< ယေရမိ 52 >
1 ၁ ဇေဒကိ မင်းသည် အသက် နှစ်ဆယ် တ နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တ နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ လိဗန မြို့သူယေရမိ သမီး ဟာမုတလ ဖြစ်သတည်း။
2 ၂ ထိုမင်းသည်ယောယကိမ် မင်းပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ဒုစရိုက် ကိုပြု ၏။
3 ၃ ထာဝရဘုရား သည် ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို အထံ တော်မှ မ နှင်ထုတ် မှီတိုင်အောင်အမျက်ထွက် တော်မူ၍၊ ဇေဒကိ မင်းသည် ဗာဗုလုန် ရှင်ဘုရင် ကို ပုန်ကန် လေ၏။
4 ၄ ဇေဒကိမင်းနန်းစံ ကိုး နှစ် ၊ ဒသမ လ ဆယ် ရက် နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွယေရုရှလင် မြို့သို့ စစ်ချီ သဖြင့် ၊ မြို့ပတ်လည် ၌ တပ်ချ ၍ မြေကတုပ် တို့ကို တူးလုပ် ပြီးမှ ၊
5 ၅ ဇေဒကိ မင်း နန်းစံတဆယ် တ နှစ် တိုင်အောင် မြို့ ကိုဝိုင်း ထားလေ၏။
6 ၆ ထိုနှစ်၊ စတုတ္ထ လ ကိုး ရက်နေ့တွင် ၊ မြို့ ထဲမှာ အလွန်အစာအာဟာရ ခေါင်းပါးသဖြင့် ၊ မြို့သူ မြို့သားတို့ သည် စားစရာ မ ရှိ သောအခါ ၊
7 ၇ ခါလဒဲ လူတို့သည် မြို့ရိုးကို ဖြို ဖေါက်၍ ၊ မြို့ကိုလည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲ အပေါင်း တို့သည် ညဉ့် အခါပြေး ၍၊ မြို့ရိုး နှစ်ထပ်စပ်ကြား ၊ ဥယျာဉ် တော်နား တံခါးဝ ဖြင့် ထွက် ပြီးမှ လွင်ပြင် သို့သွား ကြ၏။
8 ၈ ခါလဒဲ စစ်သူရဲ တို့သည် ရှင်ဘုရင် ဇေဒကိ ကို လိုက် ၍၊ ယေရိခေါ လွင်ပြင် ၌ မှီ သဖြင့် ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏။
9 ၉ ရန်သူတို့သည် ရှင်ဘုရင် ကို ဘမ်းဆီး ၍ ၊ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြော စီရင်၍၊
10 ၁၀ ဇေဒကိ မင်း၏သား တို့ကို အဘမျက်မှောက် ၌ သတ် လေ၏။ ရိဗလ မြို့မှာ ယုဒ မှူးမတ် အပေါင်း တို့ကိုလည်း သတ် လေ၏။
11 ၁၁ ဇေဒကိ မျက်စိ ကိုလည်း ဖေါက် ပြီးမှ ၊ သူ့ ကို ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ဗာဗုလုန် မြို့သို့ ယူသွား သဖြင့် ၊ သေ သည်တိုင်အောင် ထောင် ထဲမှာ လှောင်ထား လေ၏။
12 ၁၂ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတဆယ် ကိုး နှစ် ၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ အမှု တော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယေရုရှလင် မြို့ သို့ လာ ၍၊
13 ၁၃ ဗိမာန် တော်၊ နန်း တော်၊ မင်း အိမ် ၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီး ရှို့ လေ၏။
14 ၁၄ ကိုယ်ရံတော်မှူး ၌ ပါသောခါလဒဲ စစ်သူရဲ အပေါင်း တို့သည် ယေရုရှလင် မြို့ရိုး ရှိသမျှ တို့ကို ဖြိုဖျက် ကြ၏။
15 ၁၅ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန်ကြွင်း သောဆင်းရဲသား ၊ ဗာဗုလုန် ရှင်ဘုရင် ဘက်သို့ ကူး သွားနှင့်သောမြို့သား၊ ကြွင်း သမျှသောသူတို့ ကို သိမ်း သွားလေ၏။
16 ၁၆ သို့ရာတွင် ၊ စပျစ် ဥယျာဉ်ကိုပြုစု၍ လယ် လုပ်စေခြင်းငှါ၊ ဆင်းရဲသား အချို့တို့ကို ထား ခဲ့လေ၏။
17 ၁၇ ဗိမာန် တော်၌ ကြေးဝါ တိုင် တို့ကို၎င်း ၊ ကြေးဝါ ရေကန် ကို၎င်း၊ ရေချိုးအင်တုံ အခြေအမြစ်တို့ကို၎င်း၊ ခါလဒဲ လူတို့သည်ချိုးဖဲ့ ၍ ၊ ကြေးဝါ ရှိသမျှ ကို ဗာဗုလုန် မြို့သို့ ယူသွား ကြ၏။
18 ၁၈ အိုးကင်း ၊ တူးရွင်းပြား ၊ မီးညှပ် ၊ အိုး ၊ ဇွန်း မှစ၍အမှု တော်ထမ်းစရာ၊ ကြေးဝါ တန်ဆာ ရှိသမျှ တို့ကိုလည်း ယူ သွားကြ၏။
19 ၁၉ ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသောအင်တုံ ၊ လင်ပန်း ၊ အိုး ၊ အိုးကင်း ၊ မီးခုံ ၊ ဇွန်း ၊ ဖလား များကို၊ ရွှေ ဖြစ်စေ ၊ ငွေ ဖြစ်စေ၊ ကိုယ်ရံတော်မှူး သည် ယူ သွား လေ၏။
20 ၂၀ ဗိမာန် တော်၌ ရှောလမုန် မင်းကြီး လုပ် သော တိုင် နှစ် တိုင်၊ ရေကန် တ ခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွား တဆယ် နှစ် ခု၌ပါသောကြေးဝါ သည် အချိန် အားဖြင့်အတိုင်းမသိ များ၏။
21 ၂၁ တိုင် အမြင့် ကား၊ တဆယ် ရှစ် တောင် ရှိ၏။ လုံးပတ် မူကား ၊ တဆယ် နှစ် တောင် ရှည်သော ကြိုးတပတ် ရှိ၏။ ခေါင်းပွ ဖြစ်၍ဒု လေး သစ်ရှိ၏။
22 ၂၂ ကြေးဝါ တိုင် ထိပ်လည်း ရှိ၏။ တိုင် ထိပ်အမြင့် ကား၊ ငါး တောင် ရှိ၍ ထိပ် ပတ်လည် ကြေးဝါ ကွန်ရွက် ၊ ကြေးဝါသလဲသီး တို့နှင့်ပြည့်စုံ၏။ အခြား သော တိုင် သည် လည်း၊ ထိုအတူ ဖြစ်၍ သလဲသီး တို့နှင့်ပြည့်စုံ၏။
23 ၂၃ တိုင်တမျက်နှာ၌ သလဲသီး ကိုးဆယ် ခြောက် လုံး စီရှိ ၍၊ ကွန်ရွက် တဘက် ၌ သလဲသီး ပေါင်း တရာ ရှိသတည်း။
24 ၂၄ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယဇ်ပုရောဟိတ် မင်းစရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန် တော်တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏။
25 ၂၅ စစ်သူရဲ တို့ကို အုပ် သောဗိုလ် တ ယောက်၊ မြို့ ထဲ၌ တွေ့ မိသော တိုင်ပင် မှူးမတ်ခုနှစ် ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော် သော တပ် စာရေးကြီး တယောက်၊ မြို့ ထဲ ၌ တွေ့ မိသော ပြည်သား ခြောက်ဆယ် တို့ကို မြို့ ထဲက ခေါ် သွား၍၊
26 ၂၆ ဗာဗုလုန် ရှင်ဘုရင် ရှိရာ ရိဗလ မြို့သို့ ဆောင် ခဲ့ပြီးလျှင် ၊
27 ၂၇ ဗာဗုလုန် ရှင်ဘုရင် သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ်ပေး ၍ ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်း သွားခြင်းကိုခံရသတည်း။
28 ၂၈ နေဗုခဒ်နေဇာ မင်းသိမ်း သွားသော လူ ဟူမူကား၊ နန်းစံခုနစ် နှစ် တွင် ၊ ယုဒ အမျိုးသားသုံး ထောင် နှစ်ဆယ် သုံး ယောက်တို့ကို သိမ်းသွားလေ၏။
29 ၂၉ တဆယ် ရှစ် နှစ် တွင် ၊ လူရှစ် ရာ သုံးဆယ် နှစ် ယောက်တို့ကို ယေရုရှလင် မြို့မှ သိမ်းသွားလေ၏။
30 ၃၀ နှစ်ဆယ် သုံး နှစ် တွင် ။ ကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယုဒ အမျိုးသားခုနှစ် ရာ လေးဆယ် ငါး ယောက်တို့ကို သိမ်း သွား၏။ လူ အပေါင်း ကား၊ လေး ထောင် ခြောက် ရာ ရှိသတည်း။
31 ၃၁ ယုဒ ရှင်ဘုရင် ယေခေါနိ သည် အချုပ် ခံရသောသက္ကရာဇ် သုံးဆယ် ခုနစ် နှစ်၊ ဒွါဒသမ လ နှစ်ဆယ် ငါး ရက်နေ့တွင် ၊ ဗာဗုလုန် ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံ စက ယုဒ ရှင်ဘုရင် ယေခေါနိ ကို ထောင် ထဲက နှုတ် ၍ ချမ်းသာ ပေး လေ၏။
32 ၃၂ ကောင်းမွန် စွာ နှုတ်ဆက် ၍ သူ ၏ပလ္လင် ကို ဗာဗုလုန် မြို့မှ အထံ တော်၌ ရှိသောမင်းကြီး များထိုင်ရာပလ္လင် တို့ ထက် ချီးမြှင့် လေ၏။
33 ၃၃ ယေခေါနိမင်းသည် ထောင် ထဲမှာဝတ်သော အဝတ် ကိုလဲ ၍ ၊ အသက် ရှည်သမျှ ကာလ ပတ်လုံးအစဉ်မပြတ် အထံ တော်၌ စားသောက် ရ၏။
34 ၃၄ မ သေ မှီတိုင်အောင်အသက် ရှည်သမျှ နေ့ ရက်အစဉ်မပြတ် သူ စားစရာ ဘို့၊ ဗာဗုလုန် ရှင်ဘုရင် ပေး သနား တော်မူ၏။