< ယေရမိ 50 >

1 ထာဝရဘုရား သည် ဗာဗုလုန် မြို့နှင့်ခါလဒဲ ပြည် ကို ရည်မှတ် ၍၊ ပရောဖက် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား ဟူမူကား၊
Das Wort, welches Jahwe durch den Propheten Jeremia in betreff Babels, in betreff des Landes der Chaldäer geredet hat:
2 လူမျိုး တို့တွင် သိတင်းကြားပြော ကြလော့။ ဝှက် ၍ မ ထားဘဲအလံ ကို ထူ ၍ ကြော်ငြာ ကြလော့။ ကြားပြော ရသောစကားဟူမူကား၊ ဗာဗုလုန် မြို့ကို တိုက်ယူ ကြပြီ။ ဗေလ ဘုရားသည် အရှက်ကွဲ ပြီ။ မေရောဒပ် ဘုရားသည် ကျိုး ပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတု တို့သည် အရှက်ကွဲ ၍ကျိုးပဲ့ လျက်ရှိကြ၏။
Verkündet's unter den Völkern und meldet's und pflanzt ein Panier auf! Meldet's, verhehlt nichts! Sprecht: Babel ist erobert, zu Schanden geworden Bel, niedergeschmettert Merodach; zu Schanden geworden sind seine Bilder, niedergeschmettert seine Götzen!
3 လူ တမျိုးသည် မြောက် မျက်နှာမှ လာ ၍ ဗာဗုလုန် ပြည် ကို သုတ်သင် ပယ်ရှင်းလိမ့်မည်။ နေ သောသူမ ရှိ ရ။ လူ နှင့် တိရစ္ဆာန် တို့သည် အကုန်အစင်ထွက်သွား ကြလိမ့်မည်။
Denn von Norden her zieht ein Volk wider es heran, - das macht sein Land zur Einöde, daß kein Bewohner mehr darin zu finden ist; Menschen, wie Vieh flüchten, gehen davon.
4 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ဣသရေလ အမျိုးသား တို့သည် ယုဒ အမျိုးသား တို့နှင့် ပေါင်းဘက်၍လာ ကြလိမ့်မည်။ မျက်ရည် ကျလျက် ၊ ခရီးသွား လျက် ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ကို သွား ၍ ရှာ ကြလိမ့်မည်။
In jenen Tagen und zu jener Zeit, ist der Spruch Jahwes, werden die Israeliten kommen, zusammen mit den Judäern, unter unaufhörlichem Weinen werden sie dahinziehen und Jahwe, ihren Gott, suchen.
5 ဇိအုန် မြို့သို့ မျက်နှာ ပြု၍ လမ်း ကို ရှာ ကြလိမ့်မည်။ အစဉ် မ မေ့လျော့ ရသောပဋိညာဉ် အားဖြင့်ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။
Nach dem Zion werden sie fragen, ihr Angesicht hierher gerichtet: sie kommen und schließen sich an Jahwe zu einem immerwährenden, nie mehr vergessenem Bunde.
6 ငါ ၏လူ တို့သည် ပျောက် သောသိုး ဖြစ် ကြပြီ။ သိုးထိန်း တို့သည် တောင် များပေါ်မှာလမ်းလွဲ စေကြပြီ။ သူတို့သည်တောင် တလုံးမှ တလုံးသို့ လမ်းလွဲ သွား ၍၊ ငြိမ်ဝပ် သောအရပ်ကိုမေ့လျော့ ကြပြီ။
Wie verlorne Schafe war mein Volk: ihre Hirten leiteten sie in die Irre; auf Berge hin verführten sie sie, vom Berg zum Hügel zogen sie fort, vergaßen ihre Lagerstätte.
7 သူ တို့ကို တွေ့ကြုံ သမျှ သောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူ တို့က၊ သူတို့သည်တရား သော ငြိမ်ဝပ် ရာ၊ ဘိုးဘေး တို့ခိုလှုံ ရာ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါတို့သည်ကိုက်စားသော်လည်းမ လွန်ကျူး ဟု ပြောဆို ကြပြီ။
Alle, die auf sie stießen, fraßen sie, und ihre Widersacher sprachen: Wir laden keine Schuld auf uns! - dafür, daß sie sich an Jahwe, der Aue der Gerechtigkeit und der Hoffnung ihrer Väter, Jahwe, versündigten.
8 ဗာဗုလုန် မြို့ထဲ က ပြေး ကြလော့။ ခါလဒဲ ပြည် မှ ထွက်သွား ကြလော့။ သိုးစု ရှေ့ ၌ သိုးထီး ကဲ့သို့ ပြု ကြလော့။
Flüchtet aus dem Bereiche von Babel und verlaßt das Land der Chaldäer und seid wie Böcke vor der Herde her!
9 အကြောင်း မူကား၊ မြောက် မျက်နှာအရပ် ၌ ကြီးစွာ သော တိုင်း နိုင်ငံသားအစုအဝေး ကို ငါ နှိုးဆော် ၍၊ ဗာဗုလုန် မြို့သို့ ဆောင်ခဲ့ မည်။ သူတို့သည် မြို့တဘက် ၌ တပ်ခင်းကျင်း ၍ တိုက်ယူ ကြလိမ့်မည်။ သူ တို့ပစ်သော မြှား တို့သည် လိမ္မာသော စစ်သူရဲ ၏ မြှားကဲ့သို့ဖြစ်၍မ မှန်ဘဲမနေရ။
Denn fürwahr, ich will wider Babel einen Haufen gewaltiger Völker aus den Ländern des Nordens anreizen und heranziehen lassen: die sollen sich wieder es aufstellen; von dort aus wird es erobert werden. Ihre Pfeile gleichen einem glücklichen Helden, der nicht unverrichteter Sache umkehrt.
10 ၁၀ ခါလဒဲ ပြည်သည် လုယူ ရာဖြစ် ၍၊ လုယူ သောသူတို့ သည် ဝ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Und so soll Chaldäa eine Beute werden; alle, die darin Beute machen, sollen genug haben, ist der Spruch Jahwes.
11 ၁၁ ငါ့ အမွေ ကို ဖျက်ဆီး သောသူတို့၊ သင်တို့သည် ဝမ်းမြောက် ရွှင်လန်းကြပြီ။ ကျက်စား သောနွားမ ကဲ့သို့ ခုန် ကြပြီ။ မြင်းထီး ကဲ့သို့ ဟီ ကြပြီ။
Ja freut euch nur, ja, frohlockt nur, ihr Räuber meines Eigentums, - ja, springt nur fröhlich wie eine dreschende junge Kuh und wiehert wie die Hengste.
12 ၁၂ ထိုကြောင့်၊ သင် တို့အမိ သည် မိန်းမော တွေဝေလိမ့်မည်။ သင် တို့ကိုမွေးဘွား သောသူသည် အရှက်ကွဲ လိမ့်မည်။ ပြည် တကာတို့တွင် အယုတ်ဆုံး သော ပြည်၊ သုတ်သင် သောအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ်ရလိမ့်မည်။
Eure Mutter wird gänzlich zu Schanden, schämen muß sich, die euch geboren, - sie, die nun das letzte der Völker, eine Wüste, Dürre und Steppe!
13 ၁၃ ထာဝရဘုရား ၏ အမျက် တော်ကြောင့် နောက် တဖန်လူမ နေ ရ။ ဆိတ်ညံ သောအရပ် သက်သက်ဖြစ် ရ လိမ့်မည်။ ဗာဗုလုန် မြို့နား မှာ ရှောက်သွား သော သူတိုင်း အံ့ဩ ၍ ၊ သူ ခံရသောဘေးဥပဒ် ကိုထောက် လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။
Ob Jahwes Groll wird's unbewohnt bleiben und ganz und gar Einöde werden: jeder, der an Babel vorüberzieht, wird sich entsetzen und zischen wegen aller ihrer Wunden.
14 ၁၄ ဗာဗုလုန် မြို့ပတ်လည် ၌ တပ်ခင်းကျင်း ကြလော့ ။ သူသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ လေး သမားအပေါင်း တို့၊ မြှား ကိုမ နှမြော ဘဲ ပစ် ကြလော့။
Stellt euch ringsum wider Babel auf, all' ihr Bogenschützen! Schieß auf es, spart die Pfeile nicht; denn an Jahwe hat es sich versündigt!
15 ၁၅ မြို့ပတ်လည် ၌ ကြွေးကြော် ကြလော့။ သူသည် ဝန်ချ ပြီ။ မြို့ရိုး နှင့် ပြအိုး တို့သည် ပြိုလဲ ကြပြီ။ ထာဝရဘုရား ၏အမျက် တော်ပြေခြင်း အမှုဖြစ်၍ ၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြု ဘူးသည် အတိုင်း သူ ၌ ပြု ကြလော့။
Erhebt ringsum Jubelgeschrei über es: Es hat sich ergeben, gefallen sind seine Stützen, eingerissen seine Mauern! Weil es die Rache Jahwes ist: rächt euch an ihm! So wie es verfuhr, verfahrt mit ihm!
16 ၁၆ ဗာဗုလုန် မြို့၌ မျိုးစေ့ကြဲ သော သူနှင့် စပါး ရိတ် သောသူတို့ ကိုပယ်ဖြတ် ကြလော့။ ညှဉ်းဆဲ တတ်သော ထား ကိုကြောက်သောကြောင့် ၊ အသီးအသီး တို့သည် မိမိ တို့လူမျိုး နေရာသို့ ပြန်သွား ၍ ၊ မိမိ တို့ပြည် သို့ ပြေး ကြလိမ့်မည်။
Rottet aus Babel aus, die da säen, samt denen, die zur Erntezeit die Sichel führen! Von dem gewaltthätigen Schwerte werden sie sich ein jeder zu seinem Volke wenden und ein jeder in seine Heimat fliehen!
17 ၁၇ ဣသရေလ သည်အရပ်ရပ်သို့ လွင့်ပြေး ရသောသိုး ဖြစ်၏။ ခြင်္သေ့ တို့သည် နှောင့်ရှက် ကြပြီ။ အာရှုရိ ရှင် ဘုရင်သည် ရှေးဦးစွာ ကိုက်စား ပြီ။ နောက်မှ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သူ ၏အရိုး တို့ကို ချိုးဖဲ့ပြီ။
Wie ein versprengtes Schaf ist Israel, das Löwen verjagt haben: zuerst hat es der König von Assur angefressen, und nun zuletzt hat Nebukadrezar, der König von Babel, ihm die Knochen abgenagt.
18 ၁၈ ထိုကြောင့် ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည်အာရှုရိ ရှင်ဘုရင် ကို ဒဏ် ပေးသည် နည်းတူ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ ၏နိုင်ငံ ကို ဒဏ် ပေး မည်။
Darum spricht Jahwe der Heerscharen, der Gott Israels, also: Fürwahr, ich will den König von Babel und sein Land heimsuchen, wie ich den König von Assur heimgesucht habe.
19 ၁၉ ဣသရေလ ကိုသူ ၏နေရင်း အရပ်သို့ ငါဆောင်ခဲ့ ဦးမည်။ သူသည် ကရမေလ တောင်နှင့် ဗာရှန် တောင် ပေါ်မှာ ကျက်စား ၍ ၊ ဧဖရိမ် တောင် နှင့် ဂိလဒ် တောင်ပေါ် မှာ ဝ လိမ့်မည်။
und will Israel wieder auf seine Aue zurückführen, daß es auf dem Karmel und in Basan weide und auf dem gebirge Ephraim und in Gilead seinen Hunger stille!
20 ၂၀ ထို ကာလ အခါ ဣသရေလ အပြစ် ကို စစ်ကြော သော်လည်း အပြစ်မ ပေါ်ရာ။ ယုဒ ဒုစရိုက် တို့ကိုရှာ၍ မ တွေ့ ရာ။ ငါချန်ထား သော သူတို့ ၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
In jenen Tagen und zu jener zeit, ist der Spruch Jahwes, wird man nach der verschuldung Israels suchen, aber sie ist nicht mehr vorhanden, und nach den Sünden Judas, aber sie sind nicht mehr zu finden; denn ich werde denen, die ich übriglasse vergeben.
21 ၂၁ ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီ ကြလော့။ သုတ်သင် ပယ်ရှင်း၍ သူ တို့အမျိုးအနွယ်ကိုအကုန်အစင်ဖျက်ဆီး ကြလော့။ ငါမှာထား သမျှ အတိုင်း ပြု ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။
Wider das Land “Doppelempörung” - zieh' wider es heran! und wider die Bewohner der Stadt “Heimsuchung”; - stich nieder hinter ihnen her, vollstrecke den Bann - ist der Spruch Jahwes - und handle genau, wie ich dir befohlen habe!
22 ၂၂ ထိုပြည် ၌ စစ်တိုက် ခြင်းအသံ ၊ ကြီးစွာ သော ဖျက်ဆီး ခြင်းအသံကို ကြားရ၏။
Horch! Krieg im Land und gewaltige Zerschmetterung!
23 ၂၃ မြေ တပြင်လုံးကို ရိုက်နှက်သောသံတူ သည် ကျိုးပြတ် လေပြီတကား၊ ဗာဗုလုန် မြို့သည် လူမျိုး တို့တွင် အံ့ဩ ရာဖြစ် လေပြီတကား။
Wie ist doch der Hammer, der die ganze Erde schlug, abgehauen und zerschmettert! Wie ist doch Babel ein Gegenstand des Entsetzens geworden unter den Völkern!
24 ၂၄ အို ဗာဗုလုန် မြို့၊ သင် အဘို့ ကျော့ကွင်း ကို ငါထောင်ထားသဖြင့် ၊ သင်သည် သတိလစ် ၍ကျော့မိ ပြီ။ ထာဝရဘုရား ၏ အာဏာတော်ကို ဆန် သောကြောင့် ၊ ရန်သူတွေ့ ၍ တိုက်ယူ ပြီ။
Ich legte dir Schlingen, und so wardst du gefangen, Babel, ohne daß du dich dessen versahst! Du wardst ertappt und wardst gefaßt, denn wider Jahwe erkühntest du dich zu streiten.
25 ၂၅ ထာဝရဘုရား သည် လက်နက်စုံ တိုက် တော်ကို ဖွင့် ၍ ၊ အမျက် တော်လက်နက် တို့ကို ထုတ် တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ခါလဒဲ ပြည် ၌ ပြုတော်မူသောအမှု ပေတည်း။
Jahwe hat seine Rüstkammer aufgethan und die Waffen seines Grimms hervorgeholt; denn Arbeit giebt's für den Herrn, Jahwe der Heerscharen, im Lande der Chaldäer.
26 ၂၆ မြို့တဘက် မှတဘက်တိုင်အောင်တိုက် ကြလော့ ။ စပါးကျီ တို့ကို ဖွင့် ၍၊ စပါး ပုံများကဲ့သို့ ပုံထား လျက်၊ အလျှင်းမ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြလော့။
Rückt von allen Enden her wider es heran! Öffnet seine Scheuern! Schüttet es auf gleich Garben und vollstreckt an ihm den Bann! Es bleibe von ihm kein Überrest!
27 ၂၇ သူ ၏နွား ဥသဘရှိသမျှ တို့ကိုသတ် ကြလော့။ သတ် ရာအရပ်သို့ ဆင်းသွား စေကြလော့။ သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကယ် စင်စစ်သူ တို့အချိန် ၊ ဆုံးမ ခြင်းကို ခံရသောအချိန် ရောက် လေပြီ။
Stecht alle seine farren nieder, - zur Schlachtung sollen sie niedersinken! Wehe ihnen, denn ihr Tag ist gekommen, die zeit ihrer Heimsuchung!
28 ၂၈ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော် ပြေခြင်း၊ ဗိမာန် တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ် ပေးခြင်းသိတင်းကို ဇိအုန် မြို့၌ ကြားပြော အံ့သောငှါ ၊ ဗာဗုလုန် ပြည် မှ ပြေး လွတ် သောသူတို့၏ အသံ ကို ကြားရ၏။
Horch! Flüchtende und Entronnene aus dem Lande Babel, um auf dem Zion zu verkünden, daß Jahwe, unser Gott, Rache übt, Rache für seinen Tempel!
29 ၂၉ လေး သမားတို့ကို ဗာဗုလုန် မြို့သို့ ခေါ် ကြလော့။ ပစ် တတ်သော သူအပေါင်း တို့၊ မြို့ပတ်ဝန်းကျင် ၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မ လွတ် စေနှင့်။ ထိုမြို့ကျင့်သောအကျင့် နှင့်အလျောက်အပြစ်ပေး ကြလော့ ။ သူပြု ဘူးသမျှ အတိုင်း သူ၌ပြုကြလော့။ သူသည်ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရား၊ ထာဝရဘုရား တဘက်၌ ဝါကြွား ပြီတကား။
Bietet Schützen wider Babel auf, alle, die den Bogen spannen! Lagert euch ringsum wider es! Kein Entrinnen soll's für es geben! Vergeltet ihm nach seinem Thun! Ganz so wie es verfuhr, verfahrt mit ihm; denn wider Jahwe, wider den Heiligen Israels, hat es frech sich aufgelehnt!
30 ၃၀ ထိုကြောင့် ၊ မြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ နေ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
Darum sollen seine jungen Männer auf seinen Straßen fallen, und alle seine Kriegsleute jenes Tags hinweggetilgt werden - ist der Spruch Jahwes.
31 ၃၁ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုမာန ကြီးသောသူ၊ သင့် တဘက် ၌ ငါ နေ၏။ အကယ် စင်စစ်သင် ၏အချိန် ၊ ဆုံးမ ခြင်းကိုခံရသော အချိန် ရောက် လေပြီ။
Fürwahr, ich will an dich, “Frechheit”, ist der Spruch des Herrn Jahwe der Heerscharen; denn dein Tag ist gekommen, die Zeit, da ich dich heimsuche!
32 ၃၂ မာန ကြီးသောသူသည် ထိမိ ၍ လဲ ပြီးမှ အဘယ်သူမျှမ ကြွ ရ။ ငါသည်လည်း သူ့ နေရာ မြို့ တို့ကို မီး ရှို့ ၍၊ သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။
Nun soll “Frechheit” straucheln und fallen, und niemand wird ihr aufhelfen, und ich will Feuer an ihre Städte legen, daß es alles, was rings um sie her ist, verzehre.
33 ၃၃ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့နှင့်တကွယုဒ အမျိုးသား တို့သည် ညှဉ်းဆဲ ခြင်းကိုခံရကြပြီ။ သူ တို့ကိုသိမ်းသွား သောသူ ရှိသမျှ တို့သည် ချုပ်ထား ပြီးလျှင် ၊ ငါတို့သည် မလွှတ် ဟု ငြင်းပယ် လျက်နေကြပြီ။
So spricht Jahwe der Heerscharen: Vergewaltigt sind die Israeliten und die Judäer zumal, und alle, die sie in Gefangenschaft geführt haben, halten sie fest, weigern sich, sie loszulassen.
34 ၃၄ သို့ရာတွင်၊ သူ တို့ကိုရွေးနှုတ် သော သခင်သည် အားကြီး ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိတော်မူ၏။ ထိုသခင်သည်သူ တို့ အမှု ကို ကျပ်တည်းစွာစောင့် ၍၊ ပြည် တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ရှက် လျက် ပြုတော်မူမည်။
Doch ihr Erlöser ist stark, - Jahwe der Heerscharen ist sein Name: er wird mit Eifer ihre Sache führen, damit er Ruhe schaffe der Erde, aber Unruhe den Bewohnern Babels.
35 ၃၅ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထား ဘေး သည် ခါလဒဲ ပြည်သူ၊ ဗာဗုလုန် မြို့သားတို့နှင့်တကွ မင်း များ၊ ပညာရှိ များအပေါ် သို့ သင့်ရောက်လိမ့်မည်။
Auf! Schwert, über die Chaldäer her, ist der Spruch Jahwes, und über die bewohner Babels, seine Obersten und seine Weisen!
36 ၃၆ ထား ဘေးသည် မိစ္ဆာ ဆရာတို့အပေါ် သို့ ရောက် ၍၊ သူတို့သည် အရူး ဖြစ်ကြလိမ့်မည်။ ထား ဘေးသည် ထိုမြို့သားစစ်သူရဲ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် စိတ်ပျက် ကြလိမ့်မည်။
Auf! Schwert, über die Schwätzer, daß sie sich als Thoren erweisen! Auf! Schwert, über seine Helden, daß sie verzagen!
37 ၃၇ ထား ဘေးသည်မြင်း များ၊ ရထား များ၊ မြို့ထဲမှာ နေသော လူ အမျိုးမျိုးရှိသမျှ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထား ဘေးသည် မြို့ဘဏ္ဍာ အပေါ် သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။
Auf! Schwert, über seine Rosse und seine Wagen und über das ganze Völkergemisch in seinem Bereiche, daß sie zu weibern werden! Auf! Schwert, über seine Schätze, daß sie ausgeraubt werden!
38 ၃၈ ခန်းခြောက် ခြင်းဘေးသည် မြို့၏ ရေ တို့ အပေါ် သို့ရောက်၍ ခန်းခြောက် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည် သည်ရုပ်တု တို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတု တို့ကို အမှီပြု ၍ ဝါကြွား ကြ၏။
Auf! Schwert, über seine Gewässer, daß sie vertrocknen! denn ein Land der Götzenbilder ist es, und mit den Schreckgestalten gebärden sie sich wie Wahnsinnige.
39 ၃၉ ထိုကြောင့် ၊ တောသားရဲ တို့သည် တောခွေး တို့ နှင့်တကွ ထိုမြို့၌ နေ ကြလိမ့်မည်။ ကုလားအုပ် ငှက်တို့ သည်လည်း နေရာ ကျကြလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ နေ ရ။ ကာလ အစဉ်အဆက်လူနေရာ မ ဖြစ်ရ။
Darum werden Wilkatzen mit Schakalen zusammen wohnen, und Strauße werden darin wohnen; nimmermehr aber soll es wieder besiedelt sein, noch bewohnt auf Geschlecht und Geschlecht.
40 ၄၀ သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သော မြို့များကို ဘုရားသခင် ဖျက်ဆီး တော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမ နေ ရ၊ လူ သား တစုံတယောက် မျှနေရာ မ ကျရဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
Wie Gott Sodom und Gomorrha und ihre Nachbarstädte von Grund aus zerstörte, ist der Spruch Jahwes, soll auch dort niemand wohnen, noch ein Mensch darin weilen.
41 ၄၁ ကြည့်ရှု လော့။ လူမျိုး တမျိုးသည် မြောက် မျက်နှာမှ လာ ၏။ ကြီးစွာ သော လူမျိုး နှင့် များစွာ သော ရှင် ဘုရင်တို့ သည် မြေကြီး စွန်း တို့မှ ပေါ်လာ ကြ၏။
Schon kommt ein Volk von Norden her, schon erheben sich eine gewaltige Nation und mächtige Könige vom äußersten Winkel der Erde.
42 ၄၂ လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍သနား ခြင်းကရုဏာမ ရှိ။ သူ တို့စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဗာဗုလုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက်မြင်း စီး ၍၊ သင် ရှိရာသို့ ချီလာကြလိမ့်မည်။
Bogen und Wurfspieß führen sie; grausam sind sie und üben kein Erbarmen. Ihr Lärmen tost dem Meere gleich und auf Rossen reiten sie, gerüstet wie ein Kriegsmann zum Kampfe wider dich, Tochter Babel!
43 ၄၃ သူ တို့၏သိတင်း ကို ဗာဗုလုန် ရှင် ဘုရင်သည် ကြား ၍ လက် အားလျော့ ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ၏။
Der König von Babel vernahm die Kunde von ihnen, und schlaff sinken seine Hände; Angst hat ihn erfaßt, Zittern, wie eine Gebärende.
44 ၄၄ ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြု မည်။ ရွေးချယ် သောသူကို လည်းဗာဗုလုန်မြို့အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ် မည်သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။
Fürwahr, einem Löwen gleich, der aus dem Dickicht des Jordan zur immerprangenden Aue hinaufsteigt: so jage ich sie im Nu von dannen und wer erwählt ist, den setze ich darüber. Denn wer ist mir gleich und wer will mich zur Rechenschaft ziehen, und wo wäre der Hirte, der vor mir standhalten könnte?
45 ၄၅ သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ ခါလဒဲ ပြည် တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့ ။ အကယ် စင်စစ်ရန်သူသည် အား မရှိသော ထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စား ရာအရပ်ကို ဖျက်ဆီး လိမ့်မည်။
Darum hört den Ratschluß Jahwes, den er in betreff Babels gefaßt hat, und seine Gedanken, die er in betreff des Landes der Chaldäer hegt: Wahrlich, man soll sie fortschleppen, die Geringsten der Schafe! Wahrlich, entsetzen soll sich über sie die Aue!
46 ၄၆ ဗာဗုလုန် မြို့ကိုတိုက်ယူ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ အော်ဟစ် သောအသံကို လူ အမျိုးမျိုးတို့သည် ကြားရ ကြ၏။
Vom Rufe: “Babel ist genommen!” erzittert die Erde, und ihr Wehgeschrei hört man unter den Völkern.

< ယေရမိ 50 >