< ယေရမိ 6 >

1 အိုဗင်္ယာမိန် အမျိုးသား တို့၊ ယေရုရှလင် မြို့ထဲက ထွက်၍ ၊ လွတ်အောင်ပြေး ကြလော့။ တေကော ရွာ၌ တံပိုး မှုတ် ကြလော့။ ဗေသက္ကရင် ရွာ၌ မီးရှုး ကို မြှောက် ၍ ပြကြလော့။ အကြောင်း မူကား၊ ဘေးဥပဒ် တည်းဟူသောကြီး စွာသော ပျက်စီး ခြင်းအကြောင်းအရာသည် မြောက် မျက်နှာက ပေါ် လာ၏။
ဗင်္ယာ​မိန်​ပြည်​သား​တို့၊ ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့​ပြေး ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​သွား​ကြ​လော့။ တေ​ကော​ရွာ​၌​တံ​ပိုး​ခ​ရာ​ကို​မှုတ်​ကြ​လော့။ ဗေ​သက္က​ရင်​ရွာ​တွင်​အ​ချက်​ပြ​မီး​ရှူး​တိုင်​ကို မြှောက်​တင်​ကြ​လော့။ ဘေး​အန္တ​ရာယ်​နှင့်​ပျက်​စီး ခြင်း​သည်​မြောက်​အ​ရပ်​မှ​ရောက်​ရှိ​လာ​တော့ မည်။-
2 အဆင်းလှ ၍ နူးညံ့ သိမ်မွေ့သော သူတည်းဟူသော ဇိအုန် သတို့သမီး ကို ငါဖျက်ဆီး မည်။
ဇိ​အုန်​သ​မီး​ပျို​သည်​လှ​ပ​၍​သိမ်​မွေ့ သော်​လည်း ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။-
3 သိုးထိန်း တို့သည် သိုးစု များပါလျက် သူ့ ထံသို့ လာ ၍၊ သူ့တဘက်ပတ်လည် ၌ တဲ ဆောက် ၍၊ အသီးအသီး မိမိ တို့နေရာ မှာ ကျက်စား ကြ လိမ့်မည်။
သိုး​ထိန်း​များ​သည်​မိ​မိ​တို့​သိုး​များ​နှင့်​ထို အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​လိမ့်​မည်။ သူ​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​ကို​သင်​၏​ပတ်​လည်​တွင် ထိုး​ပြီး​လျှင် မိ​မိ​တို့​အ​သီး​သီး​အ​လို​ရှိ ရာ​တွင်​စ​ခန်း​ချ​ကြ​လိမ့်​မည်။-
4 သူ့ ကို စစ်တိုက် ခြင်းငှါပြင် ကြလော့။ ထ ကြ။ မွန်းတည့် အချိန်၌ တက် သွားကြကုန်အံ့။ ငါ တို့၌ ခက် လှ ၏။ မွန်းလွဲ ပြီ။ မိုဃ်းချုပ် လေပြီ။
သူ​တို့​က``ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​ရန် အ​သင့်​ပြင်​ထား​ကြ​လော့။ မွန်း​တည့်​ချိန်​၌ ငါ​တို့​တိုက်​ခိုက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​က ``က​နေ့​အ​ချိန်​ကုန်​လွန် တော့​မည်။ ည​နေ​စောင်း​ကျ​ချိန်​ရောက်​ပြီ ဖြစ်​၍​ယ​ခု​နောက်​ကျ​သွား​ပေ​ပြီ။-
5 ထ ကြ။ ညဉ့် အခါ တက် သွား၍၊ သူ ၏ ဘုံ ဗိမာန် တို့ကို ဖျက်ဆီး ကြကုန်အံ့ဟုဆိုကြလိမ့်မည်။
ညဥ့်​အ​ခါ​ငါ​တို့​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ယေ​ရု ရှ​လင်​မြို့​ခံ​တပ်​များ​ကို​ဖြို​ဖျက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
6 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သစ်ပင် တို့ကို ခုတ် လှဲကြလော့။ ယေရုရှလင် မြို့တဘက် ၌ မြေရိုး ကိုဖို့ ကြလော့။ ဤ မြို့ သည် ဆုံးမ စရာကောင်းသောမြို့ဖြစ်၏။ မြို့ ထဲ ၌ ညှဉ်းဆဲ ခြင်း သက်သက် ရှိ၏။
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ ဘု​ရင်​တို့​အား​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ ထား​နိုင်​ရန်​သစ်​ပင်​များ​ကို​ခုတ်​လှဲ​၍ မြေ က​တုတ်​များ​ကို​ဖို့​စေ​ခြင်း​ငှာ​အ​မိန့်​ပေး တော်​မူ​လေ​ပြီ။ ကိုယ်​တော်​က``ဤ​မြို့​သည် ညှင်း​ပန်း​နှိပ်​စက်​မှု​နှင့်​ပြည့်​နှက်​လျက်​ရှိ သ​ဖြင့်​ငါ​သည်​ဤ​မြို့​ကို​ဒဏ်​ခတ်​မည်။-
7 စမ်းရေပေါက်ဝမှ ရေ သည် စီး ထွက်သကဲ့သို့ ၊ ထိုမြို့ သည် ဒုစရိုက် ကို ထွက် စေတတ်၏။ မြို့ ထဲ ၌လုယူ ဖျက်ဆီး ခြင်းအသံကို ကြား ရ၏။ အနာ များနှင့် ဒဏ်ချက် ရာ များကို အစဉ် ငါ မြင် ရ၏။
စမ်း​ရေ​တွင်း​မှ​ရေ​သည်​အ​စဉ်​စီး​ထွက်​လျက် ရှိ​သ​ကဲ့​သို့​ယေ​ရု​ရှ​လင်​မြို့​မှ​မ​ကောင်း​မှု များ​သည်​အ​စဉ်​ယို​စီး​လျက်​နေ​၏။ မြို့​ထဲ ၌​အ​ကြမ်း​ဖက်​မှု၊ လု​ယက်​ဖျက်​ဆီး​မှု​တို့ ကို​ငါ​ကြား​ရ​၍​ဖျား​နာ​မှု​နှင့်​ဒဏ်​ရာ ဒဏ်​ချက်​များ​ကို​ငါ​မြင်​ရ​၏။-
8 အိုယေရုရှလင် မြို့၊ ဆုံးမ ခြင်းကိုခံ လော့။ သို့မဟုတ် ၊ သင့် ကို ငါ ရွံရှာ မည်။ သင့် ကိုပယ်ရှင်း၍ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။
အို ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​ဤ အ​မှု​အ​ရာ​များ​မှ​သင်​ခန်း​စာ​ယူ​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ငါ​သည်​သင်​တို့​အား​အ​စဉ် စွန့်​ပစ်​မည်။ သင်​တို့​မြို့​ကို​လူ​သူ​ကင်း​မဲ့​ရာ သွေ့​ခြောက်​သော​ဒေ​သ​အ​ဖြစ်​သို့​ငါ​ပြောင်း လဲ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
9 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်နွယ် ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ် သကဲ့သို့ ၊ ထိုသူတို့သည် ဣသရေလ ၌ ကျန်ကြွင်း သော အရာကိုလိုက်၍ အကုန်အစင်ဆွတ် ကြ လိမ့်မည်။ စပျစ်သီး ဆွတ် သော သူကဲ့သို့ ၊ သင် ၏လက် ကို ခြင်းတောင်းထဲသို့ တဖန်သွင်း ဦးလော့။
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့ အား``စ​ပျစ်​ဥ​ယျာဉ်​မှ​စ​ပျစ်​သီး​ရှိ​သ​မျှ ကို​အ​ကြွင်း​အ​ကျန်​မ​ရှိ​အောင်​ဆွတ်​ခူး​သ​ကဲ့ သို့၊ ဣ​သ​ရေ​လ​ပြည်​မှ​လူ​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ သို့​ဖြစ်​၍​သင်​သည်​အ​ချိန်​ရှိ​ခိုက် ကယ်​ဆယ်​၍​ရ​နိုင်​သ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကယ်​ဆယ်​ရ​မည်​ဟု​မိန့်​တော် မူ​၏။
10 ၁၀ သူတို့သည် နားထောင် မည်အကြောင်း၊ အဘယ်သူ ကို ငါပြော ၍ သတိပေး ရမည်နည်း။ သူ တို့နား သည် အရေဖျား လှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နား မ ထောင်နိုင် ကြ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူ တို့ကဲ့ရဲ့ စရာဖြစ်၏။ ထိုနှုတ်ကပတ် တော် ကို မ နှစ်သက် ကြ။
၁၀ငါ​က​လည်း``အ​ကယ်​၍​ကျွန်​တော်​မျိုး​ပြော ဆို​သ​တိ​ပေး​သော် အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်​နည်း။ သူ တို့​သည်​နား​များ​ကို​ပိတ်​၍​ကိုယ်​တော်​ရှင်​၏ ဗျာ​ဒိတ်​တော်​ကို​နာ​ခံ​ရန်​ငြင်း​ဆို​လျက် ကိုယ် တော်​ရှင်​၏​နှုတ်​က​ပတ်​တော်​ကို​ပြက်​ရယ်​ပြု ကြ​ပါ​၏။-
11 ၁၁ ထိုကြောင့်၊ ငါသည်ထာဝရဘုရား ၏ အမျက် တော်နှင့် ပြည့်ဝ ၏။ အောင့် ၍မ နေနိုင်။ လမ်း ၌ ရှိသောသူငယ် များနှင့် စုဝေး သောလူပျို များအပေါ် သို့ အမျက် တော်ကို ငါသွန်းလောင်း မည်။ လင် မယား အစုံ ကို၎င်း၊ အသက် ကြီးသောသူနှင့် အို လွန်းသောသူကို၎င်း သိမ်း သွားမည်။
၁၁အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ် တော်​ရှင်​၏​အ​မျက်​တော်​နှင့်​ပြည့်​လျက်​ရှိ သ​ဖြင့် မျို​သိပ်​၍​ပင်​မ​ထား​နိုင်​တော့​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​အ​မျက် တော်​ကို​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ လူ​ငယ်​လူ​ရွယ်​အ​စု အ​ဝေး​များ​ပေါ်​သို့​လည်း​ကောင်း​သွန်း​လောင်း လော့။ ဇ​နီး​မောင်​နှံ​များ​နှင့်​အ​လွန်​အို​မင်း​သူ များ​သည်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​အိမ်​များ၊ လယ်​ယာ​များ​နှင့်​အ​မျိုး သ​မီး​များ​သည်​သူ​တစ်​ပါး​လက်​သို့​ရောက်​ရှိ ရ​ကြ​လိမ့်​မည်။ ငါ​သည်​ဤ​ပြည်​မှ​လူ​တို့​ကို လက်​တော်​ကို​ဆန့်​လျက်​အ​ပြစ်​ဒဏ်​ပေး​တော် မူ​မည်။-
12 ၁၂ သူ တို့အိမ် နှင့်တကွလယ်ယာ ၊ မိန်းမ တို့သည် သူတပါး လက်သို့ ရောက် ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူ ပြည်သားတို့ကို ငါ ဒဏ်ခတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၂
13 ၁၃ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သော သူအပေါင်း တို့သည် မတရား သော စီးပွားကိုရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
၁၃ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-
14 ၁၄ ချမ်းသာ မ ရှိသောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီးအနာ ကို ပေါ့ လျော့ စွာ ကု ကြ၏။
၁၄ထို​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကု​သ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ​ချိန် ၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​သည်' ဟု​ဆို​ကြ​၏။-
15 ၁၅ သူတို့သည် ရွံရှာ ဘွယ်သော အမှုကိုပြု ပြီးမှ ရှက် ကြသလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မ ပျက် တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက်လဲ ကြ လိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၅သူ​တို့​သည်​စက်​ဆုတ်​သည့်​အ​မှု​တို့​ကို​ပြု​ကျင့် သည့်​အ​တွက်​ရှက်​ကြ​ပါ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ ရှက်​သွေး​ရောင်​ပင်​မ​သန်း​ကြ။ သို့ ဖြစ်​၍​သူ​တို့​သည်​အ​ခြား​သူ​များ​နည်း​တူ ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ​သူ​တို့​သည်​ဆုံး​ခန်း​သို့​ရောက်​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
16 ၁၆ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လမ်း နား မှာ ရပ် ၍ ကြည့်ရှု ကြလော့။ ရှေး လမ်း ဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်း သည် အဘယ် မှာရှိသနည်းဟု မေးမြန်း ၍၊ ထို လမ်း သို့ လိုက် ကြလော့။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာ ကြလိမ့်မည်။ သို့ရာတွင် ၊ ငါတို့သည် မ လိုက် ဟု ပြန်ပြော ကြ၏။
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား``လမ်း​ဆုံ​လမ်း​ခွ​တို့​တွင်​ရပ်​၍​ကြည့် ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို​စုံ​စမ်း ရှာ​ဖွေ​ကြ​လော့။ အ​ကောင်း​ဆုံး​သော​လမ်း အ​ဘယ်​မှာ​နည်း​ဟု​မေး​မြန်း​၍ ထို​လမ်း​သို့ လိုက်​လျှင်​သင်​တို့​၏​ဝိ​ညာဉ်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​တို့​က``ထို​လမ်း​ကို အ​ကျွန်ုပ် တို့​မ​လိုက်​လို​ပါ'' ဟု​ပြန်​ပြော​ကြ​၏။
17 ၁၇ ငါကလည်း၊ တံပိုး မှုတ်သံ ကို နားထောင် ကြလော့ ဟုဆိုလျက်၊ သင် တို့အပေါ် ၌ကင်းစောင့် တို့ကို ခန့် ထားသောအခါ ၊ ငါတို့သည် နား မ ထောင်ဟု ပြန်ပြော ကြ ၏။
၁၇တံ​ပိုး​ခ​ရာ​မှုတ်​၍​သ​တိ​ပေး​သံ​ကို​နား ထောင်​ရန် ထာ​ဝ​ရ​ဘု​ရား​သည် ကင်း​စောင့်​များ ကို​ခန့်​ထား​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​တို့ က``အ​ကျွန်ုပ်​တို့​နား​မ​ထောင်​လို​ပါ'' ဟု ဆို​ကြ​၏။
18 ၁၈ သို့ဖြစ်၍၊ အိုတပါးအမျိုးသား တို့၊ နားထောင် ကြလော့ ။ တပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ် တို့၊ သိမှတ် ကြလော့။
၁၈ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​မျိုး တ​ကာ​တို့၊ နား​ထောင်​ကြ​လော့။ အ​ချင်း​သက်​သေ အ​ပေါင်း​တို့၊ ငါ​၏​လူ​မျိုး​တော်​ကြုံ​တွေ့​ရ​မည့် ကံ​ကြမ္မာ​ကို​လေ့​လာ​ကြ​လော့။-
19 ၁၉ အိုမြေကြီး သားတို့၊ နားထောင် ကြလော့။ ဤ လူမျိုး သည် ငါ့ စကား ကို နား မ ထောင်၊ ငါ့ တရား ကိုလည်း ငြင်းပယ် သောကြောင့်၊ သူ တို့အလို အလျောက်ကြံစည် ခြင်းအကျိုး အပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ် ကို၊ သူတို့အပေါ် သို့ငါ သက်ရောက် စေမည်။
၁၉ကမ္ဘာ​မြေ​ကြီး​သား​တို့၊ နား​ထောင်​ကြ​လော့။ ဤ လူ​တို့​သည်​ငါ့​စ​ကား​ကို​မ​နာ​ယူ၊ ငါ​၏​သြ ဝါ​ဒ​ကို​လည်း​ပစ်​ပယ်​ကြ​၏။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​ခံ​ယူ​ထိုက်​သည့်​ဘေး​အန္တ​ရာယ် ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​မည်။-
20 ၂၀ ရှေဘ ပြည်မှ လောဗန် ကို၎င်း၊ ဝေး သောပြည် မှ မွှေး သောကြံ ကို၎င်း ၊ အဘယ် ကြောင့်ငါ့ ထံသို့ ဆောင်ခဲ့ သနည်း။ သင် တို့မီးရှို့ ရာ ယဇ်တို့ကို ငါ အလို မ ရှိ။ ပူဇော်သောယဇ် အမျိုးမျိုးကို ငါမ နှစ်သက် ။
၂၀ရှေ​ဘ​ပြည်​မှ​သူ​တို့​ယူ​ဆောင်​လာ​သော​လော်​ဗန် ကို​သော်​လည်း​ကောင်း၊ ဝေး​လံ​ရပ်​ခြား​မှ​ယူ​ဆောင် လာ​သည့်​နံ့​သာ​ပေါင်း​ကို​သော်​လည်း​ကောင်း​ငါ အ​လို​မ​ရှိ။ သူ​တို့​၏​ပူ​ဇော်​သ​ကာ​များ​ကို​ငါ လက်​မ​ခံ၊ သူ​တို့​ယဇ်​ပူ​ဇော်​ခြင်း​များ​ကို​ငါ မ​နှစ်​သက်'' ဟု​မိန့်​တော်​မူ​၏။-
21 ၂၁ ထိုအကြောင်းကြောင့် ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ထိမိ ၍ လဲစရာတို့ကို ဤ လူမျိုး ရှေ့ မှာ ငါ ထား မည်။ အဘ နှင့် သား တို့သည် ထိမိ၍ လဲ ကြလိမ့်မည်။ အိမ်နီးချင်း နှင့် အဆွေ ခင်ပွန်းတို့သည် အတူ ပျက်စီး ကြလိမ့်မည်။
၂၁သို့​ဖြစ်​၍​ငါ​သည်​ဤ​လူ​တို့​ရှေ့​တွင်​ခ​လုတ် များ​ချ​ထား​သဖြင့် ခြေ​ချော်​၍​လဲ​စေ​မည်။ ဖ​ခင်​များ​နှင့်​သား​များ​သည်​လည်း​ကောင်း မိတ်​ဆွေ​များ​နှင့်​အိမ်​နီး​ချင်း​များ​သည် လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
22 ၂၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူမျိုး တမျိုးသည် မြောက် မျက်နှာ မှ ပေါ် လာလိမ့်မည်။ ကြီး စွာသော လူမျိုး ကိုမြေကြီး စွန်း မှ ငါနှိုးဆော် မည်။
၂၂ထာ​ဝ​ရ​ဘု​ရား​က``မြောက်​အ​ရပ်​ရှိ​နိုင်​ငံ​တစ် ခု​မှ လူ​တို့​သည် ချီ​တက်​လာ​ကြ​လိမ့်​မည်။ ရပ် ဝေး​မှ​အင်​အား​ကြီး​မား​သည့်​လူ​မျိုး​သည် စစ်​တိုက်​ရန်​ပြင်​ဆင်​လျက်​နေ​၏။-
23 ၂၃ လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ ၊ သနား ခြင်းကရုဏာမ ရှိ။ သူ တို့ စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဇိအုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက် မြင်း စီး ၍၊ သင် ရှိရာသို့ ချီ လာကြလိမ့်မည်။
၂၃သူ​တို့​သည်​လေး​များ၊ လှံ​များ​ကို​စွဲ​ကိုင်​ကြ လေ​ပြီ။ သူ​တို့​သည်​ရက်​စက်​ကြမ်း​ကြုတ်​၍ သ​နား​က​ရု​ဏာ​ကင်း​မဲ့​သူ​များ​ဖြစ်​ကြ​၏။ မြင်း​များ​ကို​စီး​၍​လာ​ချိန်​၌​သူ​တို့​၏​အ​သံ သည်​ပင်​လယ်​မြည်​ဟည်း​သံ​နှင့်​တူ​၏။ သူ​တို့ သည်​ဇိ​အုန်​မြို့​ကို​တိုက်​ခိုက်​ရန်​အ​သင့်​ရှိ လေ​ပြီ။''
24 ၂၄ ထိုသိတင်း ကို ငါတို့သည် ကြား ၍ လက် အားလျော့ ကြ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို ၎င်း ခံ ရကြ၏။
၂၄ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-
25 ၂၅ တော သို့မ ထွက် ကြနှင့်။ လမ်း မှာ မ သွား ကြနှင့်။ ရန်သူ ၌ ထား ပါ၏။ အရပ်ရပ် ၌ ဘေး ရှိ၏။
၂၅ရန်​သူ​တို့​သည်​လက်​နက်​များ​ကို​စွဲ​ကိုင်​လျက် ငါ​တို့​အား​ဘေး​အန္တ​ရာယ်​ဝိုင်း​၍​နေ​သ​ဖြင့် ငါ တို့​သည်​ကျေး​လက်​များ​သို့​မ​ထွက်​ဝံ့။ လမ်း များ​ပေါ်​တွင်​လည်း​မ​လျှောက်​ဝံ့'' ဟု​ဆို​ကြ​၏။
26 ၂၆ အို ငါ ၏လူမျိုး သတို့သမီး ၊ လျှော်တေ အဝတ်ကို ဝတ် စည်း၍ ပြာ ၌ လူး လဲလော့။ တ ယောက်တည်း သော သားသေသည်ကို ငိုကြွေး သကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်း လော့။ လုယူဖျက်ဆီး သောသူသည် ငါ တို့ ကို ချက်ခြင်း တိုက် လိမ့်မည်။
၂၆ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​လူ​မျိုး​တော်​အား``သင် တို့​သည်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​ထဲ​၌​လူး​လှိမ့် ကြ​လော့။ တစ်​ဦး​တည်း​သော​သား​အ​တွက် ငို​ကြွေး မြည်​တမ်း​သ​ကဲ့​သို့​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​အား သုတ်​သင်​ဖျက်​ဆီး​ရန်​လာ​သူ​သည် ရုတ်​တ​ရက် ဝင်​ရောက်​တိုက်​ခိုက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-
27 ၂၇ သင်သည် ငါ ၏ လူမျိုး ကျင့်သောအကျင့် ဓလေ့တို့ကို စစ် ၍ သိ မည်အကြောင်း ၊ စစ်သောသူအရာ၌ ရဲတိုက် ကဲ့သို့သင့် ကို ငါခန့် ထား၏။
၂၇အ​ချင်း​ယေ​ရ​မိ၊ ငါ့​လူ​မျိုး​တော်​ကို​သတ္တု အား​ဆန်း​စစ်​သ​ကဲ့​သို့​သူ​တို့​၏​အ​ကျင့် အ​ကြံ​များ​ကို​သိ​စေ​ရန်​ဆန်း​စစ်​၍​ကြည့် လော့။-
28 ၂၈ ထိုသူ အပေါင်း တို့သည် အလွန်ဖောက်ပြန် သောသူ ၊ ကုန်းတိုက် တတ်သောသူဖြစ် ကြ၏။ ကြေးဝါ နှင့် သံ သက်သက် ၊ ဖျက် တတ်သော အရာသက်သက်ဖြစ်ကြ ၏။
၂၈သူ​တို့​အား​လုံး​ပင်​ခေါင်း​မာ​သည့်​သူ​ပုန် များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ကြေး​ဝါ​ကဲ့ သို့​လည်း​ကောင်း၊ သံ​ကဲ့​သို့​လည်း​ကောင်း​မာ ကြော​ကြ​၏။ သူ​တို့​သည်​လှည့်​လည်​သွား​လာ ၍​ကုန်း​ချော​တတ်​ကြ​၏။ အ​ကျင့်​ပျက်​သူ များ​ဖြစ်​ကြ​၏။-
29 ၂၉ ဖိုကိုမီး လောင် ပြီ။ ခဲ လည်းကုန် ပြီ။ စစ် သောသူသည် မှုတ် ၍ အကျိုးကိုမရ။ ညံ့ သောအရာကို မ ထုတ် မပယ်နိုင်။
၂၉သတ္တု​ကျို​ရာ​မီး​ဖို​ကြီး​သည်​အ​ပူ​ရှိန်​ပြင်း ၍​လာ​သော်​လည်း သတ္တု​ချေး​များ​သည်​အ​ရည် မပျော်၊ စီး​မ​ထွက်​ဘဲ​နေ​သ​ဖြင့်​ငါ​၏​လူ​မျိုး တော်​အား​ချေး​ညှော်​ကို​ဆက်​လက်​၍​ချွတ် နေ​ပါ​သော်​လည်း​အ​ကျိုး​မ​ရှိ။ အ​ဘယ် ကြောင့်​ဆို​သော်​ဆိုး​ညစ်​သူ​တို့​ကို​ထုတ် ပစ်​၍​မ​ရ​သော​ကြောင့်​ဖြစ်​၏။-
30 ၃၀ ထိုသူ တို့ကို ပယ် သော ငွေ ဟူ၍ ခေါ် ရမည်။ ထာဝရဘုရား သည် ပယ် တော်မူ၏။
၃၀ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ပစ်​ပယ် လိုက်​လေ​ပြီ။ ထို့​ကြောင့်​သူ​တို့​ကို​အ​ပယ်​ခံ ငွေ​ချော်​မြှုပ်​ဟူ​၍​ခေါ်​ရ​မည်'' ဟု​မိန့်​တော် မူ​၏။

< ယေရမိ 6 >