< ယေရမိ 50 >
1 ၁ ထာဝရဘုရား သည် ဗာဗုလုန် မြို့နှင့်ခါလဒဲ ပြည် ကို ရည်မှတ် ၍၊ ပရောဖက် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား ဟူမူကား၊
The word that YHWH spake against Babylon and against the land of the Chaldeans by Jeremiah the prophet.
2 ၂ လူမျိုး တို့တွင် သိတင်းကြားပြော ကြလော့။ ဝှက် ၍ မ ထားဘဲအလံ ကို ထူ ၍ ကြော်ငြာ ကြလော့။ ကြားပြော ရသောစကားဟူမူကား၊ ဗာဗုလုန် မြို့ကို တိုက်ယူ ကြပြီ။ ဗေလ ဘုရားသည် အရှက်ကွဲ ပြီ။ မေရောဒပ် ဘုရားသည် ကျိုး ပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတု တို့သည် အရှက်ကွဲ ၍ကျိုးပဲ့ လျက်ရှိကြ၏။
Declare ye among the nations, and publish, and set up a standard; publish, and conceal not: say, Babylon is taken, Bel is confounded, Merodach is broken in pieces; her idols are confounded, her images are broken in pieces.
3 ၃ လူ တမျိုးသည် မြောက် မျက်နှာမှ လာ ၍ ဗာဗုလုန် ပြည် ကို သုတ်သင် ပယ်ရှင်းလိမ့်မည်။ နေ သောသူမ ရှိ ရ။ လူ နှင့် တိရစ္ဆာန် တို့သည် အကုန်အစင်ထွက်သွား ကြလိမ့်မည်။
For out of the north there cometh up a nation against her, which shall make her land desolate, and none shall dwell therein: they shall remove, they shall depart, both man and beast.
4 ၄ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ဣသရေလ အမျိုးသား တို့သည် ယုဒ အမျိုးသား တို့နှင့် ပေါင်းဘက်၍လာ ကြလိမ့်မည်။ မျက်ရည် ကျလျက် ၊ ခရီးသွား လျက် ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ကို သွား ၍ ရှာ ကြလိမ့်မည်။
In those days, and in that time, saith YHWH, the children of Israel shall come, they and the children of Judah together, going and weeping: they shall go, and seek YHWH their Elohim.
5 ၅ ဇိအုန် မြို့သို့ မျက်နှာ ပြု၍ လမ်း ကို ရှာ ကြလိမ့်မည်။ အစဉ် မ မေ့လျော့ ရသောပဋိညာဉ် အားဖြင့်ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။
They shall ask the way to Zion with their faces thitherward, saying, Come, and let us join ourselves to YHWH in a perpetual covenant that shall not be forgotten.
6 ၆ ငါ ၏လူ တို့သည် ပျောက် သောသိုး ဖြစ် ကြပြီ။ သိုးထိန်း တို့သည် တောင် များပေါ်မှာလမ်းလွဲ စေကြပြီ။ သူတို့သည်တောင် တလုံးမှ တလုံးသို့ လမ်းလွဲ သွား ၍၊ ငြိမ်ဝပ် သောအရပ်ကိုမေ့လျော့ ကြပြီ။
My people hath been lost sheep: their shepherds have caused them to go astray, they have turned them away on the mountains: they have gone from mountain to hill, they have forgotten their restingplace.
7 ၇ သူ တို့ကို တွေ့ကြုံ သမျှ သောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူ တို့က၊ သူတို့သည်တရား သော ငြိမ်ဝပ် ရာ၊ ဘိုးဘေး တို့ခိုလှုံ ရာ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါတို့သည်ကိုက်စားသော်လည်းမ လွန်ကျူး ဟု ပြောဆို ကြပြီ။
All that found them have devoured them: and their adversaries said, We offend not, because they have sinned against YHWH, the habitation of justice, even YHWH, the hope of their fathers.
8 ၈ ဗာဗုလုန် မြို့ထဲ က ပြေး ကြလော့။ ခါလဒဲ ပြည် မှ ထွက်သွား ကြလော့။ သိုးစု ရှေ့ ၌ သိုးထီး ကဲ့သို့ ပြု ကြလော့။
Remove out of the midst of Babylon, and go forth out of the land of the Chaldeans, and be as the he goats before the flocks.
9 ၉ အကြောင်း မူကား၊ မြောက် မျက်နှာအရပ် ၌ ကြီးစွာ သော တိုင်း နိုင်ငံသားအစုအဝေး ကို ငါ နှိုးဆော် ၍၊ ဗာဗုလုန် မြို့သို့ ဆောင်ခဲ့ မည်။ သူတို့သည် မြို့တဘက် ၌ တပ်ခင်းကျင်း ၍ တိုက်ယူ ကြလိမ့်မည်။ သူ တို့ပစ်သော မြှား တို့သည် လိမ္မာသော စစ်သူရဲ ၏ မြှားကဲ့သို့ဖြစ်၍မ မှန်ဘဲမနေရ။
For, lo, I will raise and cause to come up against Babylon an assembly of great nations from the north country: and they shall set themselves in array against her; from thence she shall be taken: their arrows shall be as of a mighty expert man; none shall return in vain.
10 ၁၀ ခါလဒဲ ပြည်သည် လုယူ ရာဖြစ် ၍၊ လုယူ သောသူတို့ သည် ဝ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And Chaldea shall be a spoil: all that spoil her shall be satisfied, saith YHWH.
11 ၁၁ ငါ့ အမွေ ကို ဖျက်ဆီး သောသူတို့၊ သင်တို့သည် ဝမ်းမြောက် ရွှင်လန်းကြပြီ။ ကျက်စား သောနွားမ ကဲ့သို့ ခုန် ကြပြီ။ မြင်းထီး ကဲ့သို့ ဟီ ကြပြီ။
Because ye were glad, because ye rejoiced, O ye destroyers of mine heritage, because ye are grown fat as the heifer at grass, and bellow as bulls;
12 ၁၂ ထိုကြောင့်၊ သင် တို့အမိ သည် မိန်းမော တွေဝေလိမ့်မည်။ သင် တို့ကိုမွေးဘွား သောသူသည် အရှက်ကွဲ လိမ့်မည်။ ပြည် တကာတို့တွင် အယုတ်ဆုံး သော ပြည်၊ သုတ်သင် သောအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ်ရလိမ့်မည်။
Your mother shall be sore confounded; she that bare you shall be ashamed: behold, the hindermost of the nations shall be a wilderness, a dry land, and a desert.
13 ၁၃ ထာဝရဘုရား ၏ အမျက် တော်ကြောင့် နောက် တဖန်လူမ နေ ရ။ ဆိတ်ညံ သောအရပ် သက်သက်ဖြစ် ရ လိမ့်မည်။ ဗာဗုလုန် မြို့နား မှာ ရှောက်သွား သော သူတိုင်း အံ့ဩ ၍ ၊ သူ ခံရသောဘေးဥပဒ် ကိုထောက် လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။
Because of the wrath of YHWH it shall not be inhabited, but it shall be wholly desolate: every one that goeth by Babylon shall be astonished, and hiss at all her plagues.
14 ၁၄ ဗာဗုလုန် မြို့ပတ်လည် ၌ တပ်ခင်းကျင်း ကြလော့ ။ သူသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ လေး သမားအပေါင်း တို့၊ မြှား ကိုမ နှမြော ဘဲ ပစ် ကြလော့။
Put yourselves in array against Babylon round about: all ye that bend the bow, shoot at her, spare no arrows: for she hath sinned against YHWH.
15 ၁၅ မြို့ပတ်လည် ၌ ကြွေးကြော် ကြလော့။ သူသည် ဝန်ချ ပြီ။ မြို့ရိုး နှင့် ပြအိုး တို့သည် ပြိုလဲ ကြပြီ။ ထာဝရဘုရား ၏အမျက် တော်ပြေခြင်း အမှုဖြစ်၍ ၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြု ဘူးသည် အတိုင်း သူ ၌ ပြု ကြလော့။
Shout against her round about: she hath given her hand: her foundations are fallen, her walls are thrown down: for it is the vengeance of YHWH: take vengeance upon her; as she hath done, do unto her.
16 ၁၆ ဗာဗုလုန် မြို့၌ မျိုးစေ့ကြဲ သော သူနှင့် စပါး ရိတ် သောသူတို့ ကိုပယ်ဖြတ် ကြလော့။ ညှဉ်းဆဲ တတ်သော ထား ကိုကြောက်သောကြောင့် ၊ အသီးအသီး တို့သည် မိမိ တို့လူမျိုး နေရာသို့ ပြန်သွား ၍ ၊ မိမိ တို့ပြည် သို့ ပြေး ကြလိမ့်မည်။
Cut off the sower from Babylon, and him that handleth the sickle in the time of harvest: for fear of the oppressing sword they shall turn every one to his people, and they shall flee every one to his own land.
17 ၁၇ ဣသရေလ သည်အရပ်ရပ်သို့ လွင့်ပြေး ရသောသိုး ဖြစ်၏။ ခြင်္သေ့ တို့သည် နှောင့်ရှက် ကြပြီ။ အာရှုရိ ရှင် ဘုရင်သည် ရှေးဦးစွာ ကိုက်စား ပြီ။ နောက်မှ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သူ ၏အရိုး တို့ကို ချိုးဖဲ့ပြီ။
Israel is a scattered sheep; the lions have driven him away: first the king of Assyria hath devoured him; and last this Nebuchadrezzar king of Babylon hath broken his bones.
18 ၁၈ ထိုကြောင့် ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည်အာရှုရိ ရှင်ဘုရင် ကို ဒဏ် ပေးသည် နည်းတူ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ ၏နိုင်ငံ ကို ဒဏ် ပေး မည်။
Therefore thus saith YHWH of hosts, the Elohim of Israel; Behold, I will punish the king of Babylon and his land, as I have punished the king of Assyria.
19 ၁၉ ဣသရေလ ကိုသူ ၏နေရင်း အရပ်သို့ ငါဆောင်ခဲ့ ဦးမည်။ သူသည် ကရမေလ တောင်နှင့် ဗာရှန် တောင် ပေါ်မှာ ကျက်စား ၍ ၊ ဧဖရိမ် တောင် နှင့် ဂိလဒ် တောင်ပေါ် မှာ ဝ လိမ့်မည်။
And I will bring Israel again to his habitation, and he shall feed on Carmel and Bashan, and his soul shall be satisfied upon mount Ephraim and Gilead.
20 ၂၀ ထို ကာလ အခါ ဣသရေလ အပြစ် ကို စစ်ကြော သော်လည်း အပြစ်မ ပေါ်ရာ။ ယုဒ ဒုစရိုက် တို့ကိုရှာ၍ မ တွေ့ ရာ။ ငါချန်ထား သော သူတို့ ၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
In those days, and in that time, saith YHWH, the iniquity of Israel shall be sought for, and there shall be none; and the sins of Judah, and they shall not be found: for I will pardon them whom I reserve.
21 ၂၁ ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီ ကြလော့။ သုတ်သင် ပယ်ရှင်း၍ သူ တို့အမျိုးအနွယ်ကိုအကုန်အစင်ဖျက်ဆီး ကြလော့။ ငါမှာထား သမျှ အတိုင်း ပြု ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။
Go up against the land of Merathaim, even against it, and against the inhabitants of Pekod: waste and utterly destroy after them, saith YHWH, and do according to all that I have commanded thee.
22 ၂၂ ထိုပြည် ၌ စစ်တိုက် ခြင်းအသံ ၊ ကြီးစွာ သော ဖျက်ဆီး ခြင်းအသံကို ကြားရ၏။
A sound of battle is in the land, and of great destruction.
23 ၂၃ မြေ တပြင်လုံးကို ရိုက်နှက်သောသံတူ သည် ကျိုးပြတ် လေပြီတကား၊ ဗာဗုလုန် မြို့သည် လူမျိုး တို့တွင် အံ့ဩ ရာဖြစ် လေပြီတကား။
How is the hammer of the whole earth cut asunder and broken! how is Babylon become a desolation among the nations!
24 ၂၄ အို ဗာဗုလုန် မြို့၊ သင် အဘို့ ကျော့ကွင်း ကို ငါထောင်ထားသဖြင့် ၊ သင်သည် သတိလစ် ၍ကျော့မိ ပြီ။ ထာဝရဘုရား ၏ အာဏာတော်ကို ဆန် သောကြောင့် ၊ ရန်သူတွေ့ ၍ တိုက်ယူ ပြီ။
I have laid a snare for thee, and thou art also taken, O Babylon, and thou wast not aware: thou art found, and also caught, because thou hast striven against YHWH.
25 ၂၅ ထာဝရဘုရား သည် လက်နက်စုံ တိုက် တော်ကို ဖွင့် ၍ ၊ အမျက် တော်လက်နက် တို့ကို ထုတ် တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ခါလဒဲ ပြည် ၌ ပြုတော်မူသောအမှု ပေတည်း။
YHWH hath opened his armoury, and hath brought forth the weapons of his indignation: for this is the work of the Master YHWH of hosts in the land of the Chaldeans.
26 ၂၆ မြို့တဘက် မှတဘက်တိုင်အောင်တိုက် ကြလော့ ။ စပါးကျီ တို့ကို ဖွင့် ၍၊ စပါး ပုံများကဲ့သို့ ပုံထား လျက်၊ အလျှင်းမ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြလော့။
Come against her from the utmost border, open her storehouses: cast her up as heaps, and destroy her utterly: let nothing of her be left.
27 ၂၇ သူ ၏နွား ဥသဘရှိသမျှ တို့ကိုသတ် ကြလော့။ သတ် ရာအရပ်သို့ ဆင်းသွား စေကြလော့။ သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကယ် စင်စစ်သူ တို့အချိန် ၊ ဆုံးမ ခြင်းကို ခံရသောအချိန် ရောက် လေပြီ။
Slay all her bullocks; let them go down to the slaughter: woe unto them! for their day is come, the time of their visitation.
28 ၂၈ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော် ပြေခြင်း၊ ဗိမာန် တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ် ပေးခြင်းသိတင်းကို ဇိအုန် မြို့၌ ကြားပြော အံ့သောငှါ ၊ ဗာဗုလုန် ပြည် မှ ပြေး လွတ် သောသူတို့၏ အသံ ကို ကြားရ၏။
The voice of them that flee and escape out of the land of Babylon, to declare in Zion the vengeance of YHWH our Elohim, the vengeance of his temple.
29 ၂၉ လေး သမားတို့ကို ဗာဗုလုန် မြို့သို့ ခေါ် ကြလော့။ ပစ် တတ်သော သူအပေါင်း တို့၊ မြို့ပတ်ဝန်းကျင် ၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မ လွတ် စေနှင့်။ ထိုမြို့ကျင့်သောအကျင့် နှင့်အလျောက်အပြစ်ပေး ကြလော့ ။ သူပြု ဘူးသမျှ အတိုင်း သူ၌ပြုကြလော့။ သူသည်ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရား၊ ထာဝရဘုရား တဘက်၌ ဝါကြွား ပြီတကား။
Call together the archers against Babylon: all ye that bend the bow, camp against it round about; let none thereof escape: recompense her according to her work; according to all that she hath done, do unto her: for she hath been proud against YHWH, against the Holy One of Israel.
30 ၃၀ ထိုကြောင့် ၊ မြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ နေ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
Therefore shall her young men fall in the streets, and all her men of war shall be cut off in that day, saith YHWH.
31 ၃၁ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုမာန ကြီးသောသူ၊ သင့် တဘက် ၌ ငါ နေ၏။ အကယ် စင်စစ်သင် ၏အချိန် ၊ ဆုံးမ ခြင်းကိုခံရသော အချိန် ရောက် လေပြီ။
Behold, I am against thee, O thou most proud, saith the Master YHWH of hosts: for thy day is come, the time that I will visit thee.
32 ၃၂ မာန ကြီးသောသူသည် ထိမိ ၍ လဲ ပြီးမှ အဘယ်သူမျှမ ကြွ ရ။ ငါသည်လည်း သူ့ နေရာ မြို့ တို့ကို မီး ရှို့ ၍၊ သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။
And the most proud shall stumble and fall, and none shall raise him up: and I will kindle a fire in his cities, and it shall devour all round about him.
33 ၃၃ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့နှင့်တကွယုဒ အမျိုးသား တို့သည် ညှဉ်းဆဲ ခြင်းကိုခံရကြပြီ။ သူ တို့ကိုသိမ်းသွား သောသူ ရှိသမျှ တို့သည် ချုပ်ထား ပြီးလျှင် ၊ ငါတို့သည် မလွှတ် ဟု ငြင်းပယ် လျက်နေကြပြီ။
Thus saith YHWH of hosts; The children of Israel and the children of Judah were oppressed together: and all that took them captives held them fast; they refused to let them go.
34 ၃၄ သို့ရာတွင်၊ သူ တို့ကိုရွေးနှုတ် သော သခင်သည် အားကြီး ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိတော်မူ၏။ ထိုသခင်သည်သူ တို့ အမှု ကို ကျပ်တည်းစွာစောင့် ၍၊ ပြည် တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ရှက် လျက် ပြုတော်မူမည်။
Their Redeemer is strong; YHWH of hosts is his name: he shall throughly plead their cause, that he may give rest to the land, and disquiet the inhabitants of Babylon.
35 ၃၅ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထား ဘေး သည် ခါလဒဲ ပြည်သူ၊ ဗာဗုလုန် မြို့သားတို့နှင့်တကွ မင်း များ၊ ပညာရှိ များအပေါ် သို့ သင့်ရောက်လိမ့်မည်။
A sword is upon the Chaldeans, saith YHWH, and upon the inhabitants of Babylon, and upon her princes, and upon her wise men.
36 ၃၆ ထား ဘေးသည် မိစ္ဆာ ဆရာတို့အပေါ် သို့ ရောက် ၍၊ သူတို့သည် အရူး ဖြစ်ကြလိမ့်မည်။ ထား ဘေးသည် ထိုမြို့သားစစ်သူရဲ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် စိတ်ပျက် ကြလိမ့်မည်။
A sword is upon the liars; and they shall dote: a sword is upon her mighty men; and they shall be dismayed.
37 ၃၇ ထား ဘေးသည်မြင်း များ၊ ရထား များ၊ မြို့ထဲမှာ နေသော လူ အမျိုးမျိုးရှိသမျှ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထား ဘေးသည် မြို့ဘဏ္ဍာ အပေါ် သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။
A sword is upon their horses, and upon their chariots, and upon all the mingled people that are in the midst of her; and they shall become as women: a sword is upon her treasures; and they shall be robbed.
38 ၃၈ ခန်းခြောက် ခြင်းဘေးသည် မြို့၏ ရေ တို့ အပေါ် သို့ရောက်၍ ခန်းခြောက် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည် သည်ရုပ်တု တို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတု တို့ကို အမှီပြု ၍ ဝါကြွား ကြ၏။
A drought is upon her waters; and they shall be dried up: for it is the land of graven images, and they are mad upon their idols.
39 ၃၉ ထိုကြောင့် ၊ တောသားရဲ တို့သည် တောခွေး တို့ နှင့်တကွ ထိုမြို့၌ နေ ကြလိမ့်မည်။ ကုလားအုပ် ငှက်တို့ သည်လည်း နေရာ ကျကြလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ နေ ရ။ ကာလ အစဉ်အဆက်လူနေရာ မ ဖြစ်ရ။
Therefore the wild beasts of the desert with the wild beasts of the islands shall dwell there, and the owls shall dwell therein: and it shall be no more inhabited for ever; neither shall it be dwelt in from generation to generation.
40 ၄၀ သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သော မြို့များကို ဘုရားသခင် ဖျက်ဆီး တော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမ နေ ရ၊ လူ သား တစုံတယောက် မျှနေရာ မ ကျရဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
As Elohim overthrew Sodom and Gomorrah and the neighbour cities thereof, saith YHWH; so shall no man abide there, neither shall any son of man dwell therein.
41 ၄၁ ကြည့်ရှု လော့။ လူမျိုး တမျိုးသည် မြောက် မျက်နှာမှ လာ ၏။ ကြီးစွာ သော လူမျိုး နှင့် များစွာ သော ရှင် ဘုရင်တို့ သည် မြေကြီး စွန်း တို့မှ ပေါ်လာ ကြ၏။
Behold, a people shall come from the north, and a great nation, and many kings shall be raised up from the coasts of the earth.
42 ၄၂ လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍သနား ခြင်းကရုဏာမ ရှိ။ သူ တို့စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဗာဗုလုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက်မြင်း စီး ၍၊ သင် ရှိရာသို့ ချီလာကြလိမ့်မည်။
They shall hold the bow and the lance: they are cruel, and will not shew mercy: their voice shall roar like the sea, and they shall ride upon horses, every one put in array, like a man to the battle, against thee, O daughter of Babylon.
43 ၄၃ သူ တို့၏သိတင်း ကို ဗာဗုလုန် ရှင် ဘုရင်သည် ကြား ၍ လက် အားလျော့ ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ၏။
The king of Babylon hath heard the report of them, and his hands waxed feeble: anguish took hold of him, and pangs as of a woman in travail.
44 ၄၄ ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြု မည်။ ရွေးချယ် သောသူကို လည်းဗာဗုလုန်မြို့အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ် မည်သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။
Behold, he shall come up like a lion from the swelling of Jordan unto the habitation of the strong: but I will make them suddenly run away from her: and who is a chosen man, that I may appoint over her? for who is like me? and who will appoint me the time? and who is that shepherd that will stand before me?
45 ၄၅ သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ ခါလဒဲ ပြည် တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့ ။ အကယ် စင်စစ်ရန်သူသည် အား မရှိသော ထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စား ရာအရပ်ကို ဖျက်ဆီး လိမ့်မည်။
Therefore hear ye the counsel of YHWH, that he hath taken against Babylon; and his purposes, that he hath purposed against the land of the Chaldeans: Surely the least of the flock shall draw them out: surely he shall make their habitation desolate with them.
46 ၄၆ ဗာဗုလုန် မြို့ကိုတိုက်ယူ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ အော်ဟစ် သောအသံကို လူ အမျိုးမျိုးတို့သည် ကြားရ ကြ၏။
At the noise of the taking of Babylon the earth is moved, and the cry is heard among the nations.