< ယေရမိ 48 >

1 ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မောဘ ပြည်ကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊ နေဗော မြို့သည် အမင်္ဂလာ ရှိ၏။ ပျက်စီး ခြင်းသို့ရောက်လေ၏။ ကိရယသိမ် မြို့သည် ရှုံး၍လုယူ ခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက် လေ၏။
לְמוֹאָב כֹּֽה־אָמַר יְהוָה צְבָאוֹת אֱלֹהֵי יִשְׂרָאֵל הוֹי אֶל־נְבוֹ כִּי שֻׁדָּדָה הֹבִישָׁה נִלְכְּדָה קִרְיָתָיִם הֹבִישָׁה הַמִּשְׂגָּב וָחָֽתָּה׃
2 မောဘ ပြည်သည် နောက် တဖန် ဟေရှဘုန် မြို့၌ မ ဝါကြွား ရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါပယ်ရှား ကြကုန်အံ့ဟု၊ ရန်ပြု မည့်အကြံနှင့် ကြံစည် ကြ၏။ အိုမာဒမေန မြို့၊ သင်သည်လည်း ပျက်စီး ရမည်။ ထား ဘေးသည် သင့် ကိုလိုက် လိမ့်မည်။
אֵין עוֹד תְּהִלַּת מוֹאָב בְּחֶשְׁבּוֹן חָשְׁבוּ עָלֶיהָ רָעָה לְכוּ וְנַכְרִיתֶנָּה מִגּוֹי גַּם־מַדְמֵן תִּדֹּמִּי אַחֲרַיִךְ תֵּלֶךְ חָֽרֶב׃
3 ဟောရနိမ် မြို့၌လည်း ညှဉ်းဆဲ ခြင်းနှင့် ပြင်းစွာ သော ပျက်စီး ခြင်းရှိ၍၊ အော်ဟစ် သောအသံ ကိုကြားရ၏။
קוֹל צְעָקָה מֵחֹֽרוֹנָיִם שֹׁד וָשֶׁבֶר גָּדֽוֹל׃
4 မောဘ ပြည်သည်ပျက်စီး ခြင်းသို့ရောက်၍၊ သူငယ် တို့သည် မြည်တမ်း သောအသံကိုပြုကြ၏။
נִשְׁבְּרָה מוֹאָב הִשְׁמִיעוּ זְּעָקָה צעוריה צְעִירֶֽיהָ׃
5 ငိုကြွေး သောအသံသည် လုဟိတ် တောင်ပေါ်သို့ တက် ရ၏။ ဟောရနိမ် မြို့သို့ဆင်း ရာအရပ်၌ လည်း၊ ဆုံးရှုံး ခြင်းအသံကိုရန်သူ တို့သည် ကြား ရကြ၏။
כִּי מַעֲלֵה הלחות הַלּוּחִית בִּבְכִי יַֽעֲלֶה־בֶּכִי כִּי בְּמוֹרַד חוֹרֹנַיִם צָרֵי צַֽעֲקַת־שֶׁבֶר שָׁמֵֽעוּ׃
6 အသက် လွတ် အံ့သောငှါပြေး ကြလော့။ လွင်ပြင် ၌ ရှိသောသစ်ပင် ခြောက်ကဲ့သို့ ဖြစ် ကြလော့။
נֻסוּ מַלְּטוּ נַפְשְׁכֶם וְתִֽהְיֶינָה כַּעֲרוֹעֵר בַּמִּדְבָּֽר׃
7 သင်သည်မိမိ ဆည်းဖူးသော ဘဏ္ဍာ ဥစ္စာကို ကိုးစား သောကြောင့် ၊ သူတပါးလက် သို့ရောက်ရလိမ့်မည်။ ခေမုရှ ဘုရားကိုလည်း သူ ၏ မင်း၊ သူ ၏ယဇ် ပုရောဟိတ်တို့ နှင့်တကွသိမ်းသွား ကြလိမ့်မည်။
כִּי יַעַן בִּטְחֵךְ בְּמַעֲשַׂיִךְ וּבְאוֹצְרוֹתַיִךְ גַּם־אַתְּ תִּלָּכֵדִי וְיָצָא כמיש כְמוֹשׁ בַּגּוֹלָה כֹּהֲנָיו וְשָׂרָיו יחד יַחְדָּֽיו׃
8 လုယူ သောသူသည် မြို့များအစဉ်အတိုင်းရောက်လာ ၍ မြို့တမြို့မျှမ လွတ် ရ။ ချိုင့် နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။
וְיָבֹא שֹׁדֵד אֶל־כָּל־עִיר וְעִיר לֹא תִמָּלֵט וְאָבַד הָעֵמֶק וְנִשְׁמַד הַמִּישֹׁר אֲשֶׁר אָמַר יְהוָֽה׃
9 မောဘ ပြည်သည် လွတ်ရာသို့ ပြေး ရအောင် ငှက်တောင် တို့ကိုပေး လော့။ မြို့ တို့သည်နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။
תְּנוּ־צִיץ לְמוֹאָב כִּי נָצֹא תֵּצֵא וְעָרֶיהָ לְשַׁמָּה תִֽהְיֶינָה מֵאֵין יוֹשֵׁב בָּהֵֽן׃
10 ၁၀ ထာဝရဘုရား ၏ အမှု တော်ကို ကြိုးစား ၍ မဆောင်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိ ထား ကို သိမ်းရုပ် သောသူသည် ကျိန်ဆဲ ခြင်း ကိုခံစေ။
אָרוּר עֹשֶׂה מְלֶאכֶת יְהוָה רְמִיָּה וְאָרוּר מֹנֵעַ חַרְבּוֹ מִדָּֽם׃
11 ၁၁ မောဘ သည်အိုး တလုံးမှ တလုံးသို့ မ ပြောင်း ၊ တကျွန်းတနိုင်ငံသို့ ယူသွား ခြင်းကိုမ ခံ၊ ငယ် သော အရွယ်မှစ၍ ငြိမ် လျက် ၊ မိမိ အဖတ် အနည်ပေါ် ၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိ အရသာ သည် တည် နေ၏။ မွှေး သောအနံ့လည်း မ ပျက် ။
שַׁאֲנַן מוֹאָב מִנְּעוּרָיו וְשֹׁקֵט הוּא אֶל־שְׁמָרָיו וְלֹֽא־הוּרַק מִכְּלִי אֶל־כֶּלִי וּבַגּוֹלָה לֹא הָלָךְ עַל־כֵּן עָמַד טַעְמוֹ בּוֹ וְרֵיחוֹ לֹא נָמָֽר׃
12 ၁၂ သို့ရာတွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ ထံသို့ ငါစေလွှတ် ရသော အချိန် ရောက် လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ ၏အိုး တို့ကိုသွန် ၍ ရေဘူး တို့ကို ခွဲ ကြလိမ့်မည်။
לָכֵן הִנֵּה־יָמִים בָּאִים נְאֻם־יְהוָה וְשִׁלַּחְתִּי־לוֹ צֹעִים וְצֵעֻהוּ וְכֵלָיו יָרִיקוּ וְנִבְלֵיהֶם יְנַפֵּֽצוּ׃
13 ၁၃ ဣသရေလ အမျိုး သည် မိမိ တို့ခိုလှုံ သော ဗေသလ ဘုရားကြောင့် ရှက် ရသကဲ့သို့ ၊ မောဘ အမျိုး သည်လည်း ခေမုရှ ဘုရားကြောင့် ရှက် ရလိမ့်မည်။
וּבֹשׁ מוֹאָב מִכְּמוֹשׁ כַּאֲשֶׁר־בֹּשׁוּ בֵּית יִשְׂרָאֵל מִבֵּית אֵל מִבְטֶחָֽם׃
14 ၁၄ ငါ တို့သည်အားကြီး သောသူ၊ စစ်တိုက် ခြင်းငှါတတ်စွမ်းနိုင်သောသူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆို ကြလိမ့်မည်နည်း။
אֵיךְ תֹּֽאמְרוּ גִּבּוֹרִים אֲנָחְנוּ וְאַנְשֵׁי־חַיִל לַמִּלְחָמָֽה׃
15 ၁၅ မောဘ ပြည်သည် ပျက်စီး ပြီ။ မြို့ တို့သည် ကျွမ်းလောင် ကြပြီ။ သူ ရွေးချယ် သောလုလင် တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွား ကြပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။
שֻׁדַּד מוֹאָב וְעָרֶיהָ עָלָה וּמִבְחַר בַּֽחוּרָיו יָרְדוּ לַטָּבַח נְאֻם־הַמֶּלֶךְ יְהוָה צְבָאוֹת שְׁמֽוֹ׃
16 ၁၆ မောဘ ကို လုပ်ကြံရသောအချိန်နီး ပြီ။ သူ ခံရသော ဘေး သည် အလျင်အမြန် လာ၏။
קָרוֹב אֵיד־מוֹאָב לָבוֹא וְרָעָתוֹ מִהֲרָה מְאֹֽד׃
17 ၁၇ သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့၊ သူ့ အတွက် မြည်တမ်း ကြလော့။ သူ၏နာမ ကို သိ သော သူအပေါင်း တို့၊ တန်ခိုး ကြီးသောလှံတံ ၊ အသရေ တင့်တယ်သောတံဖျာ သည် ကျိုး လေပြီတကားဟု ပြောဆို ကြ လော့။
נֻדוּ לוֹ כָּל־סְבִיבָיו וְכֹל יֹדְעֵי שְׁמוֹ אִמְרוּ אֵיכָה נִשְׁבַּר מַטֵּה־עֹז מַקֵּל תִּפְאָרָֽה׃
18 ၁၈ ဒိဘုန် မြို့၌နေ သောသတို့သမီး ၊ သင်ခံစားရသော စည်းစိမ် မှ ဆင်း ၍အငတ် ခံလျက်ထိုင် လော့။ မောဘ ကို လုယူ သောသူသည် သင် ရှိရာ သို့လာ ၍၊ သင် ၏ရဲတိုက် တို့ကို ဖျက်ဆီး လိမ့်မည်။
רְדִי מִכָּבוֹד ישבי וּשְׁבִי בַצָּמָא יֹשֶׁבֶת בַּת־דִּיבוֹן כִּֽי־שֹׁדֵד מוֹאָב עָלָה בָךְ שִׁחֵת מִבְצָרָֽיִךְ׃
19 ၁၉ အိုအာရော် မြို့သား ၊ လမ်း နား မှာရပ် ၍ ကြည့်ရှု လော့။ အဘယ် အမှုရှိ သနည်းဟု၊ ပြေး သောယောက်ျားနှင့် အသက်လွတ် သော မိန်းမကိုမေးမြန်း လော့။
אֶל־דֶּרֶךְ עִמְדִי וְצַפִּי יוֹשֶׁבֶת עֲרוֹעֵר שַׁאֲלִי־נָס וְנִמְלָטָה אִמְרִי מַה־נִּֽהְיָֽתָה׃
20 ၂၀ မောဘ သည်စိတ်ပျက် လေ၏။ ပြိုလဲ လျက်ရှိ၏။ ငိုကြွေး မြည်တမ်း ကြလော့။ မောဘ သည် ပျက်စီး ကြောင်း ကို အာနုန် မြို့၌ ကြားပြော ကြလော့။
הֹבִישׁ מוֹאָב כִּֽי־חַתָּה הילילי הֵילִילוּ ׀ וזעקי וּֽזְעָקוּ הַגִּידוּ בְאַרְנוֹן כִּי שֻׁדַּד מוֹאָֽב׃
21 ၂၁ လွင်ပြင် နှင့်တကွဟောလုန် မြို့၊ ယဟာဇ မြို့၊ မေဖတ် မြို့၊
וּמִשְׁפָּט בָּא אֶל־אֶרֶץ הַמִּישֹׁר אֶל־חֹלוֹן וְאֶל־יַהְצָה וְעַל־מופעת מֵיפָֽעַת׃
22 ၂၂ ဒိဘုန် မြို့၊ နေဗော မြို့၊ ဗက်ဒိဗလသိမ် မြို့၊
וְעַל־דִּיבוֹן וְעַל־נְבוֹ וְעַל־בֵּית דִּבְלָתָֽיִם׃
23 ၂၃ ကိရယသိမ် မြို့၊ ဗက်ဂမုလ မြို့၊ ဗက်မောင် မြို့၊
וְעַל קִרְיָתַיִם וְעַל־בֵּית גָּמוּל וְעַל־בֵּית מְעֽוֹן׃
24 ၂၄ ကေရုတ် မြို့၊ ဗောဇရ မြို့မှစ၍၊ မောဘ ပြည် ၌ ရှိသောမြို့ အနီး အဝေး ရှိသမျှ တို့သည် အပြစ်ဒဏ် ကို ခံရကြ ၏။
וְעַל־קְרִיּוֹת וְעַל־בָּצְרָה וְעַל כָּל־עָרֵי אֶרֶץ מוֹאָב הָרְחֹקוֹת וְהַקְּרֹבֽוֹת׃
25 ၂၅ မောဘ ၏ဦးချို သည် ပြတ် လေပြီ။ သူ ၏လက်ရုံး သည် ကျိုး လေပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
נִגְדְּעָה קֶרֶן מוֹאָב וּזְרֹעוֹ נִשְׁבָּרָה נְאֻם יְהוָֽה׃
26 ၂၆ မောဘ သည် ထာဝရဘုရား တဘက် ၌ ဝါကြွား သောကြောင့် သူ့ ကိုယစ်မူး စေကြလော့။ သူသည် မိမိ အန်ဖတ် ၌ လူးလည်း ၍ ကဲ့ရဲ့ ခြင်းကို ခံရ ၏။
הַשְׁכִּירֻהוּ כִּי עַל־יְהוָה הִגְדִּיל וְסָפַק מוֹאָב בְּקִיאוֹ וְהָיָה לִשְׂחֹק גַּם־הֽוּא׃
27 ၂၇ သင်သည်ဣသရေလ ကို ကဲ့ရဲ့ ပြီမ ဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုး တို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ် ပါသည်တကား။
וְאִם ׀ לוֹא הַשְּׂחֹק הָיָה לְךָ יִשְׂרָאֵל אִם־בְּגַנָּבִים נמצאה נִמְצָא כִּֽי־מִדֵּי דְבָרֶיךָ בּוֹ תִּתְנוֹדָֽד׃
28 ၂၈ မောဘ ပြည်၌နေ သောသူတို့၊ မြို့ တို့ကိုစွန့် ၍ ကျောက် ကြား ၌ နေ ကြလော့။ မြေတွင်း ဝ နား မှာ အသိုက် လုပ်တတ်သော ချိုးငှက် ကဲ့သို့ ပြု ကြလော့။
עִזְבוּ עָרִים וְשִׁכְנוּ בַּסֶּלַע יֹשְׁבֵי מוֹאָב וִֽהְיוּ כְיוֹנָה תְּקַנֵּן בְּעֶבְרֵי פִי־פָֽחַת׃
29 ၂၉ မောဘ ၏မာန ကိုငါတို့သည် ကြားသိ ကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ မာန ကြီးခြင်း၊ ထောင်လွှား စော်ကား ခြင်း၊ စိတ် နှလုံးမြင့် ခြင်းရှိသော်လည်း၊
שָׁמַעְנוּ גְאוֹן־מוֹאָב גֵּאֶה מְאֹד גָּבְהוֹ וּגְאוֹנוֹ וְגַאֲוָתוֹ וְרֻם לִבּֽוֹ׃
30 ၃၀ သူ ၏ဒေါသ အမျက်ထွက်ခြင်းကို ငါ သိ သည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွား သော စကားကို ပြောလျက်နှင့်၊ မိမိအလိုမ ပြည့်စုံ ရာဟု ထာဝရဘုရား မိန့် တော်မူ၏။
אֲנִי יָדַעְתִּי נְאֻם־יְהוָה עֶבְרָתוֹ וְלֹא־כֵן בַּדָּיו לֹא־כֵן עָשֽׂוּ׃
31 ၃၁ ထိုကြောင့် ၊ မောဘ အတွက် ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘ ပြည်တပြည်လုံး အတွက် ငိုကြွေး မည်။ ကိရဟရက် မြို့သား တို့အတွက် ညည်းတွား ခြင်း ရှိရမည်။
עַל־כֵּן עַל־מוֹאָב אֲיֵלִיל וּלְמוֹאָב כֻּלֹּה אֶזְעָק אֶל־אַנְשֵׁי קִֽיר־חֶרֶשׂ יֶהְגֶּֽה׃
32 ၃၂ အိုစိဗမာ စပျစ်နွယ် ပင်၊ ယာဇာ မြို့အတွက် မျက်ရည် ကျသည်ထက် ၊ သင့် အတွက် ငါသည် မျက်ရည် ကျမည်။ သင် ၏အညွန့် တို့သည် ပင်လယ် ကိုလွန် ၍၊ ယာဇာ ပင်လယ် တိုင်အောင် ရောက် ကြ၏။ ဖျက်ဆီး သောသူသည် သင် ၏သစ်သီး နှင့် စပျစ်သီး တို့ကို လုယူ၏။
מִבְּכִי יַעְזֵר אֶבְכֶּה־לָּךְ הַגֶּפֶן שִׂבְמָה נְטִֽישֹׁתַיִךְ עָבְרוּ יָם עַד יָם יַעְזֵר נָגָעוּ עַל־קֵיצֵךְ וְעַל־בְּצִירֵךְ שֹׁדֵד נָפָֽל׃
33 ၃၃ ဝပြော သောလယ်ပြင်နှင့် မောဘ ပြည် ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်းပြတ် လေပြီ။ စပျစ်သီး နယ်ရာ ကျင်း၌စပျစ်ရည် ကို ငါပြတ် စေပြီ။ ကြွေးကြော် သံကိုပြု၍ စပျစ်သီးကိုမ နင်း ရ။ ကြွေးကြော် သော အသံလည်း ကြွေးကြော် သောအသံမ ဟုတ်ရ။
וְנֶאֶסְפָה שִׂמְחָה וָגִיל מִכַּרְמֶל וּמֵאֶרֶץ מוֹאָב וְיַיִן מִיקָבִים הִשְׁבַּתִּי לֹֽא־יִדְרֹךְ הֵידָד הֵידָד לֹא הֵידָֽד׃
34 ၃၄ ဟေရှဘုန် မြို့ ငိုကြွေး သံမှစ၍ ဧလာလေ မြို့၊ ယာဟတ် မြို့တိုင်အောင် ၎င်း ၊ ဇောရ မြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင် ၎င်း သုံးနှစ်အသက်ရှိသောနွားမမြည်သံကဲ့သို့အသံ ကို လွှင့် ကြ၏။ အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည်လည်း ဆိတ်ညံ လျက်ရှိကြ၏။
מִזַּעֲקַת חֶשְׁבּוֹן עַד־אֶלְעָלֵה עַד־יַהַץ נָתְנוּ קוֹלָם מִצֹּעַר עַד־חֹרֹנַיִם עֶגְלַת שְׁלִֽשִׁיָּה כִּי גַּם־מֵי נִמְרִים לִמְשַׁמּוֹת יִהְיֽוּ׃
35 ၃၅ မောဘ ပြည်၌ မြင့် သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိ ဘုရား တို့အား နံ့သာ ပေါင်းကို မီးရှို့သောသူတို့ ကို ငါပြတ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
וְהִשְׁבַּתִּי לְמוֹאָב נְאֻם־יְהוָה מַעֲלֶה בָמָה וּמַקְטִיר לֵאלֹהָֽיו׃
36 ၃၆ ထိုကြောင့် ၊ ငါ့ နှလုံး သည် မောဘ ပြည်အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ ငါ့ နှလုံး သည် ကိရဟရက် မြို့သား တို့အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ သူတို့ ဆည်းဖူး သော ဘဏ္ဍာ ဥစ္စာပျက်စီး ပြီ။
עַל־כֵּן לִבִּי לְמוֹאָב כַּחֲלִלִים יֶהֱמֶה וְלִבִּי אֶל־אַנְשֵׁי קִֽיר־חֶרֶשׂ כַּחֲלִילִים יֶהֱמֶה עַל־כֵּן יִתְרַת עָשָׂה אָבָֽדוּ׃
37 ၃၇ လူတိုင်းဆံပင် တိုလျက် ၊ မုတ်ဆိတ် ကိုရိတ် လျက်၊ လက် ၌ ရှန လျက်၊ ခါး ၌ လျှော်တေ အဝတ်ကို ဝတ်လျက် ရှိရ၏။
כִּי כָל־רֹאשׁ קָרְחָה וְכָל־זָקָן גְּרֻעָה עַל כָּל־יָדַיִם גְּדֻדֹת וְעַל־מָתְנַיִם שָֽׂק׃
38 ၃၈ အသုံး မရသော အိုး ကိုခွဲတတ်သကဲ့သို့ ၊ မောဘ ပြည်ကို ငါခွဲ သောကြောင့် ၊ မောဘ ပြည်အိမ်မိုး များ အပေါ် ၌၎င်း ၊ လမ်း များ၌ ၎င်း ညည်းတွား မြည်တမ်းခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
עַל כָּל־גַּגּוֹת מוֹאָב וּבִרְחֹבֹתֶיהָ כֻּלֹּה מִסְפֵּד כִּֽי־שָׁבַרְתִּי אֶת־מוֹאָב כִּכְלִי אֵֽין־חֵפֶץ בּוֹ נְאֻם־יְהוָֽה׃
39 ၃၉ သူတို့ကလည်း၊ မောဘ ပြည်ပြိုပျက် လေပြီ တကား၊ ရှက် ၍ဆုတ်သွား လေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘ သည် အရှက်ကွဲ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက်၊ ပတ်လည် ၌နေသောသူအပေါင်း တို့၏ ကြောက်လန့် စရာအကြောင်းဖြစ် ရလိမ့်မည်။
אֵיךְ חַתָּה הֵילִילוּ אֵיךְ הִפְנָה־עֹרֶף מוֹאָב בּוֹשׁ וְהָיָה מוֹאָב לִשְׂחֹק וְלִמְחִתָּה לְכָל־סְבִיבָֽיו׃
40 ၄၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတ ပျံတတ်သကဲ့သို့ ပျံ လာ၍ ၊ အတောင် တို့နှင့် မောဘ ပြည်ကို အုပ်မိုး လိမ့်မည်။
כִּי־כֹה אָמַר יְהוָה הִנֵּה כַנֶּשֶׁר יִדְאֶה וּפָרַשׂ כְּנָפָיו אֶל־מוֹאָֽב׃
41 ၄၁ မြို့တို့ကိုလုပ်ကြံ ၍ ရဲတိုက် တို့ကို တိုက်ယူ သောကြောင့် ၊ ထို နေ့ ၌ မောဘ အမျိုးသူရဲ တို့ စိတ် နှလုံးသည်၊ သားဘွားခြင်းဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် ရလိမ့်မည်။
נִלְכְּדָה הַקְּרִיּוֹת וְהַמְּצָדוֹת נִתְפָּשָׂה וְֽהָיָה לֵב גִּבּוֹרֵי מוֹאָב בַּיּוֹם הַהוּא כְּלֵב אִשָּׁה מְצֵרָֽה׃
42 ၄၂ မောဘ သည် ထာဝရဘုရား တဘက်၌ ဝါကြွား သောကြောင့် ၊ နောက်တဖန် ပြည် မဖြစ်နိုင်အောင် ပျက်စီး ရလိမ့်မည်။
וְנִשְׁמַד מוֹאָב מֵעָם כִּי עַל־יְהוָה הִגְדִּֽיל׃
43 ၄၃ အိုမောဘ အမျိုးသား၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ၊ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက် လေပြီ။
פַּחַד וָפַחַת וָפָח עָלֶיךָ יוֹשֵׁב מוֹאָב נְאֻם־יְהוָֽה׃
44 ၄၄ ကြောက်လန့် ဘွယ်သောအရာမှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ၌ ကျော့မိ လိမ့်မည်။ ဆုံးမ ခြင်းကိုခံရသောနှစ် ကာလကို မောဘ ပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
הניס הַנָּס מִפְּנֵי הַפַּחַד יִפֹּל אֶל־הַפַּחַת וְהָֽעֹלֶה מִן־הַפַּחַת יִלָּכֵד בַּפָּח כִּֽי־אָבִיא אֵלֶיהָ אֶל־מוֹאָב שְׁנַת פְּקֻדָּתָם נְאֻם־יְהוָֽה׃
45 ၄၅ ပြေး သောသူတို့သည်အားကုန် သောကြောင့်၊ ဟေရှဘုန် မြို့အရိပ် ကို ခို ကြသော်လည်း၊ ရှိဟုန် ဘုရင် နေရာဟေရှဘုန် မြို့မှ မီးလျှံ ထွက် သဖြင့် ၊ မာန ထောင်လွှား သောသူ တို့၏ အထွဋ် မှစ၍မောဘ ပြည်စွန်း တိုင်အောင်လောင် လိမ့်မည်။
בְּצֵל חֶשְׁבּוֹן עָמְדוּ מִכֹּחַ נָסִים כִּֽי־אֵשׁ יָצָא מֵחֶשְׁבּוֹן וְלֶֽהָבָה מִבֵּין סִיחוֹן וַתֹּאכַל פְּאַת מוֹאָב וְקָדְקֹד בְּנֵי שָׁאֽוֹן׃
46 ၄၆ အိုမောဘ ပြည်၊ သင် သည်အမင်္ဂလာ ရှိ၏။ အိုခေမုရှ တပည့် တို့၊ သင်တို့သည် အကျိုးနည်း ကြပြီ။ သင် တို့၏ သား သမီး များကို သိမ်းသွား ကြပြီ။
אוֹי־לְךָ מוֹאָב אָבַד עַם־כְּמוֹשׁ כִּֽי־לֻקְּחוּ בָנֶיךָ בַּשֶּׁבִי וּבְנֹתֶיךָ בַּשִּׁבְיָֽה׃
47 ၄၇ သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောမောဘ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤရွေ့ကား ၊ မောဘ ခံရသော အပြစ်တရား ပေတည်း။
וְשַׁבְתִּי שְׁבוּת־מוֹאָב בְּאַחֲרִית הַיָּמִים נְאֻם־יְהוָה עַד־הֵנָּה מִשְׁפַּט מוֹאָֽב׃

< ယေရမိ 48 >