< ယေရမိ 52 >

1 ဇေဒကိ မင်းသည် အသက် နှစ်ဆယ် တ နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ လိဗန မြို့သူယေရမိ သမီး ဟာမုတလ ဖြစ်သတည်း။
ဇေဒကိမင်းသည် အသက်နှစ်ဆယ်တနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတလဖြစ်သတည်း။
2 ထိုမင်းသည်ယောယကိမ် မင်းပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ဒုစရိုက် ကိုပြု ၏။
ထိုမင်းသည်ယောယကိမ်မင်းပြုသမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြု၏။
3 ထာဝရဘုရား သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို အထံ တော်မှ မ နှင်ထုတ် မှီတိုင်အောင်အမျက်ထွက် တော်မူ၍၊ ဇေဒကိ မင်းသည် ဗာဗုလုန် ရှင်ဘုရင် ကို ပုန်ကန် လေ၏။
ထာဝရဘုရားသည် ယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။
4 ဇေဒကိမင်းနန်းစံ ကိုး နှစ် ၊ ဒသမ လ ဆယ် ရက် နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ ၍ မြေကတုပ် တို့ကို တူးလုပ် ပြီးမှ ၊
ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌ တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
5 ဇေဒကိ မင်း နန်းစံတဆယ် တ နှစ် တိုင်အောင် မြို့ ကိုဝိုင်း ထားလေ၏။
ဇေဒကိမင်းနန်းစံ တဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
6 ထိုနှစ်၊ စတုတ္ထ လ ကိုး ရက်နေ့တွင် ၊ မြို့ ထဲမှာ အလွန်အစာအာဟာရ ခေါင်းပါးသဖြင့် ၊ မြို့သူ မြို့သားတို့ သည် စားစရာ မ ရှိ သောအခါ ၊
ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
7 ခါလဒဲ လူတို့သည် မြို့ရိုးကို ဖြို ဖေါက်၍ ၊ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့သည် ညဉ့် အခါပြေး ၍၊ မြို့ရိုး နှစ်ထပ်စပ်ကြား ၊ ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက် ပြီးမှ လွင်ပြင် သို့သွား ကြ၏။
ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖေါက်၍၊ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်း တို့သည် ညဉ့်အခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား၊ ဥယျာဉ် တော်နား တံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။
8 ခါလဒဲ စစ်သူရဲ တို့သည် ရှင်ဘုရင် ဇေဒကိ ကို လိုက် ၍၊ ယေရိခေါ လွင်ပြင် ၌ မှီ သဖြင့် ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏။
ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မှီသဖြင့် ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
9 ရန်သူတို့သည် ရှင်ဘုရင် ကို ဘမ်းဆီး ၍ ၊ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြော စီရင်၍၊
ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင် သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြောစီရင်၍၊
10 ၁၀ ဇေဒကိ မင်း၏သား တို့ကို အဘမျက်မှောက် ၌ သတ် လေ၏။ ရိဗလ မြို့မှာ ယုဒ မှူးမတ် အပေါင်း တို့ကိုလည်း သတ် လေ၏။
၁၀ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကို လည်း သတ်လေ၏။
11 ၁၁ ဇေဒကိ မျက်စိ ကိုလည်း ဖေါက် ပြီးမှ ၊ သူ့ ကို ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ဗာဗုလုန် မြို့သို့ ယူသွား သဖြင့် ၊ သေ သည်တိုင်အောင် ထောင် ထဲမှာ လှောင်ထား လေ၏။
၁၁ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား သဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထား လေ၏။
12 ၁၂ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတဆယ် ကိုး နှစ် ၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ အမှု တော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယေရုရှလင် မြို့ သို့ လာ ၍၊
၁၂ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ တဆယ်ကိုးနှစ်၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ အမှုတော် ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့ သို့လာ၍၊
13 ၁၃ ဗိမာန် တော်၊ နန်း တော်၊ မင်း အိမ် ၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီး ရှို့ လေ၏။
၁၃ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
14 ၁၄ ကိုယ်ရံတော်မှူး ၌ ပါသောခါလဒဲ စစ်သူရဲ အပေါင်း တို့သည် ယေရုရှလင် မြို့ရိုး ရှိသမျှ တို့ကို ဖြိုဖျက် ကြ၏။
၁၄ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲ စစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။
15 ၁၅ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန်ကြွင်း သောဆင်းရဲသား ၊ ဗာဗုလုန် ရှင်ဘုရင် ဘက်သို့ ကူး သွားနှင့်သောမြို့သား၊ ကြွင်း သမျှသောသူတို့ ကို သိမ်း သွားလေ၏။
၁၅ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ၏။
16 ၁၆ သို့ရာတွင် ၊ စပျစ် ဥယျာဉ်ကိုပြုစု၍ လယ် လုပ်စေခြင်းငှါ၊ ဆင်းရဲသား အချို့တို့ကို ထား ခဲ့လေ၏။
၁၆သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ဆင်းရဲ သားအချို့တို့ကို ထားခဲ့လေ၏။
17 ၁၇ ဗိမာန် တော်၌ ကြေးဝါ တိုင် တို့ကို၎င်း ၊ ကြေးဝါ ရေကန် ကို၎င်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည်ချိုးဖဲ့ ၍ ၊ ကြေးဝါ ရှိသမျှ ကို ဗာဗုလုန် မြို့သို့ ယူသွား ကြ၏။
၁၇ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည်ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန် မြို့သို့ ယူသွားကြ၏။
18 ၁၈ အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ အိုး ၊ ဇွန်း မှစ၍အမှု တော်ထမ်းစရာ၊ ကြေးဝါ တန်ဆာ ရှိသမျှ တို့ကိုလည်း ယူ သွားကြ၏။
၁၈အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။
19 ၁၉ ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသောအင်တုံ ၊ လင်ပန်း ၊ အိုး ၊ အိုးကင်း ၊ မီးခုံ ၊ ဇွန်း ၊ ဖလား များကို၊ ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ကိုယ်ရံတော်မှူး သည် ယူ သွား လေ၏။
၁၉ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွား လေ၏။
20 ၂၀ ဗိမာန် တော်၌ ရှောလမုန် မင်းကြီး လုပ် သော တိုင် နှစ် တိုင်၊ ရေကန် တ ခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွား တဆယ် နှစ် ခု၌ပါသောကြေးဝါ သည် အချိန် အားဖြင့်အတိုင်းမသိ များ၏။
၂၀ဗိမာန်တော်၌ ရှောလမုန်မင်းကြီး လုပ်သော တိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု၌ပါသော ကြေးဝါသည် အချိန် အားဖြင့် အတိုင်းမသိများ၏။
21 ၂၁ တိုင် အမြင့် ကား၊ တဆယ် ရှစ် တောင် ရှိ၏။ လုံးပတ် မူကား ၊ တဆယ် နှစ် တောင် ရှည်သော ကြိုးတပတ် ရှိ၏။ ခေါင်းပွ ဖြစ်၍ဒု လေး သစ်ရှိ၏။
၂၁တိုင်အမြင့်ကား၊ တဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တဆယ်နှစ်တောင်ရှည်သော ကြိုးတပတ် ရှိ၏။ ခေါင်းပါဖြစ်၍ဒုလေးသစ်ရှိ၏။
22 ၂၂ ကြေးဝါ တိုင် ထိပ်လည်း ရှိ၏။ တိုင် ထိပ်အမြင့် ကား၊ ငါး တောင် ရှိ၍ ထိပ် ပတ်လည် ကြေးဝါ ကွန်ရွက် ၊ ကြေးဝါသလဲသီး တို့နှင့်ပြည့်စုံ၏။ အခြား သော တိုင် သည် လည်း၊ ထိုအတူ ဖြစ်၍ သလဲသီး တို့နှင့်ပြည့်စုံ၏။
၂၂ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့် ကား၊ ငါးတောင်ရှိ၍ ထိပ်ပတ်လည်ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့်ပြည့်စုံ၏။ အခြားသော တိုင်သည် လည်း၊ ထိုအတူဖြစ်၍ သလဲသီးတို့နှင့်ပြည့်စုံ၏။
23 ၂၃ တိုင်တမျက်နှာ၌ သလဲသီး ကိုးဆယ် ခြောက် လုံး စီရှိ ၍၊ ကွန်ရွက် တဘက် ၌ သလဲသီး ပေါင်း တရာ ရှိသတည်း။
၂၃တိုင်တမျက်နှာ၌ သလဲသီးကိုးဆယ်ခြောက်လုံး စီရှိ၍၊ ကွန်ရွက်တဘက်၌ သလဲသီးပေါင်းတရာ ရှိသတည်း။
24 ၂၄ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန် တော်တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏။
၂၄ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရော ဟိတ်မင်းစရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန် တော်တံခါးမှူးသုံးယောက်တို့ကို ဘမ်းဆီးလေ၏။
25 ၂၅ စစ်သူရဲ တို့ကို အုပ် သောဗိုလ် တ ယောက်၊ မြို့ ထဲ၌ တွေ့ မိသော တိုင်ပင် မှူးမတ်ခုနှစ် ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော် သော တပ် စာရေးကြီး တယောက်၊ မြို့ ထဲ ၌ တွေ့ မိသော ပြည်သား ခြောက်ဆယ် တို့ကို မြို့ ထဲက ခေါ် သွား၍၊
၂၅စစ်သူရဲတို့ကို အုပ်သောဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ခုနှစ်ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ် တို့ကို မြို့ထဲကခေါ်သွား၍၊
26 ၂၆ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် ခဲ့ပြီးလျှင် ၊
၂၆ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ပြီးလျှင်၊
27 ၂၇ ဗာဗုလုန် ရှင်ဘုရင် သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ်ပေး ၍ ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်း သွားခြင်းကိုခံရသတည်း။
၂၇ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတို့ကို ဒဏ်ပေး၍ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှသိမ်းသွားခြင်းကို ခံရသတည်း။
28 ၂၈ နေဗုခဒ်နေဇာ မင်းသိမ်း သွားသော လူ ဟူမူကား၊ နန်းစံခုနစ် နှစ် တွင် ၊ ယုဒ အမျိုးသားသုံး ထောင် နှစ်ဆယ် သုံး ယောက်တို့ကို သိမ်းသွားလေ၏။
၂၈နေဗုခဒ်နေဇာမင်းသိမ်းသွားသော လူဟူမူကား၊ နန်းစံခုနစ်နှစ်တွင်၊ ယုဒအမျိုးသားသုံးထောင်နှစ်ဆယ် သုံးယောက်တို့ကို သိမ်းသွားလေ၏။
29 ၂၉ တဆယ် ရှစ် နှစ် တွင် ၊ လူရှစ် ရာ သုံးဆယ် နှစ် ယောက်တို့ကို ယေရုရှလင် မြို့မှ သိမ်းသွားလေ၏။
၂၉တဆယ်ရှစ်နှစ်တွင်၊ လူရှစ်ရာသုံးဆယ် နှစ်ယောက်တို့ကို ယေရုရှလင်မြို့မှ သိမ်းသွားလေ၏။
30 ၃၀ နှစ်ဆယ် သုံး နှစ် တွင် ။ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယုဒ အမျိုးသားခုနှစ် ရာ လေးဆယ် ငါး ယောက်တို့ကို သိမ်း သွား၏။ လူ အပေါင်း ကား၊ လေး ထောင် ခြောက် ရာ ရှိသတည်း။
၃၀နှစ်ဆယ်သုံးနှစ်တွင်။ ကိုယ်ရံတော်မှူး နေဗုဇာရ ဒန်သည် ယုဒအမျိုးသားခုနှစ်ရာလေးဆယ်ငါးယောက် တို့ကို သိမ်းသွား၏။ လူအပေါင်းကား၊ လေးထောင် ခြောက်ရာရှိသတည်း။
31 ၃၁ ယုဒ ရှင်ဘုရင် ယေခေါနိ သည် အချုပ် ခံရသောသက္ကရာဇ် သုံးဆယ် ခုနစ် နှစ်၊ ဒွါဒသမ လ နှစ်ဆယ် ငါး ရက်နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံ စက ယုဒ ရှင်ဘုရင် ယေခေါနိ ကို ထောင် ထဲက နှုတ် ၍ ချမ်းသာ ပေး လေ၏။
၃၁ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ်ငါး ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ် ၍ ချမ်းသာပေး လေ၏။
32 ၃၂ ကောင်းမွန် စွာ နှုတ်ဆက် ၍ သူ ၏ပလ္လင် ကို ဗာဗုလုန် မြို့မှ အထံ တော်၌ ရှိသောမင်းကြီး များထိုင်ရာပလ္လင် တို့ ထက် ချီးမြှင့် လေ၏။
၃၂ကောင်းမွန်စွာ နှုတ်ဆက်၍သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာပလ္လင်တို့ ထက်ချီးမြှင့်လေ၏။
33 ၃၃ ယေခေါနိမင်းသည် ထောင် ထဲမှာဝတ်သော အဝတ် ကိုလဲ ၍ ၊ အသက် ရှည်သမျှ ကာလ ပတ်လုံးအစဉ်မပြတ် အထံ တော်၌ စားသောက် ရ၏။
၃၃ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ် မပြတ်အထံတော်၌ စားသောက်ရ၏။
34 ၃၄ မ သေ မှီတိုင်အောင်အသက် ရှည်သမျှ နေ့ ရက်အစဉ်မပြတ် သူ စားစရာ ဘို့၊ ဗာဗုလုန် ရှင်ဘုရင် ပေး သနား တော်မူ၏။
၃၄အသေမှီတိုင်အောင် အသက်ရှည်သမျှ နေ့ရက် အစဉ်မပြတ်သူစားစရာဘို့၊ ဗာဗုလုန်ရှင်ဘုရင် ပေးသနား တော်မူ၏။

< ယေရမိ 52 >