< ယေရမိ 41 >

1 သတ္တမ လ တွင် ဆွေ တော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာ သား နာသနိ ၏သား ဣရှမေလ သည်၊ လူ တကျိပ် နှင့် တကွ၊ အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့ သို့ လာ၍၊ ထို မြို့ ၌ တစု တည်းစားသောက် ကြ၏။
သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-
2 ထိုအခါ နာသနိ သား ဣရှမေလ နှင့် ထိုလူ တကျိပ် တို့သည် ထ ၍ ၊ ဗာဗုလုန် ရှင်ဘုရင် အခွင့်နှင့် ပြည် အုပ် လုပ်သော ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ကိုထား နှင့် ခုတ် ၍ သတ် ကြ၏။
န​သ​နိ​၏​သား​ဣ​ရှ​မေ​လ​နှင့်​သူ​၏​လူ​ဆယ် ယောက်​သည် မိ​မိ​တို့​ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​ပြီး နောက် ပြည်​နယ်​ဘု​ရင်​ခံ​အ​ဖြစ်​ဗာ​ဗု​လုန် ဘု​ရင်​ခန့်​ထား​သည့်​ဂေ​ဒ​လိ​ကို​ခုတ်​သတ် ကြ​ကုန်​၏။-
3 ဣရှမေလ သည်လည်း ၊ မိဇပါ မြို့တွင် ဂေဒလိ ထံ ၌ ရှိ သော ယုဒ လူအပေါင်း တို့ကို၎င်း၊ တွေ့ သမျှသော ခါလဒဲ စစ်သူရဲ တို့ကို၎င်းသတ် လေ၏။
ဣ​ရှ​မေ​လ​သည်​မိ​ဇ​ပါ​မြို့​တွင်​ဂေ​ဒ​လိ နှင့်​အ​တူ​ရှိ​နေ​သည့်​ယု​ဒ​အ​မျိုး​သား​များ နှင့် ထို​အ​ရပ်​တွင်​ရှိ​သ​မျှ​သော​ဗာ​ဗု​လုန် စစ်​သူ​ရဲ​တို့​ကို​လည်း​သတ်​ဖြတ်​လေ​သည်။
4 ဂေဒလိ ကိုသတ် ၍ ၊ နှစ် ရက် လွန် သော်လည်း၊ ထိုအမှုကို အဘယ်သူ မျှမ သိ သေးသဖြင့် ၊
နောက်​တစ်​နေ့​၌​ဂေ​ဒ​လိ​အား​လုပ်​ကြံ​မှု ကို အ​ဘယ်​သူ​မျှ​မ​သိ​သေး​မီ၊-
5 ရှေခင် မြို့၊ ရှိလော မြို့၊ ရှမာရိ မြို့မှ ထွက် လာသောလူ ရှစ်ကျိပ် တို့သည် မိမိတို့မုတ်ဆိတ် ကိုရိတ် ပြီးလျှင် ၊ အဝတ် စုတ်ကိုဝတ်၍ ရှန သော ကိုယ်ရှိလျက် ၊ ပူဇော် သက္ကာနှင့် နံ့သာ ပေါင်းကို ဗိမာန် တော်သို့ ဆောင် ခဲ့လျက် ရောက်လာကြ၏။
ရှေ​ခင်၊ ရှိ​လော​နှင့်​ရှ​မာ​ရိ​မြို့​တို့​မှ​လူ​ရှစ် ဆယ်​တို့​ရောက်​ရှိ​လာ​ကြ​၏။ သူ​တို့​သည်​မုတ် ဆိတ်​များ​ကို​ရိတ်​ပြီး​လျှင် မိ​မိ​တို့​၏​အ​ဝတ် များ​ကို​ဆွဲ​ဆုတ်​ကာ​ကိုယ်​ခန္ဓာ​ကို​လည်း​ထိ​ရှ ၍​ထား​ကြ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​တွင် ပူ​ဇော်​ရန်​ပူ​ဇော်​သကာ​နှင့်​နံ့​သာ​ပေါင်း ကို​ဆောင်​ယူ​လာ​ကြ​လေ​သည်။-
6 ထိုသူ တို့ကို ကြိုဆို အံ့သောငှါ ၊ နာသနိ သား ဣရှမေလ သည် ငိုကြွေး လျက်၊ မိဇပါ မြို့မှ ထွက် ၍ တွေ့ သောအခါ ၊ အဟိကံ သား ဂေဒလိ ထံ သို့လာ ကြလော့ ဟု ခေါ် လေ၏။
သို့​ဖြစ်​၍​ဣ​ရှ​မေ​လ​သည် သူ​တို့​အား​ကြို ဆို​ရန်​မိ​ဇ​ပါ​မြို့​မှ​ထွက်​ခွာ​ပြီး​လျှင် တစ် လမ်း​လုံး​ငို​ကြွေး​လျက်​သွား​၏။ သူ​သည် ထို​သူ​တို့​နှင့်​တွေ့​ဆုံ​မိ​သော​အ​ခါ​သူ​တို့ အား``ဂေ​ဒ​လိ​ထံ​သို့​လာ​ရောက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​သည်။-
7 မြို့ ထဲ သို့ ရောက် ပြီးလျှင် ၊ နာသနိ သား ဣရှမေလ နှင့် သူ ၏လူ များတို့သည် ထိုသူ တို့ကိုသတ် ၍၊ မြေတွင်း ထဲ သို့ ပစ်ချကြ၏။
ထို​သူ​တို့​မြို့​တွင်း​သို့​ရောက်​ရှိ​သည်​နှင့်​တစ် ပြိုင်​နက် ဣ​ရှ​မေ​လ​နှင့်​သူ​၏​ငယ်​သား​တို့ သည် ထို​သူ​တို့​အား​သတ်​၍​အ​လောင်း​များ ကို​ရေ​တွင်း​ထဲ​သို့​ပစ်​ချ​ကြ​၏။
8 ထိုသူ တို့တွင် ပါသောလူ တကျိပ် တို့က၊ အကျွန်ုပ် တို့ကို မ သတ် ပါနှင့်။ အကျွန်ုပ် တို့သိုထားသော ဥစ္စာ တည်း ဟူသောဂျုံ ၊ မုယော ၊ ဆီ ၊ ပျားရည် သည်တော ၌ ရှိ ပါ၏ဟု၊ ဣရှမေလ အား ပြော ဆိုသောကြောင့် ၊ ထိုသူ တို့ကိုသူ တို့ ညီအစ်ကို များနှင့်အတူမ သတ် ဘဲနေ၏။
သို့​ရာ​တွင်​ထို​လူ​စု​အ​နက်​လူ​ဆယ်​ယောက် က``အ​ကျွန်ုပ်​တို့​အား​မ​သတ်​ပါ​နှင့်။ အ​ကျွန်ုပ် တို့​မှာ​လယ်​ကွက်​များ​တွင်​ဝှက်​ထား​သည့်​ဂျုံ၊ မု​ယော၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​များ​ရှိ​ပါ သည်'' ဟု​ပြော​သ​ဖြင့်​ဣ​ရှ​မေ​လ​သည်​သူ တို့​အား​မ​သတ်​ဘဲ​အ​သက်​ချမ်း​သာ​ခွင့် ပေး​လေ​သည်။-
9 ဣရှမေလ သည် ဂေဒလိ နှင့်အတူ သတ် သော သူ အသေကောင် များကို ပစ်ချ သော တွင်း သည်အခြားတွင်း မဟုတ်၊ အာသ မင်းကြီး သည် ဣသရေလ ရှင်ဘုရင် ဗာရှာ ကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိ သား ဣရှမေလ သည် အသေ ကောင်များနှင့် ပြည့် စေ၏။
မိ​မိ​သတ်​ဖြတ်​လိုက်​သူ​တို့​၏​အ​လောင်း​များ ကို​ဣ​ရှ​မေ​လ​ပစ်​ချ​သည့်​ရေ​တွင်း​ကား အ​လွန်​ကြီး​၍ ဣသ​ရေ​လ​ဘု​ရင်​ဗာရှာ​၏​ဘေး မှ​ခု​ခံ​ကာ​ကွယ်​ရန် အာ​သ​မင်း​တူး​ထား​သည့် ရေ​တွင်း​ဖြစ်​သ​တည်း။ ဣ​ရှ​မေ​လ​သည်​မိ​မိ သတ်​ဖြတ်​လိုက်​သည့်​လူ​သေ​အ​လောင်း​များ ဖြင့်​ထို​တွင်း​ကို​ပြည့်​စေ​၏။-
10 ၁၀ ထိုအခါ အဟိကံ သား ဂေဒလိ ၌ ကိုယ်ရံတော် မှူး နေဗုဇာရဒန် အပ် သော မင်း သမီး များအစရှိသော၊ မိဇပါ မြို့၌ ကျန်ကြွင်း သမျှ သော သူ တို့ ကို နာသနိ သား ဣရှမေလ သည် သိမ်းယူ ၍ ၊ အမ္မုန် အမျိုးသား တို့ထံသို့ ထွက်သွား လေ၏။
၁၀ထို​နောက်​ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​၏​စောင့် ရှောက်​မှု​ကို​ခံ​ယူ​စေ​ရန် တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် အပ်​နှံ​ထား​သည့်​ဘု​ရင့်​သ​မီး​တော်​များ​နှင့် မိ​ဇ​ပါ​မြို့​တွင်​ကျန်​ရှိ​နေ​သေး​သူ​အ​ပေါင်း တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ပြီး​လျှင် သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​အမ္မုန်​ပြည်​ရှိ​ရာ​သို့​ခေါ် ဆောင်​သွား​လေ​သည်။
11 ၁၁ ထိုသို့နာသနိ သား ဣရှမေလ ပြု သော အမှုဆိုး အလုံးစုံ တို့ကို၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ ၌ရှိသမျှ သော တပ်မှူး တို့သည်ကြား လျှင် ၊
၁၁ဣ​ရှ​မေ​လ​ကူး​လွန်​သည့်​ရာ​ဇ​ဝတ်​မှု​များ အ​ကြောင်း​ကို ကာ​ရာ​၏​သား​ယော​ဟ​နန်​နှင့် တပ်​မ​တော်​ခေါင်း​ဆောင်​များ​ကြား​သိ​ကြ သော​အ​ခါ၊-
12 ၁၂ လူ အပေါင်း တို့ကို ခေါ် ၍ ၊ နာသနိ သား ဣရှမေလ ကို တိုက် ခြင်းငှါ ထွက်သွား သဖြင့် ၊ ဂိဗောင် ကန် နား မှာတွေ့ လေ၏။
၁၂မိ​မိ​တို့​တပ်​သား​များ​ကို​ခေါ်​၍ ဣ​ရှ​မေ​လ ကို​တိုက်​ခိုက်​ရန်​ထွက်​သွား​ကြ​ရာ​ဂိ​ဘောင်​မြို့ အ​နီး​ရေ​ကန်​ကြီး​တွင်​သူ့​အား​လိုက်​၍​မီ ကြ​၏။-
13 ၁၃ ဣရှမေလ ၌ ပါသော သူ အပေါင်း တို့သည် ကာရာ သား ယောဟနန် နှင့် သူ ၌ ပါသော တပ်မှူး အပေါင်း တို့ကို မြင် သောအခါ ၊ ဝမ်းမြောက် ခြင်းသို့ ရောက် ကြ၏။
၁၃ဣ​ရှ​မေ​လ​၏​သုံ့​ပန်း​များ​သည်​ယော​ဟ​နန် ကို​လည်း​ကောင်း၊ သူ​နှင့်​ပါ​လာ​သည့်​တပ်​မ တော်​ခေါင်း​ဆောင်​များ​ကို​လည်း​ကောင်း မြင် သော​အ​ခါ​ဝမ်း​မြောက်​ကြ​ကုန်​လျက်၊-
14 ၁၄ ထိုအခါ မိဇပါ မြို့မှ ဣရှမေလ သိမ်း သွားသော လူ အပေါင်း တို့သည် သူ့ထံမှထွက် ၍ ၊ ကာရာ သား ယောဟနန် ထံသို့ ကူး သွားကြ၏။
၁၄ယော​ဟ​နန်​ရှိ​ရာ​သို့​လှည့်​၍​ပြေး​လာ​ကြ​လေ သည်။-
15 ၁၅ နာသနိ သား ဣရှမေလ သည် လူ ရှစ် ယောက်နှင့်တကွ ၊ ယောဟနန် လက်မှ လွတ် ပြေး၍ ၊ အမ္မုန် အမျိုးသား တို့ထံသို့ သွား လေ၏။
၁၅သို့​ရာ​တွင်​ဣ​ရှ​မေ​လ​နှင့် သူ​၏​လူ​ရှစ်​ယောက်​တို့ မူ​ကား ယော​ဟ​နန်​ထံ​မှ​တိမ်း​ရှောင်​ကာ​အမ္မုန် ပြည်​သို့​လွတ်​မြောက်​သွား​ကြ​၏။
16 ၁၆ ထိုသို့ အဟိကံ သား ဂေဒလိ ကို သတ် ပြီးသည် နောက် ၊ ကာရာ သား ယောဟနန် နှင့် သူ့ ထံ၌ ရှိသော တပ်မှူး အပေါင်း တို့သည် နာသနိ သား ဣရှမေလ လက်မှ ၎င်း ၊ မိဇပါ မြို့မှ ၎င်း နှုတ် ၍ ကျန် ကြွင်းသော သူ တည်း ဟူသော ၊ အားကြီး သော စစ်သူရဲ များ၊ မိန်းမ များ၊ သူငယ် များ၊ မိန်းမစိုး များ အပေါင်း တို့ကို ဂိဗောင် မြို့မှ ဆောင် ခဲ့ ပြန်၍၊
၁၆ဂေ​ဒ​လိ​အား​သတ်​ပြီး​နောက်​မိ​ဇ​ပါ​မြို့​မှ သုံ့​ပန်း​များ​အ​ဖြစ် ဣ​ရှ​မေ​လ​ခေါ်​ဆောင် လာ​သော​စစ်​သူ​ရဲ​များ၊ အ​မျိုး​သ​မီး​များ၊ က​လေး​သူ​ငယ်​များ​နှင့်​မိန်း​မ​စိုး​များ​အား ယော​ဟ​နန်​နှင့်​သူ​၏​တပ်​မှူး​များ​က​ထိန်း သိမ်း​စောင့်​ရှောက်​ထား​ကြ​၏။-
17 ၁၇ ခါလဒဲလူတို့ကြောင့် အဲဂုတ္တု ပြည်သို့ ပြောင်းမည် အကြံရှိလျက်၊ ဗက်လင် မြို့နှင့်နီး သော ခိမဟံ ရွာသို့ သွား ၍ နေ ကြ၏။
၁၇သူ​တို့​သည်​ဂိ​ဘောင်​မြို့​မှ​ယော​ဟ​နန်​ဆောင် ယူ​လာ​သူ​အ​ပေါင်း​တို့​အား​ထိန်း​သိမ်း​စောင့် ရှောက်​ကာ​ထွက်​ခွာ​လာ​ကြ​ပြီး​လျှင် ဗက်​လင် မြို့​အ​နီး​ခိ​မ​ဟံ​စ​ခန်း​၌​ရပ်​နား​ကြ​၏။ သူ တို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘေး မှ​ကင်း​ဝေး​ကြ​စေ​ရန်​အီ​ဂျစ်​ပြည်​သို့ သွား​ကြ​၏။-
18 ၁၈ အကြောင်း မူကား၊ ပြည် အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့် ထားသော အဟိကံ သား ဂေဒလိ ကို နာသနိ သား ဣရှမေလ သတ် သောကြောင့် ၊ ခါလဒဲ လူတို့ကို ကြောက် ကြ၏။
၁၈ဣ​ရှ​မေ​လ​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် ဗာ​ဗု​လုန်​ဘု​ရင်​ခန့်​ထား​ခဲ့​သူ​ဂေ​ဒ​လိ​အား သတ်​ဖြတ်​ခဲ့​သည့်​အ​တွက် သူ​တို့​သည်​ဗာ​ဗု လုန်​အ​မျိုး​သား​တို့​ကို​ကြောက်​ကြ​၏။

< ယေရမိ 41 >