< ယေရမိ 38 >
1 ၁ ထာဝရဘုရား မိန့် တော်မူသည်ကား ၊
၁မဿန်၏သားရှေဖတိ၊ ပါရှုရ၏သားဂေဒလိ၊ ရှေလမိ၏သားယေဟုကလ၊ မာလခိ၏သား ပါရှုရတို့သည်ပြည်သူတို့အားငါပြောဆို လျက်နေသောစကားများကိုကြားကြ၏။-
2 ၂ ဤ မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့နှင့်သေ လိမ့်မည်။ခါလဒဲ လူတို့ဘက်သို့ ထွက်သွား သောသူသည် အသက် ချမ်းသာ၍ ၊ လက်ရဥစ္စာ ကဲ့သို့ ကိုယ် အသက် ကိုရ လိမ့်မည်ဟူ၍၎င်း၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် ၏ဗိုလ်ခြေ လက် သို့ ဆက်ဆက်အပ် ၍၊ သူသည်သိမ်းယူ လိမ့်မည်ဟူ၍၎င်း၊ ထာဝရဘုရား မိန့် တော်မူ၏ဟု၊
၂ငါသည်လူတို့အားထာဝရဘုရား၏အမိန့် တော်ကိုပြောကြားသည်မှာ``ဤမြို့တွင်ဆက် လက်နေထိုင်သူတို့သည်စစ်ဘေး၊ ငတ်မွတ်ခေါင်း ပါးခြင်းဘေး၊ အနာရောဂါဘေးတို့နှင့်သေရ ကြလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ထံသွား ၍လက်နက်ချသူတို့သည်သေရကြလိမ့်မည် မဟုတ်။ သူတို့သည်ယုတ်စွအဆုံးအသက် ဘေးမှချမ်းသာရာရလျက်ကျန်ရှိကြလိမ့် မည်။-
3 ၃ ယေရမိ သည် လူ အပေါင်း တို့အား ဟောပြော တတ်သော စကား များကို မဿန် သား ရှေဖတိ ၊ ပါရှုရ သား ဂေဒလိ ၊ ရှေလမိ သား ယေဟုကလ ၊ မာလခိ သား ပါရှုရ တို့သည်ကြား သောအခါ၊
၃ငါသည်ဤမြို့ကိုဗာဗုလုန်ဘုရင်၏တပ်မ တော်သို့ပေးအပ်မည်။ သူသည်လည်းဤမြို့ ကိုသိမ်းယူလိမ့်မည်'' ဟူ၍ဖြစ်သည်။-
4 ၄ ထိုမှူး မတ်တို့သည် ရှင်ဘုရင် ထံသို့ ဝင်၍၊ ဤ သူ သည် ဤ သို့သော စကား ကို ပြော သဖြင့် ၊ မြို့ ထဲမှာ ကျန် ကြွင်းသေးသောစစ်သူရဲ အစ ရှိသော လူ အပေါင်း တို့၏ လက် ကိုအားလျော့ စေတတ်ပါ၏။ သူ သည် ဤ လူမျိုး ၏ အကျိုး ကို မ ပြုစု တတ်၊ ဖျက်ဆီး တတ်ပါ၏။ ထိုကြောင့် ၊ သူ့ကိုကွပ်မျက် ပါမည်အကြောင်းအခွင့်တောင်းပန်ပါ၏ ဟု လျှောက် လျှင်၊
၄ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
5 ၅ ဇေဒကိ မင်းကြီး က၊ သူ သည် သင် တို့လက် ၌ ရှိ၏။ ရှင် ဘုရင်သည် သင်တို့အလို ကို မ ဆီးတား နိုင်ဟု မိန့် တော်မူ၏။
၅သို့ဖြစ်၍ဇေဒကိမင်းက``ကောင်းပြီ။ သူ့အား သင်တို့ပြုလိုရာပြုကြပေလော့။ သင်တို့ အားငါမဆီးတား'' ဟုမိန့်တော်မူ၏။-
6 ၆ ထိုအခါ ယေရမိ ကို ယူ ၍၊ ထောင် ဝင်း ထဲမှာ ရှိသော သား တော် မာလခိ ၏မြေတွင်း ၌ ကြိုး နှင့် လျှော့ချ ကြ၏။ ထိုမြေတွင်း ၌ ရေ မရှိ ၊ ရွှံ့ သာ ရှိ၍ ၊ ယေရမိ သည်ရွှံ့ ၌ ကျွံ လျက်နေ၏။
၆ထို့ကြောင့်မှူးမတ်တို့သည်ငါ့ကိုယူဆောင်ကာ နန်းတော်ဝင်းအတွင်း၌ရှိသောမင်းသား မာလခိ၏ရေတွင်းထဲသို့ကြိုးများဖြင့် လျှောချလိုက်ကြ၏။ ရေတွင်းထဲ၌ရေမရှိ။ ရွှံ့နွံများသာလျှင်ရှိသဖြင့်ငါသည်ရွှံ့နွံ တွင်ကျွံနစ်လျက်နေလေ၏။-
7 ၇ ထိုသို့ယေရမိ ကို မြေတွင်း ၌ ချ ထားကြောင်း ကို နန်းတော် အရာရှိ ဖြစ်သောသူ၊ ကုရှ အမျိုးသားဧဗဒမေလက် သည် ကြား သိသောအခါ၊ ရှင်ဘုရင် သည် ဗင်္ယာမိန် တံခါးဝ ၌ ထိုင် နေတော်မူစဉ်တွင်၊
၇သို့ရာတွင်နန်းတော်အမှုထမ်းဆူဒန်အမျိုး သားမိန်းမစိုးဧဗဒမေလက်သည် ဤသို့ထို သူတို့ကရေတွင်းထဲသို့ချလိုက်ကြောင်းကို ကြားသိသွားလေသည်။ ထိုအချိန်၌မင်းကြီး သည်ဗင်္ယာမိန်တံခါးအနီးတွင်ညီလာခံ လျက်နေ၏။-
8 ၈ ထိုသူ သည် နန်းတော် ထဲက ထွက် ၍ အထံ တော်သို့ သွားပြီးလျှင်၊
၈သို့ဖြစ်၍ဧဗဒမေလက်သည်နန်းတော်မှ ထိုအရပ်သို့သွားပြီးလျှင်မင်းကြီးအား၊-
9 ၉ အကျွန်ုပ် သခင် အရှင်မင်းကြီး ၊ ထို သူ တို့သည် ပရောဖက် ယေရမိ ကို ပြု လေသမျှ တို့၌ မှား ကြပါပြီ။ မြေတွင်း ၌ ချ ထားကြပါပြီ။ မြို့ ၌ မုန့် ကုန် သောကြောင့် ၊ ထိုတွင်း ၌ ငတ်မွတ် ၍ သေ ပါလိမ့်မည်ဟုလျှောက် သော်၊
၉``အရှင်မင်းကြီး၊ ဤသူတို့ပြုခဲ့ကြသည့် အမှုများသည်မှားပါ၏။ သူတို့သည်ယေရမိ အားရေတွင်းထဲသို့ချခဲ့ကြပါပြီ။ သူသည် ဧကန်မုချအစာငတ်၍သေရပါလိမ့်မည်။ မြို့တွင်း၌လည်းအစာရေစာမရှိတော့ ပါ'' ဟုလျှောက်လေ၏။-
10 ၁၀ ရှင် ဘုရင်က၊ ပရောဖက် ယေရမိ မ သေ မှီ ဤ အရပ်မှ လူ သုံးဆယ် ကို ခေါ် သွား၍၊ မြေတွင်း ထဲက နှုတ်ယူ လော့ဟု၊ ကုရှ အမျိုးသားဧဗဒမေလက် ကို အမိန့် တော်ရှိ၏။
၁၀ထိုအခါမင်းကြီးသည်ဧဗဒမေလက်အား ထိုအရပ်တွင်ရှိသည့်လူသုံးယောက်ကိုခေါ် ယူကာ ယေရမိမသေမီရေတွင်းထဲမှဆယ် ယူစေတော်မူ၏။-
11 ၁၁ ဧဗဒမေလက် သည်လည်း လူ တို့ကို ခေါ် ၍ နန်းတော် အတွင်း ဘဏ္ဍာတိုက် အောက် သို့ ဝင် ပြီးလျှင် ၊ ဟောင်းနွမ်း သော အဝတ် စုတ်များကို ယူ ပြီးမှ၊ ယေရမိ ရှိရာ မြေတွင်း ၌ ကြိုး နှင့် လျှော့ချ လေ၏။
၁၁ထို့ကြောင့်ဧဗဒမေလက်သည်လူတို့ခေါ်ကာ ထိုနန်းတော်ပစ္စည်းသိုလှောင်ခန်းသို့ဝင်ပြီး လျှင် ဟောင်းနွမ်းသောအဝတ်စုတ်များကိုယူ ပြီးလျှင် ရေတွင်းထဲ၌ရှိသောငါ့ထံသို့ ကြိုးများနှင့်အတူချ၍ပေးလေသည်။-
12 ၁၂ ထိုအခါ ကုရှ အမျိုးသားဧဗဒမေလက် က၊ ဟောင်းနွမ်း သော ဤအဝတ် စုတ်တို့နှင့်သင် ၏ လက် က တီးကြား၌ကြိုး ကိုခုခံပါလော့ဟုဆိုသည်အတိုင်း ယေရမိ ပြု လေ၏။
၁၂ထိုနောက်ဧဗဒမေလက်သည်ငါ့အား``သင့် အားကြိုးများမပွန်းမရှနိုင်စေရန် ဤ အဝတ်စုတ်ကိုသင်၏ချိုင်းအောက်တွင်ခံ ၍ထားလော့'' ဟုဆို၏။ ငါသည်ဤအတိုင်း ပြု၏။-
13 ၁၃ ထိုသို့ ယေရမိ ကိုမြေတွင်း ထဲက ကြိုး နှင့် ဆွဲတင် ကြ၏။ ထို နောက်ယေရမိ သည် ထောင် ဝင်း ထဲမှာ နေ လေ ၏။
၁၃ထိုနောက်သူတို့သည်ငါ့အားကြိုးများဖြင့် ဆွဲ၍ရေတွင်းထဲမှကယ်ဆယ်လိုက်ကြ၏။ ထိုနောက်ငါသည်နန်းတော်ဝင်းအတွင်း၌ နေရလေသည်။
14 ၁၄ တဖန် ဇေဒကိ မင်းကြီး သည် လူကို စေလွှတ် ၍ ၊ ဗိမာန် တော်၌ တတိယ အတွင်း ခန်းထဲသို့ ယေရမိ ကို ခေါ် ပြီးလျှင်၊ သင် ၌ တစုံတခု ကို ငါ မေးမြန်း မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်နှင့်ဟုဆို သော်၊
၁၄ဇေဒကိမင်းသည်ငါ့အားဗိမာန်တော်တတိယ မုခ်ဆောင်ခန်းသို့ခေါ်ယူစေပြီးလျှင်``သင့်အား မေးခွန်းတစ်ခုကိုငါမေးမည်။ ငါ၏ထံမှမည် သည့်အရာကိုမျှထိမ်ဝှက်၍မထားနှင့်'' ဟု ဆို၏။
15 ၁၅ ယေရမိ က၊ အကျွန်ုပ်လျှောက် လျှင် ၊ အကျွန်ုပ် ကို မ သတ် ဘဲအမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံ ပေးလျှင် ၊ အကျွန်ုပ် စကားကို နားထောင် တော်မူမည် လောဟု ဇေဒကိ ကို မေး လျှောက်လေ၏။
၁၅ငါက``အကယ်၍အကျွန်ုပ်သည်မှန်ရာကို လျှောက်ထားပါမူ အရှင်သည်အကျွန်ုပ်အား ကွပ်မျက်ပါလိမ့်မည်။ အကျွန်ုပ်အကြံပေး လျှင်လည်းအရှင်ပမာဏပြုတော်မူလိမ့် မည်မဟုတ်ပါ'' ဟုလျှောက်ထား၏။
16 ၁၆ ဇေဒကိ မင်းကြီး ကလည်း၊ ငါ တို့ကို အသက် ရှင်သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်း သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် ကိုငါမ သတ် ။ သင့် အသက် ကိုရှာ သော ထို လူ တို့လက် သို့ သင့် ကိုငါ မ အပ် ဟု ယေရမိ အား တိတ်ဆိတ် စွာ ကျိန်ဆို လေ၏။
၁၆သို့ဖြစ်၍ဇေဒကိမင်းသည်ငါ့အား``ငါတို့ ကိုဖန်ဆင်းတော်မူသောထာဝရဘုရားသည် အသက်ရှင်တော်မူသည့်အတိုင်း ငါသည်သင့် အားသတ်မည်မဟုတ်။ သင့်ကိုသတ်လိုသူတို့ ၏လက်သို့လည်းပေးအပ်မည်မဟုတ်'' ဟု လျှို့ဝှက်စွာကတိပေးတော်မူ၏။
17 ၁၇ ယေရမိ ကလည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ်တော်သည်ဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် တို့ထံ သို့အမှန်ထွက်သွား လျှင် အသက် ချမ်းသာ ရတော်မူမည်။ ဤ မြို့ သည်လည်း မီးရှို့ ခြင်းနှင့်လွတ် လိမ့်မည်။ ကိုယ်တော် နှင့်တကွဆွေ တော် မျိုးတော်တို့သည် အသက် ချမ်းသာရကြလိမ့်မည်။
၁၇ထိုအခါငါသည်ဇေဒကိမင်းအား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်အနန္တ တန်ခိုးရှင်ထာဝရဘုရားက `သင်သည်ဗာ ဗုလုန်ဘုရင်၏မှူးမတ်တို့ထံတွင်လက်နက် ချပါမူအသက်ချမ်းသာရာရလိမ့်မည်။ ဤ မြို့သည်လည်းမီးလောင်ကျွမ်းရလိမ့်မည်မ ဟုတ်။ သင်နှင့်သင်၏အိမ်ထောင်စုသားများ ပါအသက်ချမ်းသာကြလိမ့်မည်။-
18 ၁၈ သို့မဟုတ် ၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် ၏ မှူးမတ် တို့ထံသို့ မ ထွက် မသွားလျှင် ၊ ဤ မြို့ ကို ခါလဒဲ လူတို့လက် သို့ အပ် ၍ ၊ သူတို့သည် မီးရှို့ ကြလိမ့်မည်။ ကိုယ်တော် သည်လည်း ၊ သူ တို့လက် နှင့် မ လွတ် ရဟု ဇေဒကိ ကို လျှောက်ဆို ၏။
၁၈သို့ရာတွင်အကယ်၍သင်လက်နက်မချ ပါမူ ဤမြို့သည်ဗာဗုလုန်အမျိုးသားတို့ ၏လက်တွင်းသို့ကျရောက်ရလိမ့်မည်။ သူတို့ သည်လည်းဤမြို့ကိုမီးရှို့လိုက်ကြလိမ့်မည်။ သင်သည်သူတို့၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်' ဟုမိန့်တော်မူပါ၏'' ဟုလျှောက် ထား၏။
19 ၁၉ ဇေဒကိ မင်းကြီး ကလည်း ၊ ခါလဒဲ လူတို့ဘက်သို့ ကူး သွားသော ယုဒ လူတို့ကို ငါ ကြောက် ၏။ ငါ့ ကိုသူ တို့ လက် သို့ အပ် ၍ ၊ ငါ သည် ကဲ့ရဲ့ ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆို လျှင် ၊
၁၉သို့ရာတွင်ဇေဒကိမင်းက``ဗာဗုလုန်အမျိုး သားတို့ဘက်သို့ထွက်ပြေးကြသောယုဒ အမျိုးသားတို့ကိုငါကြောက်၏။ အကယ် ၍ငါသည်သူတို့လက်သို့အအပ်ခံရခဲ့ သော်သူတို့သည်ငါ့အားအပြင်းအထန် ညှင်းဆဲကြလိမ့်မည်'' ဟုဆို၏။
20 ၂၀ ယေရမိ က၊ ကိုယ်တော်ကိုမအပ်ရ။ အကျွန်ုပ် ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာ ရ၍ အသက် ရှင်တော်မူ မည်။
၂၀ငါက``အရှင်သည်ထိုသူတို့လက်တွင်းသို့ ကျရောက်ရလိမ့်မည်မဟုတ်ပါ။ အရှင့်အား အကျွန်ုပ်ပြန်ကြားခဲ့သည့်ထာဝရဘုရား ၏ဗျာဒိတ်တော်အတိုင်းလိုက်နာဆောင်ရွက် တော်မူရန်အကျွန်ုပ်ပန်ကြားပါ၏။ ဤ အတိုင်းပြုတော်မူလျှင်အစစအရာရာ အဆင်ပြေလျက် အရှင်သည်အသက်ချမ်း သာရာရပါလိမ့်မည်။-
21 ၂၁ သို့မဟုတ် ၊ ကိုယ်တော် က၊ ငါမထွက်မသွားဟု ငြင်း လျှင် ၊ အကျွန်ုပ် အား ထာဝရဘုရား ပြ တော်မူသော အရာ ဟူမူကား၊
၂၁သို့ရာတွင်အကယ်၍အရှင်သည်လက်နက် ချရန်ငြင်းဆန်တော်မူပါက အဘယ်သို့ သောအမှုများဖြစ်ပျက်လာလိမ့်မည်ကို ထာဝရဘုရားသည်အကျွန်ုပ်အား ဗျာဒိတ်ရူပါရုံတွင်ပြတော်မူပါပြီ။-
22 ၂၂ နန်းတော် ၌ ကျန် ကြွင်းသမျှ သော မိန်းမ တို့ကို ဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် တို့ထံသို့ ထုတ် ဆောင်ကြ လိမ့်မည်။ ထိုမိန်းမ တို့ကလည်း ၊ ကိုယ်တော် ၏အဆွေ ခင်ပွန်းတို့သည် သွေးဆောင် ၍ နိုင် ကြပြီ။ ခြေ တော်သည် ရွှံ့ ၌ ကျွံ ၍၊ သူတို့သည် ဆုတ် သွားကြပြီဟု ကိုယ်တော်အား ဆို ကြလိမ့်မည်။
၂၂ယုဒဘုရင်၏နန်းတော်တွင်ကျန်ရှိသမျှ သောအမျိုးသမီးတို့ကို ဗာဗုလုန်ဘုရင် ၏မှူးမတ်များထံသို့ထုတ်ဆောင်သွားကြ လိမ့်မည်။ သူတို့သည်ဤသို့ထွက်ခွာသွား ကြရစဉ်၊ `မင်းကြီး၏အချစ်ဆုံးမိတ်ဆွေများသည် သူ့အားလှည့်စား၍၊သူ့အပေါ်၌သြဇာလွှမ်းမိုး ကြ၏။ ယခုအခါ၊မင်းကြီး၏ခြေတို့သည်ရွှံ့နွံတွင် ကျွံလျက်နေပြီဖြစ်၍၊ ထိုမိတ်ဆွေများသည်သူ့အားစွန့်ပစ်ကြလေပြီ' ဟုဆိုကြလိမ့်မည်'' ဟုလျှောက်ထား၏။
23 ၂၃ ထိုသို့ ကိုယ်တော် ၏ မယား နှင့် သားသမီး ရှိသမျှ တို့ ကို ခါလဒဲ လူတို့ထံသို့ ထုတ် ဆောင်ကြလိမ့်မည်။ ကိုယ်တော် လည်း သူ တို့လက် နှင့် မ လွတ် ဘဲ၊ ဗာဗုလုန် ရှင်ဘုရင် လက် သို့ရောက် ၍ ၊ ဤ မြို့ ကို မီးရှို့ စေတော်မူမည်ဟု လျှောက် ၏။
၂၃ထိုနောက်ငါက``ဗာဗုလုန်အမျိုးသားတို့ သည် အရှင်၏မိဖုရားများနှင့်သားသမီး အပေါင်းကိုထုတ်ဆောင်သွားလိမ့်မည်။ အရှင် ကိုယ်တိုင်ပင်လျှင်သူတို့၏ဘေးမှလွတ် မြောက်လိမ့်မည်မဟုတ်ပါ။ ဗာဗုလုန်ဘုရင် ၏ဖမ်းဆီးခြင်းကိုခံရပါလိမ့်မည်။ ဤ မြို့သည်လည်းမီးကျွမ်းလောင်၍သွားလိမ့် မည်'' ဟုလျှောက်ထားပြန်၏။
24 ၂၄ ဇေဒကိ ကလည်း ၊ ဤ စကား ကို အဘယ်သူ မျှမ ကြား မသိစေနှင့်။ သို့ပြုလျှင် ၊ သင်သည်မ သေ ရ။
၂၄ဇေဒကိမင်းသည်လည်း``ယခုငါတို့ပြော ဆိုကြသည့်စကားများကိုအဘယ်သူမျှ မသိစေနှင့်။ သို့မှသာလျှင်သင်သည် အသက်ဘေးနှင့်ကင်းဝေးရလိမ့်မည်။-
25 ၂၅ ငါသည် သင် နှင့် စကား ပြောကြောင်း ကို မှူးမတ် တို့သည် ကြား ၍ သင် ရှိရာသို့ လာ လျက် ၊ သင်သည် ရှင်ဘုရင် အား အဘယ်သို့ လျှောက် သည်ကို၎င်း ၊ ရှင်ဘုရင် သည် သင့် အား အဘယ် သို့မိန့် တော်မူသည်ကို၎င်း ၊ ငါ တို့အား ကြား ပြောပါလော့။ မ ထိမ် မဝှက်ပါနှင့် ဟုဆို လျှင် ၊
၂၅ငါသည်သင်နှင့်စကားပြောဆိုခဲ့ကြောင်း မှူးမတ်များကြားသိကြသောအခါ သူတို့ သည်သင့်၏ထံသို့လာ၍ ငါတို့ပြောဆိုကြ သည့်ကိစ္စကိုမေးမြန်းကြလိမ့်မည်။ သူတို့ က`ငါတို့အားပြောပြလျှင်သင့်ကိုငါ တို့မသတ်ပါ' ဟုကတိပြုကြလိမ့်မည်။-
26 ၂၆ သင်ကလည်း ၊ ငါ့ကိုသေ စေခြင်းငှါ ၊ ယောနသန် အိမ် သို့ ပြန် စေတော် မ မူမည်အကြောင်း၊ ရှင်ဘုရင် ထံ၌ ငါ အသနား တော်ခံပြီဟု သူ တို့အား ပြန်ပြော လော့ဟု၊ ယေရမိ အား မိန့် တော်မူ၏။
၂၆သို့သော်လည်းသင်သည်မိမိအသက်မသေ ရလေအောင်ယောနသန်၏အိမ်သို့ပြန်၍ပို့ တော်မမူပါနှင့်ဟူ၍သာလျှင်ငါ့အားပန် ကြားလျှောက်ထားခဲ့ကြောင်းသူတို့ကိုပြော ကြားပါလော့'' ဟုဆို၏။-
27 ၂၇ ထိုအခါ မှူး မတ်အပေါင်း တို့သည် ယေရမိ ရှိရာသို့ လာ ၍ မေး စစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင် မှာ ထား သမျှ အတိုင်း ပြန်ပြော ပြီးမှ ၊ သူတို့သည် မ မေးမစစ်ဘဲ နေကြ၏။ ထို အမှု ကိုအဘယ်သူမျှ မ ရိပ်မိ ကြ။
၂၇မှူးမတ်အပေါင်းတို့သည်ငါ့ထံလာ၍စစ် ဆေးမေးမြန်းကြ၏။ သို့ရာတွင်ငါသည် မိမိကိုမင်းကြီးသင်ကြားပေးထားသည့် အတိုင်းသာလျှင် တိကျစွာပြန်လည်ဖြေ ကြားလိုက်လေသည်။ အဘယ်သူမျှလည်း မင်းကြီးနှင့်ငါပြောဆိုသောစကားများ ကိုကြားခဲ့ရသူမရှိသဖြင့်သူတို့သည် အဘယ်သို့မျှမပြုနိုင်ကြတော့ချေ။
28 ၂၈ ယေရုရှလင် မြို့ကို တိုက် ၍ရသော နေ့ တိုင်အောင် ၊ ယေရမိ သည်ထောင် ဝင်း ထဲမှာ နေ ရ၏။ ယေရုရှလင် မြို့သည် ရန်သူလက်သို့ ရောက် သောအခါ၊ ထောင်ဝင်းထဲမှာရှိ သေး၏။
၂၈ငါသည်လည်းရန်သူ့လက်သို့ယေရုရှလင် မြို့ကျရောက်သည့်နေ့တိုင်အောင် နန်းတော် ဝင်းအတွင်း၌နေရလေတော့သည်။