< ယေရမိ 38 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား ၊
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့ ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့်သေလိမ့်မည်။
2 ဤ မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့်သေ လိမ့်မည်။ခါလဒဲ လူတို့ဘက်သို့ ထွက်သွား သောသူသည် အသက် ချမ်းသာ၍ ၊ လက်ရဥစ္စာ ကဲ့သို့ ကိုယ် အသက် ကိုရ လိမ့်မည်ဟူ၍၎င်း၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် ၏ဗိုလ်ခြေ လက် သို့ ဆက်ဆက်အပ် ၍၊ သူသည်သိမ်းယူ လိမ့်မည်ဟူ၍၎င်း၊ ထာဝရဘုရား မိန့် တော်မူ၏ဟု၊
ခါလဒဲလူတို့ ဘက်သို့ ထွက်သွားသော သူသည် အသက်ချမ်းသာ၍၊ လက်ရ ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်ဟူ၍၎င်း၊ ဤမြို့ ကို ဗာဗုလုန်ရှင် ဘုရင်၏ဗိုလ်ခြေလက်သို့ ဆက်ဆက် အပ်၍၊ သူသည် သိမ်းယူလိမ့်မည်ဟူ၍၎င်း၊
3 ယေရမိ သည် လူ အပေါင်း တို့အား ဟောပြော တတ်သော စကား များကို မဿန် သား ရှေဖတိ ၊ ပါရှုရ သား ဂေဒလိ ၊ ရှေလမိ သား ယေဟုကလ ၊ မာလခိ သား ပါရှုရ တို့သည်ကြား သောအခါ၊
ထာဝရဘုရား မိန့်တော်မူ၏ဟု၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သော စကားများကို မဿန်သားရှေဖတိ၊ ပါရှုရသားဂေဒလိ၊ ရှေလမိသားယေဟုကလ၊ မာလ ခိသားပါရှုရတို့သည်ကြားသောအခါ၊
4 ထိုမှူး မတ်တို့သည် ရှင်ဘုရင် ထံသို့ ဝင်၍၊ ဤ သူ သည် ဤ သို့သော စကား ကို ပြော သဖြင့် ၊ မြို့ ထဲမှာ ကျန် ကြွင်းသေးသောစစ်သူရဲ အစ ရှိသော လူ အပေါင်း တို့၏ လက် ကိုအားလျော့ စေတတ်ပါ၏။ သူ သည် ဤ လူမျိုး ၏ အကျိုး ကို မ ပြုစု တတ်၊ ဖျက်ဆီး တတ်ပါ၏။ ထိုကြောင့် ၊ သူ့ကိုကွပ်မျက် ပါမည်အကြောင်းအခွင့်တောင်းပန်ပါ၏ ဟု လျှောက် လျှင်၊
ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူ သည် ဤသို့သော စကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသောစစ်သူရဲ အစရှိသော လူအပေါင်း တို့၏ လက်ကိုအားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး ၏ အကျိုးကိုမပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ ဟု လျှောက်လျှင်၊
5 ဇေဒကိ မင်းကြီး က၊ သူ သည် သင် တို့လက် ၌ ရှိ၏။ ရှင် ဘုရင်သည် သင်တို့အလို ကို မ ဆီးတား နိုင်ဟု မိန့် တော်မူ၏။
ဇေဒကိမင်းကြီးက၊ သူသည် သင်တို့လက်၌ ရှိ၏။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ၏။
6 ထိုအခါ ယေရမိ ကို ယူ ၍၊ ထောင် ဝင်း ထဲမှာ ရှိသော သား တော် မာလခိ ၏မြေတွင်း ၌ ကြိုး နှင့် လျှော့ချ ကြ၏။ ထိုမြေတွင်း ၌ ရေ မရှိ ၊ ရွှံ့ သာ ရှိ၍ ၊ ယေရမိ သည်ရွှံ့ ၌ ကျွံ လျက်နေ၏။
ထိုအခါ ယေရမိကို ယူ၍၊ ထောင်ဝင်းထဲမှာ ရှိသောသားတော် မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော့ချ ကြ၏။ ထိုမြေတွင်း၌ရေမရှိ၊ ရွံ့သာရှိ၍၊ ယေရမိသည် ရွံ့၌ ကျွံလျက်နေ၏။
7 ထိုသို့ယေရမိ ကို မြေတွင်း ၌ ချ ထားကြောင်း ကို နန်းတော် အရာရှိ ဖြစ်သောသူ၊ ကုရှ အမျိုးသားဧဗဒမေလက် သည် ကြား သိသောအခါ၊ ရှင်ဘုရင် သည် ဗင်္ယာမိန် တံခါးဝ ၌ ထိုင် နေတော်မူစဉ်တွင်၊
ထိုသို့ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒ မေလက်သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊
8 ထိုသူ သည် နန်းတော် ထဲက ထွက် ၍ အထံ တော်သို့ သွားပြီးလျှင်၊
ထိုသူသည် နန်းတော်ထဲကထွက်၍ အထံတော်သို့ သွားပြီးလျှင်၊
9 အကျွန်ုပ် သခင် အရှင်မင်းကြီး ၊ ထို သူ တို့သည် ပရောဖက် ယေရမိ ကို ပြု လေသမျှ တို့၌ မှား ကြပါပြီ။ မြေတွင်း ၌ ချ ထားကြပါပြီ။ မြို့ ၌ မုန့် ကုန် သောကြောင့် ၊ ထိုတွင်း ၌ ငတ်မွတ် ၍ သေ ပါလိမ့်မည်ဟုလျှောက် သော်၊
အကျွန်ုပ်သခင်အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက် ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ချထားကြပါပြီ။ မြို့၌မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ငတ်မွတ်၍ သေပါလိမ့်မည်ဟုလျှောက်သော်၊
10 ၁၀ ရှင် ဘုရင်က၊ ပရောဖက် ယေရမိ မ သေ မှီ ဤ အရပ်မှ လူ သုံးဆယ် ကို ခေါ် သွား၍၊ မြေတွင်း ထဲက နှုတ်ယူ လော့ဟု၊ ကုရှ အမျိုးသားဧဗဒမေလက် ကို အမိန့် တော်ရှိ၏။
၁၀ရှင်ဘုရင်က၊ ပရောဖက်ယေရမိ မသေမှီ ဤ အရပ်မှ လူသုံးဆယ်ကို ခေါ်သွား၍၊ မြေတွင်းထဲက နှုတ်ယူလော့ဟု၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့် တော်ရှိ၏။
11 ၁၁ ဧဗဒမေလက် သည်လည်း လူ တို့ကို ခေါ် ၍ နန်းတော် အတွင်း ဘဏ္ဍာတိုက် အောက် သို့ ဝင် ပြီးလျှင် ၊ ဟောင်းနွမ်း သော အဝတ် စုတ်များကို ယူ ပြီးမှ၊ ယေရမိ ရှိရာ မြေတွင်း ၌ ကြိုး နှင့် လျှော့ချ လေ၏။
၁၁ဧဗဒမေလက်သည်လည်း လူတို့ကို ခေါ်၍ နန်းတော်အတွင်း ဘဏ္ဍာတိုက်အောက်သို့ဝင်ပြီးလျှင်၊ ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ၊ ယေရမိ ရှိရာ မြေတွင်း၌ ကြိုးနှင့်လျှော့ချလေ၏။
12 ၁၂ ထိုအခါ ကုရှ အမျိုးသားဧဗဒမေလက် က၊ ဟောင်းနွမ်း သော ဤအဝတ် စုတ်တို့နှင့်သင် ၏ လက် က တီးကြား၌ကြိုး ကိုခုခံပါလော့ဟုဆိုသည်အတိုင်း ယေရမိ ပြု လေ၏။
၁၂ထိုအခါကုရှ အမျိုးသားဧဗဒမေလက်က၊ ဟောင်းနွမ်းသော ဤအဝတ်စုတ်တို့နှင့်သင်၏ လက်က တီးကြား၌ကြိုးကိုခုခံပါလော့ဟုဆိုသည်အတိုင်း ယေရမိ ပြုလေ၏။
13 ၁၃ ထိုသို့ ယေရမိ ကိုမြေတွင်း ထဲက ကြိုး နှင့် ဆွဲတင် ကြ၏။ ထို နောက်ယေရမိ သည် ထောင် ဝင်း ထဲမှာ နေ လေ ၏။
၁၃ထိုသို့ယေရမိကိုမြေတွင်းထဲကကြိုးနှင့် ဆွဲတင် ကြ၏။ ထိုနောက် ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ ၏။
14 ၁၄ တဖန် ဇေဒကိ မင်းကြီး သည် လူကို စေလွှတ် ၍ ၊ ဗိမာန် တော်၌ တတိယ အတွင်း ခန်းထဲသို့ ယေရမိ ကို ခေါ် ပြီးလျှင်၊ သင် ၌ တစုံတခု ကို ငါ မေးမြန်း မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်နှင့်ဟုဆို သော်၊
၁၄တဖန်ဇေဒကိမင်းကြီးသည် လူကို စေလွှတ်၍၊ ဗိမာန်တော်၌ တတိယအတွင်းခန်းထဲသို့ ယေရမိကို ခေါ်ပြီးလျှင်၊ သင်၌ တစုံတခုကို ငါမေးမြန်းမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟုဆိုသော်၊
15 ၁၅ ယေရမိ က၊ အကျွန်ုပ်လျှောက် လျှင် ၊ အကျွန်ုပ် ကို မ သတ် ဘဲအမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံ ပေးလျှင် ၊ အကျွန်ုပ် စကားကို နားထောင် တော်မူမည် လောဟု ဇေဒကိ ကို မေး လျှောက်လေ၏။
၁၅ယေရမိက၊ အကျွန်ုပ်လျှောက်လျှင်၊ အကျွန်ုပ်ကို မသတ်ဘဲအမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံပေးလျှင်၊ အကျွန်ုပ်စကားကို နားထောင်တော်မူ မည်လောဟု ဇေဒကိကို မေးလျှောက်လေ၏။
16 ၁၆ ဇေဒကိ မင်းကြီး ကလည်း၊ ငါ တို့ကို အသက် ရှင်သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်း သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် ကိုငါမ သတ် ။ သင့် အသက် ကိုရှာ သော ထို လူ တို့လက် သို့ သင့် ကိုငါ မ အပ် ဟု ယေရမိ အား တိတ်ဆိတ် စွာ ကျိန်ဆို လေ၏။
၁၆ဇေဒကိမင်းကြီးကလည်း၊ ငါတို့ကို အသက်ရှင် သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်းသော ထာဝရ ဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်ကိုငါမသတ်။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါ မအပ်ဟု ယေရမိအားတိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။
17 ၁၇ ယေရမိ ကလည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ်တော်သည်ဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် တို့ထံ သို့အမှန်ထွက်သွား လျှင် အသက် ချမ်းသာ ရတော်မူမည်။ ဤ မြို့ သည်လည်း မီးရှို့ ခြင်းနှင့်လွတ် လိမ့်မည်။ ကိုယ်တော် နှင့်တကွဆွေ တော် မျိုးတော်တို့သည် အသက် ချမ်းသာရကြလိမ့်မည်။
၁၇ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်တော် သည်ဗာဗုလုန် ရှင် ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ ခြင်းနှင့်လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။
18 ၁၈ သို့မဟုတ် ၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် ၏ မှူးမတ် တို့ထံသို့ မ ထွက် မသွားလျှင် ၊ ဤ မြို့ ကို ခါလဒဲ လူတို့လက် သို့ အပ် ၍ ၊ သူတို့သည် မီးရှို့ ကြလိမ့်မည်။ ကိုယ်တော် သည်လည်း ၊ သူ တို့လက် နှင့် မ လွတ် ရဟု ဇေဒကိ ကို လျှောက်ဆို ၏။
၁၈သို့မဟုတ်၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲ လူတို့လက်သို့အပ်၍၊ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း၊ သူတို့လက်နှင့်မလွတ်ရဟု ဇေဒကိကို လျှောက်ဆို၏။
19 ၁၉ ဇေဒကိ မင်းကြီး ကလည်း ၊ ခါလဒဲ လူတို့ဘက်သို့ ကူး သွားသော ယုဒ လူတို့ကို ငါ ကြောက် ၏။ ငါ့ ကိုသူ တို့ လက် သို့ အပ် ၍ ၊ ငါ သည် ကဲ့ရဲ့ ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆို လျှင် ၊
၁၉ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကိုသူတို့ လက်သို့အပ်၍၊ ငါသည်ကဲ့ရဲ့ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆိုလျှင်၊
20 ၂၀ ယေရမိ က၊ ကိုယ်တော်ကိုမအပ်ရ။ အကျွန်ုပ် ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာ ရ၍ အသက် ရှင်တော်မူ မည်။
၂၀ယေရမိက၊ ကိုယ်တော်ကိုမအပ်ရ။ အကျွန်ုပ် ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင် တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော် မူမည်။
21 ၂၁ သို့မဟုတ် ၊ ကိုယ်တော် က၊ ငါမထွက်မသွားဟု ငြင်း လျှင် ၊ အကျွန်ုပ် အား ထာဝရဘုရား ပြ တော်မူသော အရာ ဟူမူကား၊
၂၁သို့မဟုတ်၊ ကိုယ်တော်က၊ ငါမထွက်မသွားဟု ငြင်းလျှင်၊ အကျွန်ုပ်အား ထာဝရဘုရား ပြတော်မူသော အရာဟူမူကား၊
22 ၂၂ နန်းတော် ၌ ကျန် ကြွင်းသမျှ သော မိန်းမ တို့ကို ဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် တို့ထံသို့ ထုတ် ဆောင်ကြ လိမ့်မည်။ ထိုမိန်းမ တို့ကလည်း ၊ ကိုယ်တော် ၏အဆွေ ခင်ပွန်းတို့သည် သွေးဆောင် ၍ နိုင် ကြပြီ။ ခြေ တော်သည် ရွှံ့ ၌ ကျွံ ၍၊ သူတို့သည် ဆုတ် သွားကြပြီဟု ကိုယ်တော်အား ဆို ကြလိမ့်မည်။
၂၂နန်းတော်၌ ကျန်ကြွင်းသမျှသော မိန်းမတို့ကို ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့် မည်။ ထိုမိန်းမတို့ကလည်း၊ ကိုယ်တော်၏အဆွေခင်ပွန်း တို့သည် သွေးဆောင်၍ နိုင်ကြပြီ။ ခြေတော်သည် ရွှံ့၌ ကျွံ၍၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည်။
23 ၂၃ ထိုသို့ ကိုယ်တော် ၏ မယား နှင့် သားသမီး ရှိသမျှ တို့ ကို ခါလဒဲ လူတို့ထံသို့ ထုတ် ဆောင်ကြလိမ့်မည်။ ကိုယ်တော် လည်း သူ တို့လက် နှင့် မ လွတ် ဘဲ၊ ဗာဗုလုန် ရှင်ဘုရင် လက် သို့ရောက် ၍ ၊ ဤ မြို့ ကို မီးရှို့ စေတော်မူမည်ဟု လျှောက် ၏။
၂၃ထိုသို့ကိုယ်တော်၏ မယားနှင့်သားသမီး ရှိသမျှ တို့ကို ခါလဒဲလူတို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ကိုယ်တော်လည်း သူတို့လက်နှင့်မလွတ်ဘဲ၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်၍၊ ဤမြို့ကို မီးရှို့စေတော်မူမည်ဟု လျှောက် ၏။
24 ၂၄ ဇေဒကိ ကလည်း ၊ ဤ စကား ကို အဘယ်သူ မျှမ ကြား မသိစေနှင့်။ သို့ပြုလျှင် ၊ သင်သည်မ သေ ရ။
၂၄ဇေဒကိကလည်း၊ ဤစကားကို အဘယ်သူမျှ မကြားမသိစေနှင့်။ သို့ပြုလျှင်၊ သင်သည်မသေရ။
25 ၂၅ ငါသည် သင် နှင့် စကား ပြောကြောင်း ကို မှူးမတ် တို့သည် ကြား ၍ သင် ရှိရာသို့ လာ လျက် ၊ သင်သည် ရှင်ဘုရင် အား အဘယ်သို့ လျှောက် သည်ကို၎င်း ၊ ရှင်ဘုရင် သည် သင့် အား အဘယ် သို့မိန့် တော်မူသည်ကို၎င်း ၊ ငါ တို့အား ကြား ပြောပါလော့။ မ ထိမ် မဝှက်ပါနှင့် ဟုဆို လျှင် ၊
၂၅ငါသည် သင်နှင့်စကားပြောကြောင်းကို မှူးမတ် တို့သည် ကြား၍ သင်ရှိရာသို့လာလျက်၊ သင်သည် ရှင်ဘုရင်အား အဘယ်သို့လျှောက်သည်ကို ၎င်း၊ ရှင်ဘုရင်သည် သင့်အားအဘယ်သို့ မိန့်တော်မူသည်ကို ၎င်း၊ ငါတို့အား ကြားပြောပါလော့။ မထိမ်မဝှက်ပါနှင့် ဟုဆိုလျှင်၊
26 ၂၆ သင်ကလည်း ၊ ငါ့ကိုသေ စေခြင်းငှါ ၊ ယောနသန် အိမ် သို့ ပြန် စေတော် မ မူမည်အကြောင်း၊ ရှင်ဘုရင် ထံ၌ ငါ အသနား တော်ခံပြီဟု သူ တို့အား ပြန်ပြော လော့ဟု၊ ယေရမိ အား မိန့် တော်မူ၏။
၂၆သင်ကလည်း၊ငါ့ကိုသေစေခြင်းငှါ၊ ယောနသန် အိမ်သို့ ပြန်စေ တော်မမူမည်အကြောင်း၊ ရှင်ဘုရင်ထံ၌ ငါအသနားတော်ခံပြီဟု သူတို့အား ပြန်ပြောလော့ဟု၊ ယေရမိအား မိန့်တော်မူ၏။
27 ၂၇ ထိုအခါ မှူး မတ်အပေါင်း တို့သည် ယေရမိ ရှိရာသို့ လာ ၍ မေး စစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင် မှာ ထား သမျှ အတိုင်း ပြန်ပြော ပြီးမှ ၊ သူတို့သည် မ မေးမစစ်ဘဲ နေကြ၏။ ထို အမှု ကိုအဘယ်သူမျှ မ ရိပ်မိ ကြ။
၂၇ထိုအခါမှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ၍ မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထား သမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲ နေကြ၏။ ထိုအမှုကိုအဘယ်သူမျှ မရိပ်မိကြ။
28 ၂၈ ယေရုရှလင် မြို့ကို တိုက် ၍ရသော နေ့ တိုင်အောင် ၊ ယေရမိ သည်ထောင် ဝင်း ထဲမှာ နေ ရ၏။ ယေရုရှလင် မြို့သည် ရန်သူလက်သို့ ရောက် သောအခါ၊ ထောင်ဝင်းထဲမှာရှိ သေး၏။
၂၈ယေရုရှလင်မြို့ကို တိုက်၍ရသော နေ့တိုင် အောင်၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ၏။ ယေရု ရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ၊ ထောင်ဝင်းထဲမှာရှိသေး၏။

< ယေရမိ 38 >