< ယေရမိ 42 >

1 ထိုအခါ ကာရာ သား ယောဟနန် ၊ ဟောရှဲ သား ယေဇနိ အစရှိသော တပ်မှူး ရှိသမျှ တို့နှင့် လူ အကြီး အငယ် အပေါင်း တို့သည် ပရောဖက် ယေရမိ ထံသို့ ချဉ်းကပ် ၍ ၊
Then all the army commanders and Johanan son of Kareah, Jezaniah son of Hoshaiah, and all the people from the least to the greatest approached Jeremiah the prophet.
2 အကျွန်ုပ် တို့သည်အထက်ကများ သော်လည်း၊ ယခုကိုယ်တော် မြင် သည်အတိုင်း အနည်းငယ် သာကျန်ကြွင်း ပါသည်ဖြစ်၍ ၊ အကျွန်ုပ်တို့အသနား တော်ခံသောစကားကိုမ ပယ်ပါနှင့်။
They said to him, “Let our pleas come before you. Pray for us to Yahweh your God for these people who remain since we are so few in number, as you see.
3 အကျွန်ုပ်တို့သွား ရသော လမ်း နှင့် ပြု ရသော အမှု ကို ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် တို့အား ပြ တော်မူမည်အကြောင်း ၊ ကျန်ကြွင်း သမျှ သောသူ၊ အကျွန်ုပ် တို့အဘို့ ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်၌ ဆုတောင်း ပါလော့ဟု တောင်းပန်ကြ၏။
Ask Yahweh your God to tell us the way we should go and what we should do.”
4 ပရောဖက် ယေရမိ ကလည်း ၊ ငါကြား ၏။ သင် တို့ပြော သည်အတိုင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း မည်။ ထာဝရဘုရား သည် သင် တို့အား မိန့် တော်မူသမျှ တို့ကို ပြန်ပြော မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်ဟု ပြောဆို ၏။
So Jeremiah the prophet said to them, “I have heard you. Look, I will pray to Yahweh your God as you have requested. Whatever Yahweh answers, I will tell you. I will keep nothing back from you.”
5 သူ တို့ကလည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်အားဖြင့်အကျွန်ုပ် တို့ကို မှာ ထားတော်မူသမျှ အတိုင်း ၊ အကျွန်ုပ်တို့သည် ပြု ပါမည်ဟု၊ ထာဝရဘုရား သည်အကျွန်ုပ် တို့၌ မှန်ကန် ၍ သစ္စာစောင့် သော သက်သေ ဖြစ် တော်မူစေသတည်း။
They said to Jeremiah, “May Yahweh be a true and faithful witness against us, if we do not do everything that Yahweh your God tells us to do.
6 အကျွန်ုပ် တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် သောအခါ ချမ်းသာ ရပါမည်အကြောင်း ၊ အကျွန်ုပ်တို့သည်။ ကိုယ်တော် ကိုစေလွှတ် ရာ အကျွန်ုပ်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်သည်ကောင်း သည်ဖြစ်စေ ၊ မကောင်း သည်ဖြစ်စေ ၊ နားထောင် ပါမည်ဟု ယေရမိ အား ပြောဆို ကြ၏။
Whether it is good or if it is bad, we will obey the voice of Yahweh our God, to whom we are sending you, so that it may be well with us when we obey the voice of Yahweh our God.”
7 ထိုနောက် ဆယ် ရက် ကြာ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လျှင် ၊
At the end of ten days, the word of Yahweh came to Jeremiah.
8 ယေရမိသည် ကာရာ သား ယောဟနန် မှစ၍ ၊ သူ ၌ ပါသမျှ သော တပ်မှူး တို့နှင့် လူ အကြီး ၊ အငယ် အပေါင်း တို့ကို ခေါ် ၍ ၊
So Jeremiah called to Johanan son of Kareah and all the army commanders with him, and to all the people from the least to the greatest.
9 သင်တို့သည် ငါ့ ကို စေလွှတ် ၍ အသနား တော် ခံသော ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
Then he said to them, “This is what Yahweh, the God of Israel—to whom you sent me so I might lay your pleas before him—says,
10 ၁၀ အကယ်စင်စစ်သင်တို့သည် ဤ ပြည် ၌ နေ လျှင် ၊ ငါသည်သင် တို့ကို မ ဖြို မဖျက်၊ တည်ဆောက် မည်။ သင် တို့ ကိုမ နှုတ် ၊ စိုက်ပျိုး မည်။ ငါသည် သင် တို့၌ ရောက် စေ သော ဘေးဒဏ် ကြောင့် နောင်တ ရ၏။
'If you go back and live in this land, then I will build you and not tear you down; I will plant you and not pull you up, for I will turn back the disaster that I have brought on you.
11 ၁၁ သင် တို့ကြောက် တတ်သော ဗာဗုလုန် ရှင်ဘုရင် ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုရှင် ဘုရင်ကို မ ကြောက် ကြနှင့်။ ငါ သည် သင် တို့ကို ကယ်တင် ၍၊ ထိုမင်း လက် မှ နှုတ်ယူ ခြင်းငှါ သင် တို့ဘက် ၌ ရှိ၏။
Do not fear the king of Babylon, whom you are fearing. Do not fear him—this is Yahweh's declaration—since I am with you to save you and rescue you from his hand.
12 ၁၂ သင် တို့ကို ငါကယ်မ သနားသောအားဖြင့် ၊ ထိုရှင်ဘုရင်သည် သင် တို့ကို သနား ၍ ၊ နေရင်းပြည် သို့ ပြန် စေရလိမ့်မည်။
For I will give you mercy. I will have compassion on you, and I will bring you back to your land.
13 ၁၃ သို့မဟုတ် ၊ သင် တို့က၊ ငါတို့သည်ဤ ပြည် ၌ မ နေ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်ဘဲ၊
But suppose that you say, “We will not stay in this land”—if you do not listen to my voice, the voice of Yahweh your God.
14 ၁၄ စစ်မှု ကိုမ တွေ့ မမြင်၊ တံပိုး မှုတ်သံ ကို မ ကြား ၊ မ ငတ် မမွတ်ရာ အရပ်၊ အဲဂုတ္တု ပြည် သို့သွား ၍ နေ မည်ဟု ဆို လျှင်၊
Suppose that you say, “No! We will go to the land of Egypt, where we will not see any war, where we will not hear the sound of the trumpet, and we will not go hungry for food. We will live there.”
15 ၁၅ ကျန် ကြွင်းသော ယုဒ အမျိုးသားတို့၊ ထာဝရဘုရား ၏အမိန့် တော်ကို ကြား ကြလော့။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အဲဂုတ္တု ပြည်သို့ သွား ခြင်းငှါ ကျပ်ကျပ်မျက်နှာ ပြု လျက် ၊ ထို ပြည်သို့ အမှန်သွား ၍ တည်းခို လျှင် ၊
Now listen to this word of Yahweh, you remnant of Judah. Yahweh of hosts, God of Israel, says this, 'If you actually set out to go to Egypt, to go and live there,
16 ၁၆ သင် တို့ကြောက် သော ထား ဘေးသည် အဲဂုတ္တု ပြည် ၌ သင် တို့ကို မှီ လိမ့်မည်။ သင် တို့ကြောက် သော မွတ်သိပ် ခြင်းဘေးသည်လည်း ၊ အဲဂုတ္တု ပြည်၌ သင် တို့ကို ကျပ်ကျပ်လိုက် ၍ ၊ ထို ပြည်၌သင်တို့သည် သေ ကြလိမ့်မည်။
then the sword that you fear will overtake you there in the land of Egypt. The famine that you are worrying about will pursue you to Egypt, and you will die there.
17 ၁၇ အဲဂုတ္တု ပြည်သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော သူ အပေါင်း တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်။ သူ တို့ အပေါ် သို့ငါ ရောက် စေသော ဘေးဒဏ် နှင့် တယောက်မျှ မလွတ် ရ။ ကျန်ကြွင်း သောသူ တယောက်မျှမ ရှိ ရ။
So it will happen that all the men who set out to go to Egypt to live there will die by sword, famine, or plague. There will be no survivor of them, no one to escape the disaster that I will bring on them.
18 ၁၈ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့သား တို့အပေါ် သို့ ငါ့ အမျက် အရှိန်ကို ငါ သွန်းလောင်း သည်နည်းတူ ၊ သင်တို့သည် အဲဂုတ္တု ပြည်သို့ ဝင် သောအခါ ၊ သင် တို့အပေါ် သို့ သွန်းလောင်း သဖြင့် ၊ သင်တို့သည် ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။ ဤ အရပ် ကို နောက် တဖန်မ မြင် ရ။
For Yahweh of hosts, God of Israel, says this: Just as my wrath and my fury were poured out on the inhabitants of Jerusalem, in the same way my fury will be poured out on you if you go to Egypt. You will become an object of cursing and a horror, an object for speaking curses, and something dishonorable, and you will not see this place again.'”
19 ၁၉ ကျန်ကြွင်း သောယုဒ အမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မ သွား ကြနှင့်ဟု သင် တို့အား ထာဝရဘုရား အမိန့် တော်ရှိ၏။ ငါသည်သင် တို့ကို ယနေ့ သက်သေခံ ကြောင်း ကို သိမှတ် ကြလော့။
Then Jeremiah said, “Yahweh has spoken concerning you—the remnant of Judah. Do not go to Egypt! You certainly know that I have been a witness against you today.
20 ၂၀ အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား အား အကျွန်ုပ် တို့အဘို့ ဆုတောင်း ပါလော့။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို ကြား ပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင် ပါမည် ဟုဆို ၍၊ ငါ့ ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံတော်သို့ စေလွှတ် သောအခါ ၊ ကိုယ် စိတ် ကို ကိုယ် လှည့်စား ကြပြီ။
For you fatally deceived yourselves when you sent me to Yahweh your God and said, 'Pray to Yahweh our God for us. Everything that Yahweh our God says, tell us, and we will carry it out.'
21 ၂၁ ငါသည်သင် တို့အား ယနေ့ ကြား ပြော၏။ သင်တို့မူကား ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော် ကို ၎င်း ၊ ငါ့ အားဖြင့်မှာ လိုက်တော်မူသမျှ တို့ကို ၎င်း နား မထောင်ဘဲနေကြ၏။
For I have reported to you today, but you have not listened to the voice of Yahweh your God or to anything about which he sent me to you.
22 ၂၂ ထိုကြောင့် သင်တို့သည် သွား ၍ တည်းခို ချင် သော အရပ် ၌ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်အကြောင်း ကို အမှန်သိ မှတ် ကြလော့ဟု ယေရမိသည် ပြန်ပြော လေ၏။
So now, you should certainly know that you will die by sword, famine, and plague in the place where you desired to go to live.”

< ယေရမိ 42 >