< ယေရမိ 37 >
1 ၁ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ် သား ခေါနိ အရာ ၌၊ ယောရှိ မင်းကြီး၏ သား ဇေဒကိ မင်းကြီး သည် နန်းထိုင် လေ၏။
2 ၂ ထာဝရဘုရား သည် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား တော်တို့ကို၊ ထိုမင်းကြီး အစ ရှိသော ကျွန် များ၊ ပြည်သူ ပြည်သားများတို့သည် နား မ ထောင်ဘဲ နေကြ၏။
3 ၃ တရံရောအခါဇေဒကိ မင်းကြီး သည်၊ ရှေလမိ သား ယေဟုကလ နှင့် ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ပရောဖက် ယေရမိ ထံ သို့ စေလွှတ် ၍ ၊ ငါ တို့ အဘို့ ငါ တို့ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း ပါလော့ဟု မှာ လိုက်၏။
4 ၄ ထို အခါ ယေရမိ သည် ထောင် ထဲသို့ မ ရောက် သေး။ လူ များ တို့နှင့် ပေါင်းဘော် လျက် နေသေး၏။
5 ၅ ယေရုရှလင် မြို့ကို ဝိုင်း သော ခါလဒဲ လူတို့သည်၊ အဲဂုတ္တု ပြည်မှ ဖာရော ဘုရင်၏ ဗိုလ်ခြေ များစစ်ချီ ၍ လာကြောင်းကို ကြား လျှင် ၊ ထို မြို့မှ ထွက်သွား ကြပြီ။
6 ၆ ထိုအခါ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ပရောဖက် ယေရမိ သို့ ရောက် ၍၊
7 ၇ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကိုမေး လျှောက် စေခြင်းငှါ ၊ သင့်ကိုမှာ လိုက်သော ယုဒ ရှင်ဘုရင် အား ဤသို့ ပြန်ပြော လော့။ သင် တို့ကို စစ်ကူ ခြင်းငှါ လာ သော ဖာရော ဘုရင်၏ ဗိုလ်ခြေ တို့သည်သူ တို့နေရင်း အဲဂုတ္တု ပြည် သို့ ပြန် သွားကြ လိမ့်မည်။
8 ၈ ခါလဒဲ လူတို့သည် လာ ပြန်၍ ၊ ဤ မြို့ ကို တိုက် ယူ ပြီးလျှင် မီးရှို့ ကြလိမ့်မည်။
9 ၉ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ်စင်စစ် ခါလဒဲ လူတို့သည် ငါ တို့ထံ မှ ထွက်သွား ကြလိမ့်မည်ဟု ဆို၍ ကိုယ် ကိုကိုယ်မ လှည့်စား ကြနှင့်။ သူတို့သည် ထွက်၍ မ သွား ရကြ။
10 ၁၀ ထိုမျှမက၊ သင် တို့ကို စစ် တိုက်သော ခါလဒဲ စစ်သူရဲ အပေါင်း တို့ကို သင်တို့သည်လုပ်ကြံ သဖြင့် ၊ သူ တို့ တွင် ဒဏ်ချက်ထိ သော သူ သက်သက်ကျန်ကြွင်း သော်လည်း ၊ သူတို့သည် အသီးအသီးမိမိ တို့တဲ ၌ ထ ၍ ၊ ဤ မြို့ ကို မီးရှို့ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
11 ၁၁ ခါလဒဲ စစ်သူရဲ တို့သည် ဖာရော ဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင် မြို့မှ ဆုတ် သွားကြသောအခါ ၊
12 ၁၂ ယေရမိ သည်မိမိအမျိုး ၌ မိမိအမွေဥစ္စာကို ခံ အံ့သောငှါ ၊ ဗင်္ယာမိန် ပြည် သို့သွား မည်ဟု အကြံရှိ၍ ယေရုရှလင် မြို့မှ ထွက်သွား လေ၏။
13 ၁၃ ဗင်္ယာမိန် တံခါးဝ သို့ ရောက်သောအခါ၊ ဟာနနိ သား ဖြစ်သော ရှေလမိ ၏ သား ကင်း မှူး ဣရိယ က၊ သင် သည်ခါလဒဲ လူတို့ဘက်သို့ ကူး သွားပါသည် တကား ဟုဆို လျက်၊ ပရောဖက် ယေရမိ ကိုဘမ်းဆီး လေ၏။
14 ၁၄ ယေရမိ ကလည်း ၊ မဟုတ် ပါ။ ခါလဒဲ လူတို့ ဘက်သို့ ငါ မ ကူး မသွားပါဟုဆိုသော်လည်း ၊ ဣရိယ သည် နား မ ထောင်ဘဲ၊ ယေရမိ ကို ယူ ၍ မင်း များထံသို့ ပို့ဆောင် လေ၏။
15 ၁၅ မင်း များတို့သည် အမျက် ထွက်၍ ယေရမိ ကို ရိုက် ပြီးမှ ၊ စာရေး တော်ယောနသန် ၏အိမ် ၌ လှောင် ထားကြ၏။ ထိုအိမ် ကို လှောင် အိမ် လုပ် နှင့်သတည်း။
16 ၁၆ ယေရမိ သည် အိမ် အောက်မြေတွင်း ၊ လှောင် အိမ်ထဲသို့ ရောက် ၍ ၊ နေ့ရက် များ စွာနေ ရသောနောက် ၊
17 ၁၇ ဇေဒကိ မင်းကြီး သည် လူကိုစေလွှတ် ၍ ယေရမိ ကိုနှုတ် ပြီးမှ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရှိ သလောဟု နန်းတော် ၌ တိတ်ဆိတ် စွာ မေးမြန်း လျှင် ၊ ယေရမိ က၊ နှုတ်ကပတ်တော်ရှိ ပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် ပါလိမ့်မည်ဟု ပြန်လျှောက် ၏။
18 ၁၈ တဖန် ယေရမိ က၊ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား သလော ။ ကိုယ်တော် ၏ကျွန် တို့ကို ပြစ်မှားသလော။ ဤ လူမျိုး ကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ် ကို လှောင် ထားကြသနည်း။
19 ၁၉ ဗာဗုလုန် ရှင် ဘုရင်သည် သင် တို့နှင့် ဤ ပြည် ကို မ တိုက် မလာရဟု ဟောပြော သော သင် တို့၏ ပရောဖက် တို့သည် ယခုအဘယ် မှာ ရှိကြသနည်း။
20 ၂၀ သို့ဖြစ်၍၊ အကျွန်ုပ် သခင် အရှင်မင်းကြီး ၊ နားထောင် တော်မူပါ။ အကျွန်ုပ် တောင်းပန် သောစကားကို နားခံ တော်မူပါ။ အကျွန်ုပ်ကို သေ စေခြင်းငှါ ၊ စာရေး တော်ယောနသန် အိမ် သို့ ပြန် စေတော်မ မူပါနှင့်ဟု ဇေဒကိ မင်းကြီး ကို လျှောက်ဆို ၏။
21 ၂၁ ထိုအခါ ဇေဒကိ မင်းကြီး အမိန့် တော်ရှိ၍ ၊ ယေရမိ ကို ထောင် ဝင်း ၌ ထား ကြ၏။ မြို့ တွင် မုန့် မ ကုန် မှီ တိုင်အောင်၊ မုန့် သည် တန်းမှ မုန့် တလုံးကို နေ့ တိုင်း အစဉ်ပေး ရ၏။ ထိုသို့ ယေရမိ သည် ထောင် ဝင်း ထဲမှာ နေ လေ၏။