< ယေရမိ 4 >

1 အို ဣသရေလ အမျိုး၊ သင်သည် ပြန် လာလိုလျှင် ငါ့ ထံသို့ ပြန် လာပါ။ သင် ၏ရွံရှာဘွယ် တို့ကို ပယ် လိုလျှင် ငါ့ ထံမှ မ ရွှေ့ ရ။
If thou wilt return to me, O Israel, saith Jehovah, Thou shalt return [[to thy land]]; If thou wilt put away thy abominations from my sight, Thou shalt no more be a wanderer [[in a foreign land]].
2 သင်ကလည်း၊ ထာဝရဘုရား အသက် ရှင်တော်မူသည် ဟု သစ္စာ စောင့်ခြင်း၊ တရားစီရင် ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆို လိမ့်မည်။ လူ အမျိုးမျိုးတို့သည် လည်း၊ ထိုဘုရား သခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍ ၊ ထိုဘုရား သခင်ကို အမှီပြု လျက် ဝါကြွား ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
If thou wilt swear, As Jehovah liveth! In truth, in justice, and in righteousness, Then shall the nations bless themselves by thee, And in thee shall they glory.
3 ထာဝရဘုရား သည် ယုဒ ပြည်သူ ယေရုရှလင် မြို့ သားတို့အား မိန့် တော်မူသည်ကား ၊ သင် တို့၏ လယ် ကို ထွန်ကြလော့။ ဆူး ပင်တို့တွင် မျိုးစေ့ကို မ ကြဲ ကြနှင့်။
Thus saith Jehovah to the men of Judah and Jerusalem: Break up your fallow ground, And sow not among thorns!
4 အို ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့၊ ထာဝရဘုရား အဘို့ အလိုငှါအရေဖျား လှီး မင်္ဂလာကိုခံ၍ ၊ သင် တို့နှလုံး အရေဖျား ကို လှီး ဖယ်ကြလော့။ သို့မဟုတ် ၊ သင် တို့၏ အကျင့် မကောင်း သောကြောင့် ၊ ငါ အမျက် သည်မီး ကဲ့သို့ ထွက် ၍ ၊ အဘယ်သူ မျှမငြိမ်း နိုင် အောင် လောင် လိမ့်မည်။
Circumcise yourselves to Jehovah; Yea, circumcise your hearts, Ye men of Judah, and inhabitants of Jerusalem! Lest, for the evil of your doings, My fury break forth like fire, And burn so that none can quench it.
5 ယုဒ ပြည်၌ တံပိုး မှုတ် ကြလော့ဟု၊ ယေရုရှလင် မြို့ မှစ၍တပြည် လုံး ကြွေးကြော် ၍ သိတင်းကြား ကြလော့။ စည်းဝေး ၍ ခိုင်ခံ့ သောမြို့ များ အတွင်း သို့ ဝင် ကြကုန်အံ့ ဟုအရပ်ရပ်၌ အနှံ့အပြားကြွေးကြော် ကြလော့။
Declare ye in Judah, And proclaim in Jerusalem, and say, Blow ye the trumpet in the land; Cry ye aloud, and say, Gather yourselves together, And let us go into the fortified cities;
6 ဇိအုန် တောင်ပေါ်မှာ အလံ ကို ထူ ကြလော့။ လွတ်အောင် ပြေး ကြလော့။ ရပ် ၍ မ နေကြနှင့်။ အကြောင်း မူကား၊ ကြီးစွာ သော ပျက်စီး ခြင်း ဘေးဥပဒ် ကို မြောက် မျက်နှာမှ ငါ သည် ဆောင် ခဲ့မည်။
Set up a standard toward Zion, Flee, make no stand! For I am about to bring evil from the north, Even great destruction.
7 ခြင်္သေ့ သည် မိမိ နေရာခြုံ ထဲက ထွက် လာပြီ။ တိုင်း နိုင်ငံတို့ကို ဖျက်ဆီး သောသူသည် လမ်း၌လာ ဆဲ ရှိ၏။ သင် ၏ပြည် ကို လူဆိတ်ညံ ရာအရပ် ဖြစ်စေခြင်းငှါ ၊ သူသည် မိမိ နေရာ မှ ထွက် လာသည်ဖြစ်၍၊ သင် ၏ မြို့ တို့ သည် လူမ နေ နိုင်အောင် ပျက်စီး ခြင်းသို့ ရောက်ကြ လိမ့်မည်။
The lion goeth up from his thicket, The destroyer of nations is on his way; He goeth forth from his place to make thy land desolate; Thy cities shall be laid waste so as to be without an inhabitant.
8 ထို အကြောင်းကြောင့် လျှော်တေ အဝတ်ကို ဝတ် စည်းလျက်၊ ငိုကြွေး မြည်တမ်း ၍ အော်ဟစ်ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ ပြင်းစွာ သော အမျက် တော်သည် ငါ တို့မှ လွှဲ ရှောင်၍ မ သွားသေး။
For this cause gird on sackcloth, Lament and howl! For the fierce anger of Jehovah is not turned away from us.
9 ထိုအခါ ရှင်ဘုရင် နှင့် မှူးမတ် တို့သည် စိတ် ပျက် ကြလိမ့်မည်။ ယဇ် ပုရောဟိတ်တို့သည် မိန်းမော တွေဝေလျက် ၊ ပရောဖက် တို့သည် ထိတ်လန့် လျက်ရှိကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
In that day, saith Jehovah, Shall the heart of the king perish, And the heart of the princes; The priests shall be amazed, And the prophets confounded.
10 ၁၀ ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သန်လျက် သည် အသက် ကိုထိ သည်တိုင်အောင် ခွင်းသော်လည်း၊ သင် တို့သည် ငြိမ်သက် ခြင်းရှိ ကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့်၊ ဤ လူ များနှင့်တကွ ယေရုရှလင် မြို့သားတို့ကို အလွန်လှည့်စား တော်မူပြီတကားဟု လျှောက်ဆို ၏။
Then said I, Alas, O Lord Jehovah! Surely thou hast greatly deceived this people and Jerusalem; Thou hast said, “Ye shall have peace”; And the sword reacheth to the very life!
11 ၁၁ ထို ကာလ ၌ ဤ လူ များနှင့် ယေရုရှလင် မြို့သား တို့ကို ရည်မှတ်၍ ဆို ရမည်ကား၊ ပူ သောလေ သည် တော ၌ မြင့် သောအရပ်က ငါ ၏လူမျိုး သတို့သမီး ထံသို့လာလိမ့်မည်။ အမှော်လွင့် စေခြင်း၊ သန့်ရှင်း စေခြင်းငှါ လာ သောလေမဟုတ်။
At that time shall it be said to this people and to Jerusalem: A dry wind cometh from the hills of the desert, It cometh toward my people, Not to fan, nor to cleanse.
12 ၁၂ ထို လေထက် ပြင်း သော လေ သည် ငါ့ အလိုကို ပြည့်စုံစေခြင်းငှါ လာ လိမ့်မည်။ ယခု ပင် သူတို့ကို ငါ ကိုယ်တိုင်စစ်ကြော စီရင် မည်။
Yea, a wind stronger than this shall come; Now will I myself give sentence against them.
13 ၁၃ လာသောမင်းသည် မိုဃ်းတိမ် ကဲ့သို့ လာ လိမ့်မည်။ သူ ၏ရထား တို့သည် လေဘွေ ကဲ့သို့ ဖြစ်ကြ၏။ သူ၏မြင်း တို့သည် ရွှေလင်းတ ထက် သာ၍လျင်မြန် ကြ၏။ ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
Behold, he cometh up like clouds, And his chariots are like a whirlwind; His horses are swifter than eagles. Woe to us! for we are laid waste!
14 ၁၄ အို ယေရုရှလင် မြို့၊ သင်သည် ကယ်တင် ခြင်းသို့ ရောက်ခြင်းငှါ ၊ သင် ၏စိတ်နှလုံး ကို ဒုစရိုက် အပြစ်နှင့် ကင်းစင် စေလော့။ သင် ၏အဓမ္မ အကြံ အစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ ၌တည် နေရမည်နည်း။
Wash thy heart from wickedness, O Jerusalem, That thou mayst be saved! How long shall thy evil devices lodge within thee?
15 ၁၅ ဒန် ပြည်၌ အသံ ကို ကြား ရ၏။ ဧဖရိမ် တောင် ပေါ် မှာ ဒုက္ခ သိတင်းကို ဟစ်ကြော် ကြ၏။
For a voice proclaimeth tidings from Dan, And announceth calamity from mount Ephraim.
16 ၁၆ အပြည် ပြည်တို့၌ သိတင်းကြား ကြလော့။ ယေရုရှလင် မြို့ကို ရည်မှတ်၍ ကြွေးကြော် ကြလော့။ ကင်းစောင့် တို့သည် ဝေး သောပြည် က လာ ၍ ၊ ယုဒ မြို့ များ တစ်ဘက် ၌ ထူး ကြလိမ့်မည်။
Proclaim ye to the nations, Behold, publish ye to Jerusalem, “Watchmen are coming from a far country, And lift their voice against the cities of Judah.”
17 ၁၇ လယ် ကိုစောင့် သောသူများကဲ့သို့ ၊ ထိုသူတို့သည် ယုဒ ပြည်ကို ဝန်းရံ ကြ၏။ အကြောင်း မူကား၊ ထိုပြည် သည် ငါ့ ကို ပုန်ကန် ပြီ။
Like keepers of fields are they round about her Because she hath rebelled against me, saith Jehovah.
18 ၁၈ သင် လိုက်သောထုံးစံ နှင့် သင် ကျင့်သောအကျင့် တို့သည် သင့် အပေါ် မှာ ဤ အမှုကို သက်ရောက် စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါး စပ်သောစိတ်၊ နာကြည်း သောစိတ် ရှိရာ၏ဟု ထာဝရဘုရား မိန့် တော်မူ ၏။
Thy way and thy doings have brought this upon thee; This is the fruit of thy wickedness; It is bitter; it reacheth to thy heart.
19 ၁၉ ငါ့ အသည်း သည်နာ၏။ ငါ့ အသည်း သည်နာ၏။ ငါ့ နှလုံး အရေဖျား လည်းနာ ၏။ ငါ့ အထဲ ၌ ငါ့ နှလုံး ပူဆွေး ၏။ ငါသည် တိတ်ဆိတ် စွာ မနေနိုင်။ အကြောင်း မူကား၊ အိုငါ့ ဝိညာဉ် ၊ သင်သည် တံပိုး မှုတ်သံ နှင့် စစ်တိုက် သံ ကို ကြား ရ၏။
O my breast, my breast! I am pained in the walls of my heart; My heart trembleth within me; I cannot be silent; For thou hearest, O my soul, the sound of the trumpet, The alarm of war!
20 ၂၀ ပျက်စီး ပြီ၊ ပျက်စီး ပြီဟု အထပ်ထပ်ဟစ်ကြော်ရ၏။ တပြည် လုံး ပျက်စီး ပြီ။ ငါ ၏တဲ တို့သည် ခဏ ခြင်း တွင် ပျက်စီး ကြပြီ။ ငါ ၏ကုလားကာ တို့သည် ချက်ခြင်း ပျက်စီးကြပြီ။
There is a cry of destruction upon destruction; Yea, the whole land is laid waste; Suddenly are my tents destroyed, And my canopies in an instant.
21 ၂၁ ငါသည် အဘယ် မျှကာလပတ်လုံး အလံ ကို မြင် ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုး သံ ကို ကြား ရအံ့နည်း။
How long shall I see the standard, Hear the sound of the trumpet?
22 ၂၂ အကယ် စင်စစ်ငါ ၏လူ တို့သည် ထိုင်းမှိုင်း ၍ ငါ့ ကို မ သိ ကြ။ မိုက် သောသူငယ် ဖြစ်၍ ဉာဏ် မ ရှိကြ။ မကောင်း သော အမှုတို့၌ လိမ္မာ ကြ၏။ ကောင်း သောအမှု တို့ကို မ ပြု တတ်ကြ။
My people is foolish, They have no regard to me; Stupid children are they, And have no understanding; They are wise to do evil, But for doing good they have no knowledge.
23 ၂၃ ငါသည်မြေကြီး ကိုကြည့် ရှု၍ လွတ်လပ် လဟာ ဖြစ်၏။ မိုဃ်း ကောင်းကင်ကို လည်း ငါကြည့်ရှု၍ အလင်း မ ရှိ။
I look to the earth, and lo! emptiness and desolation; To the heavens, and there is no light.
24 ၂၄ တောင် တို့ကိုလည်း ငါကြည့် ရှု၍ ၊ သူတို့နှင့်တကွကုန်း ရှိသမျှ တို့သည် တုန်လှုပ် လျက်နေကြ၏။
I look to the mountains, and lo! they tremble, And all the hills shake.
25 ၂၅ ငါကြည့် ရှု၍ လူ မ ရှိ။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့သည် ပြေး ကြပြီ။
I look, and lo! there is not a man, And all the birds of heaven are fled.
26 ၂၆ ငါ ကြည့်ရှု ၍ ဝပြော သော ပြည်သည် တော ဖြစ် လေပြီ။ မြို့ များတို့သည် ပြိုပျက် လျက်ရှိကြ၏။ ထာဝရဘုရား ရှေ့ ၊ ပြင်းစွာသော အမျက် တော်ရှေ့ ၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။
I look, and lo! Carmel is a desert, And all its cities are thrown down, Before the presence of Jehovah, Before the heat of his anger.
27 ၂၇ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တပြည် လုံး ပျက်စီး ရာ ဖြစ် လိမ့်မည်။ ပျက်စီး ခြင်းကို ငါမ ဆီးတား ။
For thus saith Jehovah: The whole land shall be desolate, Yet will I not make a full end.
28 ၂၈ ထိုကြောင့် ၊ မြေကြီး သည် ညည်းတွား လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း နက် လိမ့်မည်။ ငါသည် ပြော ပြီးမှ နောင်တ မ ရှိ။ ကြံ ပြီးမှ အကြံ မ ပျက်ရ။
Therefore shall the earth mourn, And the heavens above be black, Because I have spoken, and I will not repent; I have purposed, and I will not recede from it.
29 ၂၉ မြင်းစီး သူရဲနှင့် လေး ကိုင်သူရဲတို့ ဟစ် သော အသံ ကြောင့် ၊ မြို့ သား အပေါင်း တို့သည် တောအုပ် သို့ ပြေး သွားကြ၏။ ကျောက် ပေါ် သို့ တက် ကြ၏။ မြို့ ရှိသမျှ တို့ ကို စွန့်ပစ် ၍ နေ သောသူတ ယောက်မျှ မ ရှိရ။
At the noise of the horsemen and bowmen every city fleeth; They go into thickets, And climb up upon the rocks; All the cities are forsaken, And not a man dwelleth in them.
30 ၃၀ သင်သည် ပျက်စီး ခြင်းသို့ ရောက် သောအခါ အဘယ်သို့ ပြု လိမ့်မည်နည်း။ နီ မောင်း သော အဝတ်ကို ဝတ် သော်၎င်း၊ ရွှေ တန်ဆာ ကို ဆင် သော်၎င်း၊ သင် ၏ မျက်နှာ စုတ်ပဲ့ သည်တိုင်အောင်ဆေး သုတ်သော်၎င်း၊ သင်၏တင့်တယ် ခြင်းကို အချည်းနှီး ပြ၏။ သင်၏ ရည်းစား တို့သည် သင့် ကို စွန့် ၍၊ သင် ၏အသက် ကို သတ်ခြင်းငှါရှာကြံ ကြ၏။
And thou, destined to perish, what wilt thou do? Though thou clothe thyself in scarlet, And deck thyself with ornaments of gold, And rend thine eyes with paint, In vain dost thou adorn thyself; Thy lovers despise thee; They seek thy life.
31 ၃၁ အကယ် စင်စစ် သားဘွား သော မိန်းမ ညည်းသံ ၊ သား ဦးဘွား သော မိန်းမ၏ ဝေဒနာခံရာ အသံ ကဲ့သို့ ၊ ဇိအုန် သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ် သည် အမင်္ဂလာ ရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက် ပါ၏ဟု မိမိ လက် ဝါးကို ဖြန့် ၍ ငိုကြွေး လျက်နေ၏။
I hear a cry, as of a woman in travail, Anguish, as of her that bringeth forth her first child. The voice of the daughter of Zion. She sobbeth, she spreadeth out her hands, “Ah! woe is me! I am dying by murderers!”

< ယေရမိ 4 >