< ယေရမိ 40 >

1 ကိုယ်ရံတော် မှူး နေဗုဇာရဒန် သည် ယေရမိ ကို တဖန် သိမ်းသွား၍ ရာမ မြို့၌ လွှတ် သောနောက် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ရောက် လာသည်အရာမှာ၊ ဗာဗုလုန် မြို့သို့ သိမ်းသွား ခြင်းကို ခံရသောယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိ သည်သံကြိုး နှင့် ချည်နှောင် ခြင်းကို ခံရသောအခါ၊
The word that came unto Jeremiah from the Lord, after Nebuzaradan the captain of the guard had dismissed him from Ramah, when he had taken him as he was bound in chains in the midst of all the exiles of Jerusalem and Judah, who were carried away into exile unto Babylon.
2 ကိုယ်ရံတော် မှူးသည် သူ့ ကိုခေါ် ၍ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ဤ ပြည် ၌ ရောက်သော အမှု ကို ခြိမ်း တော်မူနှင့်ပြီ။
Then took the captain of the guard Jeremiah, and said unto him, The Lord thy God had spoken this evil over this place;
3 ခြိမ်း တော်မူသည်အတိုင်း လည်း၊ အမှုကို ရောက် စေ၍ စီရင် တော်မူပြီ။ သင်တို့သည် အမိန့် တော်ကို နား မထောင်၊ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ဤ အမှု သည် သင် တို့အပေါ် သို့ ရောက် လေပြီ။
Now the Lord hath brought it [to fulfillment], and hath done according as he had spoken; because ye had sinned against the Lord, and had not hearkened to his voice; and therefore is this thing come upon you.
4 ယခု မှာ သင့် လက် ၌ ချည်နှောင်လျက်ရှိသောသံကြိုး ကို ငါချွတ် မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက်လာ ခြင်းငှါ အလို ရှိလျှင် လိုက် လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှု မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက် ခြင်းငှါ အလို မရှိလျှင် မ လိုက်နှင့်။ တပြည် လုံး သည် သင့် ရှေ့မှာ ရှိ ၏။ အကြင်အရပ်သို့သွားကောင်း သည်ဟု စိတ်ထင်လျှင်၊ ထို အရပ်တည်းဟူသောစိတ် ရောက်ရာအရပ် သို့ သွား ပါလော့ဟုဆို၏။
And now, behold, I have freed thee this day from the chains which were upon thy hand. If it seem good in thy eyes to come with me to Babylon, come, and I will direct my eye unto thee; but if it seem ill in thy eyes to come with me to Babylon, forbear: behold, all the land is before thee; whither it seemeth good and proper in thy eyes to go, thither go.
5 ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်နယ် တွင် ၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသောရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ထံ သို့ပြန်၍၊ ပြည်သား များနှင့်အတူ နေ ပါလော့။ သို့မဟုတ် ၊ စိတ် ရှိသည်အတိုင်း သွား ပါလော့ဟုဆိုလျက်၊ စားစရိတ် နှင့် လက်ဆောင် ကိုပေး ၍ လွှတ် လိုက်လေ၏။
And as he did not yet turn about, [he said, ] Go then back to Gedalyah the son of Achikam the son of Shaphan, whom the king of Babylon hath appointed governor over the cities of Judah, and dwell with him in the midst of the people; or wheresoever it seemeth proper in thy eyes to go, go. And the captain of the guard gave him an allowance and a present, and then dismissed him.
6 ထိုအခါ ယေရမိ သည် အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့သို့ သွား ၍ ၊ ပြည် ၌ ကျန်ကြွင်း သေးသောသူ တို့ နှင့် အတူ နေ လေ၏။
So did Jeremiah come unto Gedalyah the son of Achikam to Mizpah; and he dwelt with him in the midst of the people that had been left in the land.
7 ဗာဗုလုန် ရှင် ဘုရင်သည် အဟိကံ သား ဂေဒလိ ကိုပြည် အုပ် အရာ၌ ခန့် ထား၍ ၊ ဗာဗုလုန် မြို့သို့ သိမ်းယူ ရာ၌မ ပါသော ယောက်ျား မိန်းမ သူငယ် ဆင်းရဲသား အချို့ တို့ကို သူ ၌ အပ် ကြောင်း ကို၊ တော မှာ ရှိသော တပ်မှူး တို့ နှင့် စစ်သူရဲ များတို့သည် ကြား သိကြသောအခါ ၊
Now when all the captains of the armies who were in the field, they and their men, heard that the king of Babylon had appointed Gedalyahu the son of Achikam governor over the land, and that he had entrusted unto him men, and women, and children, and these of the poorest of the land, of those that had not been carried away into exile to Babylon:
8 နာသနိ သား ဣရှမေလ ၊ ကာရာ သား ယောဟနန် နှင့် ယောနသန် ၊ တာနုမက် သား စရာယ ၊ နေတောဖတ် အမျိုး၊ ဧဖဲ ၏သား များ၊ မာခသိ အမျိုးသားယေဇနိ တို့ သည် မိမိ လူ များနှင့်တကွဂေဒလိ ရှိရာမိဇပါ မြို့သို့ လာ ၍ ၊
Then came they to Gedalyah to Mizpah, even Ishmael the son of Nethanyahu, and Jochanan and Jonathan the sons of Kareach, and Serayah the son of Tanchumeth, and the sons of 'Ephai the Netophathite, and Yezanyahu the son of a Ma'achathite, they and their men.
9 ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ က၊ ခါလဒဲ မင်း၏အမှု ကို ဆောင်ရွက်ရမည် အခွင့်ကို မ စိုးရိမ် ကြနှင့်။ ဤပြည် ၌ နေ ၍ ဗာဗုလုန် ရှင်ဘုရင် အမှုကို ဆောင်ရွက် ကြလော့။ သို့ပြုလျှင် ၊ ချမ်းသာ ရကြလိမ့်မည်။
And Gedalyahu the son of Achikam the son of Shaphan swore unto them and unto their men, saying, Have no fear to serve the Chaldeans: remain in the land, and serve the king of Babylon, and it will be well with you.
10 ၁၀ ငါ မူကား၊ လာ လတံ့သော ခါလဒဲ လူတို့စကားကို နားထောင် ခြင်းငှါ မိဇပါ မြို့မှာ နေ မည်။ သင် တို့မူကား ၊ စပျစ်ရည် ကို၎င်း ၊ နွေ ကာလအသီးကို၎င်း ၊ ဆီ ကို၎င်း သိမ်း ၍ အိုး ၌ သိုထား ကြလော့။ ယခု ဝင် ပြန်သော မြို့ ရွာ တို့၌ နေ ကြလော့ဟူ၍၊ ထိုသူ တို့အား သစ္စာ ပြုလေ၏။
As for me, behold, I will dwell at Mizpah, to stand before the Chaldeans, who will come unto us; but ye, gather ye together wine, and summer-fruits, and oil, and put them in your vessels, and dwell in your cities of which ye have taken possession.
11 ၁၁ ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်၌ လူအချို့တို့ ကို ကျန် ကြွင်းစေ၍ ၊ ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏ သား ဂေဒလိ ကိုမင်း အရာ၌ ခန့် ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဧဒုံ ပြည်အစ ရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူအပေါင်း တို့သည် ကြား သိကြသောအခါ ၊
And so likewise all the Jews that were in Moab, and among the children of 'Ammon, and in Edom, and that were in all the countries, heard that the king of Babylon had left a remnant unto Judah, and that he had appointed over them Gedalyahu the son of Achikam the son of Shaphan;
12 ၁၂ နှင်ထုတ် ရာပြည် အရပ်ရပ် တို့မှ ပြန် လာ၍ ၊ ယုဒ ပြည် ၊ ဂေဒလိ ရှိရာ မိဇပါ မြို့သို့ ရောက် သဖြင့် ၊ များ စွာသော စပျစ်ရည် နှင့် နွေ ကာလအသီးကို သိမ်းယူ ကြ၏။
And then did all the Jews return out of all places whither they had been driven, and came to the land of Judah, to Gedalyahu, unto Mizpah, and gathered together wine and summer-fruits in very great abundance.
13 ၁၃ ထို နောက်မှ၊ ကာရာ သား ယောဟနန် သည် တော ၌ ရှိသော တပ်မှူး များနှင့်တကွ၊ ဂေဒလိ ရှိရာမိဇပါ မြို့ သို့ လာ ၍ ၊
And Jochanan the son of Kareach, and all the captains of the armies that were in the field, came to Gedalyahu to Mizpah,
14 ၁၄ ကိုယ်တော် ကို သတ် စေခြင်းငှါ ၊ အမ္မုန် ရှင်ဘုရင် ဗာလိတ် သည် နာသနိ သား ဣရှမေလ ကို စေလွှတ် ကြောင်း ကို အမှန်သိ ပါ၏လောဟု မေး လျှောက်သော်လည်း ၊ ထိုစကားကို အဟိကံ သား ဂေဒလိ သည်မ ယုံ ။
And they said unto him, Dost thou at all know that Ba'alis the king of the children of 'Ammon hath sent Ishmael the son of Nethanyah to deprive thee of life? But Gedalyahu the son of Achikam believed them not.
15 ၁၅ ထိုအခါ ကာရာ သား ယောဟနန် ကလည်း၊ အကျွန်ုပ်သွား ၍ နာသနိ သား ဣရှမေလ ကိုသတ် ရသောအခွင့်ကိုပေး ပါလော့။ အဘယ် သူမျှမ သိ ရ။ သူသည် ကိုယ်တော် ကိုသတ် ၍ ၊ ကိုယ်တော် ထံ ၌ စုဝေး သောယုဒ လူ အပေါင်း တို့သည် အရပ်ရပ်သို့ကွဲပြား သဖြင့် ၊ ယုဒ ပြည်၌ ကျန်ကြွင်း သောသူတို့ သည် အဘယ်ကြောင့် ပျက်စီး ရ ကြပါမည်နည်းဟု၊ မိဇပါ မြို့၌ ဂေဒလိ ကို တိတ်ဆိတ် စွာ လျှောက် သော်လည်း၊
And Jochanan the son of Kareach said to Gedalyahu secretly in Mizpah, as followeth, Let me go, I pray thee, and I will slay Ishmael the son of Nethanyah, and no man shall know of it: wherefore should he deprive thee of life, whereby all the Jews who are gathered unto thee would be scattered, and the remnant of Judah be lost?
16 ၁၆ အဟိကံ သား ဂေဒလိ က၊ သင်သည်ထို သို့မ ပြု ရ။ ဣရှမေလ ၌ မ မှန်သောစကားကိုပြန်ပြော ပြီဟု၊ ကာရာ သား ယောဟနန် အား ပြန်ပြော လေ၏။
But Gedalyahu the son of Achikam said unto Jochanan the son of Kareach, Thou shalt not do this thing; for thou speakest a falsehood concerning Ishmael.

< ယေရမိ 40 >