊ မဟုတ် မမှန်ဘဲ ကျိန်ဆို လျက် ၊ ဗာလ ဘုရားရှေ့ ၌ နံ့သာ ပေါင်းကို မီးရှို့လျက် ၊ ကိုယ်မ သိ ဘူးသော အခြား တပါးသော ဘုရား တို့ နောက် သို့လိုက် လျက်နှင့်၊
Wie? stehlen, morden und Ehebruch treiben und falsch schwören und dem Baal räuchern und anderen Göttern nachwandeln, die ihr nicht kennet!
10 ၁၀ ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်၌ ၊ ငါ့ ရှေ့ မှာဝင် ၍ ရပ် လျက်၊ ဤ ရွံရှာ ဘွယ်သော အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၊ အကျွန်ုပ်တို့သည် ကယ်နှုတ် တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက် ရကြမည် လော။
und dann kommet ihr und tretet vor mein Angesicht in diesem Hause, welches nach meinem Namen genannt ist, und sprechet: Wir sind errettet-damit ihr alle diese Greuel verübet!
11 ၁၁ ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်ကို၊ သင်တို့သည် ထားပြ တွင်း ကဲ့သို့ထင် ကြသလော။ ဤအမှုကို ငါ့ ကိုယ်တိုင်မြင် ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
Ist denn dieses Haus, welches nach meinem Namen genannt ist, eine Räuberhöhle geworden in euren Augen? Ich selbst, siehe, ich habe es gesehen, spricht Jehova.
12 ၁၂ ရှေ့ဦး စွာငါ ၏ နာမ ကို ငါတည် စေသောအရပ် ၊ ရှိလော ရွာ၌ ရှိသော ငါ့ အရပ် ဌာနသို့ သွား ၍ ၊ ငါ ၏အမျိုး ဣသရေလ လူတို့၏ အပြစ် ကြောင့် ၊ ထို အရပ်ကို အဘယ် သို့ငါပြု ဘူးသည်ကို ကြည့်ရှု ကြလော့။
Denn gehet doch hin nach meiner Stätte, die zu Silo war, woselbst ich zuerst meinen Namen wohnen ließ, und sehet, was ich ihr getan habe wegen der Bosheit meines Volkes Israel.
13 ၁၃ ယခု တွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့သည် ဤ အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၎င်း ၊ ငါသည်စောစော ထ၍ အထပ်ထပ်ပြော သော်လည်း ၊ သင်တို့သည် နား မ ထောင်၊ ငါခေါ် ၍ သင်တို့သည် မ ထူး သောကြောင့်၎င်း ၊
Und nun, weil ihr alle diese Werke getan habt, spricht Jehova, und ich zu euch geredet habe, früh mich aufmachend und redend, ihr aber nicht gehört habt; und ich euch gerufen, ihr aber nicht geantwortet habt:
14 ၁၄ ရှိလော ရွာကို ငါပြု သကဲ့သို့ ၊ ငါ ၏နာမ ဖြင့် သမုတ် သော ၊ သင် တို့ခိုလှုံ သော ဤအိမ် တော်၊ သင် တို့နှင့် ဘိုးဘေး တို့အား ငါပေး သော အရပ် ဌာနကို ငါပြု မည်။
so werde ich diesem Hause, welches nach meinem Namen genannt ist, worauf ihr euch verlasset, und dem Orte, den ich euch und euren Vätern gegeben, ebenso tun, wie ich Silo getan habe.
15 ၁၅ သင် တို့ညီအစ်ကို ဧဖရိမ် အမျိုးသား ရှိသမျှ တို့ကို ငါနှင်ထုတ် သကဲ့သို့ ၊ သင် တို့ကို ငါ့ ထံ မှ ငါနှင်ထုတ် မည်။
Und ich werde euch wegwerfen von meinem Angesicht, so wie ich alle eure Brüder, den ganzen Samen Ephraims, weggeworfen habe.
16 ၁၆ သင် သည်လည်း ဤ လူမျိုး အဘို့ ပဌနာ မ ပြုနှင့်။ သူ တို့အဘို့ အော်ဟစ် ခြင်း၊ ဆုတောင်း ခြင်းကို မ ပြု နှင့်။ ငါ့ ကို မ သွေးဆောင် နှင့်။ သင် ၏ စကားကို ငါ နား မ ထောင်။
Du aber, bitte nicht für dieses Volk und erhebe weder Flehen noch Gebet für sie, und dringe nicht in mich; denn ich werde nicht auf dich hören.
17 ၁၇ သူ တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ တို့၌ ပြု ကြသော အမှုကို မ မြင် သလော။
Siehst du nicht, was sie in den Städten Judas und auf den Straßen von Jerusalem tun?
18 ၁၈ ငါ့ ကို နှောင့်ရှက် မည်အကြံ နှင့်၊ ကောင်းကင် မိဖုရား အဘို့ မုန့် ပြားတို့ကို လုပ် ၍ ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ သွန်းလောင်း ရာ ပူဇော် သက္ကာကိုပြုခြင်းငှါ၊ သား တို့သည် ထင်း ခွေ ကြ၏။ အဘ တို့သည် မီး ထည့် ကြ၏။ မိန်းမ တို့သည် မုန့် နယ် ကြ၏။
Die Kinder lesen Holz auf, und die Väter zünden das Feuer an; und die Weiber kneten den Teig, um Kuchen zu bereiten für die Königin des Himmels und anderen Göttern Trankopfer zu spenden, um mich zu kränken.
19 ၁၉ ထိုသို့ပြု၍ ငါ့ ကိုနှောင့်ရှက်ကြသလော။ မိမိ တို့ မျက်နှာ ကို ဖျက် မည်အကြောင်း ၊ မိမိ တို့ကိုယ်ကိုသာ နှောင့်ရှက် ကြသည်မ ဟုတ်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
Kränken sie mich, spricht Jehova, nicht vielmehr sich selbst zur Beschämung ihres Angesichts?
20 ၂၀ သို့ဖြစ်၍၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤ အရပ် ၌ ရှိသောလူ ၊ တိရစ္ဆာန် ၊ သစ်ပင် ၊ မြေ အသီးအနှံ အပေါ် မှာ ငါ သည် ဒေါသ အမျက် မီးကို သွန်းလောင်း ၍၊ ထိုမီးသည် မ ငြိမ်း ဘဲလောင် လိမ့်မည်။
Darum spricht der Herr, Jehova, also: Siehe, mein Zorn und mein Grimm wird sich über diesen Ort ergießen, über die Menschen und über das Vieh, und über die Bäume des Feldes und über die Frucht des Landes; und er wird brennen und nicht erlöschen.
21 ၂၁ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့မီးရှို့ ရာ ယဇ်များကို အခြားသော ယဇ် များနှင့် အတူ ထား၍ ၊ အမဲသား ကိုစား ကြလော့။
So spricht Jehova der Heerscharen, der Gott Israels: Füget eure Brandopfer zu euren Schlachtopfern und esset Fleisch.
22 ၂၂ အကြောင်း မူကား၊ သင် တို့ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ငါ နှုတ် ဆောင်သောအခါ ၊ မီးရှို့ ရာယဇ် အစ ရှိသောယဇ် များအတွက် သူ တို့ကို ငါမှာ ထားသည် မ ဟုတ်။
Denn ich habe nicht mit euren Vätern geredet und ihnen nicht betreffs des Brandopfers und des Schlachtopfers geboten, an dem Tage, da ich sie aus dem Lande Ägypten herausführte;
23 ၂၃ ငါမှာ ထားသောအရာ ဟူမူကား ၊ ငါ့ စကား ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ငါသည်သင် တို့၏ ဘုရား သခင် ဖြစ် မည်။ သင် တို့သည်လည်း ၊ ငါ ၏ လူမျိုး ဖြစ် ကြ လိမ့်မည်။ သင် တို့သည် ကိုယ်အကျိုး ကို စောင့်လိုသောငှါ ၊ ငါစီရင်သမျှ သော တရားလမ်း သို့ လိုက် ရကြမည်ဟု မှာ ထား၏။
sondern dieses Wort habe ich ihnen geboten, und gesagt: Höret auf meine Stimme, so werde ich euer Gott sein, und ihr werdet mein Volk sein [Eig. euch zum Gott mir zum Volke sein; so auch Kap. 11,4;24,7 usw.; ] und wandelt auf dem ganzen Wege, den ich euch gebiete, auf daß es euch wohlgehe.
24 ၂၄ သို့ရာတွင် ၊ သူတို့သည် နား မ ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော နှလုံး ခိုင်မာ သည်နှင့်အညီကျင့်ကြံ ပြုမူ ၍ မျက်နှာ မ ပြု ၊ ကျော ခိုင်းလျက် နေကြ၏။
Aber sie haben nicht gehört und ihr Ohr nicht geneigt, sondern haben gewandelt in den Ratschlägen, in dem Starrsinn ihres bösen Herzens; und sie haben mir den Rücken zugekehrt und nicht das Angesicht.
25 ၂၅ သင် တို့အဘ များသည် အဲဂုတ္တု ပြည် က ထွက် သွား သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါသည် နေ့ တိုင်း စောစော ထ၍ ၊ ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် သော်လည်း ၊
Von dem Tage an, da eure Väter aus dem Lande Ägypten auszogen, bis auf diesen Tag habe ich alle meine Knechte, die Propheten, zu euch gesandt, täglich früh mich aufmachend und sendend.
26 ၂၆ သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ မ နာ မယူဘဲနေ၍ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသဖြင့်၊ အဘ များထက် သာ၍ဆိုးသွမ်း ကြ၏။
Aber sie haben nicht auf mich gehört und ihr Ohr nicht geneigt; und sie haben ihren Nacken verhärtet, haben es ärger gemacht als ihre Väter.
27 ၂၇ သင်သည် ဤ စကား အလုံးစုံ ကို သူ တို့အား ပြော သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ ခေါ် သော်လည်း မ ထူး ကြ။
Und wenn du alle diese Worte zu ihnen redest, so werden sie nicht auf dich hören; und rufst du ihnen zu, so werden sie dir nicht antworten.
28 ၂၈ သို့ဖြစ်၍ သင်ကလည်း၊ ဤ လူမျိုး သည် မိမိ တို့ ဘုရား သခင်ထာဝရဘုရား ၏စကား တော်ကို နား မ ထောင်၊ ဆုံးမ ၍ မ နိုင် သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာ ပျက် သော အမျိုးဖြစ်သည်ဟု သူ တို့အား ပြော ဆိုရမည်။
So sprich denn zu ihnen: Dies ist das Volk, welches auf die Stimme Jehovas, seines Gottes, nicht hört und keine Zucht annimmt; die Treue ist untergegangen und ist ausgerottet aus ihrem Munde.
29 ၂၉ သင် ၏သစ္စာဆံပင် ကိုရိတ် ၍ ပစ် လိုက်လော့။ မြင့် သောအရပ်၌ မြည်တမ်း ခြင်းကို ပြု လော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိလူမျိုးကို ပယ် တော်မူပြီ။ အမျက် တော်သင့်ရောက်သော အမျိုး ကို စွန့်ပစ် တော်မူပြီ။
Schere [Anrede an die Tochter Zion] deinen Haarschmuck [O. dein ungeschnittenes Haar] und wirf ihn weg, und erhebe ein Klagelied [O. eine Klage] auf den kahlen Höhen: denn Jehova hat das Geschlecht seines Grimmes verworfen und verstoßen.
30 ၃၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ အမျိုးသား တို့သည် ငါ့ ရှေ့ မှာဆိုး သော အမှုကိုပြု ကြပြီ။ ငါ ၏နာမ ဖြင့် သမုတ် သော အိမ် တော်ကို ညစ်ညူး စေခြင်းငှါ ၊ ရွံရှာဘွယ် သောအရာတို့ကို သွင်း ထားကြပြီ။
Denn die Kinder Juda haben getan, was böse ist in meinen Augen, spricht Jehova; sie haben ihre Scheusale in das Haus gestellt, welches nach meinem Namen genannt ist, um es zu verunreinigen.
31 ၃၁ ငါမ မှာ ထား၊ ငါ အလျှင်းအလို မ ရှိသော်လည်း ၊ သူ တို့သား သမီး များကို မီးရှို့ ခြင်းငှါ ဟိန္နုံ သား၏ချိုင့်၌ ရှိသော တောဖက် ကုန်း တို့ကို တည် ကြပြီ။
Und sie haben die Höhen des Topheth [S. die Anm. zu 2. Kön. 23,10] gebaut, welches im Tale des Sohnes Hinnoms ist, um ihre Söhne und ihre Töchter im Feuer zu verbrennen, was ich nicht geboten habe und mir nicht in den Sinn gekommen ist.
32 ၃၂ သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက် ချိုင့်ဟူ၍မ ခေါ် ၊ ဟိန္နုံ သား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက် ရာ ချိုင့် ဟူ၍ခေါ်ရသောအချိန် ကာလ ရောက် လိမ့်မည်။ တောဖက် ၌ မြေ လွတ်မ ရှိသည် တိုင်အောင် သင်္ဂြိုဟ် ကြလိမ့်မည်။
Darum siehe, Tage kommen, spricht Jehova, da man nicht mehr Topheth, noch Tal des Sohnes Hinnoms, sondern Würgetal sagen wird; man wird im Topheth begraben aus Mangel an Raum.
33 ၃၃ ဤ လူမျိုး အသေ ကောင်တို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ဖြစ် ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူ မျှမမောင်း ရ။
Und die Leichname dieses Volkes werden dem Gevögel des Himmels und den Tieren der Erde zur Speise sein, und niemand wird sie wegscheuchen.
34 ၃၄ ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ နှင့် မင်္ဂလာဆောင်သတို့သမီး အသံ ကိုငါစဲ စေမည်။ တပြည် လုံးသည် လူဆိတ်ညံ ရာအရပ်ဖြစ် လိမ့်မည် ဟုမိန့်တော်မူ၏။
Und ich werde in den Städten Judas und auf den Straßen von Jerusalem aufhören lassen die Stimme der Wonne und die Stimme der Freude, die Stimme des Bräutigams und die Stimme der Braut; denn das Land soll zur Einöde werden.