< ယေရမိ 44 >

1 အဲဂုတ္တု ပြည် ၊ မိဂဒေါလ မြို့၊ တာပနက် မြို့၊ နောဖ မြို့၊ ပါသရု အရပ် ၌ နေ သောယုဒ လူအပေါင်း တို့ကို ရည်မှတ် ၍ ယေရမိ သို့ ရောက် လာသော နှုတ်ကပတ် တော်အားဖြင့်၊
This is the message that came to Jeremiah regarding all the people of Judah living in Egypt—in Migdol, Tahpanhes, and Memphis—and in Upper Egypt.
2 ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့အစ ရှိသော ယုဒ မြို့ ရွာ အရပ်ရပ် တို့အပေါ် သို့ ငါရောက် စေသော ဘေးဒဏ် ကို သင် တို့သည် မြင် ကြပြီ။
This is what the Lord Almighty, the God of Israel, says: You saw the complete disaster that I brought down on Jerusalem and all the towns of Judah. You can see how today they're ruined and abandoned
3 ကြည့်ရှု ကြလော့။ ယနေ့ မှာ ထိုမြို့ရွာတို့သည်၊ နေ သောသူမ ရှိ၊ လူဆိတ်ညံ သောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင်မ သိ ၊ ဘိုးဘေး တို့မသိ၊ အခြား တပါးသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ ၍ဝတ်ပြု သဖြင့်၊ ငါ ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ ပြု ကြသောဒုစရိုက် ကြောင့် ဤအမှု ရောက်သတည်း။
because of the evil they did. They made me angry by burning incense and serving other gods that they hadn't ever known, and you and your forefathers hadn't known either.
4 ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို ငါသည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ ငါမုန်း သော အမှု၊ ဤ စက်ဆုပ် ရွံရှာဘွယ်သောအမှု ကို မ ပြု ပါနှင့်ဟု ပြော သော်လည်း ၊
I sent you all my servants the prophets time and again to warn you: “Don't do these offensive things that I hate.”
5 သူတို့သည်အခြား တပါးသော ဘုရား အား နံ့သာပေါင်း ကို မီးမ ရှို့၊ ဒုစရိုက် ကို ရှောင် မည်အကြောင်း နားထောင် ခြင်းကို မ ပြု၊ မ နာ မယူဘဲ နေကြ၏။
But you refused to listen or to pay attention. You didn't stop their wickedness or burning incense in worship of other gods.
6 ထိုကြောင့် ၊ ငါ ၏အမျက် အရှိန် ကို ငါသွန်းလောင်း ၍ ၊ ယုဒ မြို့ များ ယေရုရှလင် လမ်း များတို့၌ အမျက်မီး ရှို့သဖြင့် ၊ သူတို့သည်ယနေ့ ၌ ဖြစ် သကဲ့သို့ သုတ်သင် ပယ်ရှင်း ရာအရပ်ဖြစ်ကြ၏။
That's why my furious anger poured out and set fire to the towns of Judah and burned in the streets of Jerusalem, making them the abandoned ruins they still are today.
7 ယခု မှာဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ဘုရားသခင် ၊ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ် လိုသောငှါ ၎င်း၊ မြေကြီး ပေါ်မှာ လူ အမျိုးမျိုး တို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာ ဖြစ် လိုသောငှါ ၎င်း၊
So this is what the Lord God Almighty, the God of Israel, says: Why are you hurting yourselves so badly by removing from Judah every man, woman, child, infant, so you don't have anyone left?
8 သွား ၍နေ သောအဲဂုတ္တု ပြည် ၌ အခြားတပါး သောဘုရား တို့အား နံ့သာပေါင်းကိုမီးရှို့ လျက်၊ ကိုယ်တိုင် ပြုသောအမှု နှင့် ငါ ၏အမျက် ကိုနှိုးဆော်သဖြင့်၊ သင် တို့တွင် တယောက်မျှမ ကြွင်း ၊ ယုဒ အမျိုးယောက်ျား မိန်းမ ၊ သူငယ် နို့စို့ကလေး အပေါင်းတို့ကိုပယ်ဖြတ် မည်အကြောင်း၊ ကြီးစွာ သောဒုစရိုက် ကို ကိုယ် စိတ်ဝိညာဉ် တဘက် ၌ အဘယ်ကြောင့် ပြု ကြသနည်း။
Why are you making me angry by what you do, burning incense to other gods in Egypt where you have come to live? Because if this you will be destroyed, and will you will become a curse word, an expression of condemnation among all the nations on earth.
9 ယုဒ ပြည် ၌ ၎င်း ၊ ယေရုရှလင် လမ်း တို့၌ ၎င်း ၊ သင် တို့ဘိုးဘေး များ ပြုသောဒုစရိုက် ၊ ယုဒ ရှင် ဘုရင်များ ပြုသောဒုစရိုက် ၊ မိဖုရား များပြုသောဒုစရိုက် ၊ သင် တို့ကိုယ်တိုင်ပြုသောဒုစရိုက် ၊ သင် တို့မယား များပြုသောဒုစရိုက် တို့ကို မေ့လျော့ ကြပြီလော။
Have you forgotten the evil of your forefathers and the evil of the kings of Judah and the evil of their wives, as well as your own evil and the evil your wives, all practiced in the country of Judah and in the streets of Jerusalem?
10 ၁၀ ယနေ့ တိုင်အောင် သူတို့သည် နှိမ့်ချ သောစိတ် မ ရှိ၊ ကြောက်ရွံ့ သောစိတ်မ ရှိ၊ ငါ ၏တရား လမ်း သို့ မ လိုက် ၊ သင် တို့မှစ၍သင် တို့ဘိုးဘေး တို့ရှေ့ မှာ ငါထား သော ပညတ် များကို မစောင့်ရှောက်ကြ။
Even up to now you haven't shown any remorse or reverence. You haven't followed my rules and regulations I gave you and your forefathers.
11 ၁၁ သို့ဖြစ်၍ ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ကို အပြစ် ပြု၍ ယုဒ အမျိုးသားအပေါင်း တို့ကို ပယ်ဖြတ် ခြင်းငှါ ငါ သည် မျက်နှာ ထား မည်။
So this is what the Lord Almighty, the God of Israel, says: I am determined to bring disaster and to wipe out everyone from Judah.
12 ၁၂ အဲဂုတ္တု ပြည် သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော ယုဒ အမျိုးသားအကျန်အကြွင်း တို့ကို ငါသည် ယူ ၍၊ သူတို့သည်ထိုပြည် ၌ သေကြေ ပျက်စီးကြလိမ့်မည်။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးဖြင့် ပျက်စီး ခြင်းသို့၎င်း ၊ အငယ်ဆုံး သော သူမှစ၍အကြီးဆုံး သော သူတိုင်အောင် ထား ဘေး၊ မွတ်သိပ် ခြင်းဘေးဖြင့် သေကြေ ပျက်စီးခြင်းသို့ ၎င်း ရောက်၍၊ ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။
I'm going to destroy you who are left who decided to go to Egypt to live there. You will die there, killed by the sword or by famine. Whoever you are, from the least to the most important, you're going to die by sword or by famine; and you will become a curse word, something horrible, an insult, an expression of condemnation.
13 ၁၃ ယေရုရှလင် မြို့သားတို့ကို ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် ငါသည် ဒဏ်ပေး သည် နည်းတူ ၊ အဲဂုတ္တု ပြည် ၌ နေ သောသူတို့ ကို ငါသည် ဒဏ်ပေး သဖြင့် ၊
I'm going to punish you who live in Egypt like I punished Jerusalem, by war and famine and disease.
14 ၁၄ အဲဂုတ္တု ပြည် သို့ သွား ၍ တည်းခို သော ယုဒ အမျိုးသားအကျန်အကြွင်း တို့သည် ယုဒ ပြည် သို့ပြန် ၍ နေချင်သော်လည်း၊ တယောက်မျှဘေး နှင့်မ လွတ်ရ၊ တယောက်မျှမကျန်ကြွင်းရကြ။ ဘေးလွတ် သော သူသာ လျှင် ပြန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Nobody who is left from Judah who has gone to live in Egypt will escape or survive to return to the country of Judah. You long to go back and live there, but nobody will return except a few stragglers.
15 ၁၅ ထိုအခါ မိမိ မယား တို့သည် အခြား တပါးသော ဘုရား အား နံ့သာပေါင်း နှင့်မီးရှို့ကြောင်း ကို သိ သော လူ များ၊ အနား၌ရပ်နေ သောမိန်းမ များ၊ ကြီးစွာ သော အလုံးအရင်း တည်းဟူသော၊ အဲဂုတ္တု ပြည် ပါသရု အရပ်၌ နေ သောသူအပေါင်း တို့သည် ယေရမိ ကို ပြန်ပြော ကြသည်ကား၊
All the men who knew that their wives were burning incense to other gods, and all the women who were there, a great crowd of people, those living in Egypt and Upper Egypt all told Jeremiah,
16 ၁၆ သင်သည်ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့အား ဟောပြော သော စကား ကို ငါ တို့သည် နား မ ထောင်။
“Even though you say this message is from the Lord, we're not going to listen to you”
17 ၁၇ ငါ တို့မှစ၍ငါ တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ၌ ပြု ဘူး သကဲ့သို့ ၊ ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကို မီးရှို့ ၍၊ သွန်းလောင်း ရာ ပူဇော်သက္ကာကိုပြု ခြင်းငှါ၊ ကိုယ် အလိုအလျောက်စီရင်သည်အတိုင်း ဆက်ဆက်ပြု မည်။ အထက်က ဝစွာ စားရကြ၏။ ဘေး နှင့်လွတ်၍ ချမ်းသာ စွာ နေ ရကြ၏။
In fact we're going to do everything we said we would. We'll burn incense to the Queen of Heaven and offer drink offerings to worship her as we did before, just like our fathers, our kings, and our officials who did the same things in the towns of Judah and in the streets of Jerusalem. Back then we had plenty of food and we were well off and nothing bad happened to us.
18 ၁၈ ကောင်းကင် မိဖုရား အဘို့နံ့သာ ပေါင်းကို မီးမ ရှို့၊ သွန်းလောင်း ရာပူဇော်သက္ကာကို မပြု ဘဲနေပြန်သောအခါ ၊ အလွန်ဆင်းရဲ ခြင်း၊ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
But ever since we stopped burning incense to the Queen of Heaven and pouring out drink offerings to worship her, we've lost everything and have been dying as a result of war and famine.
19 ၁၉ ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြု သောအခါ ၊ ငါ တို့၏ ယောက်ျား မ ပါဘဲ မုန့်ပြား တို့ကို လုပ် ၍၊ သွန်းလောင်း ရာ ပူဇော်သက္ကာပြု လျက် ကိုးကွယ် သလောဟုပြန်ပြော ကြ၏။
“On top of that,” the women added, “when we burned incense to the Queen of Heaven and poured out drink offerings to worship her, did we do this without our husbands knowing about it, that we baked cakes stamped with her image and poured out drink offerings to worship her?”
20 ၂၀ ထိုသို့ပြန်ပြောသော ယောက်ျား မိန်းမ အပေါင်း တို့အား ယေရမိ ပြန်ပြော သည်ကား၊
Jeremiah replied to all the people, both men and women, who were responding to him,
21 ၂၁ သင်တို့မှစ၍ သင် တို့ဘိုးဘေး ၊ ရှင်ဘုရင် ၊ မှူးမတ် ၊ ပြည်သူပြည်သား တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ၌ မီးရှို့ သော နံ့သာပေါင်း ကို ထာဝရဘုရား သည် မအောက်မေ့ ၊ နှလုံး မ သွင်းဘဲနေတော်မူသလော ။
“About that incense you burned to other gods in the towns of Judah and in the streets of Jerusalem, as well as your fathers, your kings, your officials, and the ordinary people—don't you think the Lord wouldn't remember and think about it?
22 ၂၂ သင် တို့ပြု သောဒုစရိုက် ၊ စက်ဆုပ် ရွံရှာဘွယ် သောအမှုတို့ကို ထာဝရဘုရား သည် သည်းခံ တော်မ မူနိုင် သောကြောင့်၊ သင် တို့ပြည် သည်၊ ယနေ့ ဖြစ်သည်အတိုင်း၊ နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာ၊ အံ့ဩဘွယ် ရာ၊ ကျိန်ဆဲ ရာ ဖြစ် လေပြီတကား။
The Lord couldn't take it anymore—the evil things you did and your disgusting acts—so your country was turned into an uninhabited wasteland, a place of horror and a curse word to others, as it still is today.
23 ၂၃ သင်တို့သည် နံ့သာပေါင်း ကို မီးရှို့၍ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၎င်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်၊ ထုံးဖွဲ့ ချက်၊ သက်သေခံ ချက်ပညတ် တရားတော်လမ်းသို့ မ လိုက် သောကြောင့်၎င်း ၊ ဤ ဘေး သည် ယနေ့ ၌ရှိသည်အတိုင်း ၊ သင် တို့၌ ရောက် လေပြီတကားဟု ပြောဆို ၏။
As you can see today, the disaster you've experienced happened because you burned incense to other gods and sinned against the Lord, refusing to listen to the Lord or to follow his instructions, his rules, and his regulations.”
24 ၂၄ တဖန် မိန်းမ အပေါင်း တို့နှင့် လူ ခပ်သိမ်း တို့အား ယေရမိ ဟောပြော သည်ကား၊ အဲဂုတ္တု ပြည် ၌ ရှိသော ယုဒ လူအပေါင်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။
Then Jeremiah told everyone, including all the women, “Listen to the Lord's message, all you people from Judah living here in Egypt.
25 ၂၅ ဣသရေလ အမျိုး၏ ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့နှင့် သင် တို့မယား တို့က၊ ငါတို့သည် ကောင်းကင် မိဖုရား အဘို့ နံ့သာပေါင်းကို မီးရှို့ ၍ သွန်းလောင်း ရာပူဇော်သက္ကာပြု ခြင်းငှါ သစ္စာ ဂတိထားသည်နှင့်အညီ ဆက်ဆက်ပြု မည်ဟု နှုတ် နှင့် ပြော၍ လက် နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ် ထားသော သစ္စာ ဂတိ ကို ဆက်ဆက်စောင့် ၍၊ သစ္စာ ဂတိထားသည်အတိုင်း ပြု ကြလိမ့်မည်။
This is what the Lord Almighty, the God of Israel, says: You and your wives, you've said what you're going to do, and you've done what you said! You said, ‘We're going to keep our promise to burn incense to the Queen of Heaven and to pour out drink offerings to worship her.’ So go ahead! Do what you've said! Keep your promises!
26 ၂၆ သို့ဖြစ်၍ အဲဂုတ္တု ပြည် ၌ နေ သောယုဒ လူ အပေါင်း တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရှင် ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍အဲဂုတ္တု ပြည် တရှောက်လုံး တွင် ၊ ယုဒ လူ တယောက်မျှ ငါ ၏ နာမ ကို မမြွက် မ ဆိုရမည်အကြောင်း၊ ငါသည် ကိုယ် မဟာ နာမ ကို တိုင်တည်၍ ကျိန်ဆို ၏။
But even so, listen to what the Lord says, all you people from Judah living here in Egypt: I guarantee by all that I am, says the Lord, that none of you living in the Egypt will ever use my name or swear, ‘As the Lord God lives.’
27 ၂၇ သူ တို့ကို ကျေးဇူး ပြုခြင်းငှါ မ ဟုတ်၊ အပြစ် ပြု ခြင်းငှါ ငါ စောင့် သည် ဖြစ်၍ ၊ အဲဂုတ္တု ပြည် ၌ ရှိသော ယုဒ လူ အပေါင်း တို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်မှီ တိုင်အောင်ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် ပျက်စီး ကြလိမ့်မည်။
I will take care of them in the bad sense, and not in the good sense. All the people from Judah who are in Egypt will die by sword or famine, until they are wiped out.
28 ၂၈ သို့ရာတွင် ၊ ထား ဘေးနှင့်လွတ် ၍၊ အဲဂုတ္တု ပြည် မှ ယုဒ ပြည် သို့ ပြန် ရသောသူတို့သည် နည်း ကြလိမ့်မည်။ ငါ့ စကားတည်မည်၊ သူ တို့စကားတည် မည်ကို၊ အဲဂုတ္တု ပြည် ၌ တည်းခို ခြင်းငှါ သွား သော ယုဒ လူအကျန်အကြွင်း တို့သည် သိ ကြလိမ့်မည်။
Those who manage to avoid being killed by the sword will go back to Judah from Egypt. But there will only be a few of them, and then all who were left from Judah and went to live in Egypt will know who's telling the truth—me or them!
29 ၂၉ ဤ အရပ် ၌ သင် တို့ကိုငါ ဆုံးမ ၍၊ သင်တို့၌ အပြစ် ရောက်စေခြင်းငှါငါ့ စကား သည် ဆက်ဆက်တည် လိမ့်မည်ဟု သင်တို့သိ မည်အကြောင်း၊ ငါပေးသော နိမိတ် လက္ခဏာဟူမူကား ၊
This is your sign to prove that I'm going to punish you here, declares the Lord, so that you'll know for certain that my threats against you will really happen.
30 ၃၀ ယုဒ ရှင်ဘုရင်ဇေဒကိ မင်းအသက် ၏ ရန်သူ တည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်း၏လက် သို့ ဇေဒကိ မင်း ကိုငါအပ် သည်နည်းတူ ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော ဟောဖရာ အသက်ကို ရှာ သောရန်သူ လက် သို့ ထိုမင်းကိုငါအပ် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
This is what the Lord says: Look! I'm going to hand over Pharaoh Hophra king of Egypt to his enemies who are trying to kill him, in the same way that I handed over Zedekiah king of Judah to Nebuchadnezzar king of Babylon, his enemy who was trying to kill him.”

< ယေရမိ 44 >