< ယေရမိ 40 >
1 ၁ ကိုယ်ရံတော် မှူး နေဗုဇာရဒန် သည် ယေရမိ ကို တဖန် သိမ်းသွား၍ ရာမ မြို့၌ လွှတ် သောနောက် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ရောက် လာသည်အရာမှာ၊ ဗာဗုလုန် မြို့သို့ သိမ်းသွား ခြင်းကို ခံရသောယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိ သည်သံကြိုး နှင့် ချည်နှောင် ခြင်းကို ခံရသောအခါ၊
The word which came to Jeremiah from Jehovah, after Nebuzaradan the captain of the guard had let him go from Ramah, when he had taken him being bound in chains among all the captives of Jerusalem and Judah who were carried away captive to Babylon.
2 ၂ ကိုယ်ရံတော် မှူးသည် သူ့ ကိုခေါ် ၍ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ဤ ပြည် ၌ ရောက်သော အမှု ကို ခြိမ်း တော်မူနှင့်ပြီ။
And the captain of the guard took Jeremiah, and said to him, Jehovah thy God pronounced this evil upon this place,
3 ၃ ခြိမ်း တော်မူသည်အတိုင်း လည်း၊ အမှုကို ရောက် စေ၍ စီရင် တော်မူပြီ။ သင်တို့သည် အမိန့် တော်ကို နား မထောင်၊ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ဤ အမှု သည် သင် တို့အပေါ် သို့ ရောက် လေပြီ။
and Jehovah has brought it, and done according as he spoke. Because ye have sinned against Jehovah, and have not obeyed his voice, therefore this thing has come upon you.
4 ၄ ယခု မှာ သင့် လက် ၌ ချည်နှောင်လျက်ရှိသောသံကြိုး ကို ငါချွတ် မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက်လာ ခြင်းငှါ အလို ရှိလျှင် လိုက် လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှု မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက် ခြင်းငှါ အလို မရှိလျှင် မ လိုက်နှင့်။ တပြည် လုံး သည် သင့် ရှေ့မှာ ရှိ ၏။ အကြင်အရပ်သို့သွားကောင်း သည်ဟု စိတ်ထင်လျှင်၊ ထို အရပ်တည်းဟူသောစိတ် ရောက်ရာအရပ် သို့ သွား ပါလော့ဟုဆို၏။
And now, behold, I loose thee this day from the chains which are upon thy hand. If it seem good to thee to come with me into Babylon, come, and I will look well to thee, but if it seems ill to thee to come with me into Babylon, forbear. Behold, all the land is before thee, where it seems good and right to thee to go, there go.
5 ၅ ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်နယ် တွင် ၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသောရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ထံ သို့ပြန်၍၊ ပြည်သား များနှင့်အတူ နေ ပါလော့။ သို့မဟုတ် ၊ စိတ် ရှိသည်အတိုင်း သွား ပါလော့ဟုဆိုလျက်၊ စားစရိတ် နှင့် လက်ဆောင် ကိုပေး ၍ လွှတ် လိုက်လေ၏။
Now while he was not yet gone back, he said, Go back then to Gedaliah the son of Ahikam, the son of Shaphan, whom the king of Babylon has made governor over the cities of Judah, and dwell with him among the people, or go wherever it seems right to thee to go. So the captain of the guard gave him food and a present, and let him go.
6 ၆ ထိုအခါ ယေရမိ သည် အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့သို့ သွား ၍ ၊ ပြည် ၌ ကျန်ကြွင်း သေးသောသူ တို့ နှင့် အတူ နေ လေ၏။
Then Jeremiah went to Gedaliah the son of Ahikam to Mizpah, and dwelt with him among the people who were left in the land.
7 ၇ ဗာဗုလုန် ရှင် ဘုရင်သည် အဟိကံ သား ဂေဒလိ ကိုပြည် အုပ် အရာ၌ ခန့် ထား၍ ၊ ဗာဗုလုန် မြို့သို့ သိမ်းယူ ရာ၌မ ပါသော ယောက်ျား မိန်းမ သူငယ် ဆင်းရဲသား အချို့ တို့ကို သူ ၌ အပ် ကြောင်း ကို၊ တော မှာ ရှိသော တပ်မှူး တို့ နှင့် စစ်သူရဲ များတို့သည် ကြား သိကြသောအခါ ၊
Now when all the captains of the forces who were in the fields, even they and their men, heard that the king of Babylon had made Gedaliah the son of Ahikam governor in the land, and had committed to him men, and women, and sons, and of the poorest of the land, of those who were not carried away captive to Babylon,
8 ၈ နာသနိ သား ဣရှမေလ ၊ ကာရာ သား ယောဟနန် နှင့် ယောနသန် ၊ တာနုမက် သား စရာယ ၊ နေတောဖတ် အမျိုး၊ ဧဖဲ ၏သား များ၊ မာခသိ အမျိုးသားယေဇနိ တို့ သည် မိမိ လူ များနှင့်တကွဂေဒလိ ရှိရာမိဇပါ မြို့သို့ လာ ၍ ၊
then they came to Gedaliah to Mizpah, namely, Ishmael the son of Nethaniah, and Johanan and Jonathan the sons of Kareah, and Seraiah the son of Tanhumeth, and the sons of Ephai the Netophathite, and Jezaniah the son of the Maacathite, they and their men.
9 ၉ ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ က၊ ခါလဒဲ မင်း၏အမှု ကို ဆောင်ရွက်ရမည် အခွင့်ကို မ စိုးရိမ် ကြနှင့်။ ဤပြည် ၌ နေ ၍ ဗာဗုလုန် ရှင်ဘုရင် အမှုကို ဆောင်ရွက် ကြလော့။ သို့ပြုလျှင် ၊ ချမ်းသာ ရကြလိမ့်မည်။
And Gedaliah the son of Ahikam the son of Shaphan swore to them and to their men, saying, Fear not to serve the Chaldeans. Dwell in the land, and serve the king of Babylon, and it shall be well with you.
10 ၁၀ ငါ မူကား၊ လာ လတံ့သော ခါလဒဲ လူတို့စကားကို နားထောင် ခြင်းငှါ မိဇပါ မြို့မှာ နေ မည်။ သင် တို့မူကား ၊ စပျစ်ရည် ကို၎င်း ၊ နွေ ကာလအသီးကို၎င်း ၊ ဆီ ကို၎င်း သိမ်း ၍ အိုး ၌ သိုထား ကြလော့။ ယခု ဝင် ပြန်သော မြို့ ရွာ တို့၌ နေ ကြလော့ဟူ၍၊ ထိုသူ တို့အား သစ္စာ ပြုလေ၏။
As for me, behold, I will dwell at Mizpah, to stand before the Chaldeans who shall come to us. But ye, gather ye wine and summer fruits and oil, and put them in your vessels, and dwell in your cities that ye have taken.
11 ၁၁ ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်၌ လူအချို့တို့ ကို ကျန် ကြွင်းစေ၍ ၊ ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏ သား ဂေဒလိ ကိုမင်း အရာ၌ ခန့် ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဧဒုံ ပြည်အစ ရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူအပေါင်း တို့သည် ကြား သိကြသောအခါ ၊
Likewise when all the Jews that were in Moab, and among the sons of Ammon, and in Edom, and who were in all the countries, heard that the king of Babylon had left a remnant of Judah, and that he had set over them Gedaliah the son of Ahikam, the son of Shaphan,
12 ၁၂ နှင်ထုတ် ရာပြည် အရပ်ရပ် တို့မှ ပြန် လာ၍ ၊ ယုဒ ပြည် ၊ ဂေဒလိ ရှိရာ မိဇပါ မြို့သို့ ရောက် သဖြင့် ၊ များ စွာသော စပျစ်ရည် နှင့် နွေ ကာလအသီးကို သိမ်းယူ ကြ၏။
then all the Jews returned out of all places where they were driven, and came to the land of Judah, to Gedaliah, to Mizpah, and gathered very much wine and summer fruits.
13 ၁၃ ထို နောက်မှ၊ ကာရာ သား ယောဟနန် သည် တော ၌ ရှိသော တပ်မှူး များနှင့်တကွ၊ ဂေဒလိ ရှိရာမိဇပါ မြို့ သို့ လာ ၍ ၊
Moreover Johanan the son of Kareah, and all the captains of the forces who were in the fields, came to Gedaliah to Mizpah,
14 ၁၄ ကိုယ်တော် ကို သတ် စေခြင်းငှါ ၊ အမ္မုန် ရှင်ဘုရင် ဗာလိတ် သည် နာသနိ သား ဣရှမေလ ကို စေလွှတ် ကြောင်း ကို အမှန်သိ ပါ၏လောဟု မေး လျှောက်သော်လည်း ၊ ထိုစကားကို အဟိကံ သား ဂေဒလိ သည်မ ယုံ ။
and said to him, Do thou know that Baalis the king of the sons of Ammon has sent Ishmael the son of Nethaniah to take thy life? But Gedaliah the son of Ahikam did not believe them.
15 ၁၅ ထိုအခါ ကာရာ သား ယောဟနန် ကလည်း၊ အကျွန်ုပ်သွား ၍ နာသနိ သား ဣရှမေလ ကိုသတ် ရသောအခွင့်ကိုပေး ပါလော့။ အဘယ် သူမျှမ သိ ရ။ သူသည် ကိုယ်တော် ကိုသတ် ၍ ၊ ကိုယ်တော် ထံ ၌ စုဝေး သောယုဒ လူ အပေါင်း တို့သည် အရပ်ရပ်သို့ကွဲပြား သဖြင့် ၊ ယုဒ ပြည်၌ ကျန်ကြွင်း သောသူတို့ သည် အဘယ်ကြောင့် ပျက်စီး ရ ကြပါမည်နည်းဟု၊ မိဇပါ မြို့၌ ဂေဒလိ ကို တိတ်ဆိတ် စွာ လျှောက် သော်လည်း၊
Then Johanan the son of Kareah spoke to Gedaliah in Mizpah secretly, saying, Let me go, I pray thee, and I will kill Ishmael the son of Nethaniah, and no man shall know it. Why should he take thy life, that all the Jews who are gathered to thee should be scattered, and the remnant of Judah perish?
16 ၁၆ အဟိကံ သား ဂေဒလိ က၊ သင်သည်ထို သို့မ ပြု ရ။ ဣရှမေလ ၌ မ မှန်သောစကားကိုပြန်ပြော ပြီဟု၊ ကာရာ သား ယောဟနန် အား ပြန်ပြော လေ၏။
But Gedaliah the son of Ahikam said to Johanan the son of Kareah, Thou shall not do this thing, for thou speak falsely of Ishmael.