< ယေရမိ 52 >
1 ၁ ဇေဒကိ မင်းသည် အသက် နှစ်ဆယ် တ နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ လိဗန မြို့သူယေရမိ သမီး ဟာမုတလ ဖြစ်သတည်း။
၁ဇေဒကိသည်နန်းတက်စဉ်အခါကအသက် နှစ်ဆယ့်တစ်နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ် ဆယ့်တစ်နှစ်မျှနန်းစံရလေသည်။ သူ့မယ် တော်မှာလိဗနမြို့သားယေရမိ၏သမီး ဟာမုတလဖြစ်၏။-
2 ၂ ထိုမင်းသည်ယောယကိမ် မင်းပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ဒုစရိုက် ကိုပြု ၏။
၂ဇေဒကိမင်းသည်ယောယကိမ်မင်းကဲ့သို့ ပင်ထာဝရဘုရား၏ရှေ့တော်၌မကောင်း မှုများကိုပြု၏။-
3 ၃ ထာဝရဘုရား သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို အထံ တော်မှ မ နှင်ထုတ် မှီတိုင်အောင်အမျက်ထွက် တော်မူ၍၊ ဇေဒကိ မင်းသည် ဗာဗုလုန် ရှင်ဘုရင် ကို ပုန်ကန် လေ၏။
၃ယေရုရှလင်မြို့နှင့်ယုဒပြည်၏အခြေ အနေသည်အလွန်ဆိုးရွား၍လာသဖြင့် ထာဝရဘုရားသည်အမျက်ထွက်ပြီး လျှင်ပြည်သားတို့အားပြည်နှင်ဒဏ်သင့် စေတော်မူ၏။ ဇေဒကိသည်ဗာဗုလုန်ဘုရင်ကိုပုန်ကန် သဖြင့်၊-
4 ၄ ဇေဒကိမင်းနန်းစံ ကိုး နှစ် ၊ ဒသမ လ ဆယ် ရက် နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ ၍ မြေကတုပ် တို့ကို တူးလုပ် ပြီးမှ ၊
၄ယုဒဘုရင်ဇေဒကိနန်းစံနဝမနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် မိမိ၏စစ်သည်တပ် သားအပေါင်းတို့နှင့်အတူယေရုရှလင် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ၏။ သူတို့ သည်မြို့ပြင်တွင်တပ်စခန်းချ၍မြို့ပတ် လည်တွင်မြေကတုတ်များကိုဖို့လုပ်ကြ၏။-
5 ၅ ဇေဒကိ မင်း နန်းစံတဆယ် တ နှစ် တိုင်အောင် မြို့ ကိုဝိုင်း ထားလေ၏။
၅ထိုမြို့သည်ဇေဒကိနန်းစံဆယ့်တစ်နှစ် မြောက်တိုင်အောင်အဝိုင်းခံရလေသည်။-
6 ၆ ထိုနှစ်၊ စတုတ္ထ လ ကိုး ရက်နေ့တွင် ၊ မြို့ ထဲမှာ အလွန်အစာအာဟာရ ခေါင်းပါးသဖြင့် ၊ မြို့သူ မြို့သားတို့ သည် စားစရာ မ ရှိ သောအခါ ၊
၆ထိုနှစ်စတုတ္ထလ၊ ကိုးရက်နေ့၌အစာငတ် မွတ်ခေါင်းပါးမှုသည်အလွန်ဆိုးရွား၍ လာသဖြင့် လူတို့တွင်အစာရေစာ အလျှင်းမရှိကြတော့ပေ။-
7 ၇ ခါလဒဲ လူတို့သည် မြို့ရိုးကို ဖြို ဖေါက်၍ ၊ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့သည် ညဉ့် အခါပြေး ၍၊ မြို့ရိုး နှစ်ထပ်စပ်ကြား ၊ ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက် ပြီးမှ လွင်ပြင် သို့သွား ကြ၏။
၇ထိုအခါမြို့ရိုးများသည်ကျိုးပေါက်၍သွား တော့၏။ မြို့ကိုဗာဗုလုန်အမျိုးသားတို့ဝိုင်းရံ လျက်ထားသော်လည်း စစ်သည်တပ်သားအပေါင်း သည်ညဥ့်အခါတွင်ထွက်ပြေးရန်ကြိုးစားကြ ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်အတိုင်း သွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြားရှိတံခါး ပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်းဘက်သို့ပြေး ကြ၏။-
8 ၈ ခါလဒဲ စစ်သူရဲ တို့သည် ရှင်ဘုရင် ဇေဒကိ ကို လိုက် ၍၊ ယေရိခေါ လွင်ပြင် ၌ မှီ သဖြင့် ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏။
၈သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့ သည်ဇေဒကိမင်းကိုလိုက်လံဖမ်းဆီးကြ ရာ ယေရိခေါမြို့အနီးရှိလွင်ပြင်တွင်မိ လေသည်။ ဇေဒကိ၏စစ်သူရဲအပေါင်းတို့ သည်သူ့အားစွန့်ပစ်၍ထွက်ပြေးကြ၏။-
9 ၉ ရန်သူတို့သည် ရှင်ဘုရင် ကို ဘမ်းဆီး ၍ ၊ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြော စီရင်၍၊
၉ရန်သူတို့သည်ဇေဒကိကိုဖမ်းဆီးပြီးလျှင် နေဗုခဒ်နေဇာမင်းရှိရာဟာမတ်နယ်မြေ၊ ရိဗလမြို့သို့ခေါ်ဆောင်သွားကြ၏။ ထို အရပ်၌ပင်နေဗုခဒ်နေဇာသည်ဇေဒကိ အပေါ်တွင်စီရင်ချက်ချမှတ်တော်မူ၏။-
10 ၁၀ ဇေဒကိ မင်း၏သား တို့ကို အဘမျက်မှောက် ၌ သတ် လေ၏။ ရိဗလ မြို့မှာ ယုဒ မှူးမတ် အပေါင်း တို့ကိုလည်း သတ် လေ၏။
၁၀ရိဗလမြို့တွင်ဗာဗုလုန်ဘုရင်သည်ဇေ ဒကိ၏သားတို့ကိုဖခင်၏မျက်မှောက်၌ ပင်လျှင်ကွပ်မျက်စေလေသည်။ ယုဒမှူးမတ် တို့ကိုလည်းကွပ်မျက်စေသေး၏။-
11 ၁၁ ဇေဒကိ မျက်စိ ကိုလည်း ဖေါက် ပြီးမှ ၊ သူ့ ကို ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ဗာဗုလုန် မြို့သို့ ယူသွား သဖြင့် ၊ သေ သည်တိုင်အောင် ထောင် ထဲမှာ လှောင်ထား လေ၏။
၁၁ထိုနောက်ဇေဒကိ၏မျက်စိများကိုဖောက် စေ၍သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများနှင့်ချည်နှောင်စေ၏။ ဇေဒကိသည်သေသည်တိုင်အောင်ဗာဗုလုန် မြို့တွင်ထောင်ထဲ၌နေရလေ၏။
12 ၁၂ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတဆယ် ကိုး နှစ် ၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ အမှု တော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယေရုရှလင် မြို့ သို့ လာ ၍၊
၁၂ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနန်းစံတစ် ဆယ့်ကိုးနှစ်မြောက်၊ ပဉ္စမလဆယ်ရက်နေ့၌ မင်းကြီး၏အတိုင်ပင်ခံအမတ်နှင့်အစောင့် တပ်မတော်မှူးနေဗုဇရဒန်သည် ယေရုရှ လင်မြို့သို့ဝင်ရောက်လာ၏။-
13 ၁၃ ဗိမာန် တော်၊ နန်း တော်၊ မင်း အိမ် ၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီး ရှို့ လေ၏။
၁၃သူသည်ဗိမာန်တော်နှင့်နန်းတော်ကိုလည်း ကောင်း၊ ယေရုရှလင်မြို့ရှိအရေးပါအရာ ရောက်သူလူအပေါင်းတို့၏နေအိမ်များကို လည်းကောင်းမီးရှို့ပစ်လေသည်။-
14 ၁၄ ကိုယ်ရံတော်မှူး ၌ ပါသောခါလဒဲ စစ်သူရဲ အပေါင်း တို့သည် ယေရုရှလင် မြို့ရိုး ရှိသမျှ တို့ကို ဖြိုဖျက် ကြ၏။
၁၄သူ၏တပ်သားများကလည်းမြို့ရိုးများကို ဖြိုချကြ၏။-
15 ၁၅ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန်ကြွင်း သောဆင်းရဲသား ၊ ဗာဗုလုန် ရှင်ဘုရင် ဘက်သို့ ကူး သွားနှင့်သောမြို့သား၊ ကြွင်း သမျှသောသူတို့ ကို သိမ်း သွားလေ၏။
၁၅ထိုနောက်မင်းကြီး၏အစောင့်တပ်မတော်မှူး နေဗုဇာရဒန်သည်မြို့ထဲတွင်ကျန်ရှိနေ သေးသည့်သူများ၊ လက်မှုပညာသည်အကြွင်း အကျန်များနှင့် ဗာဗုလုန်မြို့သားတို့ဘက် သို့ကူးပြောင်းလာသူများအား ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားလေသည်။-
16 ၁၆ သို့ရာတွင် ၊ စပျစ် ဥယျာဉ်ကိုပြုစု၍ လယ် လုပ်စေခြင်းငှါ၊ ဆင်းရဲသား အချို့တို့ကို ထား ခဲ့လေ၏။
၁၆သို့ရာတွင်အလွန့်အလွန်ဆင်းရဲသောသူ အချို့ကိုမူ ယုဒပြည်တွင်ချန်ထားခဲ့၍ စပျစ်ဥယျာဉ်များနှင့်လယ်ယာများတွင် အလုပ်လုပ်စေ၏။
17 ၁၇ ဗိမာန် တော်၌ ကြေးဝါ တိုင် တို့ကို၎င်း ၊ ကြေးဝါ ရေကန် ကို၎င်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည်ချိုးဖဲ့ ၍ ၊ ကြေးဝါ ရှိသမျှ ကို ဗာဗုလုန် မြို့သို့ ယူသွား ကြ၏။
၁၇ဗာဗုလုန်အမျိုးသားတို့သည်ဗိမာန်တော် ထဲရှိကြေးဝါတိုင်ကြီးများ၊ ကြေးဝါအောက် ခံခုံများနှင့်ကြေးဝါရေကန်ကြီးကိုအစိတ် စိတ်အမြွှာမြွှာချိုးဖဲ့ပြီးလျှင် ကြေးဝါမှန် သမျှကိုဗာဗုလုန်ပြည်သို့ယူဆောင်သွား ကြ၏။-
18 ၁၈ အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ အိုး ၊ ဇွန်း မှစ၍အမှု တော်ထမ်းစရာ၊ ကြေးဝါ တန်ဆာ ရှိသမျှ တို့ကိုလည်း ယူ သွားကြ၏။
၁၈သူတို့သည်ယဇ်ပလ္လင်သန့်ရှင်းရေးအတွက် အသုံးပြုသည့်တူရွင်းပြားများ၊ ယဇ်ပလ္လင် ကိုသန့်ရှင်းမှုပြုရာ၌အသုံးပြုသည့် ပြာခွက်များ၊ မီးခွက်များတိုက်ချွတ်ပြင် ဆင်ရာတွင်အသုံးပြုသည့်တန်ဆာပလာ များ၊ ယဇ်ကောင်သွေးခံခွက်ဖလားများ၊ နံ့ သာပေါင်းကိုမီးရှို့ရာခွက်ဖလားများနှင့် ဗိမာန်တော်အတွင်း ကိုးကွယ်ဝတ်ပြုရာ တွင်အသုံးပြုသည့်အခြားကြေးဝါ ပစ္စည်းအသုံးအဆောင်များကိုလည်း ယူဆောင်သွားကြ၏။-
19 ၁၉ ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသောအင်တုံ ၊ လင်ပန်း ၊ အိုး ၊ အိုးကင်း ၊ မီးခုံ ၊ ဇွန်း ၊ ဖလား များကို၊ ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ကိုယ်ရံတော်မှူး သည် ယူ သွား လေ၏။
၁၉မီးကျီးခဲများသယ်ယူရာတွင်အသုံးပြု သည့်ခွက်ငယ်များနှင့်အိုးကင်းများ၊ ယဇ် ကောင်သွေးခံခွက်ဖလားများ၊ ပြာခွက်များ၊ မီးတင်ခုံများ၊ နံ့သာပေါင်းကိုမီးရှို့ရာ ခွက်ဖလားများ၊ စပျစ်ရည်ပူဇော်သကာ သွန်းလောင်းရာတွင်အသုံးပြုသည့်ခွက် ဖလားအစရှိသည့်ရွှေသို့မဟုတ်ငွေဖြင့် ပြီးသည့်ပစ္စည်းမှန်သမျှကိုလည်း ယူဆောင် သွားလေသည်။-
20 ၂၀ ဗိမာန် တော်၌ ရှောလမုန် မင်းကြီး လုပ် သော တိုင် နှစ် တိုင်၊ ရေကန် တ ခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွား တဆယ် နှစ် ခု၌ပါသောကြေးဝါ သည် အချိန် အားဖြင့်အတိုင်းမသိ များ၏။
၂၀ဗိမာန်တော်အတွက်ရှောလမုန်မင်းပြု လုပ်ခဲ့သောကြေးဝါပစ္စည်းများဖြစ်သည့် တိုင်ကြီးနှစ်လုံး၊ အောက်ခံခုံများ၊ ရေကန် ကြီးနှင့်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ခု တို့သည်ချိန်တွယ်၍မရအောင်ပင်လေးလံ ပေသည်။-
21 ၂၁ တိုင် အမြင့် ကား၊ တဆယ် ရှစ် တောင် ရှိ၏။ လုံးပတ် မူကား ၊ တဆယ် နှစ် တောင် ရှည်သော ကြိုးတပတ် ရှိ၏။ ခေါင်းပွ ဖြစ်၍ဒု လေး သစ်ရှိ၏။
၂၁တိုင်ကြီးနှစ်လုံးသည်ဆင်တူဖြစ်၍အမြင့် နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ်တစ်ဆယ့်ရှစ်ပေ ရှိ၏။ ထိုတိုင်တို့သည်ခေါင်းပွဖြစ်၍ဒုသုံး လက်မရှိလေသည်။ ကြေးဝါတိုင်ထိပ်ပိုင်း များသည်အမြင့်ပေခုနစ်ပေခွဲစီရှိ၍ ယင်း တို့၏ပတ်လည်တွင်သလဲသီးများနှင့်တန် ဆာဆင်ထားသောကွန်ရွက်များရှိ၏။ ယင်း တို့အားလုံးကိုကြေးဝါများနှင့်ပြုလုပ် ထား၏။-
22 ၂၂ ကြေးဝါ တိုင် ထိပ်လည်း ရှိ၏။ တိုင် ထိပ်အမြင့် ကား၊ ငါး တောင် ရှိ၍ ထိပ် ပတ်လည် ကြေးဝါ ကွန်ရွက် ၊ ကြေးဝါသလဲသီး တို့နှင့်ပြည့်စုံ၏။ အခြား သော တိုင် သည် လည်း၊ ထိုအတူ ဖြစ်၍ သလဲသီး တို့နှင့်ပြည့်စုံ၏။
၂၂
23 ၂၃ တိုင်တမျက်နှာ၌ သလဲသီး ကိုးဆယ် ခြောက် လုံး စီရှိ ၍၊ ကွန်ရွက် တဘက် ၌ သလဲသီး ပေါင်း တရာ ရှိသတည်း။
၂၃တိုင်တစ်တိုင်ရှိကွန်ရွက်များတွင်သလဲသီး အလုံးတစ်ရာရှိ၍ကိုးဆယ့်ခြောက်လုံး ကိုမြေပြင်မှတွေ့မြင်နိုင်လေသည်။
24 ၂၄ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန် တော်တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏။
၂၄ထိုမှတစ်ပါးလည်းမင်းကြီး၏အစောင့်တပ် မတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ၊ သူ၏လက်ထောက်ဇေဖနိနှင့် အခြားအရေးကြီးသည့် ဗိမာန်တော်အရာ ရှိသုံးဦးတို့ကိုခေါ်ဆောင်၍သွား၏။-
25 ၂၅ စစ်သူရဲ တို့ကို အုပ် သောဗိုလ် တ ယောက်၊ မြို့ ထဲ၌ တွေ့ မိသော တိုင်ပင် မှူးမတ်ခုနှစ် ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော် သော တပ် စာရေးကြီး တယောက်၊ မြို့ ထဲ ၌ တွေ့ မိသော ပြည်သား ခြောက်ဆယ် တို့ကို မြို့ ထဲက ခေါ် သွား၍၊
၂၅သူသည်ယုဒတပ်မှူးဟောင်းတစ်ဦး၊ မြို့တွင်း ၌ကျန်ရှိနေသေးသောဘုရင်အတိုင်ပင်ခံ အမတ်ခုနစ်ဦး၊ တပ်မတော်မှတ်တမ်းထိန်း သည့်လက်ထောက်တပ်မှူးနှင့်အခြားအရေး ပါအရာရောက်သူလူခြောက်ဆယ်တို့ကို လည်းယေရုရှလင်မြို့မှခေါ်ဆောင်သွား လေသည်။-
26 ၂၆ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် ခဲ့ပြီးလျှင် ၊
၂၆နေဗုဇရဒန်သည်ထိုသူတို့ကိုဗာဗုလုန် ဘုရင်ရှိရာရိဗလမြို့သို့ခေါ်ဆောင်သွားရာ၊-
27 ၂၇ ဗာဗုလုန် ရှင်ဘုရင် သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ်ပေး ၍ ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်း သွားခြင်းကိုခံရသတည်း။
၂၇မင်းကြီးသည်ဟာမတ်နယ်မြေရိဗလမြို့ ၌ သူတို့အားရိုက်နှက်၍ကွပ်မျက်စေတော် မူ၏။ ဤသို့လျှင်ယုဒပြည်သားတို့သည်သုံ့ပန်း များအဖြစ်နှင့် မိမိတို့ပြည်မှသိမ်းသွား ခြင်းကိုခံရကြလေသည်။-
28 ၂၈ နေဗုခဒ်နေဇာ မင်းသိမ်း သွားသော လူ ဟူမူကား၊ နန်းစံခုနစ် နှစ် တွင် ၊ ယုဒ အမျိုးသားသုံး ထောင် နှစ်ဆယ် သုံး ယောက်တို့ကို သိမ်းသွားလေ၏။
၂၈နေဗုခဒ်နေဇာဖမ်းသွားသည့်သုံ့ပန်းစာရင်း မှာ သူ၏နန်းစံသတ္တမနှစ်၌သုံးထောင်နှစ် ဆယ့်သုံးယောက်၊-
29 ၂၉ တဆယ် ရှစ် နှစ် တွင် ၊ လူရှစ် ရာ သုံးဆယ် နှစ် ယောက်တို့ကို ယေရုရှလင် မြို့မှ သိမ်းသွားလေ၏။
၂၉နန်းစံရှစ်နှစ်မြောက်၌ယေရုရှလင်မြို့မှ ရှစ်ရာသုံးဆယ့်နှစ်ယောက်၊-
30 ၃၀ နှစ်ဆယ် သုံး နှစ် တွင် ။ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယုဒ အမျိုးသားခုနှစ် ရာ လေးဆယ် ငါး ယောက်တို့ကို သိမ်း သွား၏။ လူ အပေါင်း ကား၊ လေး ထောင် ခြောက် ရာ ရှိသတည်း။
၃၀နန်းစံနှစ်ဆယ့်သုံးနှစ်မြောက်၌နေဗုဇာရဒန် ခေါ်ဆောင်သွားသူခုနစ်ရာလေးဆယ့်ငါးယောက်၊ စုစုပေါင်းလေးထောင့်ခြောက်ရာဖြစ်သတည်း။
31 ၃၁ ယုဒ ရှင်ဘုရင် ယေခေါနိ သည် အချုပ် ခံရသောသက္ကရာဇ် သုံးဆယ် ခုနစ် နှစ်၊ ဒွါဒသမ လ နှစ်ဆယ် ငါး ရက်နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံ စက ယုဒ ရှင်ဘုရင် ယေခေါနိ ကို ထောင် ထဲက နှုတ် ၍ ချမ်းသာ ပေး လေ၏။
၃၁ဗာဗုလုန်ဘုရင်ဧဝိလမရောဒက်သည် မိမိ နန်းတက်တော်မူသောနှစ်၌ယုဒဘုရင် ယေခေါနိအား အကျဉ်းထောင်မှလွတ်၍ ကရုဏာပြတော်မူ၏။ ဤသို့ဖြစ်ပျက်သည် မှာယေခေါနိအကျဉ်းကျပြီးနောက် သုံး ဆယ့်ခုနစ်နှစ်မြောက်ဒွါဒသမလ၊ နှစ် ဆယ့်ငါးရက်နေ့ဖြစ်သတည်း။-
32 ၃၂ ကောင်းမွန် စွာ နှုတ်ဆက် ၍ သူ ၏ပလ္လင် ကို ဗာဗုလုန် မြို့မှ အထံ တော်၌ ရှိသောမင်းကြီး များထိုင်ရာပလ္လင် တို့ ထက် ချီးမြှင့် လေ၏။
၃၂ဧဝိလမရောဒက်သည်ယေခေါနိအား ကြင်နာစွာဆက်ဆံ၍ ဗာဗုလုန်ပြည်တွင် သူနှင့်အတူပြည်နှင်ဒဏ်သင့်သူအခြား ဘုရင်များထက်ပိုမိုချီးမြှင့်မြှောက်စား တော်မူ၏။-
33 ၃၃ ယေခေါနိမင်းသည် ထောင် ထဲမှာဝတ်သော အဝတ် ကိုလဲ ၍ ၊ အသက် ရှည်သမျှ ကာလ ပတ်လုံးအစဉ်မပြတ် အထံ တော်၌ စားသောက် ရ၏။
၃၃သို့ဖြစ်၍ယေခေါနိသည်ထောင်အဝတ်များ ကိုလဲခွင့်ရလျက် အသက်ရှင်သမျှကာလ ပတ်လုံးမင်းကြီးနှင့်အတူပွဲတော်တည် ခွင့်ကိုရရှိ၏။-
34 ၃၄ မ သေ မှီတိုင်အောင်အသက် ရှည်သမျှ နေ့ ရက်အစဉ်မပြတ် သူ စားစရာ ဘို့၊ ဗာဗုလုန် ရှင်ဘုရင် ပေး သနား တော်မူ၏။
၃၄ထို့ပြင်မိမိလိုအပ်သလိုသုံးစွဲနိုင်ရန်သူ အသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်မှန် မှန်အသုံးစရိတ်ကိုလည်းရရှိလေသည်။ ပရောဖက်ယေရမိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။