< ယေရမိ 6 >
1 ၁ အိုဗင်္ယာမိန် အမျိုးသား တို့၊ ယေရုရှလင် မြို့ထဲက ထွက်၍ ၊ လွတ်အောင်ပြေး ကြလော့။ တေကော ရွာ၌ တံပိုး မှုတ် ကြလော့။ ဗေသက္ကရင် ရွာ၌ မီးရှုး ကို မြှောက် ၍ ပြကြလော့။ အကြောင်း မူကား၊ ဘေးဥပဒ် တည်းဟူသောကြီး စွာသော ပျက်စီး ခြင်းအကြောင်းအရာသည် မြောက် မျက်နှာက ပေါ် လာ၏။
Run and hide, descendants of Benjamin, get out of Jerusalem! Blow the trumpet in Tekoa; light a signal fire in Beth-haccherem, for disaster and terrible destruction is arriving from the north.
2 ၂ အဆင်းလှ ၍ နူးညံ့ သိမ်မွေ့သော သူတည်းဟူသော ဇိအုန် သတို့သမီး ကို ငါဖျက်ဆီး မည်။
Even though she is pretty and delightful, I will destroy the Daughter of Zion.
3 ၃ သိုးထိန်း တို့သည် သိုးစု များပါလျက် သူ့ ထံသို့ လာ ၍၊ သူ့တဘက်ပတ်လည် ၌ တဲ ဆောက် ၍၊ အသီးအသီး မိမိ တို့နေရာ မှာ ကျက်စား ကြ လိမ့်မည်။
“Shepherds” and their “flocks” will come to attack her; they will set up their tents all around her, each one looking after his own.
4 ၄ သူ့ ကို စစ်တိုက် ခြင်းငှါပြင် ကြလော့။ ထ ကြ။ မွန်းတည့် အချိန်၌ တက် သွားကြကုန်အံ့။ ငါ တို့၌ ခက် လှ ၏။ မွန်းလွဲ ပြီ။ မိုဃ်းချုပ် လေပြီ။
They get ready for battle against her, saying, “Come on, we'll attack at noon! Oh no, the day is almost over, the evening shadows are growing long.
5 ၅ ထ ကြ။ ညဉ့် အခါ တက် သွား၍၊ သူ ၏ ဘုံ ဗိမာန် တို့ကို ဖျက်ဆီး ကြကုန်အံ့ဟုဆိုကြလိမ့်မည်။
Come on, we'll attack at night instead and destroy her fortresses!”
6 ၆ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သစ်ပင် တို့ကို ခုတ် လှဲကြလော့။ ယေရုရှလင် မြို့တဘက် ၌ မြေရိုး ကိုဖို့ ကြလော့။ ဤ မြို့ သည် ဆုံးမ စရာကောင်းသောမြို့ဖြစ်၏။ မြို့ ထဲ ၌ ညှဉ်းဆဲ ခြင်း သက်သက် ရှိ၏။
This is what the Lord Almighty says: Cut down the trees and make a siege ramp to use against Jerusalem. This city needs to be punished because it's full of people mistreating one another.
7 ၇ စမ်းရေပေါက်ဝမှ ရေ သည် စီး ထွက်သကဲ့သို့ ၊ ထိုမြို့ သည် ဒုစရိုက် ကို ထွက် စေတတ်၏။ မြို့ ထဲ ၌လုယူ ဖျက်ဆီး ခြင်းအသံကို ကြား ရ၏။ အနာ များနှင့် ဒဏ်ချက် ရာ များကို အစဉ် ငါ မြင် ရ၏။
Like a spring gushing out water, so she pours out her evil. The sounds of violence and abuse echo inside her. I see people sick and wounded everywhere.
8 ၈ အိုယေရုရှလင် မြို့၊ ဆုံးမ ခြင်းကိုခံ လော့။ သို့မဟုတ် ၊ သင့် ကို ငါ ရွံရှာ မည်။ သင့် ကိုပယ်ရှင်း၍ လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်။
I'm warning you, people of Jerusalem, I'm going to give up on you in disgust. I will destroy you and leave your country uninhabited.
9 ၉ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်နွယ် ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ် သကဲ့သို့ ၊ ထိုသူတို့သည် ဣသရေလ ၌ ကျန်ကြွင်း သော အရာကိုလိုက်၍ အကုန်အစင်ဆွတ် ကြ လိမ့်မည်။ စပျစ်သီး ဆွတ် သော သူကဲ့သို့ ၊ သင် ၏လက် ကို ခြင်းတောင်းထဲသို့ တဖန်သွင်း ဦးလော့။
This is what the Lord Almighty says: Even those left in Israel will be taken, just as grapes left on a vine are taken by the one harvesting the grapes who checks the branches again.
10 ၁၀ သူတို့သည် နားထောင် မည်အကြောင်း၊ အဘယ်သူ ကို ငါပြော ၍ သတိပေး ရမည်နည်း။ သူ တို့နား သည် အရေဖျား လှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နား မ ထောင်နိုင် ကြ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူ တို့ကဲ့ရဲ့ စရာဖြစ်၏။ ထိုနှုတ်ကပတ် တော် ကို မ နှစ်သက် ကြ။
Who can I give this warning to? Who's going to listen to me? Can't you see that they refuse to listen? They can't hear what I'm saying. See how offensive the Lord's message is to them. They don't like it at all.
11 ၁၁ ထိုကြောင့်၊ ငါသည်ထာဝရဘုရား ၏ အမျက် တော်နှင့် ပြည့်ဝ ၏။ အောင့် ၍မ နေနိုင်။ လမ်း ၌ ရှိသောသူငယ် များနှင့် စုဝေး သောလူပျို များအပေါ် သို့ အမျက် တော်ကို ငါသွန်းလောင်း မည်။ လင် မယား အစုံ ကို၎င်း၊ အသက် ကြီးသောသူနှင့် အို လွန်းသောသူကို၎င်း သိမ်း သွားမည်။
But as for me, I'm full of the Lord's anger; I have a hard time keeping it in. The Lord replies, Pour it out on children in the street, and on groups of young people, because both husband and wife are going to be captured—it's everyone, and it doesn't matter how old they are.
12 ၁၂ သူ တို့အိမ် နှင့်တကွလယ်ယာ ၊ မိန်းမ တို့သည် သူတပါး လက်သို့ ရောက် ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူ ပြည်သားတို့ကို ငါ ဒဏ်ခတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Their houses will be given to others, their fields and wives too, because I'm going to punish everyone living in this country, declares the Lord.
13 ၁၃ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သော သူအပေါင်း တို့သည် မတရား သော စီးပွားကိုရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
Everyone cheats because they're greedy, poor and rich alike. Even prophets and priests—they are all dishonest liars!
14 ၁၄ ချမ်းသာ မ ရှိသောအခါ ချမ်းသာ ၊ ချမ်းသာ ဟု ပြော ဆိုလျက်၊ ငါ ၏လူမျိုး သတို့သမီးအနာ ကို ပေါ့ လျော့ စွာ ကု ကြ၏။
They give my wounded people first aid, but they don't really care about them. They tell them, “Don't worry! We have peace!” even as war approaches.
15 ၁၅ သူတို့သည် ရွံရှာ ဘွယ်သော အမှုကိုပြု ပြီးမှ ရှက် ကြသလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မ ပျက် တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက်လဲ ကြ လိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Were they ashamed of the disgusting things they did? No, they weren't ashamed at all, they couldn't even blush. So they will fall just like the others, when I punish them; they will drop down dead, says the Lord.
16 ၁၆ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လမ်း နား မှာ ရပ် ၍ ကြည့်ရှု ကြလော့။ ရှေး လမ်း ဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်း သောလမ်း သည် အဘယ် မှာရှိသနည်းဟု မေးမြန်း ၍၊ ထို လမ်း သို့ လိုက် ကြလော့။ သို့ပြုလျှင် ၊ စိတ် နှလုံး သက်သာ ကြလိမ့်မည်။ သို့ရာတွင် ၊ ငါတို့သည် မ လိုက် ဟု ပြန်ပြော ကြ၏။
This is what the Lord says: Go and stand where the roads divide, and look. Find out which are the old paths. Ask, “What's the right way?” Then follow it and you'll be content. But you refused, saying, “We won't go that way!”
17 ၁၇ ငါကလည်း၊ တံပိုး မှုတ်သံ ကို နားထောင် ကြလော့ ဟုဆိုလျက်၊ သင် တို့အပေါ် ၌ကင်းစောင့် တို့ကို ခန့် ထားသောအခါ ၊ ငါတို့သည် နား မ ထောင်ဟု ပြန်ပြော ကြ ၏။
I put watchmen in charge of you and told you, make sure you listen for the trumpet call warning you of danger. But you answered, “We won't listen!”
18 ၁၈ သို့ဖြစ်၍၊ အိုတပါးအမျိုးသား တို့၊ နားထောင် ကြလော့ ။ တပါးအမျိုးသားတို့တွင် ရှိနေသောပရိသတ် တို့၊ သိမှတ် ကြလော့။
So now you other nations can listen and find out what's going to happen to them.
19 ၁၉ အိုမြေကြီး သားတို့၊ နားထောင် ကြလော့။ ဤ လူမျိုး သည် ငါ့ စကား ကို နား မ ထောင်၊ ငါ့ တရား ကိုလည်း ငြင်းပယ် သောကြောင့်၊ သူ တို့အလို အလျောက်ကြံစည် ခြင်းအကျိုး အပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ် ကို၊ သူတို့အပေါ် သို့ငါ သက်ရောက် စေမည်။
Earth, you listen too! I am bringing disaster down on this people, the end result of what they themselves planned. It's because they paid no attention to what I said, and rejected my instructions.
20 ၂၀ ရှေဘ ပြည်မှ လောဗန် ကို၎င်း၊ ဝေး သောပြည် မှ မွှေး သောကြံ ကို၎င်း ၊ အဘယ် ကြောင့်ငါ့ ထံသို့ ဆောင်ခဲ့ သနည်း။ သင် တို့မီးရှို့ ရာ ယဇ်တို့ကို ငါ အလို မ ရှိ။ ပူဇော်သောယဇ် အမျိုးမျိုးကို ငါမ နှစ်သက် ။
What's the point of offering me frankincense from Sheba or sweet calamus from a far-away land? I don't accept your burnt offerings; I'm not pleased with your sacrifices.
21 ၂၁ ထိုအကြောင်းကြောင့် ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ထိမိ ၍ လဲစရာတို့ကို ဤ လူမျိုး ရှေ့ မှာ ငါ ထား မည်။ အဘ နှင့် သား တို့သည် ထိမိ၍ လဲ ကြလိမ့်မည်။ အိမ်နီးချင်း နှင့် အဆွေ ခင်ပွန်းတို့သည် အတူ ပျက်စီး ကြလိမ့်မည်။
So this is what the Lord says: I'm going to put blocks in front of these people to trip them up. Fathers and sons will fall down dead, friends and neighbors too.
22 ၂၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူမျိုး တမျိုးသည် မြောက် မျက်နှာ မှ ပေါ် လာလိမ့်မည်။ ကြီး စွာသော လူမျိုး ကိုမြေကြီး စွန်း မှ ငါနှိုးဆော် မည်။
This is what the Lord says: Look! An army is invading from the north; a powerful nation is getting ready to attack all the way from the ends of the earth.
23 ၂၃ လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ ၊ သနား ခြင်းကရုဏာမ ရှိ။ သူ တို့ စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဇိအုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက် မြင်း စီး ၍၊ သင် ရှိရာသို့ ချီ လာကြလိမ့်မည်။
They pick up their bows and spears. They are cruel and show no mercy. Their war-cries are like the sea roaring, and they ride horses lined up ready to attack you, Daughter of Zion.
24 ၂၄ ထိုသိတင်း ကို ငါတို့သည် ကြား ၍ လက် အားလျော့ ကြ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို ၎င်း ခံ ရကြ၏။
The people reply, “We've heard the news, and our hands are limp with shock! We're overcome with agony, suffering pain like a woman in labor.
25 ၂၅ တော သို့မ ထွက် ကြနှင့်။ လမ်း မှာ မ သွား ကြနှင့်။ ရန်သူ ၌ ထား ပါ၏။ အရပ်ရပ် ၌ ဘေး ရှိ၏။
Don't go to the field! Don't walk down the road! The enemy is armed with swords! Terror is everywhere!”
26 ၂၆ အို ငါ ၏လူမျိုး သတို့သမီး ၊ လျှော်တေ အဝတ်ကို ဝတ် စည်း၍ ပြာ ၌ လူး လဲလော့။ တ ယောက်တည်း သော သားသေသည်ကို ငိုကြွေး သကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်း လော့။ လုယူဖျက်ဆီး သောသူသည် ငါ တို့ ကို ချက်ခြင်း တိုက် လိမ့်မည်။
Oh my people, put on sackcloth and roll around in ashes. Mourn and cry bitterly like you would for an only son, because the destroyer will come down on you suddenly.
27 ၂၇ သင်သည် ငါ ၏ လူမျိုး ကျင့်သောအကျင့် ဓလေ့တို့ကို စစ် ၍ သိ မည်အကြောင်း ၊ စစ်သောသူအရာ၌ ရဲတိုက် ကဲ့သို့သင့် ကို ငါခန့် ထား၏။
Jeremiah, I have made you a tester of metals so you can test my people as if they were metal, so you can know what they're made of and how they act.
28 ၂၈ ထိုသူ အပေါင်း တို့သည် အလွန်ဖောက်ပြန် သောသူ ၊ ကုန်းတိုက် တတ်သောသူဖြစ် ကြ၏။ ကြေးဝါ နှင့် သံ သက်သက် ၊ ဖျက် တတ်သော အရာသက်သက်ဖြစ်ကြ ၏။
They're all stubborn rebels going around talking slander. They are hard as bronze and iron; they are all corrupt.
29 ၂၉ ဖိုကိုမီး လောင် ပြီ။ ခဲ လည်းကုန် ပြီ။ စစ် သောသူသည် မှုတ် ၍ အကျိုးကိုမရ။ ညံ့ သောအရာကို မ ထုတ် မပယ်နိုင်။
The bellows in the refiner's furnace blow powerfully, burning away the lead. But this refining is pointless, because the wicked are not purified.
30 ၃၀ ထိုသူ တို့ကို ပယ် သော ငွေ ဟူ၍ ခေါ် ရမည်။ ထာဝရဘုရား သည် ပယ် တော်မူ၏။
They are identified as impure silver to be rejected, because the Lord has rejected them.