< ယေရမိ 37 >

1 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ် သား ခေါနိ အရာ ၌၊ ယောရှိ မင်းကြီး၏ သား ဇေဒကိ မင်းကြီး သည် နန်းထိုင် လေ၏။
וַיִּמְלׇךְ־מֶלֶךְ צִדְקִיָּהוּ בֶּן־יֹֽאשִׁיָּהוּ תַּחַת כָּנְיָהוּ בֶּן־יְהוֹיָקִים אֲשֶׁר הִמְלִיךְ נְבוּכַדְרֶאצַּר מֶלֶךְ־בָּבֶל בְּאֶרֶץ יְהוּדָֽה׃
2 ထာဝရဘုရား သည် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား တော်တို့ကို၊ ထိုမင်းကြီး အစ ရှိသော ကျွန် များ၊ ပြည်သူ ပြည်သားများတို့သည် နား မ ထောင်ဘဲ နေကြ၏။
וְלֹא שָׁמַע הוּא וַעֲבָדָיו וְעַם הָאָרֶץ אֶל־דִּבְרֵי יְהֹוָה אֲשֶׁר דִּבֶּר בְּיַד יִרְמְיָהוּ הַנָּבִֽיא׃
3 တရံရောအခါဇေဒကိ မင်းကြီး သည်၊ ရှေလမိ သား ယေဟုကလ နှင့် ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ပရောဖက် ယေရမိ ထံ သို့ စေလွှတ် ၍ ၊ ငါ တို့ အဘို့ ငါ တို့ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း ပါလော့ဟု မှာ လိုက်၏။
וַיִּשְׁלַח הַמֶּלֶךְ צִדְקִיָּהוּ אֶת־יְהוּכַל בֶּן־שֶׁלֶמְיָה וְאֶת־צְפַנְיָהוּ בֶן־מַעֲשֵׂיָה הַכֹּהֵן אֶל־יִרְמְיָהוּ הַנָּבִיא לֵאמֹר הִתְפַּלֶּל־נָא בַעֲדֵנוּ אֶל־יְהֹוָה אֱלֹהֵֽינוּ׃
4 ထို အခါ ယေရမိ သည် ထောင် ထဲသို့ မ ရောက် သေး။ လူ များ တို့နှင့် ပေါင်းဘော် လျက် နေသေး၏။
וְיִרְמְיָהוּ בָּא וְיֹצֵא בְּתוֹךְ הָעָם וְלֹא־נָתְנוּ אֹתוֹ בֵּית (הכליא) [הַכְּלֽוּא]׃
5 ယေရုရှလင် မြို့ကို ဝိုင်း သော ခါလဒဲ လူတို့သည်၊ အဲဂုတ္တု ပြည်မှ ဖာရော ဘုရင်၏ ဗိုလ်ခြေ များစစ်ချီ ၍ လာကြောင်းကို ကြား လျှင် ၊ ထို မြို့မှ ထွက်သွား ကြပြီ။
וְחֵיל פַּרְעֹה יָצָא מִמִּצְרָיִם וַיִּשְׁמְעוּ הַכַּשְׂדִּים הַצָּרִים עַל־יְרוּשָׁלַ͏ִם אֶת־שִׁמְעָם וַיֵּעָלוּ מֵעַל יְרוּשָׁלָֽ͏ִם׃
6 ထိုအခါ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ပရောဖက် ယေရမိ သို့ ရောက် ၍၊
וַֽיְהִי דְּבַר־יְהֹוָה אֶל־יִרְמְיָהוּ הַנָּבִיא לֵאמֹֽר׃
7 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကိုမေး လျှောက် စေခြင်းငှါ ၊ သင့်ကိုမှာ လိုက်သော ယုဒ ရှင်ဘုရင် အား ဤသို့ ပြန်ပြော လော့။ သင် တို့ကို စစ်ကူ ခြင်းငှါ လာ သော ဖာရော ဘုရင်၏ ဗိုလ်ခြေ တို့သည်သူ တို့နေရင်း အဲဂုတ္တု ပြည် သို့ ပြန် သွားကြ လိမ့်မည်။
כֹּֽה־אָמַר יְהֹוָה אֱלֹהֵי יִשְׂרָאֵל כֹּה תֹֽאמְרוּ אֶל־מֶלֶךְ יְהוּדָה הַשֹּׁלֵחַ אֶתְכֶם אֵלַי לְדׇרְשֵׁנִי הִנֵּה ׀ חֵיל פַּרְעֹה הַיֹּצֵא לָכֶם לְעֶזְרָה שָׁב לְאַרְצוֹ מִצְרָֽיִם׃
8 ခါလဒဲ လူတို့သည် လာ ပြန်၍ ၊ ဤ မြို့ ကို တိုက် ယူ ပြီးလျှင် မီးရှို့ ကြလိမ့်မည်။
וְשָׁבוּ הַכַּשְׂדִּים וְנִלְחֲמוּ עַל־הָעִיר הַזֹּאת וּלְכָדֻהָ וּשְׂרָפֻהָ בָאֵֽשׁ׃
9 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ်စင်စစ် ခါလဒဲ လူတို့သည် ငါ တို့ထံ မှ ထွက်သွား ကြလိမ့်မည်ဟု ဆို၍ ကိုယ် ကိုကိုယ်မ လှည့်စား ကြနှင့်။ သူတို့သည် ထွက်၍ မ သွား ရကြ။
כֹּה ׀ אָמַר יְהֹוָה אַל־תַּשִּׁאוּ נַפְשֹֽׁתֵיכֶם לֵאמֹר הָלֹךְ יֵלְכוּ מֵעָלֵינוּ הַכַּשְׂדִּים כִּי־לֹא יֵלֵֽכוּ׃
10 ၁၀ ထိုမျှမက၊ သင် တို့ကို စစ် တိုက်သော ခါလဒဲ စစ်သူရဲ အပေါင်း တို့ကို သင်တို့သည်လုပ်ကြံ သဖြင့် ၊ သူ တို့ တွင် ဒဏ်ချက်ထိ သော သူ သက်သက်ကျန်ကြွင်း သော်လည်း ၊ သူတို့သည် အသီးအသီးမိမိ တို့တဲ ၌ ထ ၍ ၊ ဤ မြို့ ကို မီးရှို့ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
כִּי אִם־הִכִּיתֶם כׇּל־חֵיל כַּשְׂדִּים הַנִּלְחָמִים אִתְּכֶם וְנִשְׁאֲרוּ־בָם אֲנָשִׁים מְדֻקָּרִים אִישׁ בְּאׇֽהֳלוֹ יָקוּמוּ וְשָׂרְפוּ אֶת־הָעִיר הַזֹּאת בָּאֵֽשׁ׃
11 ၁၁ ခါလဒဲ စစ်သူရဲ တို့သည် ဖာရော ဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင် မြို့မှ ဆုတ် သွားကြသောအခါ ၊
וְהָיָה בְּהֵעָלוֹת חֵיל הַכַּשְׂדִּים מֵעַל יְרוּשָׁלָ͏ִם מִפְּנֵי חֵיל פַּרְעֹֽה׃
12 ၁၂ ယေရမိ သည်မိမိအမျိုး ၌ မိမိအမွေဥစ္စာကို ခံ အံ့သောငှါ ၊ ဗင်္ယာမိန် ပြည် သို့သွား မည်ဟု အကြံရှိ၍ ယေရုရှလင် မြို့မှ ထွက်သွား လေ၏။
וַיֵּצֵא יִרְמְיָהוּ מִירוּשָׁלַ͏ִם לָלֶכֶת אֶרֶץ בִּנְיָמִן לַחֲלִק מִשָּׁם בְּתוֹךְ הָעָֽם׃
13 ၁၃ ဗင်္ယာမိန် တံခါးဝ သို့ ရောက်သောအခါ၊ ဟာနနိ သား ဖြစ်သော ရှေလမိ ၏ သား ကင်း မှူး ဣရိယ က၊ သင် သည်ခါလဒဲ လူတို့ဘက်သို့ ကူး သွားပါသည် တကား ဟုဆို လျက်၊ ပရောဖက် ယေရမိ ကိုဘမ်းဆီး လေ၏။
וַֽיְהִי־הוּא בְּשַׁעַר בִּנְיָמִן וְשָׁם בַּעַל פְּקִדֻת וּשְׁמוֹ יִרְאִיָּיה בֶּן־שֶׁלֶמְיָה בֶּן־חֲנַנְיָה וַיִּתְפֹּשׂ אֶֽת־יִרְמְיָהוּ הַנָּבִיא לֵאמֹר אֶל־הַכַּשְׂדִּים אַתָּה נֹפֵֽל׃
14 ၁၄ ယေရမိ ကလည်း ၊ မဟုတ် ပါ။ ခါလဒဲ လူတို့ ဘက်သို့ ငါ မ ကူး မသွားပါဟုဆိုသော်လည်း ၊ ဣရိယ သည် နား မ ထောင်ဘဲ၊ ယေရမိ ကို ယူ ၍ မင်း များထံသို့ ပို့ဆောင် လေ၏။
וַיֹּאמֶר יִרְמְיָהוּ שֶׁקֶר אֵינֶנִּי נֹפֵל עַל־הַכַּשְׂדִּים וְלֹא שָׁמַע אֵלָיו וַיִּתְפֹּשׂ יִרְאִיָּיה בְּיִרְמְיָהוּ וַיְבִאֵהוּ אֶל־הַשָּׂרִֽים׃
15 ၁၅ မင်း များတို့သည် အမျက် ထွက်၍ ယေရမိ ကို ရိုက် ပြီးမှ ၊ စာရေး တော်ယောနသန် ၏အိမ် ၌ လှောင် ထားကြ၏။ ထိုအိမ် ကို လှောင် အိမ် လုပ် နှင့်သတည်း။
וַיִּקְצְפוּ הַשָּׂרִים עַֽל־יִרְמְיָהוּ וְהִכּוּ אֹתוֹ וְנָתְנוּ אוֹתוֹ בֵּית הָאֵסוּר בֵּית יְהוֹנָתָן הַסֹּפֵר כִּי־אֹתוֹ עָשׂוּ לְבֵית הַכֶּֽלֶא׃
16 ၁၆ ယေရမိ သည် အိမ် အောက်မြေတွင်း ၊ လှောင် အိမ်ထဲသို့ ရောက် ၍ ၊ နေ့ရက် များ စွာနေ ရသောနောက် ၊
כִּי בָא יִרְמְיָהוּ אֶל־בֵּית הַבּוֹר וְאֶל־הַחֲנֻיוֹת וַיֵּשֶׁב־שָׁם יִרְמְיָהוּ יָמִים רַבִּֽים׃
17 ၁၇ ဇေဒကိ မင်းကြီး သည် လူကိုစေလွှတ် ၍ ယေရမိ ကိုနှုတ် ပြီးမှ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရှိ သလောဟု နန်းတော် ၌ တိတ်ဆိတ် စွာ မေးမြန်း လျှင် ၊ ယေရမိ က၊ နှုတ်ကပတ်တော်ရှိ ပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် ပါလိမ့်မည်ဟု ပြန်လျှောက် ၏။
וַיִּשְׁלַח הַמֶּלֶךְ צִדְקִיָּהוּ וַיִּקָּחֵהוּ וַיִּשְׁאָלֵהוּ הַמֶּלֶךְ בְּבֵיתוֹ בַּסֵּתֶר וַיֹּאמֶר הֲיֵשׁ דָּבָר מֵאֵת יְהֹוָה וַיֹּאמֶר יִרְמְיָהוּ יֵשׁ וַיֹּאמֶר בְּיַד מֶלֶךְ־בָּבֶל תִּנָּתֵֽן׃
18 ၁၈ တဖန် ယေရမိ က၊ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား သလော ။ ကိုယ်တော် ၏ကျွန် တို့ကို ပြစ်မှားသလော။ ဤ လူမျိုး ကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ် ကို လှောင် ထားကြသနည်း။
וַיֹּאמֶר יִרְמְיָהוּ אֶל־הַמֶּלֶךְ צִדְקִיָּהוּ מֶה חָטָאתִֽי לְךָ וְלַעֲבָדֶיךָ וְלָעָם הַזֶּה כִּֽי־נְתַתֶּם אוֹתִי אֶל־בֵּית הַכֶּֽלֶא׃
19 ၁၉ ဗာဗုလုန် ရှင် ဘုရင်သည် သင် တို့နှင့် ဤ ပြည် ကို မ တိုက် မလာရဟု ဟောပြော သော သင် တို့၏ ပရောဖက် တို့သည် ယခုအဘယ် မှာ ရှိကြသနည်း။
(ואיו) [וְאַיֵּה] נְבִיאֵיכֶם אֲשֶׁר־נִבְּאוּ לָכֶם לֵאמֹר לֹא־יָבֹא מֶֽלֶךְ־בָּבֶל עֲלֵיכֶם וְעַל הָאָרֶץ הַזֹּֽאת׃
20 ၂၀ သို့ဖြစ်၍၊ အကျွန်ုပ် သခင် အရှင်မင်းကြီး ၊ နားထောင် တော်မူပါ။ အကျွန်ုပ် တောင်းပန် သောစကားကို နားခံ တော်မူပါ။ အကျွန်ုပ်ကို သေ စေခြင်းငှါ ၊ စာရေး တော်ယောနသန် အိမ် သို့ ပြန် စေတော်မ မူပါနှင့်ဟု ဇေဒကိ မင်းကြီး ကို လျှောက်ဆို ၏။
וְעַתָּה שְֽׁמַֽע־נָא אֲדֹנִי הַמֶּלֶךְ תִּפׇּל־נָא תְחִנָּתִי לְפָנֶיךָ וְאַל־תְּשִׁבֵנִי בֵּית יְהוֹנָתָן הַסֹּפֵר וְלֹא אָמוּת שָֽׁם׃
21 ၂၁ ထိုအခါ ဇေဒကိ မင်းကြီး အမိန့် တော်ရှိ၍ ၊ ယေရမိ ကို ထောင် ဝင်း ၌ ထား ကြ၏။ မြို့ တွင် မုန့် မ ကုန် မှီ တိုင်အောင်၊ မုန့် သည် တန်းမှ မုန့် တလုံးကို နေ့ တိုင်း အစဉ်ပေး ရ၏။ ထိုသို့ ယေရမိ သည် ထောင် ဝင်း ထဲမှာ နေ လေ၏။
וַיְצַוֶּה הַמֶּלֶךְ צִדְקִיָּהוּ וַיַּפְקִדוּ אֶֽת־יִרְמְיָהוּ בַּחֲצַר הַמַּטָּרָה וְנָתֹן לוֹ כִכַּר־לֶחֶם לַיּוֹם מִחוּץ הָאֹפִים עַד־תֹּם כׇּל־הַלֶּחֶם מִן־הָעִיר וַיֵּשֶׁב יִרְמְיָהוּ בַּחֲצַר הַמַּטָּרָֽה׃

< ယေရမိ 37 >