< ယေရမိ 48 >
1 ၁ ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မောဘ ပြည်ကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊ နေဗော မြို့သည် အမင်္ဂလာ ရှိ၏။ ပျက်စီး ခြင်းသို့ရောက်လေ၏။ ကိရယသိမ် မြို့သည် ရှုံး၍လုယူ ခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက် လေ၏။
A Moab. Ainsi parle Yahweh des armées, Dieu d'Israël: Malheur à Nabo, car elle est ravagée; Cariathaïm est couverte de honte, elle est prise; la forteresse est couverte de honte, elle est abattue;
2 ၂ မောဘ ပြည်သည် နောက် တဖန် ဟေရှဘုန် မြို့၌ မ ဝါကြွား ရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါပယ်ရှား ကြကုန်အံ့ဟု၊ ရန်ပြု မည့်အကြံနှင့် ကြံစည် ကြ၏။ အိုမာဒမေန မြို့၊ သင်သည်လည်း ပျက်စီး ရမည်။ ထား ဘေးသည် သင့် ကိုလိုက် လိမ့်မည်။
elle n'est plus, la gloire de Moab! A Hésebon on médite contre lui le mal: Allons et exterminons-le d'entre les nations! Toi aussi, Madmen, tu seras réduite au silence, l'épée marche derrière toi.
3 ၃ ဟောရနိမ် မြို့၌လည်း ညှဉ်းဆဲ ခြင်းနှင့် ပြင်းစွာ သော ပျက်စီး ခြင်းရှိ၍၊ အော်ဟစ် သောအသံ ကိုကြားရ၏။
Des cris partent de Horonaïm; dévastation et grande ruine!
4 ၄ မောဘ ပြည်သည်ပျက်စီး ခြင်းသို့ရောက်၍၊ သူငယ် တို့သည် မြည်တမ်း သောအသံကိုပြုကြ၏။
Moab est brisé; ses petits enfants font entendre des cris.
5 ၅ ငိုကြွေး သောအသံသည် လုဟိတ် တောင်ပေါ်သို့ တက် ရ၏။ ဟောရနိမ် မြို့သို့ဆင်း ရာအရပ်၌ လည်း၊ ဆုံးရှုံး ခြင်းအသံကိုရန်သူ တို့သည် ကြား ရကြ၏။
Oui! à la montée de Luith il y a des pleurs, on la gravit en pleurant; oui! à la descente de Horonaïm, on entend les cris de détresse.
6 ၆ အသက် လွတ် အံ့သောငှါပြေး ကြလော့။ လွင်ပြင် ၌ ရှိသောသစ်ပင် ခြောက်ကဲ့သို့ ဖြစ် ကြလော့။
Fuyez, sauvez vos vies! Qu’elles soient comme une bruyère dans la lande!
7 ၇ သင်သည်မိမိ ဆည်းဖူးသော ဘဏ္ဍာ ဥစ္စာကို ကိုးစား သောကြောင့် ၊ သူတပါးလက် သို့ရောက်ရလိမ့်မည်။ ခေမုရှ ဘုရားကိုလည်း သူ ၏ မင်း၊ သူ ၏ယဇ် ပုရောဟိတ်တို့ နှင့်တကွသိမ်းသွား ကြလိမ့်မည်။
Car, puisque tu as mis ta confiance en tes ouvrages et en tes trésors, toi aussi tu seras conquis; et Chamos ira en exil, avec ses prêtres et ses princes, tous ensemble.
8 ၈ လုယူ သောသူသည် မြို့များအစဉ်အတိုင်းရောက်လာ ၍ မြို့တမြို့မျှမ လွတ် ရ။ ချိုင့် နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။
Le dévastateur viendra contre toutes les villes, et pas une ville n'échappera; la vallées sera ruinée, et le plateau saccagé, comme l'a dit Yahweh.
9 ၉ မောဘ ပြည်သည် လွတ်ရာသို့ ပြေး ရအောင် ငှက်တောင် တို့ကိုပေး လော့။ မြို့ တို့သည်နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။
Donnez des ailes à Moab, car il faut qu'il s'envole; ses villes seront dévastées, sans qu'il y ait d'habitant.
10 ၁၀ ထာဝရဘုရား ၏ အမှု တော်ကို ကြိုးစား ၍ မဆောင်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိ ထား ကို သိမ်းရုပ် သောသူသည် ကျိန်ဆဲ ခြင်း ကိုခံစေ။
Maudit soit celui qui fait mollement l'œuvre du Seigneur! Maudit celui qui refuse le sang à son épée!
11 ၁၁ မောဘ သည်အိုး တလုံးမှ တလုံးသို့ မ ပြောင်း ၊ တကျွန်းတနိုင်ငံသို့ ယူသွား ခြင်းကိုမ ခံ၊ ငယ် သော အရွယ်မှစ၍ ငြိမ် လျက် ၊ မိမိ အဖတ် အနည်ပေါ် ၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိ အရသာ သည် တည် နေ၏။ မွှေး သောအနံ့လည်း မ ပျက် ။
Moab a été tranquille depuis sa jeunesse; il a reposé sur sa lie; il n'a pas été vidé d'un vase dans un autre, et il n'est pas allé en captivité. Aussi son goût lui est-il resté, et son parfum ne s'est pas altéré.
12 ၁၂ သို့ရာတွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ ထံသို့ ငါစေလွှတ် ရသော အချိန် ရောက် လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ ၏အိုး တို့ကိုသွန် ၍ ရေဘူး တို့ကို ခွဲ ကြလိမ့်မည်။
C’est pourquoi voici que des jours viennent, — oracle Yahweh, où je lui enverrai des transvaseurs qui le transvaseront; ils videront ses vases, et ils briseront ses cruches.
13 ၁၃ ဣသရေလ အမျိုး သည် မိမိ တို့ခိုလှုံ သော ဗေသလ ဘုရားကြောင့် ရှက် ရသကဲ့သို့ ၊ မောဘ အမျိုး သည်လည်း ခေမုရှ ဘုရားကြောင့် ရှက် ရလိမ့်မည်။
Et Moab aura honte de Chamos, comme la maison d'Israël a eu honte de Béthel, en qui était sa confiance.
14 ၁၄ ငါ တို့သည်အားကြီး သောသူ၊ စစ်တိုက် ခြင်းငှါတတ်စွမ်းနိုင်သောသူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆို ကြလိမ့်မည်နည်း။
Comment pouvez-vous dire: " Nous sommes des guerriers, des hommes vaillants au combat? "
15 ၁၅ မောဘ ပြည်သည် ပျက်စီး ပြီ။ မြို့ တို့သည် ကျွမ်းလောင် ကြပြီ။ သူ ရွေးချယ် သောလုလင် တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွား ကြပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။
Moab est ravagé, ses villes montent en fumée, l'élite de ses jeunes gens descend pour la boucherie; — oracle du roi, dont le nom est Yahweh des armées.
16 ၁၆ မောဘ ကို လုပ်ကြံရသောအချိန်နီး ပြီ။ သူ ခံရသော ဘေး သည် အလျင်အမြန် လာ၏။
La ruine de Moab approche, son malheur vient en grande hâte.
17 ၁၇ သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့၊ သူ့ အတွက် မြည်တမ်း ကြလော့။ သူ၏နာမ ကို သိ သော သူအပေါင်း တို့၊ တန်ခိုး ကြီးသောလှံတံ ၊ အသရေ တင့်တယ်သောတံဖျာ သည် ကျိုး လေပြီတကားဟု ပြောဆို ကြ လော့။
Consolez-le, vous tous, ses voisins, et vous tous qui connaissez son nom, dites: " Comment a été brisé un bâton si fort, un sceptre si magnifique? "
18 ၁၈ ဒိဘုန် မြို့၌နေ သောသတို့သမီး ၊ သင်ခံစားရသော စည်းစိမ် မှ ဆင်း ၍အငတ် ခံလျက်ထိုင် လော့။ မောဘ ကို လုယူ သောသူသည် သင် ရှိရာ သို့လာ ၍၊ သင် ၏ရဲတိုက် တို့ကို ဖျက်ဆီး လိမ့်မည်။
Descends de ta gloire et assieds-toi sur la terre aride, habitante, fille de Dibon; car le dévastateur de Moab est monté contre toi, il a renversé tes remparts.
19 ၁၉ အိုအာရော် မြို့သား ၊ လမ်း နား မှာရပ် ၍ ကြည့်ရှု လော့။ အဘယ် အမှုရှိ သနည်းဟု၊ ပြေး သောယောက်ျားနှင့် အသက်လွတ် သော မိန်းမကိုမေးမြန်း လော့။
Tiens-toi sur le chemin, et observe, habitante d'Aroër; interroge celui qui fuit et celle qui s'échappe; dis: " Qu'est-il arrivé? —
20 ၂၀ မောဘ သည်စိတ်ပျက် လေ၏။ ပြိုလဲ လျက်ရှိ၏။ ငိုကြွေး မြည်တမ်း ကြလော့။ မောဘ သည် ပျက်စီး ကြောင်း ကို အာနုန် မြို့၌ ကြားပြော ကြလော့။
" Moab est confus, car il est renversé. Poussez des gémissements et des cris! Annoncez sur l'Arnon que Moab est ravagé! "
21 ၂၁ လွင်ပြင် နှင့်တကွဟောလုန် မြို့၊ ယဟာဇ မြို့၊ မေဖတ် မြို့၊
Un jugement est venu sur le pays de la plaine, sur Hélon, sur Jasa, sur Méphaath,
22 ၂၂ ဒိဘုန် မြို့၊ နေဗော မြို့၊ ဗက်ဒိဗလသိမ် မြို့၊
sur Dibon, sur Nabo, sur Beth-Deblathaïm,
23 ၂၃ ကိရယသိမ် မြို့၊ ဗက်ဂမုလ မြို့၊ ဗက်မောင် မြို့၊
sur Cariathaïm, sur Beth-Gamul, sur Beth-Maon,
24 ၂၄ ကေရုတ် မြို့၊ ဗောဇရ မြို့မှစ၍၊ မောဘ ပြည် ၌ ရှိသောမြို့ အနီး အဝေး ရှိသမျှ တို့သည် အပြစ်ဒဏ် ကို ခံရကြ ၏။
sur Carioth, sur Bosra et sur toutes les villes du pays de Moab, éloignées et proches.
25 ၂၅ မောဘ ၏ဦးချို သည် ပြတ် လေပြီ။ သူ ၏လက်ရုံး သည် ကျိုး လေပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
La corne de Moab est abattue, et son bras est brisé, — oracle de Yahweh.
26 ၂၆ မောဘ သည် ထာဝရဘုရား တဘက် ၌ ဝါကြွား သောကြောင့် သူ့ ကိုယစ်မူး စေကြလော့။ သူသည် မိမိ အန်ဖတ် ၌ လူးလည်း ၍ ကဲ့ရဲ့ ခြင်းကို ခံရ ၏။
Enivrez-le; car il s'est élevé contre Yahweh! que Moab se vautre dans son vomissement, et qu'il devienne un objet de risée, lui aussi!
27 ၂၇ သင်သည်ဣသရေလ ကို ကဲ့ရဲ့ ပြီမ ဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုး တို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ် ပါသည်တကား။
Israël n'a-t-il pas été pour toi un objet de risée? L'a-t-on surpris avec des voleurs, pour que, chaque fois que tu parlés de lui, tu hoches la tête?
28 ၂၈ မောဘ ပြည်၌နေ သောသူတို့၊ မြို့ တို့ကိုစွန့် ၍ ကျောက် ကြား ၌ နေ ကြလော့။ မြေတွင်း ဝ နား မှာ အသိုက် လုပ်တတ်သော ချိုးငှက် ကဲ့သို့ ပြု ကြလော့။
Abandonnez les villes; demeurez dans les rochers, habitants de Moab, et soyez comme la colombe qui fait son nid au-dessus du précipice béant.
29 ၂၉ မောဘ ၏မာန ကိုငါတို့သည် ကြားသိ ကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ မာန ကြီးခြင်း၊ ထောင်လွှား စော်ကား ခြင်း၊ စိတ် နှလုံးမြင့် ခြင်းရှိသော်လည်း၊
Nous avons entendu l'orgueil de Moab, le très orgueilleux, sa hauteur, son orgueil, sa fierté, et la fierté de son cœur.
30 ၃၀ သူ ၏ဒေါသ အမျက်ထွက်ခြင်းကို ငါ သိ သည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွား သော စကားကို ပြောလျက်နှင့်၊ မိမိအလိုမ ပြည့်စုံ ရာဟု ထာဝရဘုရား မိန့် တော်မူ၏။
Moi aussi je connais, — oracle de Yahweh, sa jactance, et ses vains discours, et ses œuvres vaines.
31 ၃၁ ထိုကြောင့် ၊ မောဘ အတွက် ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘ ပြည်တပြည်လုံး အတွက် ငိုကြွေး မည်။ ကိရဟရက် မြို့သား တို့အတွက် ညည်းတွား ခြင်း ရှိရမည်။
C'est pourquoi je me lamente sur Moab; sur tout Moab je pousse des cris; on gémit sur les gens de Qir-Hérès.
32 ၃၂ အိုစိဗမာ စပျစ်နွယ် ပင်၊ ယာဇာ မြို့အတွက် မျက်ရည် ကျသည်ထက် ၊ သင့် အတွက် ငါသည် မျက်ရည် ကျမည်။ သင် ၏အညွန့် တို့သည် ပင်လယ် ကိုလွန် ၍၊ ယာဇာ ပင်လယ် တိုင်အောင် ရောက် ကြ၏။ ဖျက်ဆီး သောသူသည် သင် ၏သစ်သီး နှင့် စပျစ်သီး တို့ကို လုယူ၏။
Plus encore que sur Jazer, je pleure sur toi, vigne de Sabama. Tes sarments dépassaient la mer, ils touchaient à la mer de Jazer. Sur ta récolte et sur ta vendange le dévastateur s'est jeté.
33 ၃၃ ဝပြော သောလယ်ပြင်နှင့် မောဘ ပြည် ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်းပြတ် လေပြီ။ စပျစ်သီး နယ်ရာ ကျင်း၌စပျစ်ရည် ကို ငါပြတ် စေပြီ။ ကြွေးကြော် သံကိုပြု၍ စပျစ်သီးကိုမ နင်း ရ။ ကြွေးကြော် သော အသံလည်း ကြွေးကြော် သောအသံမ ဟုတ်ရ။
La joie et l'allégresse ont disparu des vergers et de la terre de Moab; j'ai fait tarir le vin des cuves; on ne le foule plus au bruit des hourrahs; le hourrah n'est plus le hourrah.
34 ၃၄ ဟေရှဘုန် မြို့ ငိုကြွေး သံမှစ၍ ဧလာလေ မြို့၊ ယာဟတ် မြို့တိုင်အောင် ၎င်း ၊ ဇောရ မြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင် ၎င်း သုံးနှစ်အသက်ရှိသောနွားမမြည်သံကဲ့သို့အသံ ကို လွှင့် ကြ၏။ အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည်လည်း ဆိတ်ညံ လျက်ရှိကြ၏။
A cause du cri de Hésébon jusqu'à Eléalé; jusqu'à Jasa, ils font entendre leur cri; de Segor jusqu'à Horonaïm, jusqu'à Eglath-Sélisia; Car même les eaux de Nemrim seront taries.
35 ၃၅ မောဘ ပြည်၌ မြင့် သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိ ဘုရား တို့အား နံ့သာ ပေါင်းကို မီးရှို့သောသူတို့ ကို ငါပြတ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Je veux, en finir avec Moab, — oracle de Yahweh, avec celui qui monte à son haut-lieu et offre de l’encens à son dieu.
36 ၃၆ ထိုကြောင့် ၊ ငါ့ နှလုံး သည် မောဘ ပြည်အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ ငါ့ နှလုံး သည် ကိရဟရက် မြို့သား တို့အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ သူတို့ ဆည်းဖူး သော ဘဏ္ဍာ ဥစ္စာပျက်စီး ပြီ။
C'est pourquoi mon cœur au sujet de Moab, gémit comme une flûte, oui, mon cœur au sujet des gens de Qir-Hérès, gémit comme une flûte. C'est pourquoi le gain qu'ils avaient fait est perdu.
37 ၃၇ လူတိုင်းဆံပင် တိုလျက် ၊ မုတ်ဆိတ် ကိုရိတ် လျက်၊ လက် ၌ ရှန လျက်၊ ခါး ၌ လျှော်တေ အဝတ်ကို ဝတ်လျက် ရှိရ၏။
Car toute tête est rasée, et toute barbe coupée; sur toutes les mains il y a des incisions; et sur les reins des sacs.
38 ၃၈ အသုံး မရသော အိုး ကိုခွဲတတ်သကဲ့သို့ ၊ မောဘ ပြည်ကို ငါခွဲ သောကြောင့် ၊ မောဘ ပြည်အိမ်မိုး များ အပေါ် ၌၎င်း ၊ လမ်း များ၌ ၎င်း ညည်းတွား မြည်တမ်းခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Sur tous les toits de Moab et sur ses places, ce ne sont que lamentations; car j'ai brisé Moab comme un vase dont on ne veut plus, — oracle de Yahweh.
39 ၃၉ သူတို့ကလည်း၊ မောဘ ပြည်ပြိုပျက် လေပြီ တကား၊ ရှက် ၍ဆုတ်သွား လေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘ သည် အရှက်ကွဲ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက်၊ ပတ်လည် ၌နေသောသူအပေါင်း တို့၏ ကြောက်လန့် စရာအကြောင်းဖြစ် ရလိမ့်မည်။
Comme il est brisé! Gémissez! Comme Moab a honteusement tourné le dos! Moab est devenu un objet de risée, et d'épouvante pour tous ses voisins.
40 ၄၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတ ပျံတတ်သကဲ့သို့ ပျံ လာ၍ ၊ အတောင် တို့နှင့် မောဘ ပြည်ကို အုပ်မိုး လိမ့်မည်။
Car ainsi parle Yahweh: Voici qu'il prend son vol comme l'aigle, il étend ses ailes sur Moab.
41 ၄၁ မြို့တို့ကိုလုပ်ကြံ ၍ ရဲတိုက် တို့ကို တိုက်ယူ သောကြောင့် ၊ ထို နေ့ ၌ မောဘ အမျိုးသူရဲ တို့ စိတ် နှလုံးသည်၊ သားဘွားခြင်းဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် ရလိမ့်မည်။
Carioth est prise, les forteresses sont emportées, et le cœur des guerriers de Moab est, en ce jour, comme le cœur d'une femme en travail.
42 ၄၂ မောဘ သည် ထာဝရဘုရား တဘက်၌ ဝါကြွား သောကြောင့် ၊ နောက်တဖန် ပြည် မဖြစ်နိုင်အောင် ပျက်စီး ရလိမ့်မည်။
Moab est exterminé du rang des peuples, parce qu'il s'est élevé contre Yahweh.
43 ၄၃ အိုမောဘ အမျိုးသား၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ၊ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက် လေပြီ။
Epouvante, fosse et filet, sont sur toi, habitant de Moab! — oracle de Yahweh.
44 ၄၄ ကြောက်လန့် ဘွယ်သောအရာမှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ၌ ကျော့မိ လိမ့်မည်။ ဆုံးမ ခြင်းကိုခံရသောနှစ် ကာလကို မောဘ ပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Celui qui fuit devant l'objet d'épouvante tombera dans la fosse, et celui qui remontera de la fosse sera pris au filet; car je vais faire venir sur lui, sur Moab, l'année de sa visitation, — oracle de Yahweh.
45 ၄၅ ပြေး သောသူတို့သည်အားကုန် သောကြောင့်၊ ဟေရှဘုန် မြို့အရိပ် ကို ခို ကြသော်လည်း၊ ရှိဟုန် ဘုရင် နေရာဟေရှဘုန် မြို့မှ မီးလျှံ ထွက် သဖြင့် ၊ မာန ထောင်လွှား သောသူ တို့၏ အထွဋ် မှစ၍မောဘ ပြည်စွန်း တိုင်အောင်လောင် လိမ့်မည်။
A l'ombre de Hésébon ils s'arrêtent, les fuyards à bout de forces; mais il est sorti un feu de Hésébon, et une flamme du milieu de Séhon; elle a dévoré les flancs de Moab et le crâne des fils du tumulte.
46 ၄၆ အိုမောဘ ပြည်၊ သင် သည်အမင်္ဂလာ ရှိ၏။ အိုခေမုရှ တပည့် တို့၊ သင်တို့သည် အကျိုးနည်း ကြပြီ။ သင် တို့၏ သား သမီး များကို သိမ်းသွား ကြပြီ။
Malheur à toi, Moab! Il est perdu, le peuple de Chamos; car tes fils sont emmenés en exil, et tes filles en captivité.
47 ၄၇ သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောမောဘ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤရွေ့ကား ၊ မောဘ ခံရသော အပြစ်တရား ပေတည်း။
Mais je ramènerai les captifs de Moab; à la fin des jours, — oracle de Yahweh. Jusqu'ici le jugement de Moab.