< ယေရမိ 46 >

1 တပါး အမျိုးကိုရည်မှတ် ၍ ပရောဖက် ယေရမိ သို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် တည်းဟူသော၊
אֲשֶׁ֨ר הָיָ֧ה דְבַר־יְהוָ֛ה אֶל־יִרְמְיָ֥הוּ הַנָּבִ֖יא עַל־הַגּוֹיִֽם׃
2 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ကာခေမိတ် အရပ်၊ ဥဖရတ် မြစ် နား ၌ တပ်ချ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော အဲဂုတ္တု ရှင်ဘုရင် ဖာရော နေခေါ် ၏ စစ်သူရဲ ၊ အဲဂုတ္တု ပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊
לְמִצְרַ֗יִם עַל־חֵ֨יל פַּרְעֹ֤ה נְכוֹ֙ מֶ֣לֶךְ מִצְרַ֔יִם אֲשֶׁר־הָיָ֥ה עַל־נְהַר־פְּרָ֖ת בְּכַרְכְּמִ֑שׁ אֲשֶׁ֣ר הִכָּ֗ה נְבֽוּכַדְרֶאצַּר֙ מֶ֣לֶךְ בָּבֶ֔ל בִּשְׁנַת֙ הָֽרְבִיעִ֔ית לִיהוֹיָקִ֥ים בֶּן־יֹאשִׁיָּ֖הוּ מֶ֥לֶךְ יְהוּדָֽה׃
3 ဒိုင်း လွှား တို့ကို ပြင်ဆင် ၍ ၊ စစ်တိုက် ခြင်းငှါ ချဉ်းကပ် ကြလော့။
עִרְכ֤וּ מָגֵן֙ וְצִנָּ֔ה וּגְשׁ֖וּ לַמִּלְחָמָֽה׃
4 မြင်းစီး သူရဲများတို့၊ မြင်း ကို ကကြိုး တန်ဆာဆင်၍ စီး ပြီးလျှင် ၊ သံ ခမောက်လုံးကို ဆောင်းလျက် ထွက် ကြလော့။ လှံ တို့ကိုပွတ် ကြလော့။ သံချပ် အင်္ကျီတို့ကို ဝတ် ကြလော့။
אִסְר֣וּ הַסּוּסִ֗ים וַֽעֲלוּ֙ הַפָּ֣רָשִׁ֔ים וְהִֽתְיַצְּב֖וּ בְּכ֥וֹבָעִ֑ים מִרְקוּ֙ הָֽרְמָחִ֔ים לִבְשׁ֖וּ הַסִּרְיֹנֹֽת׃
5 သူ တို့သည်ကြောက်ရွံ့ ၍ ဆုတ် သွားကြသည်ကို အဘယ်ကြောင့် ငါမြင် ရသနည်း။ အားကြီး သောသူတို့ သည် ရှုံး သဖြင့် ပြန် ၍မ ကြည့်ဝံ့။ အလျင်အမြန်ပြေး ကြ ၏။ ပတ်လည် အရပ်၌ ဘေး ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
מַדּ֣וּעַ רָאִ֗יתִי הֵ֣מָּה חַתִּים֮ נְסֹגִ֣ים אָחוֹר֒ וְגִבּוֹרֵיהֶ֣ם יֻכַּ֔תּוּ וּמָנ֥וֹס נָ֖סוּ וְלֹ֣א הִפְנ֑וּ מָג֥וֹר מִסָּבִ֖יב נְאֻם־יְהוָֽה׃
6 လျင်မြန် သောသူကို မ ပြေး စေနှင့်။ အားကြီး သော သူကိုမ လွတ် စေနှင့်။ ဥဖရတ် မြစ် နား ၊ မြောက် မျက်နှာ၌ ထိမိ ၍ လဲ ကြလိမ့်မည်။
אַל־יָנ֣וּס הַקַּ֔ל וְאַל־יִמָּלֵ֖ט הַגִּבּ֑וֹר צָפ֙וֹנָה֙ עַל־יַ֣ד נְהַר־פְּרָ֔ת כָּשְׁל֖וּ וְנָפָֽלוּ׃
7 နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ သောဤ သူကား အဘယ်သူ နည်း။
מִי־זֶ֖ה כַּיְאֹ֣ר יַֽעֲלֶ֑ה כַּנְּהָר֕וֹת יִֽתְגָּעֲשׁ֖וּ מֵימָֽיו׃
8 အဲဂုတ္တု ပြည်သည် နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ လျက်၊ ငါသည် ထ ၍ မြေကြီး ကို လွှမ်းမိုး မည်။ မြို့ နှင့်တကွ မြို့သား တို့ကို ဖျက်ဆီး မည်ဟု ပြောဆို ၏။
מִצְרַ֙יִם֙ כַּיְאֹ֣ר יַֽעֲלֶ֔ה וְכַנְּהָר֖וֹת יִתְגֹּ֣עֲשׁוּ מָ֑יִם וַיֹּ֗אמֶר אַֽעֲלֶה֙ אֲכַסֶּה־אֶ֔רֶץ אֹבִ֥ידָה עִ֖יר וְיֹ֥שְׁבֵי בָֽהּ׃
9 မြင်း များတို့၊ တက် ကြလော့။ ရထား များတို့၊ ဟုန်းဟုန်း မြည်ကြလော့။ သူရဲ များတည်းဟူသော၊ ဒိုင်း လွှားကို ကိုင် တတ်သော ကုရှ အမျိုး၊ ဖုတ အမျိုးသား၊ လေး ကိုကိုင် ၍ ပစ် တတ်သောလုဒိ အမျိုးသားတို့သည် ထွက်သွား ကြစေ။
עֲל֤וּ הַסּוּסִים֙ וְהִתְהֹלְל֣וּ הָרֶ֔כֶב וְיֵצְא֖וּ הַגִּבּוֹרִ֑ים כּ֤וּשׁ וּפוּט֙ תֹּפְשֵׂ֣י מָגֵ֔ן וְלוּדִ֕ים תֹּפְשֵׂ֖י דֹּ֥רְכֵי קָֽשֶׁת׃
10 ၁၀ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ရန်သူ တို့ကို ဒဏ် ပေးရသောနေ့ ၊ အမျက်တော်ကို ဖြေရသောနေ့ ရက်ဖြစ်သည်နှင့်အညီ ၊ ထား တော်သည် ကိုက်စား ၍ဝ လိမ့်မည်။ သူ တို့အသွေး နှင့် ယစ်မူး လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အဘို့ ၊ မြောက် မျက်နှာ၌ ဥဖရတ် မြစ် နား မှာ ယဇ် ပူဇော်စရာ အကြောင်း ရှိ၏။
וְֽהַיּ֨וֹם הַה֜וּא לַאדֹנָ֧י יְהוִ֣ה צְבָא֗וֹת י֤וֹם נְקָמָה֙ לְהִנָּקֵ֣ם מִצָּרָ֔יו וְאָכְלָ֥ה חֶ֙רֶב֙ וְשָׂ֣בְעָ֔ה וְרָוְתָ֖ה מִדָּמָ֑ם כִּ֣י זֶ֠בַח לַאדֹנָ֨י יְהוִ֧ה צְבָא֛וֹת בְּאֶ֥רֶץ צָפ֖וֹן אֶל־נְהַר־פְּרָֽת׃
11 ၁၁ အိုအဲဂုတ္တု သတို့သမီး ကညာ ၊ ဂိလဒ် ပြည်သို့ သွား ၍ဗာလစံစေး ကို ယူ လော့။ သင်သည်များစွာ သော ဆေး ကိုအချည်းနှီး သုံးတတ်၏။ သင် ၏အနာ မ ပျောက် နိုင်ရာ။
עֲלִ֤י גִלְעָד֙ וּקְחִ֣י צֳרִ֔י בְּתוּלַ֖ת בַּת־מִצְרָ֑יִם לַשָּׁוְא֙ הִרְבֵּ֣ית רְפֻא֔וֹת תְּעָלָ֖ה אֵ֥ין לָֽךְ׃
12 ၁၂ သင် သည် အရှက်ကွဲ ကြောင်းကို လူမျိုး တို့သည် ကြား ကြပြီ။ သင် မြည်တမ်း သော အသံသည်မြေ တပြင်လုံး၌ နှံ့ပြား ပြီ။ သူရဲချင်း တယောက်နှင့် တယောက်ထိခိုက် ၍၊ နှစ် ယောက်တို့သည်လဲ ကြပြီဟု မိန့်တော်မူ၏။
שָׁמְע֤וּ גוֹיִם֙ קְלוֹנֵ֔ךְ וְצִוְחָתֵ֖ךְ מָלְאָ֣ה הָאָ֑רֶץ כִּֽי־גִבּ֤וֹר בְּגִבּוֹר֙ כָּשָׁ֔לוּ יַחְדָּ֖יו נָפְל֥וּ שְׁנֵיהֶֽם׃ פ
13 ၁၃ အဲဂုတ္တု ပြည် ကိုလုပ်ကြံ ခြင်းငှါ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လာ မည်အကြောင်းကြောင့်၊ ထာဝရဘုရား သည် ပရောဖက် ယေရမိ အား မိန့် တော်မူသော စကား ဟူမူကား၊
הַדָּבָר֙ אֲשֶׁ֣ר דִּבֶּ֣ר יְהוָ֔ה אֶֽל־יִרְמְיָ֖הוּ הַנָּבִ֑יא לָב֗וֹא נְבֽוּכַדְרֶאצַּר֙ מֶ֣לֶךְ בָּבֶ֔ל לְהַכּ֖וֹת אֶת־אֶ֥רֶץ מִצְרָֽיִם׃
14 ၁၄ သင့် ပတ်လည် ၌နေသောသူတို့ကို ထား တော် သည် ကိုက်စား ပြီ။ ကိုယ် ကိုပြင်ဆင် ၍ မြဲမြံစွာ နေ လော့ ဟု အဲဂုတ္တု ပြည်၌ ကြွေးကြော် ကြလော့။ မိဂဒေါလ မြို့၌ သိတင်းကြား ကြလော့။ နောဖ မြို့၊ တာပနက် မြို့၌ လည်း ကြားပြော ကြလော့။
הַגִּ֤ידוּ בְמִצְרַ֙יִם֙ וְהַשְׁמִ֣יעוּ בְמִגְדּ֔וֹל וְהַשְׁמִ֥יעוּ בְנֹ֖ף וּבְתַחְפַּנְחֵ֑ס אִמְר֗וּ הִתְיַצֵּב֙ וְהָכֵ֣ן לָ֔ךְ כִּֽי־אָכְלָ֥ה חֶ֖רֶב סְבִיבֶֽיךָ׃
15 ၁၅ သင် ၏သူရဲ သည် အဘယ်ကြောင့် ရှုံး သနည်း။ ထာဝရဘုရား တွန်းချ တော်မူသောကြောင့် ၊ သူသည် မ ရပ် မနေနိုင်ရာ။
מַדּ֖וּעַ נִסְחַ֣ף אַבִּירֶ֑יךָ לֹ֣א עָמַ֔ד כִּ֥י יְהוָ֖ה הֲדָפֽוֹ׃
16 ၁၆ လူများတို့သည် ထိမိ ၍တယောက် အပေါ် မှာ တယောက်လဲ စေခြင်းငှါပြုတော်မူသည်ဖြစ်၍ ၊ သူတို့က၊ ထ ကြကုန်အံ့။ ညှဉ်းဆဲ တတ်သော ထား ကြောင့် ကိုယ် အမျိုး ၊ ကိုယ် နေရင်း ပြည် သို့ ပြန် ကြကုန်အံ့ဟု ပြောဆို ကြ၏။
הִרְבָּ֖ה כּוֹשֵׁ֑ל גַּם־נָפַ֞ל אִ֣ישׁ אֶל־רֵעֵ֗הוּ וַיֹּֽאמְרוּ֙ ק֣וּמָה ׀ וְנָשֻׁ֣בָה אֶל־עַמֵּ֗נוּ וְאֶל־אֶ֙רֶץ֙ מֽוֹלַדְתֵּ֔נוּ מִפְּנֵ֖י חֶ֥רֶב הַיּוֹנָֽה׃
17 ၁၇ ရောက်ပြီးမှအဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းသည် ဆုံးရှုံးပြီ။ စည်းဝေး ရသောအချိန်ကို လွန် စေပြီဟု ဟစ် ကြ၏။
קָרְא֖וּ שָׁ֑ם פַּרְעֹ֤ה מֶֽלֶךְ־מִצְרַ֙יִם֙ שָׁא֔וֹן הֶעֱבִ֖יר הַמּוֹעֵֽד׃
18 ၁၈ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟု ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူသည်ကား၊ ငါ သည် အသက် ရှင်သည်ဖြစ်၍၊ တောင် တို့တွင် တာဗော် တောင် ကဲ့သို့ ၎င်း ၊ ပင်လယ် နား မှာကရမေလ တောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာ လိမ့်မည်။
חַי־אָ֙נִי֙ נְאֻם־הַמֶּ֔לֶךְ יְהוָ֥ה צְבָא֖וֹת שְׁמ֑וֹ כִּ֚י כְּתָב֣וֹר בֶּֽהָרִ֔ים וּכְכַרְמֶ֖ל בַּיָּ֥ם יָבֽוֹא׃
19 ၁၉ နေရာ ကျသော အဲဂုတ္တု သတို့သမီး ၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံး အဆောင်များကို ပြင် လော့။ အကြောင်း မူကား၊ နောဖ မြို့သည် နေ သောသူမ ရှိအောင် သုတ်သင် ဖျက်ဆီးခြင်းကိုခံရမည်။
כְּלֵ֤י גוֹלָה֙ עֲשִׂ֣י לָ֔ךְ יוֹשֶׁ֖בֶת בַּת־מִצְרָ֑יִם כִּֽי־נֹף֙ לְשַׁמָּ֣ה תִֽהְיֶ֔ה וְנִצְּתָ֖ה מֵאֵ֥ין יוֹשֵֽׁב׃ ס
20 ၂၀ အဲဂုတ္တု ပြည်သည်အဆင်း လှသော နွားမ ဖြစ်၏။ သို့ရာတွင်၊ မြောက် မျက်နှာဘက်က နှောင့်ရှက် ခြင်း အကြောင်းပေါ်လာ ၏။
עֶגְלָ֥ה יְפֵֽה־פִיָּ֖ה מִצְרָ֑יִם קֶ֥רֶץ מִצָּפ֖וֹן בָּ֥א בָֽא׃
21 ၂၁ သူငှါး တို့သည် သူ ၏အလယ် ၌ ဆူ အောင် ကျွေးသောနွား ကဲ့သို့ ဖြစ်သော်လည်း ၊ ပျက်စီး ခြင်းနေ့ ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ရောက် သောကြောင့် ၊ သူတို့ သည် မ ရပ် မနေ၊ ကျောကိုလှည့် ၍ တညီတညွတ် တည်းပြေး သွားကြ၏။
גַּם־שְׂכִרֶ֤יהָ בְקִרְבָּהּ֙ כְּעֶגְלֵ֣י מַרְבֵּ֔ק כִּֽי־גַם־הֵ֧מָּה הִפְנ֛וּ נָ֥סוּ יַחְדָּ֖יו לֹ֣א עָמָ֑דוּ כִּ֣י י֥וֹם אֵידָ֛ם בָּ֥א עֲלֵיהֶ֖ם עֵ֥ת פְּקֻדָּתָֽם׃
22 ၂၂ သစ် ခုတ် သောသူကဲ့သို့ ပုဆိန် ပါလျက်၊ လူ အလုံးအရင်းနှင့်တကွချီလာ ကြသောအခါ၊ သူ ၏စကားသံ သည် မြွေ မြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
קוֹלָ֖הּ כַּנָּחָ֣שׁ יֵלֵ֑ךְ כִּֽי־בְחַ֣יִל יֵלֵ֔כוּ וּבְקַרְדֻּמּוֹת֙ בָּ֣אוּ לָ֔הּ כְּחֹטְבֵ֖י עֵצִֽים׃
23 ၂၃ ထိုတောသည် အလွန် ရှုပ်သော်လည်း ၊ သူတို့ သည် ကျိုင်းကောင် ထက်မက မ ရေတွက် နိုင်အောင် များသောကြောင့်ခုတ်လှဲ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
כָּרְת֤וּ יַעְרָהּ֙ נְאֻם־יְהוָ֔ה כִּ֖י לֹ֣א יֵֽחָקֵ֑ר כִּ֤י רַבּוּ֙ מֵֽאַרְבֶּ֔ה וְאֵ֥ין לָהֶ֖ם מִסְפָּֽר׃
24 ၂၄ အဲဂုတ္တု သတို့သမီး သည် မိန်းမော တွေဝေလျက် ရှိ၏။ မြောက် မျက်နှာပြည်သား တို့ လက် သို့ ရောက် လေပြီ။
הֹבִ֖ישָׁה בַּת־מִצְרָ֑יִם נִתְּנָ֖ה בְּיַ֥ד עַם־צָפֽוֹן׃
25 ၂၅ ဣသရေလ အမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နော မြို့၌ရှိသောအမ္မုန် ဘုရားနှင့် ဖာရော ဘုရင်မှစ၍အဲဂုတ္တု ပြည်သားဘုရား များ၊ ရှင် ဘုရင်များတည်းဟူသော၊ ဖာရော ဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သောသူတို့ ကို ငါ ဆုံးမ မည်။
אָמַר֩ יְהוָ֨ה צְבָא֜וֹת אֱלֹהֵ֣י יִשְׂרָאֵ֗ל הִנְנִ֤י פוֹקֵד֙ אֶל־אָמ֣וֹן מִנֹּ֔א וְעַל־פַּרְעֹה֙ וְעַל־מִצְרַ֔יִם וְעַל־אֱלֹהֶ֖יהָ וְעַל־מְלָכֶ֑יהָ וְעַ֨ל־פַּרְעֹ֔ה וְעַ֥ל הַבֹּטְחִ֖ים בּֽוֹ׃
26 ၂၆ သူ တို့အသက် ကို ရှာ သောသူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းနှင့် သူ ၏ ကျွန် တို့ လက် သို့ သူ တို့ကို ငါအပ် မည်။ ထိုနောက် မှတဖန် အဲဂုတ္တု ပြည်သည်အရင် ကဲ့သို့ စည်ပင် လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
וּנְתַתִּ֗ים בְּיַד֙ מְבַקְשֵׁ֣י נַפְשָׁ֔ם וּבְיַ֛ד נְבֽוּכַדְרֶאצַּ֥ר מֶֽלֶךְ־בָּבֶ֖ל וּבְיַד־עֲבָדָ֑יו וְאַחֲרֵי־כֵ֛ן תִּשְׁכֹּ֥ן כִּֽימֵי־קֶ֖דֶם נְאֻם־יְהוָֽה׃ ס
27 ၂၇ အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် မ ပျက်နှင့်။ သင့်ကိုဝေး သောအရပ်မှ ၎င်း ၊ သင် ၏အမျိုးသား တို့ကို သိမ်းသွား ရာ ပြည် မှ ၎င်း ငါ နှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ် အမျိုးသည်ပြန်လာ ၍၊ ချောက်လှန့် သောသူမ ရှိ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရ လိမ့်မည်။
וְ֠אַתָּה אַל־תִּירָ֞א עַבְדִּ֤י יַֽעֲקֹב֙ וְאַל־תֵּחַ֣ת יִשְׂרָאֵ֔ל כִּ֠י הִנְנִ֤י מוֹשִֽׁעֲךָ֙ מֵֽרָח֔וֹק וְאֶֽת־זַרְעֲךָ֖ מֵאֶ֣רֶץ שִׁבְיָ֑ם וְשָׁ֧ב יַעֲק֛וֹב וְשָׁקַ֥ט וְשַׁאֲנַ֖ן וְאֵ֥ין מַחֲרִֽיד׃ ס
28 ၂၈ ငါ့ ကျွန် ယာကုပ် မ ကြောက် နှင့်။ သင် နှင့်အတူ ငါ ရှိ၏။ သင့် ကို ငါနှင်ထုတ် သော တိုင်း နိုင်ငံရှိသမျှ တို့ကို ငါသည်ဆုံး စေသော်လည်း ၊ သင့် ကို မ ဆုံး စေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ် မ လွှတ်ဘဲ အတော်အတန်ဆုံးမ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
אַ֠תָּה אַל־תִּירָ֞א עַבְדִּ֤י יַֽעֲקֹב֙ נְאֻם־יְהוָ֔ה כִּ֥י אִתְּךָ֖ אָ֑נִי כִּי֩ אֶעֱשֶׂ֨ה כָלָ֜ה בְּכָֽל־הַגּוֹיִ֣ם ׀ אֲשֶׁ֧ר הִדַּחְתִּ֣יךָ שָׁ֗מָּה וְאֹֽתְךָ֙ לֹא־אֶעֱשֶׂ֣ה כָלָ֔ה וְיִסַּרְתִּ֙יךָ֙ לַמִּשְׁפָּ֔ט וְנַקֵּ֖ה לֹ֥א אֲנַקֶּֽךָּ׃ ס

< ယေရမိ 46 >