< ယေရမိ 51 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက် ၌၎င်း ၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော် သောသူတို့ တဘက် ၌၎င်း ၊ ဖျက်ဆီး တတ်သော လေ ကို ငါ ထ စေမည် ။
כֹּ֚ה אָמַ֣ר יְהוָ֔ה הִנְנִי֙ מֵעִ֣יר עַל־בָּבֶ֔ל וְאֶל־יֹשְׁבֵ֖י לֵ֣ב קָמָ֑י ר֖וּחַ מַשְׁחִֽית׃
2 စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန် မြို့ သို့ ငါစေလွှတ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကိုပြာ ၍ ရှင်းလင်း ကြလိမ့်မည်။ အမှု ရောက်သောကာလ ၊ သူတို့ သည် မြို့ပတ်ဝန်းကျင် တို့၌ ရန်ဘက်ပြုလျက်နေ ကြ လိမ့်မည်။
וְשִׁלַּחְתִּ֨י לְבָבֶ֤ל ׀ זָרִים֙ וְזֵר֔וּהָ וִיבֹקְק֖וּ אֶת־אַרְצָ֑הּ כִּֽי־הָי֥וּ עָלֶ֛יהָ מִסָּבִ֖יב בְּי֥וֹם רָעָֽה׃
3 လေး ကိုကိုင်သောသူ၊ သံချပ် အင်္ကျီကိုဝတ်သောသူတို့ ကို လေးတင် ၍ ပစ်ကြလော့။ မြို့သားလုလင် တို့ကို မ နှမြော ဘဲ၊ မြို့သားအလုံးအရင်း ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။
אֶֽל־יִדְרֹ֤ךְ יִדְרֹךְ הַדֹּרֵךְ֙ קַשְׁתּ֔וֹ וְאֶל־יִתְעַ֖ל בְּסִרְיֹנ֑וֹ וְאַֽל־תַּחְמְלוּ֙ אֶל־בַּ֣חֻרֶ֔יהָ הַחֲרִ֖ימוּ כָּל־צְבָאָֽהּ׃
4 ထိုသို့သူရဲ တို့သည် ခါလဒဲ ပြည် တွင် ၊ လမ်းမ တို့၌ လဲ ၍ အထိုး ခံရကြလိမ့်မည်။
וְנָפְל֥וּ חֲלָלִ֖ים בְּאֶ֣רֶץ כַּשְׂדִּ֑ים וּמְדֻקָּרִ֖ים בְּחוּצוֹתֶֽיהָ׃
5 ဣသရေလ အမျိုးနှင့် ယုဒ အမျိုးနေရာ ပြည် သည်၊ ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရားကို ပြစ်မှား သော အပြစ်နှင့်ပြည့် သော်လည်း၊ သူ တို့ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ် တော်မ မူ။
כִּ֠י לֹֽא־אַלְמָ֨ן יִשְׂרָאֵ֤ל וִֽיהוּדָה֙ מֵֽאֱלֹהָ֔יו מֵֽיְהוָ֖ה צְבָא֑וֹת כִּ֤י אַרְצָם֙ מָלְאָ֣ה אָשָׁ֔ם מִקְּד֖וֹשׁ יִשְׂרָאֵֽל׃
6 ဗာဗုလုန် မြို့ထဲ က ထွက်ပြေး ၍ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံး ခြင်းကို မ ခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား ၏အမျက် တော်ကို ဖြေချိန် ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက်စီရင် တော်မူမည်။
נֻ֣סוּ ׀ מִתּ֣וֹךְ בָּבֶ֗ל וּמַלְּטוּ֙ אִ֣ישׁ נַפְשׁ֔וֹ אַל־תִּדַּ֖מּוּ בַּעֲוֹנָ֑הּ כִּי֩ עֵ֨ת נְקָמָ֥ה הִיא֙ לַֽיהוָ֔ה גְּמ֕וּל ה֥וּא מְשַׁלֵּ֖ם לָֽהּ׃
7 ဗာဗုလုန် မြို့သည်၊ ထာဝရဘုရား ကိုင်တော်မူ၍ မြေကြီး တပြင်လုံး ကို ယစ်မူး စေသောရွှေ ဖလား ဖြစ်၏။ ထိုဖလား၌ပါသောစပျစ်ရည် ကို လူ အမျိုးမျိုးတို့သည် သောက် ၍အရူး ဖြစ်ကြ၏။
כּוֹס־זָהָ֤ב בָּבֶל֙ בְּיַד־יְהוָ֔ה מְשַׁכֶּ֖רֶת כָּל־הָאָ֑רֶץ מִיֵּינָהּ֙ שָׁת֣וּ גוֹיִ֔ם עַל־כֵּ֖ן יִתְהֹלְל֥וּ גוֹיִֽם׃
8 ဗာဗုလုန် မြို့သည် ချက်ခြင်း ပြိုလဲ ၍ ပျက်စီး ပြီ။ သူ ၏အတွက် ငိုကြွေး မြည်တမ်းကြလော့။ သူ ၏အနာ ပျောက် နိုင်လျှင် ၊ ပျောက်စေခြင်းငှါဗာလစံစေး ကို ယူ ကြလော့။
פִּתְאֹ֛ם נָפְלָ֥ה בָבֶ֖ל וַתִּשָּׁבֵ֑ר הֵילִ֣ילוּ עָלֶ֗יהָ קְח֤וּ צֳרִי֙ לְמַכְאוֹבָ֔הּ אוּלַ֖י תֵּרָפֵֽא׃
9 ငါတို့သည် ဗာဗုလုန် မြို့၏အနာကို ပျောက် စေခြင်းငှါပြုသော်လည်း၊ အနာမ ပျောက် နိုင်။ သူ့ ကို စွန့်ပစ် ၍၊ အသီးအသီး ငါတို့ နေရင်းပြည် သို့ သွား ကြကုန်အံ့။ သူ ခံရ သောအပြစ်သည် ကောင်းကင် တိုင်အောင် ရောက် ၍၊ မိုဃ်းတိမ် ကို ထိ လျက်ရှိ၏။
רִפִּ֣ינוּ אֶת־בָּבֶל֙ וְלֹ֣א נִרְפָּ֔תָה עִזְב֕וּהָ וְנֵלֵ֖ךְ אִ֣ישׁ לְאַרְצ֑וֹ כִּֽי־נָגַ֤ע אֶל־הַשָּׁמַ֙יִם֙ מִשְׁפָּטָ֔הּ וְנִשָּׂ֖א עַד־שְׁחָקִֽים׃
10 ၁၀ ထာဝရဘုရား သည် ငါ တို့ဖြောင့်မတ် ကြောင်းကို ဘော်ပြ တော်မူပြီ။ လာ ကြလော့။ ငါ တို့ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဇိအုန် မြို့၌ ကြားပြော ကြ ကုန်အံ့။
הוֹצִ֥יא יְהוָ֖ה אֶת־צִדְקֹתֵ֑ינוּ בֹּ֚אוּ וּנְסַפְּרָ֣ה בְצִיּ֔וֹן אֶֽת־מַעֲשֵׂ֖ה יְהוָ֥ה אֱלֹהֵֽינוּ׃
11 ၁၁ မြှား တို့ကို ပွတ် ကြလော့။ ဒိုင်း လွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရား သည် မေဒိ ရှင်ဘုရင် တို့ကို နှိုးဆော် တော်မူပြီ။ ဗာဗုလုန် မြို့ကို ဖျက်ဆီး မည် အကြံ ရှိတော်မူ၏။ အကြောင်း မူကား၊ ထာဝရဘုရား ၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန် တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ်ပေး ခြင်းအမှုဖြစ်သတည်း။
הָבֵ֣רוּ הַחִצִּים֮ מִלְא֣וּ הַשְּׁלָטִים֒ הֵעִ֣יר יְהוָ֗ה אֶת־ר֙וּחַ֙ מַלְכֵ֣י מָדַ֔י כִּֽי־עַל־בָּבֶ֥ל מְזִמָּת֖וֹ לְהַשְׁחִיתָ֑הּ כִּֽי־נִקְמַ֤ת יְהוָה֙ הִ֔יא נִקְמַ֖ת הֵיכָלֽוֹ׃
12 ၁၂ ဗာဗုလုန် မြို့ရိုး ရှေ့ မှာ အလံ ကိုထူ ကြလော့။ များစွာသော လူစောင့် တို့ကို ထား ၍ကင်းထိုး ကြလော့။ ချောင်းမြောင်း သော တပ်သားတို့ကို ပြင် ကြလော့။ ထာဝရဘုရား သည် ဗာဗုလုန် မြို့သား တို့ကို ခြိမ်း သည်အတိုင်း ကြံစည် ၍ လက်စသတ် တော်မူမည်။
אֶל־חוֹמֹ֨ת בָּבֶ֜ל שְׂאוּ־נֵ֗ס הַחֲזִ֙יקוּ֙ הַמִּשְׁמָ֔ר הָקִ֙ימוּ֙ שֹֽׁמְרִ֔ים הָכִ֖ינוּ הָאֹֽרְבִ֑ים כִּ֚י גַּם־זָמַ֣ם יְהוָ֔ה גַּם־עָשָׂ֕ה אֵ֥ת אֲשֶׁר־דִּבֶּ֖ר אֶל־יֹשְׁבֵ֥י בָבֶֽל׃
13 ၁၃ များစွာ သော ရေ အနား မှာနေ ၍ စည်းစိမ် ကြီး သောသူ၊ သင် ၏ဆုံးရှုံး ချိန်၊ သင် ၏လောဘ အလိုပျက်ချိန် ရောက် လေပြီ။
שֹׁכַנְתְּ֙ עַל־מַ֣יִם רַבִּ֔ים רַבַּ֖ת אֽוֹצָרֹ֑ת בָּ֥א קִצֵּ֖ךְ אַמַּ֥ת בִּצְעֵֽךְ׃
14 ၁၄ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကိုယ် ကိုတိုင်တည် ၍ ကျိန်ဆိုတော်မူသည်ကား၊ သင့် ကို ကျိုင်းကောင် များနှင့်ပြည့်စေသကဲ့သို့ လူ များနှင့်ပြည့် စေမည်။ သူတို့သည်သင့် တဘက် ၌ ကြွေးကြော် သံကို လွှင့် ကြလိမ့်မည်။
נִשְׁבַּ֛ע יְהוָ֥ה צְבָא֖וֹת בְּנַפְשׁ֑וֹ כִּ֣י אִם־מִלֵּאתִ֤יךְ אָדָם֙ כַּיֶּ֔לֶק וְעָנ֥וּ עָלַ֖יִךְ הֵידָֽד׃ ס
15 ၁၅ တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။
עֹשֵׂ֥ה אֶ֙רֶץ֙ בְּכֹח֔וֹ מֵכִ֥ין תֵּבֵ֖ל בְּחָכְמָת֑וֹ וּבִתְבוּנָת֖וֹ נָטָ֥ה שָׁמָֽיִם׃
16 ၁၆ အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်း ရေ အသံဗလံ ဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက်စေ တော်မူ၏။ လေ ကိုလည်း ဘဏ္ဍာ တော် တိုက်ထဲက ထုတ် တော်မူ၏။
לְק֨וֹל תִּתּ֜וֹ הֲמ֥וֹן מַ֙יִם֙ בַּשָּׁמַ֔יִם וַיַּ֥עַל נְשִׂאִ֖ים מִקְצֵה־אָ֑רֶץ בְּרָקִ֤ים לַמָּטָר֙ עָשָׂ֔ה וַיֹּ֥צֵא ר֖וּחַ מֵאֹצְרֹתָֽיו׃
17 ၁၇ လူ မည်သည်ကား၊ မိမိဉာဏ် အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သော သူ တိုင်းမိမိလုပ်သော ရုပ်တုအားဖြင့်မှောက်မှား လျက်ရှိ၏။ အကြောင်း မူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက်သက် ဝင်သက်မ ရှိ။
נִבְעַ֤ר כָּל־אָדָם֙ מִדַּ֔עַת הֹבִ֥ישׁ כָּל־צֹרֵ֖ף מִפָּ֑סֶל כִּ֛י שֶׁ֥קֶר נִסְכּ֖וֹ וְלֹא־ר֥וּחַ בָּֽם׃
18 ၁၈ ထိုသို့ သော အရာ တို့သည် အချည်းနှီး သက်သက် ဖြစ်ကြ၏။ လှည့်စား သောအရာလည်း ဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ကွယ်ပျောက် ကြ လိမ့်မည်။
הֶ֣בֶל הֵ֔מָּה מַעֲשֵׂ֖ה תַּעְתֻּעִ֑ים בְּעֵ֥ת פְּקֻדָּתָ֖ם יֹאבֵֽדוּ׃
19 ၁၉ ယာကုပ် အမျိုး၏ အဘို့ ဖြစ်သောဘုရားသည် ထိုသို့ သောအရာနှင့်တူ တော်မ မူ။ ခပ်သိမ်း သောအရာ တို့ကို ဖန်ဆင်း သောဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုး သည် အမွေခံ တော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ပေတည်း။
לֹֽא־כְאֵ֜לֶּה חֵ֣לֶק יַעֲק֗וֹב כִּֽי־יוֹצֵ֤ר הַכֹּל֙ ה֔וּא וְשֵׁ֖בֶט נַחֲלָת֑וֹ יְהוָ֥ה צְבָא֖וֹת שְׁמֽוֹ׃ ס
20 ၂၀ အိုသံတူ ကြီး၊ သင် သည် ငါ စစ်တိုက် စရာ လက်နက် ဖြစ်၏။ သင့် ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ ပြီ။
מַפֵּץ־אַתָּ֣ה לִ֔י כְּלֵ֖י מִלְחָמָ֑ה וְנִפַּצְתִּ֤י בְךָ֙ גּוֹיִ֔ם וְהִשְׁחַתִּ֥י בְךָ֖ מַמְלָכֽוֹת׃
21 ၂၁ သင့် ကိုကိုင်၍ မြင်း နှင့် မြင်းစီး သူရဲကို၎င်း ၊ ရထား နှင့် ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ ပြီ။
וְנִפַּצְתִּ֣י בְךָ֔ ס֖וּס וְרֹֽכְב֑וֹ וְנִפַּצְתִּ֣י בְךָ֔ רֶ֖כֶב וְרֹכְבֽוֹ׃
22 ၂၂ သင့် ကိုကိုင်၍ ယောက်ျား နှင့် မိန်းမ တို့ကို၎င်း၊ အသက်ကြီး သူနှင့် အသက်ငယ် သူတို့ကို၎င်း၊ လူပျို နှင့် အပျိုမ တို့ကို၎င်းငါချိုးဖဲ့ ပြီ။
וְנִפַּצְתִּ֤י בְךָ֙ אִ֣ישׁ וְאִשָּׁ֔ה וְנִפַּצְתִּ֥י בְךָ֖ זָקֵ֣ן וָנָ֑עַר וְנִפַּצְתִּ֣י בְךָ֔ בָּח֖וּר וּבְתוּלָֽה׃
23 ၂၃ သင့် ကိုကိုင်၍ သိုးထိန်း နှင့် သိုးစု ကို၎င်း ၊ လယ်လုပ် သော သူနှင့် နွားယှဉ် ကို၎င်း၊ ဗိုလ် များနှင့် မင်း များကို၎င်းငါချိုးဖဲ့ ပြီ။
וְנִפַּצְתִּ֤י בְךָ֙ רֹעֶ֣ה וְעֶדְר֔וֹ וְנִפַּצְתִּ֥י בְךָ֖ אִכָּ֣ר וְצִמְדּ֑וֹ וְנִפַּצְתִּ֣י בְךָ֔ פַּח֖וֹת וּסְגָנִֽים׃
24 ၂၄ သို့ရာတွင် ၊ ဗာဗုလုန် မြို့သူ၊ ခါလဒဲ ပြည်သား အပေါင်း တို့သည် ဇိအုန် မြို့၌ ပြု လေသမျှ သော ဒုစရိုက် ရှိသည်အတိုင်း၊ ငါသည် သင် တို့မျက်မှောက် ၌ သူ တို့အား အပြစ်ပေး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
וְשִׁלַּמְתִּ֨י לְבָבֶ֜ל וּלְכֹ֣ל ׀ יוֹשְׁבֵ֣י כַשְׂדִּ֗ים אֵ֧ת כָּל־רָעָתָ֛ם אֲשֶׁר־עָשׂ֥וּ בְצִיּ֖וֹן לְעֵֽינֵיכֶ֑ם נְאֻ֖ם יְהוָֽה׃ ס
25 ၂၅ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီး တပြင်လုံး ကို ဖျက်ဆီး တတ်သောတောင် ကြီး၊ သင့် တဘက် ၌ ငါ နေ၏။ သင့် အပေါ် မှာ ငါ ၏လက် ကိုဆန့် လျက်၊ ကျောက် တို့မှ သင့် ကို လှိမ့်ချ ၍၊ မီး နှင့်ကျွမ်းလောင်သော တောင် ဖြစ် စေမည်။
הִנְנִ֨י אֵלֶ֜יךָ הַ֤ר הַמַּשְׁחִית֙ נְאֻם־יְהוָ֔ה הַמַּשְׁחִ֖ית אֶת־כָּל־הָאָ֑רֶץ וְנָטִ֨יתִי אֶת־יָדִ֜י עָלֶ֗יךָ וְגִלְגַּלְתִּ֙יךָ֙ מִן־הַסְּלָעִ֔ים וּנְתַתִּ֖יךָ לְהַ֥ר שְׂרֵפָֽה׃
26 ၂၆ တိုက်ထောင့် အထွဋ်ကျောက် ၊ တိုက်မြစ် ကျောက် တစုံတခုကိုမျှ သင် ၏အထဲက မ နှုတ် မယူရ၊ အစဉ်မပြတ် ပျက်စီး လျက်နေ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
וְלֹֽא־יִקְח֤וּ מִמְּךָ֙ אֶ֣בֶן לְפִנָּ֔ה וְאֶ֖בֶן לְמֽוֹסָד֑וֹת כִּֽי־שִׁמְמ֥וֹת עוֹלָ֛ם תִּֽהְיֶ֖ה נְאֻם־יְהוָֽה׃
27 ၂၇ ထိုပြည် ၌ အလံ ကိုထူ ကြလော့။ အပြည်ပြည် တို့၌ တံပိုး ကိုမှုတ် ၍၊ လူ အမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ပြင်ဆင် ကြလော့။ အာရရတ် ပြည်၊ မိန္နိ ပြည်၊ အာရှကေနတ် ပြည် တို့ကို သူ ၏တဘက် ၌ စည်းဝေး စေကြလော့။ ဗိုလ်ချုပ် မင်းကိုခန့်ထား ၍၊ အမွေးကြမ်း သော ကျိုင်းကောင် ကဲ့သို့ မြင်း စီးသူရဲတို့ကို စစ်ချီ စေကြလော့။
שְׂאוּ־נֵ֣ס בָּאָ֗רֶץ תִּקְע֨וּ שׁוֹפָ֤ר בַּגּוֹיִם֙ קַדְּשׁ֤וּ עָלֶ֙יהָ֙ גּוֹיִ֔ם הַשְׁמִ֧יעוּ עָלֶ֛יהָ מַמְלְכ֥וֹת אֲרָרַ֖ט מִנִּ֣י וְאַשְׁכְּנָ֑ז פִּקְד֤וּ עָלֶ֙יהָ֙ טִפְסָ֔ר הַֽעֲלוּ־ס֖וּס כְּיֶ֥לֶק סָמָֽר׃
28 ၂၈ လူမျိုး များတို့နှင့်တကွ၊ မေဒိ ရှင်ဘုရင် မှစ၍ဗိုလ် များ၊ မင်း များ၊ မေဒိနိုင်ငံ သားအပေါင်း တို့ကို သူ ၏ တဘက် ၌ ပြင်ဆင် ကြလော့။
קַדְּשׁ֨וּ עָלֶ֤יהָ גוֹיִם֙ אֶת־מַלְכֵ֣י מָדַ֔י אֶת־פַּחוֹתֶ֖יהָ וְאֶת־כָּל־סְגָנֶ֑יהָ וְאֵ֖ת כָּל־אֶ֥רֶץ מֶמְשַׁלְתּֽוֹ׃
29 ၂၉ ဗာဗုလုန်ပြည် သည်တုန်လှုပ် ၍ လူးလိမ့် မည်။ ထိုပြည်သည်နေ သူမ ရှိ၊ သုတ်သင် ပယ်ရှင်းရာ ဖြစ်စေခြင်းငှါ ၊ ထာဝရဘုရား ကြံစည် တော်မူသောအကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည်။
וַתִּרְעַ֥שׁ הָאָ֖רֶץ וַתָּחֹ֑ל כִּ֣י קָ֤מָה עַל־בָּבֶל֙ מַחְשְׁב֣וֹת יְהוָ֔ה לָשׂ֞וּם אֶת־אֶ֧רֶץ בָּבֶ֛ל לְשַׁמָּ֖ה מֵאֵ֥ין יוֹשֵֽׁב׃
30 ၃၀ ဗာဗုလုန် စစ်သူရဲ တို့သည် စစ် မ ပြိုင်ဘဲရဲတိုက် များ၌ နေ ကြ၏။ အား လျော့ ၍မိန်းမ ကဲ့သို့ ဖြစ် ကြ၏။ မြို့သားနေရာ တို့ကိုမီး ရှို့၍၊ တံခါးကျင် တို့ကို ချိုးဖဲ့ ကြ၏။
חָדְלוּ֩ גִבּוֹרֵ֨י בָבֶ֜ל לְהִלָּחֵ֗ם יָֽשְׁבוּ֙ בַּמְּצָד֔וֹת נָשְׁתָ֥ה גְבוּרָתָ֖ם הָי֣וּ לְנָשִׁ֑ים הִצִּ֥יתוּ מִשְׁכְּנֹתֶ֖יהָ נִשְׁבְּר֥וּ בְרִיחֶֽיהָ׃
31 ၃၁ ရန်သူတို့သည် မြို့ တော်ကို တဘက်တချက် တိုက် ဝင်ကြပြီဟူ၍၎င်း ၊ လမ်းဝ ကို ပိတ်ထား ၍ ရေကန် နား မှာမီး ရှို့ ကြောင်းနှင့်၊ စစ်သူရဲ တို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း ၊
רָ֤ץ לִקְרַאת־רָץ֙ יָר֔וּץ וּמַגִּ֖יד לִקְרַ֣את מַגִּ֑יד לְהַגִּיד֙ לְמֶ֣לֶךְ בָּבֶ֔ל כִּֽי־נִלְכְּדָ֥ה עִיר֖וֹ מִקָּצֶֽה׃
32 ၃၂ ဗာဗုလုန် ရှင်ဘုရင် အား ကြားလျှောက် အံ့သောငှါ ၊ မင်း လုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ် သူချင်းတယောက်ကို တယောက်တွေ့ကြုံလျက် ပြေးလာ ကြ၏။
וְהַמַּעְבָּר֣וֹת נִתְפָּ֔שׂוּ וְאֶת־הָאֲגַמִּ֖ים שָׂרְפ֣וּ בָאֵ֑שׁ וְאַנְשֵׁ֥י הַמִּלְחָמָ֖ה נִבְהָֽלוּ׃ ס
33 ၃၃ ဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် သတို့သမီး သည် စပါးနယ် ရသောကောက်နယ် တလင်းကဲ့သို့ ဖြစ်၏။ စပါး ရိတ်ရာအချိန် နီး ပြီ။
כִּי֩ כֹ֨ה אָמַ֜ר יְהוָ֤ה צְבָאוֹת֙ אֱלֹהֵ֣י יִשְׂרָאֵ֔ל בַּת־בָּבֶ֕ל כְּגֹ֖רֶן עֵ֣ת הִדְרִיכָ֑הּ ע֣וֹד מְעַ֔ט וּבָ֥אָה עֵֽת־הַקָּצִ֖יר לָֽהּ׃
34 ၃၄ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို ကိုက်စား ၍ နှိပ်စက် ပါပြီ။ ငါ တို့ကို ဟင်းလင်း သောအိုး ဖြစ် စေပါပြီ။ နဂါး မျိုတတ်သကဲ့သို့ ငါ တို့ကို မျို ၍၊ ငါ တို့ ပျော်မွေ့ စရာအရာ တို့နှင့် မိမိ ဝမ်း ကို ပြည့် စေ ပါပြီ။ ငါ တို့ကို နှင်ထုတ် ပါပြီ။
אֲכָלַ֣נִי הֲמָמַ֗נִי נְבוּכַדְרֶאצַּר֮ מֶ֣לֶךְ בָּבֶל֒ הִצִּיגַ֙נִי֙ כְּלִ֣י רִ֔יק בְּלָעַ֙נִי֙ כַּתַּנִּ֔ין מִלָּ֥א כְרֵשׂ֖וֹ מֵֽעֲדָנָ֑י הֱדִיחָֽנִי׃
35 ၃၅ ဇိအုန် မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ ၏အသား ၌ ပြုသောအဓမ္မ အမှုသည် ဗာဗုလုန် မြို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ၊ ယေရုရှလင် မြို့ကလည်း၊ ငါ ၏အသွေး သည် ခါလဒဲ ပြည်သား တို့အပေါ် သို့ ရောက်ပါစေဟူ၍၎င်း ဆို ရ၏။
חֲמָסִ֤י וּשְׁאֵרִי֙ עַל־בָּבֶ֔ל תֹּאמַ֖ר יֹשֶׁ֣בֶת צִיּ֑וֹן וְדָמִי֙ אֶל־יֹשְׁבֵ֣י כַשְׂדִּ֔ים תֹּאמַ֖ר יְרוּשָׁלִָֽם׃ ס
36 ၃၆ သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၏အမှု ကို ငါ စောင့် မည်။ သင် ခံရသောအပြစ် ကို ပြန်ပေး မည်။ သူ ၏ပင်လယ် ကို၎င်း၊ သူ ၏စမ်းရေ တွင်းတို့ကို၎င်းငါခန်းခြောက် စေမည်။
לָכֵ֗ן כֹּ֚ה אָמַ֣ר יְהוָ֔ה הִנְנִי־רָב֙ אֶת־רִיבֵ֔ךְ וְנִקַּמְתִּ֖י אֶת־נִקְמָתֵ֑ךְ וְהַחֲרַבְתִּי֙ אֶת־יַמָּ֔הּ וְהֹבַשְׁתִּ֖י אֶת־מְקוֹרָֽהּ׃
37 ၃၇ ဗာဗုလုန် မြို့သည် အမှိုက်ပုံ ၊ မြေခွေး နေရာ တွင်း၊ အံ့ဩဘွယ် ရာ၊ ကဲ့ရဲ့ သံပြုရာ၊ လူဆိတ်ညံ ရာအရပ် ဖြစ် လိမ့်မည်။
וְהָיְתָה֩ בָבֶ֨ל ׀ לְגַלִּ֧ים ׀ מְעוֹן־תַּנִּ֛ים שַׁמָּ֥ה וּשְׁרֵקָ֖ה מֵאֵ֥ין יוֹשֵֽׁב׃
38 ၃၈ ထာဝရဘုရား မိန့် တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ ကဲ့သို့ ဟောက် သောအသံ၊ ခြင်္သေ့ သငယ် ကဲ့သို့ မြည် သောအသံကိုတညီတည်း ပြုကြလိမ့်မည်။
יַחְדָּ֖ו כַּכְּפִרִ֣ים יִשְׁאָ֑גוּ נָעֲר֖וּ כְּגוֹרֵ֥י אֲרָיֽוֹת׃
39 ၃၉ သူတို့သည်ပျော်မွေ့ ကြမည်အကြောင်း နှင့်၊ နောက်တဖန်မ နိုး ဘဲ၊ အစဉ်မပြတ် အိပ်ပျော် မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူး စေမည်။
בְּחֻמָּ֞ם אָשִׁ֣ית אֶת־מִשְׁתֵּיהֶ֗ם וְהִשְׁכַּרְתִּים֙ לְמַ֣עַן יַעֲלֹ֔זוּ וְיָשְׁנ֥וּ שְׁנַת־עוֹלָ֖ם וְלֹ֣א יָקִ֑יצוּ נְאֻ֖ם יְהוָֽה׃
40 ၄၀ အသေသတ် ခြင်းငှါ ဆွဲ၍ချသော သိုးသငယ် ကို ကဲ့သို့ ၎င်း ၊ သိုးထီး ၊ ဆိတ်ထီး ကိုကဲ့သို့ ၎င်း ငါ ဆွဲ၍ချမည်။
אֽוֹרִידֵ֖ם כְּכָרִ֣ים לִטְב֑וֹחַ כְּאֵילִ֖ים עִם־עַתּוּדִֽים׃
41 ၄၁ ရှေရှက် မြို့ကိုတိုက် ၍ ရလေပြီတကား။ မြေ တပြင်လုံး ၌ ကျော်စော သော မြို့ကိုလုယူ လေပြီတကား။ ဗာဗုလုန် မြို့သည် အပြည်ပြည် တို့တွင် အံ့ဩ ရာဖြစ် လေပြီ တကား။
אֵ֚יךְ נִלְכְּדָ֣ה שֵׁשַׁ֔ךְ וַתִּתָּפֵ֖שׂ תְּהִלַּ֣ת כָּל־הָאָ֑רֶץ אֵ֣יךְ הָיְתָ֧ה לְשַׁמָּ֛ה בָּבֶ֖ל בַּגּוֹיִֽם׃
42 ၄၂ ပင်လယ် သည် ဗာဗုလုန် ပြည်အပေါ် သို့တက် ၍၊ များစွာသော လှိုင်း တံပိုးတို့သည် လွှမ်းမိုး ကြပြီ။
עָלָ֥ה עַל־בָּבֶ֖ל הַיָּ֑ם בַּהֲמ֥וֹן גַּלָּ֖יו נִכְסָֽתָה׃
43 ၄၃ မြို့ များတို့သည် သုတ်သင် ပယ်ရှင်းရာအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ် ကြပြီ။ အဘယ်သူမျှမ နေ ရ။ လူ သား တစုံ တယောက်မျှ ထိုလမ်းကိုမ ရှောက် ရ။
הָי֤וּ עָרֶ֙יהָ֙ לְשַׁמָּ֔ה אֶ֖רֶץ צִיָּ֣ה וַעֲרָבָ֑ה אֶ֗רֶץ לֹֽא־יֵשֵׁ֤ב בָּהֵן֙ כָּל־אִ֔ישׁ וְלֹֽא־יַעֲבֹ֥ר בָּהֵ֖ן בֶּן־אָדָֽם׃
44 ၄၄ ဗာဗုလုန် မြို့၌ ဗေလ ဘုရားကို လည်း ငါသည် ဒဏ်ပေးမည်။ သူ မျို သောအရာတို့ကို တဖန်အန် စေမည်။ လူ အမျိုးမျိုးတို့သည် နောက် တဖန်သူ့ ထံမှာ မ စည်းဝေး ရကြ။ မြို့ရိုး လည်းပြိုလဲ လျက်ရှိရလိမ့်မည်။
וּפָקַדְתִּ֨י עַל־בֵּ֜ל בְּבָבֶ֗ל וְהֹצֵאתִ֤י אֶת־בִּלְעוֹ֙ מִפִּ֔יו וְלֹֽא־יִנְהֲר֥וּ אֵלָ֛יו ע֖וֹד גּוֹיִ֑ם גַּם־חוֹמַ֥ת בָּבֶ֖ל נָפָֽלָה׃
45 ၄၅ ငါ ၏လူ တို့၊ ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်မှ ၊ အသီးအသီး ကိုယ် အသက် ကို ကယ်နှုတ် ကြလော့။
צְא֤וּ מִתּוֹכָהּ֙ עַמִּ֔י וּמַלְּט֖וּ אִ֣ישׁ אֶת־נַפְשׁ֑וֹ מֵחֲר֖וֹן אַף־יְהוָֽה׃
46 ၄၆ ထိုပြည် ၌ ကြား ရသောသိတင်း ကြောင့် စိတ် မ ပျက် ၊ ကြောက်လန့် ခြင်းမရှိကြနှင့်။ တနှစ် ထက် တနှစ် သိတင်း ကြားရလိမ့်မည်။ မင်းချင်း တယောက်ကို တယောက်လုယူ ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
וּפֶן־יֵרַ֤ךְ לְבַבְכֶם֙ וְתִֽירְא֔וּ בַּשְּׁמוּעָ֖ה הַנִּשְׁמַ֣עַת בָּאָ֑רֶץ וּבָ֧א בַשָּׁנָ֣ה הַשְּׁמוּעָ֗ה וְאַחֲרָ֤יו בַּשָּׁנָה֙ הַשְּׁמוּעָ֔ה וְחָמָ֣ס בָּאָ֔רֶץ וּמֹשֵׁ֖ל עַל־מֹשֵֽׁל׃
47 ၄၇ ထိုနောက်မှဗာဗုလုန် မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး သဖြင့် ၊ တပြည်လုံး မိန်းမော တွေဝေ၍ ၊ သူရဲ အပေါင်း တို့သည် မြို့ ထဲမှာ လဲ လျက်သေကြသော အချိန် ရောက် လိမ့်မည်။
לָכֵן֙ הִנֵּ֣ה יָמִ֣ים בָּאִ֔ים וּפָקַדְתִּי֙ עַל־פְּסִילֵ֣י בָבֶ֔ל וְכָל־אַרְצָ֖הּ תֵּב֑וֹשׁ וְכָל־חֲלָלֶ֖יהָ יִפְּל֥וּ בְתוֹכָֽהּ׃
48 ၄၈ ထိုသို့ မြောက် မျက်နှာအရပ်က လုယူ သောသူတို့ သည် ဗာဗုလုန် မြို့သို့ ရောက်လာ သောအခါ၊ မိုဃ်း မြေ မှစ၍အရပ်ရပ် ၌ရှိသမျှတို့သည် ရွှင်လန်း သော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
וְרִנְּנ֤וּ עַל־בָּבֶל֙ שָׁמַ֣יִם וָאָ֔רֶץ וְכֹ֖ל אֲשֶׁ֣ר בָּהֶ֑ם כִּ֧י מִצָּפ֛וֹן יָבוֹא־לָ֥הּ הַשּׁוֹדְדִ֖ים נְאֻם־יְהוָֽה׃
49 ၄၉ ဗာဗုလုန် မြို့ကြောင့် ဣသရေလ အမျိုးသူရဲ တို့ သည် လဲ ၍သေသကဲ့သို့၊ ဗာဗုလုန် မြို့ထဲမှာ ပြည်သား သူရဲ အပေါင်း တို့သည် လဲ ၍သေကြလိမ့်မည်။
גַּם־בָּבֶ֕ל לִנְפֹּ֖ל חַֽלְלֵ֣י יִשְׂרָאֵ֑ל גַּם־לְבָבֶ֥ל נָפְל֖וּ חַֽלְלֵ֥י כָל־הָאָֽרֶץ׃
50 ၅၀ ထား ဘေးနှင့် လွတ် သောသူတို့၊ သွား ကြလော့။ ရပ် ၍မ နေကြနှင့်။ ဝေး သောအရပ်၌ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ ယေရုရှလင် မြို့ကိုလည်း စိတ် စွဲလမ်းကြလော့ ။
פְּלֵטִ֣ים מֵחֶ֔רֶב הִלְכ֖וּ אַֽל־תַּעֲמֹ֑דוּ זִכְר֤וּ מֵֽרָחוֹק֙ אֶת־יְהוָ֔ה וִירֽוּשָׁלִַ֖ם תַּעֲלֶ֥ה עַל־לְבַבְכֶֽם׃
51 ၅၁ ငါတို့သည်ကဲ့ရဲ့ သောအသံကို ကြား သောကြောင့် အရှက်ကွဲ လျက်၊ မျက်နှာ ပျက် လျက်နေရကြပါ၏။ တပါးအမျိုးသား တို့သည် ဗိမာန် တော်တွင်၊ သန့်ရှင်း ရာအရပ် ဌာနတော်တို့၏ အထဲသို့ ဝင် ကြပါပြီ။
בֹּ֚שְׁנוּ כִּֽי־שָׁמַ֣עְנוּ חֶרְפָּ֔ה כִּסְּתָ֥ה כְלִמָּ֖ה פָּנֵ֑ינוּ כִּ֚י בָּ֣אוּ זָרִ֔ים עַֽל־מִקְדְּשֵׁ֖י בֵּ֥ית יְהוָֽה׃ ס
52 ၅၂ သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေး ၍၊ တပြည်လုံး ၌ ဒဏ်ချက် ထိသောသူတို့သည် ညည်းတွား ကြသော အချိန် ရောက် လိမ့်မည်။
לָכֵ֞ן הִנֵּֽה־יָמִ֤ים בָּאִים֙ נְאֻם־יְהוָ֔ה וּפָקַדְתִּ֖י עַל־פְּסִילֶ֑יהָ וּבְכָל־אַרְצָ֖הּ יֶאֱנֹ֥ק חָלָֽל׃
53 ၅၃ ဗာဗုလုန် မြို့သည် မိုဃ်း ကောင်းကင်သို့တက် ၍ ၊ မြို့ရိုး အထွဋ် ကို ခိုင်ခံ့ စွာ တည်သော်လည်း၊ ငါ စေလွှတ်၍ လုယူ သောသူတို့ သည် သူ ရှိရာသို့ ရောက် ကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
כִּֽי־תַעֲלֶ֤ה בָבֶל֙ הַשָּׁמַ֔יִם וְכִ֥י תְבַצֵּ֖ר מְר֣וֹם עֻזָּ֑הּ מֵאִתִּ֗י יָבֹ֧אוּ שֹׁדְדִ֛ים לָ֖הּ נְאֻם־יְהוָֽה׃ ס
54 ၅၄ ဗာဗုလုန် မြို့မှာ ငိုကြွေး သံ ကို၎င်း ၊ ခါလဒဲ ပြည် မှာ ပြင်းစွာ သော ပျက်စီး သံကို၎င်းကြားရ၏။
ק֥וֹל זְעָקָ֖ה מִבָּבֶ֑ל וְשֶׁ֥בֶר גָּד֖וֹל מֵאֶ֥רֶץ כַּשְׂדִּֽים׃
55 ၅၅ အကြောင်းမူကား ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ကို ဖျက်ဆီး ၍ ၊ သူပြုတတ်သောအသံ ကြီး ကို ငြိမ်း စေ တော်မူ၏။ သူ ၏လှိုင်း တံပိုးတို့သည် အားကြီး သော ရေ ကဲ့သို့ ဟုန်ဟုန်းမြည် သဖြင့်၊ ကြီးစွာသောအသံဗလံ ကို ပြု တတ်ကြ၏။
כִּֽי־שֹׁדֵ֤ד יְהוָה֙ אֶת־בָּבֶ֔ל וְאִבַּ֥ד מִמֶּ֖נָּה ק֣וֹל גָּד֑וֹל וְהָמ֤וּ גַלֵּיהֶם֙ כְּמַ֣יִם רַבִּ֔ים נִתַּ֥ן שְׁא֖וֹן קוֹלָֽם׃
56 ၅၆ ဗာဗုလုန် မြို့ကို တိုက်ဖျက် လုယူသောသူသည် ရောက် လျှင် ၊ မြို့သားစစ်သူရဲ တို့သည် ရန်သူတို့လက် သို့ ရောက်၍၊ သူ တို့စွဲကိုင်သော လေး ရှိသမျှတို့သည် ကျိုး ကြ ၏။ အကျိုး အပြစ်ကိုပေး တတ်သောဘုရားသခင် ထာဝရဘုရား သည် ဆက်ဆက်ပေး တော်မူပြီ။
כִּי֩ בָ֨א עָלֶ֤יהָ עַל־בָּבֶל֙ שׁוֹדֵ֔ד וְנִלְכְּדוּ֙ גִּבּוֹרֶ֔יהָ חִתְּתָ֖ה קַשְּׁתוֹתָ֑ם כִּ֣י אֵ֧ל גְּמֻל֛וֹת יְהוָ֖ה שַׁלֵּ֥ם יְשַׁלֵּֽם׃
57 ၅၇ ဗာဗုလုန် မင်းသား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ ၊ မင်း အရာရှိ၊ ခွန်အားကြီး သောသူတို့ ကို ငါယစ်မူး စေသဖြင့် ၊ သူတို့သည်နောက် တဖန်မ နိုး ဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။
וְ֠הִשְׁכַּרְתִּי שָׂרֶ֨יהָ וַחֲכָמֶ֜יהָ פַּחוֹתֶ֤יהָ וּסְגָנֶ֙יהָ֙ וְגִבּוֹרֶ֔יהָ וְיָשְׁנ֥וּ שְׁנַת־עוֹלָ֖ם וְלֹ֣א יָקִ֑יצוּ נְאֻ֨ם־הַמֶּ֔לֶךְ יְהוָ֥ה צְבָא֖וֹת שְׁמֽוֹ׃ ס
58 ၅၈ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒု ကြီးသော ဗာဗုလုန် မြို့ရိုး တို့ကို အကုန်အစင်ဖြိုဖျက် ၍ ၊ မြင့် သောမြို့တံခါး တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။ လူ အမျိုးမျိုးတို့သည် အချည်းနှီး လုပ်ဆောင် ၍ ၊ မီး ၌ပင်ပန်း ခြင်းကိုခံရကြပြီ။
כֹּֽה־אָמַ֞ר יְהוָ֣ה צְבָא֗וֹת חֹ֠מוֹת בָּבֶ֤ל הָֽרְחָבָה֙ עַרְעֵ֣ר תִּתְעַרְעָ֔ר וּשְׁעָרֶ֥יהָ הַגְּבֹהִ֖ים בָּאֵ֣שׁ יִצַּ֑תּוּ וְיִֽגְע֨וּ עַמִּ֧ים בְּדֵי־רִ֛יק וּלְאֻמִּ֥ים בְּדֵי־אֵ֖שׁ וְיָעֵֽפוּ׃ ס
59 ၅၉ ဗာဗုလုန် မြို့အပေါ်မှာ ရောက် လတံ့သော ၊ ဘေးဥပဒ် အပေါင်း တည်းဟူသော၊ ဗာဗုလုန် မြို့ကို ရည်မှတ် ၍ ရေးထား သောဤ စကား အလုံးစုံ တို့ကို ပရောဖက်ယေရမိ သည် ရေး ကူး၍ ၊
הַדָּבָ֞ר אֲשֶׁר־צִוָּ֣ה ׀ יִרְמְיָ֣הוּ הַנָּבִ֗יא אֶת־שְׂרָיָ֣ה בֶן־נֵרִיָּה֮ בֶּן־מַחְסֵיָה֒ בְּלֶכְתּ֞וֹ אֶת־צִדְקִיָּ֤הוּ מֶֽלֶךְ־יְהוּדָה֙ בָּבֶ֔ל בִּשְׁנַ֥ת הָרְבִעִ֖ית לְמָלְכ֑וֹ וּשְׂרָיָ֖ה שַׂ֥ר מְנוּחָֽה׃
60 ၆၀ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံ လေး နှစ် တွင် ၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန် မြို့သို့လိုက်သွား သော၊ မာသေယ ၏သား ဖြစ်သောနေရိ ၏ သား အတွင်းဝန် စရာယ ကိုမှာထား သော စကား ဟူမူကား၊
וַיִּכְתֹּ֣ב יִרְמְיָ֗הוּ אֵ֧ת כָּל־הָרָעָ֛ה אֲשֶׁר־תָּב֥וֹא אֶל־בָּבֶ֖ל אֶל־סֵ֣פֶר אֶחָ֑ד אֵ֚ת כָּל־הַדְּבָרִ֣ים הָאֵ֔לֶּה הַכְּתֻבִ֖ים אֶל־בָּבֶֽל׃
61 ၆၁ သင် သည် ဗာဗုလုန် မြို့သို့ရောက် သောအခါ ၊ ဤ စကား အလုံးစုံ တို့ကို ကြည့်ရှု ၍ ဘတ် ရမည်။
וַיֹּ֥אמֶר יִרְמְיָ֖הוּ אֶל־שְׂרָיָ֑ה כְּבֹאֲךָ֣ בָבֶ֔ל וְֽרָאִ֔יתָ וְֽקָרָ֔אתָ אֵ֥ת כָּל־הַדְּבָרִ֖ים הָאֵֽלֶּה׃
62 ၆၂ ထိုအခါ သင်က၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဤ အရပ် ၌ လူ မ ရှိ ၊ တိရစ္ဆာန် မရှိ၊ အစဉ်မပြတ် ဆိတ်ညံ ရာအရပ်ဖြစ် စေ၍၊ သုတ်သင် ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆို ရမည်။
וְאָמַרְתָּ֗ יְהוָה֙ אַתָּ֨ה דִבַּ֜רְתָּ אֶל־הַמָּק֤וֹם הַזֶּה֙ לְהַכְרִית֔וֹ לְבִלְתִּ֤י הֱיֽוֹת־בּוֹ֙ יוֹשֵׁ֔ב לְמֵאָדָ֖ם וְעַד־בְּהֵמָ֑ה כִּֽי־שִׁמְמ֥וֹת עוֹלָ֖ם תִּֽהְיֶֽה׃
63 ၆၃ ဤ စာ ကို အကုန်အစင်ဘတ် ပြီး လျှင် ၊ စာပေါ်မှာကျောက် ကို ချည် ထား၍ ၊ ဥဖရတ် မြစ်အလယ် မှာ ချပစ် လျက်၊
וְהָיָה֙ כְּכַלֹּ֣תְךָ֔ לִקְרֹ֖א אֶת־הַסֵּ֣פֶר הַזֶּ֑ה תִּקְשֹׁ֤ר עָלָיו֙ אֶ֔בֶן וְהִשְׁלַכְתּ֖וֹ אֶל־תּ֥וֹךְ פְּרָֽת׃
64 ၆၄ ဗာဗုလုန် မြို့သည် ဤသို့နစ် ရလိမ့်မည်။ ငါ ရောက် စေသော ဘေးဥပဒ် ထဲကနောက်တဖန် မ ထမြောက် ရ။ မြို့သူမြို့သားတို့သည် အားကုန် လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆို ရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား ၊ ယေရမိ စကား ပေတည်း။
וְאָמַרְתָּ֗ כָּ֠כָה תִּשְׁקַ֨ע בָּבֶ֤ל וְלֹֽא־תָקוּם֙ מִפְּנֵ֣י הָרָעָ֗ה אֲשֶׁ֧ר אָנֹכִ֛י מֵבִ֥יא עָלֶ֖יהָ וְיָעֵ֑פוּ עַד־הֵ֖נָּה דִּבְרֵ֥י יִרְמְיָֽהוּ׃ ס

< ယေရမိ 51 >