< ယေရမိ 5 >
1 ၁ ယေရုရှလင် မြို့ကို အပြစ် မှ ငါလွှတ်မည် အကြောင်း၊ တရား သဖြင့် ကျင့် သောမြို့သား၊ သစ္စာ စောင့် သောမြို့သား တစုံတယောက်မျှရှိ လျှင် ၊ ထိုသူ ကို တွေ့ အံ့သောငှါ ၊ မြို့လမ်း တို့၌ တောင်မြောက်ပြေး ၍၊ ကျယ် သော အရပ်တို့၌ ရှာဖွေ ကြည့်ရှု ကြလော့။
Run ye to and fro through the streets of Jerusalem, and see now, and know, and seek in the broad places thereof, if ye can find a man, if there be any that doeth justly, that seeketh truth; and I will pardon her.
2 ၂ သူတို့က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟုဆို သော်လည်း ၊ အကယ်စင်စစ်မဟုတ် မမှန်ကျိန်ဆို တတ်ကြ၏။
And though they say, As the LORD liveth; surely they swear falsely.
3 ၃ အို ထာဝရ ဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှု တော်မူသည် မဟုတ် လော။ ကိုယ်တော်သည် ဒဏ်ခတ် တော်မူသော်လည်း သူ တို့သည် ညှိုးငယ် သောစိတ်မ ရှိကြပါ။ ဖျက်ဆီး တော်မူသော်လည်း၊ သူ တို့သည် ဆုံးမ ခြင်းကို ငြင်းပယ် ကြပါပြီ။ မိမိ တို့ မျက်နှာ ကို ကျောက် ထက် သာ၍မာ စေကြပါပြီ။ ငါတို့သည် ပြန် ၍ မလာဟု ငြင်းဆန် လျက်နေကြပါပြီ။
O LORD, do not thine eyes look upon truth? thou hast stricken them, but they were not grieved; thou hast consumed them, but they have refused to receive correction: they have made their faces harder than a rock; they have refused to return.
4 ၄ ငါ ကလည်း ၊ အကယ်စင်စစ်ဤသူ တို့သည် ဆင်းရဲ သားဖြစ်ကြ၏။ ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ ဘုရား သခင်စီရင် တော်မူရာကို၎င်း မ သိ သောကြောင့် မိုက် ကြ၏။
Then I said, Surely these are poor: they are foolish; for they know not the way of the LORD, nor the judgment of their God:
5 ၅ လူကြီး များထံသို့ ငါသွား ၍ ပြော မည်။ သူ တို့သည် ထာဝရဘုရား ၏ တရား တော်ကို၎င်း၊ မိမိ တို့ဘုရား သခင်စီရင် တော်မူရာကို၎င်း သိ ကြ၏ဟုဆိုသော်လည်း ၊ သူ တို့ သည် ထမ်းဘိုး တော်ကိုချိုး ၍၊ အနှောင် အဖွဲ့တော်တို့ကို ဖြတ် ကြပြီ။
I will get me unto the great men, and will speak unto them; for they know the way of the LORD, and the judgment of their God. But these with one accord have broken the yoke, and burst the bands.
6 ၆ ထိုကြောင့်၊ တော မှ လာသော ခြင်္သေ့ သည် သူ တို့ ကိုသတ် လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူ တို့ကို ကိုက်စား လိမ့်မည်။ ကျားသစ် သည် သူ တို့မြို့ ကို စောင့် ၍၊ မြို့ပြင်သို့ထွက်သွား သောသူ အပေါင်းတို့ကို အပိုင်းပိုင်းကိုက်ဖြတ် လိမ့်မည်။ အကြောင်း မူကား ၊ သူ တို့ပြစ်မှားသော အပြစ် များ ၍၊ အကြိမ်ကြိမ်အထပ်ထပ်ဖောက်ပြန် ကြပြီ။
Wherefore a lion out of the forest shall slay them, a wolf of the evenings shall spoil them, a leopard shall watch over their cities, every one that goeth out thence shall be torn in pieces: because their transgressions are many, [and] their backslidings are increased.
7 ၇ ထို သို့သော အပြစ်မှ သင့် ကို အဘယ် သို့ငါလွှတ် နိုင်သနည်း။ သင် ၏ သားသမီး တို့သည် ငါ့ ကိုစွန့် ၍ ၊ ဘုရား မ ဟုတ်သောသူတို့ ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝ စွာကျွေးသောအခါသူ တို့သည် ပြည်တန်ဆာ အိမ် ၌ စည်းဝေး ၍ မှားယွင်း ကြပြီ။
How can I pardon thee? thy children have forsaken me, and sworn by them that are no gods: when I had fed them to the full, they committed adultery, and assembled themselves in troops at the harlots’ houses.
8 ၈ ဝစွာစား ရသောမြင်း ကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယား တို့ကို တပ် သောစိတ်နှင့် ဟီ ကြပြီ။
They were as fed horses in the morning: every one neighed after his neighbour’s wife.
9 ၉ ထို သို့သောအပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သောအမျိုး ကို ဒဏ် ပေး၍၊ ငါ့ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
shall I not visit for these things? saith the LORD: and shall not my soul be avenged on such a nation as this?
10 ၁၀ မြို့ရိုး ပေါ် သို့တက် ၍ ဖျက်ဆီး ကြလော့။ ပျက်စီး ခြင်းကို မ စဲ စေကြနှင့်။ ခြေ လက်တို့ကို ပယ်ရှင်း ကြလော့။ ထာဝရဘုရား ဆိုင်တော်မ မူ။
Go ye up upon her walls, and destroy; but make not a full end: take away her branches: for they are not the LORD’S.
11 ၁၁ ဣသရေလ အမျိုး နှင့် ယုဒ အမျိုး တို့သည် ငါ့ ထံ ၌ ခံဘူးသော သစ္စာ ကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့် တော်မူ ၏။
For the house of Israel and the house of Judah have dealt very treacherously against me, saith the LORD.
12 ၁၂ သူတို့က၊ ထာဝရဘုရား မ ရှိ။ ငါ တို့အပေါ် ၌ ဘေးဥပဒ် မ ရောက် ရ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးကို ငါတို့သည် မ တွေ့ ရကြ။
They have denied the LORD, and said, It is not he; neither shall evil come upon us; neither shall we see sword nor famine:
13 ၁၃ ပရောဖက် တို့သည် လေ သက်သက် ဖြစ် ကြ၏။ သူ တို့၌ နှုတ်ကပတ် တော်မ ရှိ။ သူတို့ဟောပြောသည် အတိုင်း သူ တို့ခံရ လိမ့်မည်ဟု ထာဝရဘုရား ကို ငြင်းပယ် လျက် ဆို တတ်ကြ၏။
and the prophets shall become wind, and the word is not in them: thus shall it be done unto them.
14 ၁၄ သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့သည် ထိုသို့ဆို သောကြောင့် ၊ ငါ့ စကား ကို သင် ၏နှုတ် ၌ မီး ကဲ့သို့ ၎င်း ၊ ဤ လူမျိုး ကိုထင်း ကဲ့သို့၎င်း ငါ ဖြစ် စေ၍ သူ တို့ကို မီးလောင် ရလိမ့်မည်။
Wherefore thus saith the LORD, the God of hosts, Because ye speak this word, behold, I will make my words in thy mouth fire, and this people wood, and it shall devour them.
15 ၁၅ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ဣသရေလ အမျိုး ၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေး သော အရပ်က ငါ ဆောင် ခဲ့မည်။ အားကြီး သောအမျိုး ၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး ၊ သူ တို့စကား ကို သင်မ သိ နား မ လည်သော အမျိုး ဖြစ်လိမ့်မည်။
Lo, I will bring a nation upon you from far, O house of Israel, saith the LORD: it is a mighty nation, it is an ancient nation, a nation whose language thou knowest not, neither understandest what they say.
16 ၁၆ သူ တို့ မြှားတောင့် သည် ဖွင့် ထားသော သင်္ချိုင်း တွင်းဖြစ်၏။ ထိုသူ အပေါင်း တို့သည် ခွန်အား ကြီးသောသူဖြစ် ကြ၏။
Their quiver is an open sepulchre, they are all mighty men.
17 ၁၇ ထိုသူတို့သည် သင် ၏အသီးအနှံ နှင့် သင် ၏မုန့် ကို စား ကြလိမ့်မည်။ သင် ၏သား သမီး တို့ကိုလည်း စား ကြ လိမ့်မည်။ သင် ၏သိုး နွား တို့ကိုလည်း စား ကြလိမ့်မည်။ သင် ၏စပျစ် နွယ်ပင်နှင့် သင်္ဘောသဖန်း ပင်တို့ကိုလည်း စား ကြလိမ့်မည်။ သင် ခိုလှုံ ၍ ခိုင်ခံ့ သောမြို့ တို့ကိုလည်း တိုက် ၍ လုပ်ကြံ ကြလိမ့်မည်။
And they shall eat up thine harvest and thy bread, [which] thy sons and thy daughters should eat: they shall eat up thy flocks and thine herds: they shall eat up thy vines and thy fig trees: they shall beat down thy fenced cities, wherein thou trustest, with the sword.
18 ၁၈ သို့ရာတွင် ၊ ထို ကာလ ၌ ငါသည် သင် ၏အမှုကို မ ဆုံးဖြတ် သေးဟု ထာဝရဘုရား မိန့် တော်မူ၏။
But even in those days, saith the LORD, I will not make a full end with you.
19 ၁၉ သူတို့ကလည်း၊ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ငါ တို့၌ ဤ အမှုအလုံးစုံ တို့ကို အဘယ်ကြောင့် စီရင် တော်မူသနည်းဟုမေး ကြသောအခါ ၊ သင်တို့သည် ငါ့ ကိုစွန့်ပစ် ၍ ၊ ကိုယ် ပိုင်သော ပြည် ၌ တကျွန်း တနိုင်ငံဘုရား တို့၏ အမှုကိုဆောင်ရွက် သကဲ့သို့ ၊ ကိုယ် မ ပိုင် သော ပြည် ၌ တကျွန်း တနိုင်ငံသားတို့၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု၊ သင်သည်သူ တို့အား ဆင့်ဆို ရမည်။
And it shall come to pass, when ye shall say, Wherefore hath the LORD our God done all these things unto us? then shalt thou say unto them, Like as ye have forsaken me, and served strange gods in your land, so shall ye serve strangers in a land that is not yours.
20 ၂၀ ယာကုပ် အမျိုးနေရာ ယုဒ ပြည်၌ ဟော ပြောကြွေးကြော် ရမည်မှာ၊
Declare ye this in the house of Jacob, and publish it in Judah, saying,
21 ၂၁ အို မျက်စိ ရှိလျက် နှင့် မ မြင် ၊ နား ရှိလျက် နှင့် မ ကြား ၊ ဉာဏ် မဲ့ သော လူမိုက် တို့၊ နားထောင် ကြလော့။
Hear now this, O foolish people, and without understanding; which have eyes, and see not; which have ears, and hear not:
22 ၂၂ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပင်လယ် မ လွန် နိုင်အောင် ဆီးတား ဘို့ရာ သဲ ကိုထာဝရ အပိုင်း အခြားခန့် ထားသော ငါ့ ကို သင်တို့သည် မ ကြောက် ကြ သလော။ ငါ ၏ရှေ့ တော်၌ မ တုန်လှုပ် ကြသလော။ ပင်လယ် လှိုင်း တံပိုးတို့သည် ထ ၍ မ နိုင် ၊ ဟုန်း ၍မကျော် မ လွန်နိုင်သော်လည်း၊
Fear ye not me? saith the LORD: will ye not tremble at my presence, which have placed the sand for the bound of the sea, by a perpetual decree, that it cannot pass it? and though the waves thereof toss themselves, yet can they not prevail; though they roar, yet can they not pass over it.
23 ၂၃ ဤ လူ မျိုးသည် ပြစ်မှားပုန်ကန် သော သဘော ရှိ ၍ ၊ အစဉ်ပုန်ကန် တတ်ကြ၏။
But this people hath a revolting and a rebellious heart; they are revolted and gone.
24 ၂၄ အချိန်တန်မှ အရင်မိုဃ်း နှင့် နောက်မိုဃ်း ကို ရွာ စေ၍၊ အသီးအနှံ သိမ်းမြဲ သိမ်းရာ ကာလ ကို ငါ တို့အဘို့ သို ထားတော်မူသောငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ယခု ကြောက် ကြကုန်အံ့ဟု၊ သူ တို့သည် စိတ် နှလုံးထဲ ၌မဆိုတတ်ကြ။
Neither say they in their heart, Let us now fear the LORD our God, that giveth rain, both the former and the latter, in its season; that reserveth unto us the appointed weeks of the harvest.
25 ၂၅ သင် တို့ဒုစရိုက် သည် ထို သို့သော အရာတို့ကို လွှဲ ၍၊ သင် တို့အပြစ် သည် သင် တို့၏ မင်္ဂလာ ကို ဆီးတား လေပြီ။
Your iniquities have turned away these things, and your sins have withholden good from you.
26 ၂၆ ဝပ် လျက်နေသောမုဆိုး ကဲ့သို့ ချောင်းမြောင်း သော လူဆိုး တို့သည် ငါ ၏လူ တို့တွင် ရှိ ကြ၏။ လူတို့ကို ထောင် ခြင်းငှါထောင်ချောက် ကို ထား ကြပြီ။
For among my people are found wicked men: they watch, as fowlers lie in wait; they set a trap, they catch men.
27 ၂၇ ငှက်ထောင် အိမ်သည် ငှက် တို့နှင့် ပြည့် သကဲ့သို့ ၊ သူ တို့အိမ် သည် လှည့်စားခြင်းပရိယာယ် နှင့်ပြည့် ၏။ ထိုသို့သူတို့သည် အားတိုးပွါး ၍ ရတတ် ခြင်းသို့ ရောက် ကြ၏။
As a cage is full of birds, so are their houses full of deceit: therefore they are become great, and waxen rich.
28 ၂၈ ဝ လျက်၊ မျက်နှာပြောင် လျက်ရှိကြ၏။ ဆိုး သောသူတို့ ထက်သာ၍ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိ သောသူငယ်၏အမှု ကို စောင့် ၍ အနိုင် မ ပေးကြ။ ဆင်းရဲ သော သူဘက်၌ တရား သဖြင့် မ စီရင် ကြ။
They are waxen fat, they shine: yea, they overpass in deeds of wickedness: they plead not the cause, the cause of the fatherless, that they should prosper; and the right of the needy do they not judge.
29 ၂၉ ထို သို့သော အပြစ်တို့ကို ငါသည် မ စစ်ကြော ဘဲ နေရမည်လော။ ထို သို့သော အမျိုး ကို ဒဏ် ပေး၍၊ ငါ စိတ် ချင်ရဲမ ပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
shall I not visit for these things? saith the LORD: shall not my soul be avenged on such a nation as this?
30 ၃၀ အံ့ဩ ရွံရှာ ဘွယ်သော အမှုကို ပြည် တော်၌ ပြု ကြ၏။
A wonderful and horrible thing is come to pass in the land;
31 ၃၁ ပရောဖက် တို့သည် မဟုတ် မမှန်ဟော ပြောကြ ၏။ ယဇ် ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရ ကြ၏။ ထို သို့သောအမှုကို ငါ ၏လူ တို့သည် နှစ်သက် ကြ၏။ ထို အမှုဆုံး သောအခါ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။
the prophets prophesy falsely, and the priests bear rule by their means; and my people love to have it so: and what will ye do in the end thereof?