< ယေရမိ 39 >

1 ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီးနန်းစံကိုးနှစ် ဒသမ လ တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့် တကွလာ ၍ ယေရုရှလင် မြို့ကို ဝိုင်း ထားကြ၏။
In the ninth yeere of Zedekiah King of Iudah in the tenth moneth, came Nebuchad-nezzar King of Babel and all his hoste against Ierusalem, and they besieged it.
2 ဇေဒကိ မင်းကြီးနန်းစံဆယ် တ နှစ် ၊ စတုတ္ထ လ ကိုး ရက်နေ့၌ မြို့ ကို ဖြို ဖေါက်၍ ၊
And in the eleuenth yeere of Zedekiah in the fourth moneth, the ninth day of the moneth, the citie was broken vp.
3 ရွှေထားဝန်နေရဂါလရှရေဇာ ၊ မိန်းမစိုး အုပ်စာသခိမ် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ တည်းဟူသောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အစ ရှိသော မှူးတော် မတ်တော်အပေါင်း တို့သည် မြို့ထဲသို့ဝင်၍၊ အလယ် ချက် တံခါးဝ ၌ ထိုင် ကြ၏။
And all the princes of the King of Babel came in, and sate in the middle gate, euen Neregal, Sharezer, Samgar-nebo, Sarsechim, Rab-saris, Neregal, Sharezer, Rab-mag with all the residue of the princes of the King of Babel.
4 ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနှင့် စစ်သူရဲ အပေါင်း တို့သည် ထိုလူ များကို မြင် လျှင် ၊ ညဉ့် အခါပြေး ၍ ဥယျာဉ် တော်လမ်း ကို လိုက်လျက်၊ မြို့ရိုး နှစ်ထပ်စပ်ကြား တံခါး ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွား ကြ၏။
And when Zedekiah the King of Iudah saw them, and all the men of warre, then they fled, and went out of the citie by night, through the Kings garden, and by the gate betweene the two walles, and he went toward the wildernes.
5 ခါလဒဲ စစ်သူရဲ တို့သည် လိုက် လျက် ၊ ယေရိခေါ လွင်ပြင် ၌ ဇေဒကိ မင်းကိုမှီ ၍ ဘမ်းဆီး ပြီးမှ ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှု ကို စစ်ကြော စီရင်၍ ၊
But the Caldeans hoste pursued after them, and ouertooke Zedekiah in the desart of Iericho: and when they had taken him, they brought him to Nebuchad-nezzar King of Babel vnto Riblah in the land of Hamath, where he gaue iudgement vpon him.
6 ရိဗလ မြို့မှာ ဇေဒကိ သား တို့ကို အဘ မျက်မှောက် ၌ သတ် လေ၏။ ယုဒ မှူးမတ် အပေါင်း ကိုလည်း သတ် လေ၏။
Then the King of Babel slewe the sonnes of Zedekiah in Riblah before his eyes: also the King of Babel slewe all the nobles of Iudah.
7 ဇေဒကိ မျက်စိ ကိုလည်း ဖောက် ပြီးမှ ၊ သူ့ ကိုကြေးဝါ ကြိုးနှင့် ချည်နှောင် လေ၏။
Moreouer he put out Zedekiahs eyes, and bound him in chaines, to cary him to Babel.
8 ခါလဒဲ လူတို့သည်လည်း ၊ နန်းတော် နှင့် ဆင်းရဲသား အိမ် တို့ကို မီးရှို့ ၍ ၊ မြို့ရိုး ကို ဖြိုဖျက် ကြ၏။
And the Caldeans burnt the Kings house, and the houses of the people with fire, and brake downe the walles of Ierusalem.
9 ထို အခါ ကိုယ်ရံ တော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန် ကြွင်းသောသူ ၊ ခါလဒဲ လူဘက် သို့ ကူး သွား နှင့်သော သူ၊ ကျန် ကြွင်းသမျှသောသူ တို့ ကိုဗာဗုလုန် မြို့သို့ သိမ်း သွားလေ၏။
Then Nebuzar-adan the chiefe stewarde caried away captiue into Babel the remnant of the people, that remained in the citie, and those that were fled and fallen vnto him, with the rest of the people that remained.
10 ၁၀ သို့ရာတွင် ၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒ ပြည် ၌ ထား ခဲ့၍ ၊ စပျစ် ဥယျာဉ်နှင့် လယ်ယာ တို့ကိုပေး လေ၏။
But Nebuzar-adan the chiefe steward left the poore that had nothing in the land of Iudah, and gaue them vineyards and fieldes at the same time.
11 ၁၁ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရမိ အမှု၌၊ ကိုယ်ရံတော် မှူးနေဗုဇာရဒန် ကို မှာ ထားနှင့် သည်ကား၊
Nowe Nebuchad-nezzar King of Babel gaue charge concerning Ieremiah vnto Nebuzar-adan the chiefe stewarde, saying,
12 ၁၂ ယေရမိ ကိုယူ ၍ ကောင်းမွန်စွာ ကြည့်ရှု လော့။ မ ညှဉ်းဆဲ နှင့်။ သူပြော သည်အတိုင်း သူ့ ကိုပြု လော့ဟု မှာ ထားတော်မူသည်နှင့်အညီ၊
Take him, and looke well to him, and doe him no harme, but doe vnto him euen as he shall say vnto thee.
13 ၁၃ ကိုယ်ရံတော် မှူးနေဗုဇာရဒန် ၊ မိန်းမစိုး အုပ် နေဗုရှာဇဗန် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ အစရှိ သောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အပေါင်း တို့သည် လူကိုစေလွှတ် ၍ ၊
So Nebuzar-adan the chiefe steward sent, and Nebushazban, Rabsaris, and Neregal, Sharezar, Rab-mag, and all the King of Babels princes:
14 ၁၄ ယေရမိ ကိုထောင် ဝင်း ထဲက နှုတ်ယူ ပြီး လျှင်၊ သူ၏နေရာ သို့ ပို့ဆောင် စေခြင်းငှါ ၊ ရှာဖန် သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ၌ အပ် ကြ၏။ သို့ ဖြစ်၍၊ ယေရမိ သည် ပြည်သား များနှင့် အတူနေ ရလေ၏။
Euen they sent, and tooke Ieremiah out of the court of the prison, and committed him vnto Gedaliah the sonne of Ahikam the sonne of Shaphan, that he should cary him home: so he dwelt among the people.
15 ၁၅ ယေရမိ သည်ထောင် ဝင်း ထဲမှာ အချုပ် ခံရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် ၍၊
Now the worde of the Lord came vnto Ieremiah, while he was shut vp in the court of the prison, saying,
16 ၁၆ သင်သည် ကုရှ အမျိုးသားဧဗဒမေလက် ကို ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ဤ မြို့ ၏အကျိုး ကိုမပြုစု၊ ဖျက်ဆီးခြင်းငှါငါ့စကားကို ငါတည်စေမည်။ ကာလ အချိန်ရောက်လျှင်၊ သင့် ရှေ့ ၌ ငါ့ စကား ပြည့်စုံ လိမ့်မည်။
Go and speake to Ebed-melech the blacke More, saying, Thus saith the Lord of hostes the God of Israel, Beholde, I wil bring my wordes vpon this citie for euill, and not for good, and they shalbe accomplished in that day before thee.
17 ၁၇ သို့ သော်လည်း၊ ထို ကာလ ၌ သင့် ကို ငါကယ်နှုတ် မည်။ သင်ကြောက် သော သူ တို့ လက် သို့ သင်မ ရောက် ရ။
But I wil deliuer thee in that day, saith the Lord, and thou shalt not be giuen into the hand of the men whome thou fearest.
18 ၁၈ ငါသည် သင့် ကို စင်စစ် ကယ်နှုတ် မည်။ သင်သည် ထား ဖြင့် မ ဆုံး ရ။ လက် ရဥစ္စာကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ ကို ကိုးစား သောကြောင့် တည်းဟု ထာဝရဘုရား မိန့် တော်မူ၏။
For I will surely deliuer thee, and thou shalt not fall by the sworde, but thy life shall be for a praye vnto thee, because thou hast put thy trust in me, sayth the Lord.

< ယေရမိ 39 >