< ယေရမိ 39 >
1 ၁ ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီးနန်းစံကိုးနှစ် ဒသမ လ တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့် တကွလာ ၍ ယေရုရှလင် မြို့ကို ဝိုင်း ထားကြ၏။
၁ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ လာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။
2 ၂ ဇေဒကိ မင်းကြီးနန်းစံဆယ် တ နှစ် ၊ စတုတ္ထ လ ကိုး ရက်နေ့၌ မြို့ ကို ဖြို ဖေါက်၍ ၊
၂ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊
3 ၃ ရွှေထားဝန်နေရဂါလရှရေဇာ ၊ မိန်းမစိုး အုပ်စာသခိမ် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ တည်းဟူသောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အစ ရှိသော မှူးတော် မတ်တော်အပေါင်း တို့သည် မြို့ထဲသို့ဝင်၍၊ အလယ် ချက် တံခါးဝ ၌ ထိုင် ကြ၏။
၃ရွှေထားဝန်နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ်စာ သခိမ်၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အစရှိသော မှူးတော် မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ထိုင်ကြ၏။
4 ၄ ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနှင့် စစ်သူရဲ အပေါင်း တို့သည် ထိုလူ များကို မြင် လျှင် ၊ ညဉ့် အခါပြေး ၍ ဥယျာဉ် တော်လမ်း ကို လိုက်လျက်၊ မြို့ရိုး နှစ်ထပ်စပ်ကြား တံခါး ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွား ကြ၏။
၄ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သည် ထိုလူများကို မြင်လျှင်၊ ညဉ့်အခါပြေး၍ ဥယျာဉ် တော်လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
5 ၅ ခါလဒဲ စစ်သူရဲ တို့သည် လိုက် လျက် ၊ ယေရိခေါ လွင်ပြင် ၌ ဇေဒကိ မင်းကိုမှီ ၍ ဘမ်းဆီး ပြီးမှ ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှု ကို စစ်ကြော စီရင်၍ ၊
၅ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါ လွင်ပြင်၌ဇေဒကိ မင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှုကို စစ်ကြောစီရင်၍၊
6 ၆ ရိဗလ မြို့မှာ ဇေဒကိ သား တို့ကို အဘ မျက်မှောက် ၌ သတ် လေ၏။ ယုဒ မှူးမတ် အပေါင်း ကိုလည်း သတ် လေ၏။
၆ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘ မျက် မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။
7 ၇ ဇေဒကိ မျက်စိ ကိုလည်း ဖောက် ပြီးမှ ၊ သူ့ ကိုကြေးဝါ ကြိုးနှင့် ချည်နှောင် လေ၏။
၇ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ၏။
8 ၈ ခါလဒဲ လူတို့သည်လည်း ၊ နန်းတော် နှင့် ဆင်းရဲသား အိမ် တို့ကို မီးရှို့ ၍ ၊ မြို့ရိုး ကို ဖြိုဖျက် ကြ၏။
၈ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲ သားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။
9 ၉ ထို အခါ ကိုယ်ရံ တော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန် ကြွင်းသောသူ ၊ ခါလဒဲ လူဘက် သို့ ကူး သွား နှင့်သော သူ၊ ကျန် ကြွင်းသမျှသောသူ တို့ ကိုဗာဗုလုန် မြို့သို့ သိမ်း သွားလေ၏။
၉ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။
10 ၁၀ သို့ရာတွင် ၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒ ပြည် ၌ ထား ခဲ့၍ ၊ စပျစ် ဥယျာဉ်နှင့် လယ်ယာ တို့ကိုပေး လေ၏။
၁၀သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။
11 ၁၁ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရမိ အမှု၌၊ ကိုယ်ရံတော် မှူးနေဗုဇာရဒန် ကို မှာ ထားနှင့် သည်ကား၊
၁၁ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား၊
12 ၁၂ ယေရမိ ကိုယူ ၍ ကောင်းမွန်စွာ ကြည့်ရှု လော့။ မ ညှဉ်းဆဲ နှင့်။ သူပြော သည်အတိုင်း သူ့ ကိုပြု လော့ဟု မှာ ထားတော်မူသည်နှင့်အညီ၊
၁၂ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊
13 ၁၃ ကိုယ်ရံတော် မှူးနေဗုဇာရဒန် ၊ မိန်းမစိုး အုပ် နေဗုရှာဇဗန် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ အစရှိ သောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အပေါင်း တို့သည် လူကိုစေလွှတ် ၍ ၊
၁၃ကိုယ်ရံတော်မှူးနေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ်နေရဂါလရှဓရဇာအစ ရှိသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊
14 ၁၄ ယေရမိ ကိုထောင် ဝင်း ထဲက နှုတ်ယူ ပြီး လျှင်၊ သူ၏နေရာ သို့ ပို့ဆောင် စေခြင်းငှါ ၊ ရှာဖန် သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ၌ အပ် ကြ၏။ သို့ ဖြစ်၍၊ ယေရမိ သည် ပြည်သား များနှင့် အတူနေ ရလေ၏။
၁၄ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ၏။
15 ၁၅ ယေရမိ သည်ထောင် ဝင်း ထဲမှာ အချုပ် ခံရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် ၍၊
၁၅ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
16 ၁၆ သင်သည် ကုရှ အမျိုးသားဧဗဒမေလက် ကို ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ဤ မြို့ ၏အကျိုး ကိုမပြုစု၊ ဖျက်ဆီးခြင်းငှါငါ့စကားကို ငါတည်စေမည်။ ကာလ အချိန်ရောက်လျှင်၊ သင့် ရှေ့ ၌ ငါ့ စကား ပြည့်စုံ လိမ့်မည်။
၁၆သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ဤမြို့၏အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကားပြည့်စုံလိမ့်မည်။
17 ၁၇ သို့ သော်လည်း၊ ထို ကာလ ၌ သင့် ကို ငါကယ်နှုတ် မည်။ သင်ကြောက် သော သူ တို့ လက် သို့ သင်မ ရောက် ရ။
၁၇သို့သော်လည်း၊ ထိုကာလ၌သင့်ကို ငါကယ်နှုတ် မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။
18 ၁၈ ငါသည် သင့် ကို စင်စစ် ကယ်နှုတ် မည်။ သင်သည် ထား ဖြင့် မ ဆုံး ရ။ လက် ရဥစ္စာကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ ကို ကိုးစား သောကြောင့် တည်းဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၈ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ထားဖြင့် မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။