< ယေရမိ 36 >

1 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံလေး နှစ် တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊
A shekara ta huɗu ta Yehohiyakim ɗan Yosiya sarkin Yahuda, wannan magana ta zo wa Irmiya daga wurin Ubangiji cewa,
2 သင် သည် စာလိပ် ကိုယူ ပြီးလျှင် ၊ ယောရှိ မင်း လက်ထက် ၌ သင့် အား ငါပြော သောနေ့ မှစ၍ ယနေ့ တိုင်အောင် ဣသရေလ ပြည်၊ ယုဒ ပြည်အစ ရှိသောခပ်သိမ်း သော တိုင်း ပြည်တို့ကို ငါခြိမ်း သမျှ သော စကား အတိုင်း ရေး ထားလော့။
“Ka ɗauki littafi ka rubuta dukan maganganun da na yi maka game da Isra’ila, Yahuda da kuma dukan sauran al’ummai daga lokacin da na fara maka magana a mulkin Yosiya har zuwa yanzu.
3 ယုဒ အမျိုး တို့၌ ပြုမည်ဟု ငါ ကြံစည် သမျှ သော ဘေးဥပဒ် တို့ကို သူတို့သည် ကြားသောအခါ၊ သူ တို့ ဒုစရိုက် အပြစ် ကို ငါလွှတ် မည်အကြောင်း၊ အသီး အသီး လိုက်ဘူး သော အဓမ္မ လမ်း တို့ကို ရှောင်ကောင်း ရှောင် ကြ လိမ့်မည်ဟု မိန့် တော်မူ၏။
Wataƙila sa’ad da mutanen Yahuda suka ji game da kowace masifar da na shirya in auka musu, kowa ya juya daga muguwar hanyarsa; sa’an nan in gafarta musu muguntarsu da kuma zunubinsu.”
4 ထိုအခါယေရမိ သည် နေရိ သား ဗာရုတ် ကို ခေါ် ပြီးလျှင် ထာဝရဘုရား မိန့် တော်မူသမျှ သော စကား တော်တို့ကို ပြန်ပြော သည်အတိုင်း ၊ ဗာရုတ် သည် စာလိပ် ၌ ရေး ထားလေ၏။
Saboda haka Irmiya ya kira Baruk ɗan Neriya, yayinda Irmiya yake fadar dukan waɗannan maganganun da Ubangiji ya faɗa masa, Baruk ya rubuta su a littafin.
5 ယေရမိ ကလည်း ၊ ငါ သည် အချုပ်ခံ လျက် နေရ သောကြောင့်၊ ဗိမာန် တော်သို့ မ သွား နိုင် ။
Sai Irmiya ya ce wa Baruk, “An hana ni, ba zan tafi haikalin Ubangiji ba.
6 သင် သွား လော့။ ငါ ပြန်ပြော သည်အတိုင်း ၊ သင်သည် စာလိပ် ၌ ရေး ထားသော ထာဝရဘုရား ၏ စကား တော်တို့ကို၊ အစာရှောင် သောနေ့ တွင် ၊ ဗိမာန် တော်၌ရှိသောသူ တို့ အားဘတ် လော့။ အမြို့မြို့ အရွာရွာ က လာ သော ယုဒ လူတို့အားလည်း ဘတ် လော့။
Saboda haka ka tafi gidan Ubangiji a ranar azumi ka karanta wa mutane daga littafin maganar Ubangiji da na shibta maka ka rubuta. Ka karanta su ga dukan mutanen Yahuda waɗanda suka zo daga garuruwansu.
7 သူတို့သည် အသီးအသီး လိုက်ဘူးသော အဓမ္မ လမ်း ကို ရှောင် လျက်၊ ထာဝရဘုရား အားပြပ်ဝပ်၍ ဆုတောင်းကောင်းဆုတောင်း ကြလိမ့်မည်။ ဤ လူမျိုး ၌ ထာဝရဘုရား ခြိမ်း တော်မူသော အမျက် ဒေါသ သည် အလွန် ပြင်းထန်ပေ၏ဟု ဗာရုတ် အား မှာ ထားလေ၏။
Wataƙila za su kawo kukansu a gaban Ubangiji, kowanne kuma ya juya daga muguwar hanyarsa, gama fushi da hasalar da Ubangiji ya furta a kan mutanen nan yana da girma.”
8 ထိုသို့ ပရောဖက် ယေရမိ မှာ ထားသမျှ အတိုင်း ၊ နေရိ သား ဗာရုတ် သည်ပြု ၍၊ ထာဝရဘုရား ၏ စကား တော်ပါသောစာ ကိုဗိမာန် တော်၌ ဘတ် လေ၏။
Sai Baruk ɗan Neriya ya yi dukan abin da annabi Irmiya ya ce ya yi; a haikalin Ubangiji kuwa ya karanta maganar Ubangiji daga littafin
9 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း နန်းစံငါး နှစ် ၊ နဝမ လ တွင် ယေရုရှလင် မြို့သား အပေါင်း တို့နှင့် ၊ ယုဒ မြို့ ရွာမှ ယေရုရှလင် မြို့သို့ ရောက် လာသောသူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့တော်၌ အစာရှောင် ရာအချိန်ကို ကြော်ငြာ ကြ၏။
A watan tara na shekara ta biyar ta Yehohiyakim ɗan Yosiya sarkin Yahuda, an yi shela a yi azumi a gaban Ubangiji ga dukan mutanen Urushalima da waɗanda suka zo daga garuruwan Yahuda.
10 ၁၀ ထိုအခါ ဗာရုတ် သည် ဗိမာန် တော်တံခါး သစ် နား မှာ၊ အထက် တန်တိုင်းအတွင်း၊ စာရေး တော်ရှာဖန် သား ဂေမရိ ၏အခန်း ၌၊ ယေရမိ စီရင်သောစာ ကို လူ အပေါင်း တို့ ရှေ့ မှာ ဘတ် လေ၏။
Daga ɗakin Gemariya ɗan Shafan magatakarda, wanda yake a fili na bisa a mashigin Sabuwar Ƙofar haikali, Baruk ya karanta wa dukan mutane a haikalin Ubangiji maganar Irmiya daga littafin.
11 ၁၁ ထိုစာ ၌ ပါသမျှ သော ထာဝရဘုရား ၏ စကား တော်တို့ကို ရှာဖန် သား ဖြစ်သော ဂေမရိ ၏သား မိက္ခါယ သည်ကြား လျှင် ၊
Sa’ad da Mikahiya ɗan Gemariya, ɗan Shafan, ya ji dukan maganar Ubangiji daga littafin,
12 ၁၂ နန်းတော် အတွင်း၊ စာရေး တော်အခန်း သို့ သွား ၍ ၊ စာရေး တော် ဧလိရှမာ ၊ ရှေမာယ သား ဒေလာယ ၊ အာခဗော် သား ဧလနာသန် ၊ ရှာဖန် သား ဂေမရိ ၊ ဟာနနိ သား ဇေဒကိ အစရှိ သော မှူး တော်မတ်တော် အပေါင်း တို့သည် ထိုင် လျက်ရှိကြ၏။
sai ya sauka zuwa ɗakin magatakarda a fada, inda dukan fadawa suke zaune, Elishama magatakarda, Delahiya ɗan Shemahiya, Elnatan ɗan Akbor, Gemariya ɗan Shafan, Zedekiya ɗan Hananiya, da dukan sauran fadawa.
13 ၁၃ ထိုအခါဗာရုတ် သည် လူ များတို့အား ဘတ် သော စာ ထဲက မိက္ခါယ ကြား သမျှ သော စကားတို့ကို ပြန်ပြော လေ၏။
Bayan Mikahiya ya faɗa musu kome da ya ji Baruk ya karanta wa mutane daga littafin,
14 ၁၄ ထိုမင်း အပေါင်း တို့သည်လည်း ၊ ကုရှိ ၊ ရှေလမိ ၊ နာသနိ တို့မှ ဆင်းသက် သော ယေဟုဒိ ကို ဗာရုတ် ထံသို့ စေလွှတ် လျက်၊ သင်သည် လူ များတို့အား ဘတ် သော စာလိပ် ကို သင့် လက် နှင့်ကိုင် ၍ လာ ခဲ့ဟုခေါ် ကြ၏။ နေရိ သား ဗာရုတ် သည်လည်း၊ စာလိပ် ကိုကိုင် ၍ လာ ၏။
sai dukan fadawan suka aiki Yehudi ɗan Netaniya, ɗan Shelemiya, ɗan Kushi, ya ce wa Baruk, “Ka zo tare da littafin da ka karanta wa mutane.” Saboda haka Baruk ɗan Neriya ya tafi wurinsu tare da littafin a hannunsa.
15 ၁၅ သူ တို့ကလည်း ထိုင် လော့။ ငါ တို့အား ဘတ် လော့ ဟုဆိုသည်အတိုင်း ၊ ဗာရုတ် သည် သူ တို့ရှေ့ မှာ ဘတ် လေ ၏။
Suka ce masa, “Zauna, ka karanta mana littafin.” Sai Baruk ya karanta musu littafin.
16 ၁၆ ထိုစကား အလုံးစုံ တို့ကို မင်း များတို့သည် ကြား လျှင် ၊ အချင်းချင်း ကြောက်ရွံ့ သောစိတ် ရှိ၍ ၊ ငါတို့သည် ဤ စကား အလုံးစုံ တို့ကို ရှင်ဘုရင် အား ဆက်ဆက်ကြား လျှောက်ရမည်ဟု ဗာရုတ် ကို ဆို ကြ၏။
Da suka ji dukan maganar, sai suka dubi juna a firgice suka ce wa Baruk, “Dole mu sanar da dukan maganan nan ga sarki.”
17 ၁၇ တဖန် သင်သည် ဤ စကား အလုံးစုံ တို့ကို သူ့ နှုတ် မြွက် သည် အတိုင်း အဘယ်သို့ ရေး ထားသနည်းဟု မေးမြန်း လျှင်၊
Sa’an nan suka ce wa Baruk, “Faɗa mana yadda ka yi ka rubuta dukan wannan. Irmiya ne ya yi maka shibtar ta?”
18 ၁၈ ဗာရုတ် က၊ သူသည်ဤ စကား အလုံးစုံ တို့ကို နှုတ် မြွက် ၍ ၊ အကျွန်ုပ် သည် မှင် နှင့် ရေး ထားပါ၏ဟု ပြန်ပြော သော် ၊
Baruk ya amsa ya ce, “I, shi ne ya faɗa mini dukan wannan magana, na kuwa rubuta su a takarda.”
19 ၁၉ မင်း များတို့က၊ သင် သွား လော့။ ယေရမိ နှင့် အတူ ပုန်းရှောင် ၍ နေလော့။ အဘယ်မှာ နေသည်ကို တစုံ တယောက်မျှ မ သိ စေနှင့်ဟုဗာရုတ် အား မှာ ခဲ့၍ ၊
Sa’an nan fadawan suka ce wa Baruk, “Kai da Irmiya ku je ku ɓuya. Kada ku bari wani ya san inda kuke.”
20 ၂၀ စာလိပ် ကိုစာရေး တော်ဧလိရှမာ ၏ အခန်း ၌ ထား ပြီးမှ နန်းတော်အတွင်း၊ ရှင်ဘုရင် ထံသို့ဝင်၍၊ ထိုအမှု ကို အကုန် အစင်လျှောက် ကြ၍။
Bayan da suka ajiye littafin a ɗakin Elishama magatakarda, sai suka tafi wurin sarki a fili suka sanar da shi kome.
21 ၂၁ ရှင် ဘုရင်သည် ထိုစာလိပ် ကိုယူ ချေဟု၊ ယေဟုဒိ ကိုစေလွှတ် သဖြင့် ၊ ယေဟုဒိ သည် စာရေး တော်ဧလိရှမာ ၏ အခန်း ထဲက ယူ ၍ ၊ ရှင်ဘုရင် အစရှိသော အထံ တော်၌ ရပ် နေသောမှူးမတ် အပေါင်းတို့ရှေ့ မှာ ဘတ် လေ၏။
Sai sarki ya aiki Yehudi ya kawo littafin daga ɗakin Elishama magatakarda ya kuma karanta wa sarki da kuma dukan fadawan da suke tsaye kusa da shi.
22 ၂၂ ထို အခါနဝမ လ ဖြစ်၍၊ ရှင် ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်း အခန်းတွင်ထိုင် ၍ ၊ ရှေ့ တော်၌ မီးမယ်ဖျူး ပေါ်မှာ မီး ခဲပုံရှိ၏။
A watan tara ne sarki kuwa yana zaune a gidansa na rani, wuta kuwa tana ci a kasko a gabansa.
23 ၂၃ ယေဟုဒိ သည် သုံး လေး ခဏ်း လောက် ဘတ် မိ လျှင် ၊ ရှင်ဘုရင်သည် စာရေး ၏ထား နှင့် လှီး ၍ မီးမယ်ဖျူး ပေါ် မှာရှိသော မီး ထဲသို့ စာလိပ်ကို ချ ပစ်လျှင်၊ အကုန် အစင် ကျွမ်း လောင်လေ၏။
Duk sa’ad da Yehudi ya karanta sashi uku ko huɗu na littafin, sai sarkin ya sa wuƙa ya yanke su, ya zuba a wutar da take ci a kasko, da haka ya ƙone dukan littafin.
24 ၂၄ ရှင်ဘုရင် မှစ၍ ၊ ထို စကား အလုံးစုံ တို့ကို ကြား သော ရှင် ဘုရင်၏ ကျွန် တယောက်မျှမ ကြောက် ၊ မိမိ အဝတ် ကိုလည်း မ ဆုတ် ကြ။
Sai sarki da dukan masu yin masa hidima waɗanda suke jin maganan nan ba su firgita ba, balle su keta rigunansu.
25 ၂၅ ရှင် ဘုရင်သည် စာလိပ် ကိုမီး မရှို့စေခြင်းငှါ ၊ ဧလနာသန် ၊ ဒေလာယ ၊ ဂေမရိ တို့သည် တောင်းပန် သော်လည်း ၊ ရှင်ဘုရင်သည် သူ တို့စကားကို နား မ ထောင်။
Ko da yake Elnatan, Delahiya da Gemariya sun roƙi sarki kada yă ƙone littafin, bai saurare su ba.
26 ၂၆ တဖန်ရှင် ဘုရင်သည် စာရေး ဗာရုတ် နှင့် ပရောဖက် ယေရမိ ကို ဘမ်းဆီး စေခြင်းငှါ ၊ သား တော်ယေရမေလ ၊ အာဇရေလ သား စရာယ ၊ အာဗဒေလ သား ရှေလမိ တို့ကို စေလွှတ် လေ၏။ သို့ရာတွင် ၊ ထာဝရဘုရား သည် ထိုသူ နှစ်ယောက်တို့ကို ဝှက် ထားတော်မူ၏။
A maimakon haka, sai sarki ya umarci Yerameyel ɗan sarki, Serahiya ɗan Azriyel da Shelemiya ɗan Abdeyel su kama Baruk marubuci da Irmiya annabi. Amma Ubangiji ya ɓoye su.
27 ၂၇ ယေရမိ နှုတ် မြွက်သည်အတိုင်း ဗာရုတ် ရေး ထားသော ထိုစာလိပ် ကို ရှင်ဘုရင် မီးရှို့ သောနောက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည် ကား၊
Bayan sarki ya ƙone littafin da ya ƙunshi maganar da Baruk ya rubuta daga shibtar Irmiya, sai maganar Ubangiji ta zo wa Irmiya cewa,
28 ၂၈ သင် သည်အခြား သော စာလိပ် ကိုယူ ၍၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော အရင် စာလိပ် ၌ ပါ သမျှ သော စကား ရင်း အတိုင်း ရေး ထားလော့။
“Ka ɗauki wani littafi ka rubuta a kansa dukan maganar da littafi na farin ya ƙunsa, wanda Yehohiyakim sarkin Yahuda ya ƙone.
29 ၂၉ သင်သည် ယုဒ ရှင်ဘုရင် ယောယကိမ် အား ပြော ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင် ဘုရင်သည် ဆက်ဆက်လာ ၍ ဤ ပြည် ကို ဖျက်ဆီး လိမ့်မည်။ လူ နှင့် တိရစ္ဆာန် အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလိမ့်မည်ဟူသောစကား ကို အဘယ်ကြောင့် ရေး ထားသနည်းဟု သင်သည်ဆို ၍ စာလိပ် ကိုမီးရှို့ ပြီ။
Ka kuma faɗa wa Yehohiyakim sarkin Yahuda cewa, ‘Ga abin da Ubangiji yana cewa, ka ƙone wancan littafin ka kuma ce, “Don me ka rubuta a cikinsa, cewa lalle sarkin Babilon zai zo ya hallaka wannan ƙasa, zai kashe mutum duk da dabba?”
30 ၃၀ ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ် ၏ရာဇ ပလ္လင်ပေါ် မှာ မ ထိုင် ရ။ သူ ၏အသေ ကောင်ကို နေ့ အချိန်၌ နေပူ ထဲသို့ ၎င်း ၊ ညဉ့် အချိန်၌ နှင်းခဲ ထဲသို့ ၎င်း ပစ် လိုက်ကြလိမ့်မည်။
Saboda haka, ga abin da Ubangiji yana cewa game da Yehohiyakim sarkin Yahuda. Ba zai kasance da wani wanda zai zauna a kan gadon sarautar Dawuda ba; za a jefar da gawarsa ta sha zafi da rana da dare kuma ta sha matsanancin sanyi.
31 ၃၁ သူ မှစ၍ သူ ၏သား မြေးတို့ကို ၎င်း၊ သူ ၏ ကျွန် တို့ကို၎င်း၊ အပြစ် နှင့်အလျောက်ငါစီရင် မည်။ သူ တို့နှင့် ယေရှုရှလင် မြို့သူ ယုဒ ပြည်သား တို့သည် နား မ ထောင်၊ သူ တို့အပေါ် သို့ ငါခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ရောက် စေမည်ဟုမိန့်တော်မူ၏။
Zan hukunta shi da kuma’ya’yansa da masu hidimarsa saboda muguntarsu; zan kawo kowace masifar da na furta a kansu da kuma waɗanda suke zama a Urushalima da na Yahuda, domin sun ƙi su saurara.’”
32 ၃၂ ထိုအခါ ယေရမိ သည်အခြား သော စာလိပ် ကို ယူ ၍ ၊ နေရိ သား စာရေး ဗာရုတ် အား ပေး သဖြင့် ၊ ယုဒ ရှင်ဘုရင် ယောယကိမ် မီးရှို့ သော စာ ၌ ပါသမျှ သော စကား တို့ကို ယေရမိ သည်နှုတ် မြွက်၍၊ ဗာရုတ်သည်ရေး ထား ၏။ အလား တူသော စကား အများ ကိုလည်းထပ်၍သွင်း ရ၏။
Sai Irmiya ta ɗauko wani littafi ya ba wa Baruk ɗan Neriya marubuci, kuma yayinda Irmiya yake shibtawa, Baruk ya rubuta a littafin dukan maganar da take a littafin da Yehohiyakim sarkin Yahuda ya ƙone. Ya kuma ƙara ire-iren maganganun nan a kansu.

< ယေရမိ 36 >