< ယေရမိ 46 >
1 ၁ တပါး အမျိုးကိုရည်မှတ် ၍ ပရောဖက် ယေရမိ သို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် တည်းဟူသော၊
The word which came to Jeremiah the prophet concerning the nations.
2 ၂ ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ကာခေမိတ် အရပ်၊ ဥဖရတ် မြစ် နား ၌ တပ်ချ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော အဲဂုတ္တု ရှင်ဘုရင် ဖာရော နေခေါ် ၏ စစ်သူရဲ ၊ အဲဂုတ္တု ပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊
Of Egypt. Concerning the army of Pharaoh-Necho, the king of Egypt, which was by the river Euphrates in Carchemish, which Nebuchadnezzar, king of Babylon, smote, in the fourth year of Jehoiakim, the son of Josiah, king of Judah.
3 ၃ ဒိုင်း လွှား တို့ကို ပြင်ဆင် ၍ ၊ စစ်တိုက် ခြင်းငှါ ချဉ်းကပ် ကြလော့။
Prepare ye the buckler and shield, And move on to battle!
4 ၄ မြင်းစီး သူရဲများတို့၊ မြင်း ကို ကကြိုး တန်ဆာဆင်၍ စီး ပြီးလျှင် ၊ သံ ခမောက်လုံးကို ဆောင်းလျက် ထွက် ကြလော့။ လှံ တို့ကိုပွတ် ကြလော့။ သံချပ် အင်္ကျီတို့ကို ဝတ် ကြလော့။
Harness the horses, and mount, ye riders! Stand forth in your helmets; Make bright the spears, And put on the coats of mail!
5 ၅ သူ တို့သည်ကြောက်ရွံ့ ၍ ဆုတ် သွားကြသည်ကို အဘယ်ကြောင့် ငါမြင် ရသနည်း။ အားကြီး သောသူတို့ သည် ရှုံး သဖြင့် ပြန် ၍မ ကြည့်ဝံ့။ အလျင်အမြန်ပြေး ကြ ၏။ ပတ်လည် အရပ်၌ ဘေး ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Wherefore do I see them dismayed, and turned back? Even their mighty ones are smitten; They flee apace; they look not back. Terror is on every side, saith Jehovah.
6 ၆ လျင်မြန် သောသူကို မ ပြေး စေနှင့်။ အားကြီး သော သူကိုမ လွတ် စေနှင့်။ ဥဖရတ် မြစ် နား ၊ မြောက် မျက်နှာ၌ ထိမိ ၍ လဲ ကြလိမ့်မည်။
Let not the swift attempt to flee away, Nor the mighty man to escape; Toward the North by the river Euphrates shall they stumble and fall.
7 ၇ နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ သောဤ သူကား အဘယ်သူ နည်း။
Who is he that riseth up like the Nile, Whose waters swell like floods?
8 ၈ အဲဂုတ္တု ပြည်သည် နိလ မြစ်ထ သကဲ့သို့ ၎င်း ၊ မြစ် ရေ စီးသကဲ့သို့ ၎င်း တက်လာ လျက်၊ ငါသည် ထ ၍ မြေကြီး ကို လွှမ်းမိုး မည်။ မြို့ နှင့်တကွ မြို့သား တို့ကို ဖျက်ဆီး မည်ဟု ပြောဆို ၏။
Egypt riseth up like the Nile, And like floods do his waters swell. He saith, “I will arise, I will cover the land, I will destroy the city, and them that dwell therein.”
9 ၉ မြင်း များတို့၊ တက် ကြလော့။ ရထား များတို့၊ ဟုန်းဟုန်း မြည်ကြလော့။ သူရဲ များတည်းဟူသော၊ ဒိုင်း လွှားကို ကိုင် တတ်သော ကုရှ အမျိုး၊ ဖုတ အမျိုးသား၊ လေး ကိုကိုင် ၍ ပစ် တတ်သောလုဒိ အမျိုးသားတို့သည် ထွက်သွား ကြစေ။
Come up, ye horses, and rage, ye chariots! And let the mighty men go forth, The Ethiopians, and the Libyans, that bear the shield, And the Lydians, that bear and bend the bow!
10 ၁၀ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ရန်သူ တို့ကို ဒဏ် ပေးရသောနေ့ ၊ အမျက်တော်ကို ဖြေရသောနေ့ ရက်ဖြစ်သည်နှင့်အညီ ၊ ထား တော်သည် ကိုက်စား ၍ဝ လိမ့်မည်။ သူ တို့အသွေး နှင့် ယစ်မူး လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အဘို့ ၊ မြောက် မျက်နှာ၌ ဥဖရတ် မြစ် နား မှာ ယဇ် ပူဇော်စရာ အကြောင်း ရှိ၏။
This is the day of the Lord Jehovah of hosts, A day of vengeance, to avenge himself of his enemies; And the sword shall devour, and satiate itself, And it shall be made drunk with their blood. For Jehovah of hosts hath a sacrifice In the North country, by the river Euphrates.
11 ၁၁ အိုအဲဂုတ္တု သတို့သမီး ကညာ ၊ ဂိလဒ် ပြည်သို့ သွား ၍ဗာလစံစေး ကို ယူ လော့။ သင်သည်များစွာ သော ဆေး ကိုအချည်းနှီး သုံးတတ်၏။ သင် ၏အနာ မ ပျောက် နိုင်ရာ။
Go up to Gilead, and take balm, O virgin, daughter of Egypt! In vain shalt thou use many medicines; There is no cure for thee!
12 ၁၂ သင် သည် အရှက်ကွဲ ကြောင်းကို လူမျိုး တို့သည် ကြား ကြပြီ။ သင် မြည်တမ်း သော အသံသည်မြေ တပြင်လုံး၌ နှံ့ပြား ပြီ။ သူရဲချင်း တယောက်နှင့် တယောက်ထိခိုက် ၍၊ နှစ် ယောက်တို့သည်လဲ ကြပြီဟု မိန့်တော်မူ၏။
The nations have heard of thy shame, And thy cry hath filled the earth; For they have stumbled, the mighty against the mighty, And they are fallen both together.
13 ၁၃ အဲဂုတ္တု ပြည် ကိုလုပ်ကြံ ခြင်းငှါ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လာ မည်အကြောင်းကြောင့်၊ ထာဝရဘုရား သည် ပရောဖက် ယေရမိ အား မိန့် တော်မူသော စကား ဟူမူကား၊
The word which Jehovah spake to Jeremiah the prophet, concerning the coming of Nebuchadnezzar, king of Babylon, to smite the land of Egypt.
14 ၁၄ သင့် ပတ်လည် ၌နေသောသူတို့ကို ထား တော် သည် ကိုက်စား ပြီ။ ကိုယ် ကိုပြင်ဆင် ၍ မြဲမြံစွာ နေ လော့ ဟု အဲဂုတ္တု ပြည်၌ ကြွေးကြော် ကြလော့။ မိဂဒေါလ မြို့၌ သိတင်းကြား ကြလော့။ နောဖ မြို့၊ တာပနက် မြို့၌ လည်း ကြားပြော ကြလော့။
Declare ye in Egypt, and proclaim in Migdol, Proclaim ye also in Noph and Tahpanhes! Say ye, “Stand fast and prepare thyself, For the sword shall devour round about thee!”
15 ၁၅ သင် ၏သူရဲ သည် အဘယ်ကြောင့် ရှုံး သနည်း။ ထာဝရဘုရား တွန်းချ တော်မူသောကြောင့် ၊ သူသည် မ ရပ် မနေနိုင်ရာ။
Wherefore are thy mighty ones overthrown? They stood not, because Jehovah cast them down.
16 ၁၆ လူများတို့သည် ထိမိ ၍တယောက် အပေါ် မှာ တယောက်လဲ စေခြင်းငှါပြုတော်မူသည်ဖြစ်၍ ၊ သူတို့က၊ ထ ကြကုန်အံ့။ ညှဉ်းဆဲ တတ်သော ထား ကြောင့် ကိုယ် အမျိုး ၊ ကိုယ် နေရင်း ပြည် သို့ ပြန် ကြကုန်အံ့ဟု ပြောဆို ကြ၏။
He caused many to fall; one fell upon another; And they said, “Arise, and let us go to our own people, And to the land of our nativity, from the overpowering sword.”
17 ၁၇ ရောက်ပြီးမှအဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းသည် ဆုံးရှုံးပြီ။ စည်းဝေး ရသောအချိန်ကို လွန် စေပြီဟု ဟစ် ကြ၏။
There they cry, “Pharaoh, king of Egypt, is undone! He hath let pass the appointed time.”
18 ၁၈ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟု ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူသည်ကား၊ ငါ သည် အသက် ရှင်သည်ဖြစ်၍၊ တောင် တို့တွင် တာဗော် တောင် ကဲ့သို့ ၎င်း ၊ ပင်လယ် နား မှာကရမေလ တောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာ လိမ့်မည်။
As I live, saith the King, Whose name is Jehovah of hosts: Like Tabor among the mountains, And like Carmel by the sea, he cometh! Prepare thyself travelling equipage,
19 ၁၉ နေရာ ကျသော အဲဂုတ္တု သတို့သမီး ၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံး အဆောင်များကို ပြင် လော့။ အကြောင်း မူကား၊ နောဖ မြို့သည် နေ သောသူမ ရှိအောင် သုတ်သင် ဖျက်ဆီးခြင်းကိုခံရမည်။
Thou who dwellest in Egypt! For Noph shall become waste, Yea, desolate without an inhabitant.
20 ၂၀ အဲဂုတ္တု ပြည်သည်အဆင်း လှသော နွားမ ဖြစ်၏။ သို့ရာတွင်၊ မြောက် မျက်နှာဘက်က နှောင့်ရှက် ခြင်း အကြောင်းပေါ်လာ ၏။
Egypt is a fair heifer, But destruction cometh; it cometh from the North.
21 ၂၁ သူငှါး တို့သည် သူ ၏အလယ် ၌ ဆူ အောင် ကျွေးသောနွား ကဲ့သို့ ဖြစ်သော်လည်း ၊ ပျက်စီး ခြင်းနေ့ ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ရောက် သောကြောင့် ၊ သူတို့ သည် မ ရပ် မနေ၊ ကျောကိုလှည့် ၍ တညီတညွတ် တည်းပြေး သွားကြ၏။
Her mercenaries also in the midst of her are like fatted bullocks; Yet they also turn back; they flee together; they stand not; For the day of their calamity is come upon them, And the time of their punishment.
22 ၂၂ သစ် ခုတ် သောသူကဲ့သို့ ပုဆိန် ပါလျက်၊ လူ အလုံးအရင်းနှင့်တကွချီလာ ကြသောအခါ၊ သူ ၏စကားသံ သည် မြွေ မြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
Her voice shall be heard like that of a serpent, When they shall march against her with their forces, And come against her with axes like fellers of trees.
23 ၂၃ ထိုတောသည် အလွန် ရှုပ်သော်လည်း ၊ သူတို့ သည် ကျိုင်းကောင် ထက်မက မ ရေတွက် နိုင်အောင် များသောကြောင့်ခုတ်လှဲ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
They shall cut down her forest, though it be impenetrable; For they exceed the locusts in multitude, And are innumerable.
24 ၂၄ အဲဂုတ္တု သတို့သမီး သည် မိန်းမော တွေဝေလျက် ရှိ၏။ မြောက် မျက်နှာပြည်သား တို့ လက် သို့ ရောက် လေပြီ။
The daughter of Egypt is brought to shame; She is given into the hand of the people of the North.
25 ၂၅ ဣသရေလ အမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နော မြို့၌ရှိသောအမ္မုန် ဘုရားနှင့် ဖာရော ဘုရင်မှစ၍အဲဂုတ္တု ပြည်သားဘုရား များ၊ ရှင် ဘုရင်များတည်းဟူသော၊ ဖာရော ဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သောသူတို့ ကို ငါ ဆုံးမ မည်။
Jehovah of hosts, the God of Israel, saith: Behold, I will punish Ammon of No, And Pharaoh, and Egypt, with their gods and their kings; Even Pharaoh and all that trust in him.
26 ၂၆ သူ တို့အသက် ကို ရှာ သောသူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းနှင့် သူ ၏ ကျွန် တို့ လက် သို့ သူ တို့ကို ငါအပ် မည်။ ထိုနောက် မှတဖန် အဲဂုတ္တု ပြည်သည်အရင် ကဲ့သို့ စည်ပင် လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And I will deliver them into the hands of those that seek their lives, And into the hand of Nebuchadnezzar, king of Babylon, And into the hand of his servants. But after this it shall be inhabited, As in the days of old, saith Jehovah.
27 ၂၇ အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် မ ပျက်နှင့်။ သင့်ကိုဝေး သောအရပ်မှ ၎င်း ၊ သင် ၏အမျိုးသား တို့ကို သိမ်းသွား ရာ ပြည် မှ ၎င်း ငါ နှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ် အမျိုးသည်ပြန်လာ ၍၊ ချောက်လှန့် သောသူမ ရှိ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရ လိမ့်မည်။
But fear thou not, O my servant Jacob, And be not thou dismayed, O Israel! For, behold, I will bring thee safe from afar, And thy posterity from the land of their captivity; And Jacob shall return and be at rest, Yea, he shall be quiet, and none shall make him afraid.
28 ၂၈ ငါ့ ကျွန် ယာကုပ် မ ကြောက် နှင့်။ သင် နှင့်အတူ ငါ ရှိ၏။ သင့် ကို ငါနှင်ထုတ် သော တိုင်း နိုင်ငံရှိသမျှ တို့ကို ငါသည်ဆုံး စေသော်လည်း ၊ သင့် ကို မ ဆုံး စေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ် မ လွှတ်ဘဲ အတော်အတန်ဆုံးမ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Fear thou not, O Jacob, my servant, saith Jehovah, For I will be with thee; When I shall make a full end of all the nations Whither I have dispersed thee, Yet will I not make a full end of thee; I will correct thee in measure; Yet must I not leave thee wholly unpunished.