< ယေရမိ 35 >

1 ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း လက်ထက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား ၊
הַדָּבָר אֲשֶׁר־הָיָה אֶֽל־יִרְמְיָהוּ מֵאֵת יְהוָה בִּימֵי יְהוֹיָקִים בֶּן־יֹאשִׁיָּהוּ מֶלֶךְ יְהוּדָה לֵאמֹֽר׃
2 သင်သည်ရေခပ် အမျိုးသားတို့အိမ် သို့ သွား ၍ ၊ သူ တို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန် တော် အခန်း တ ခန်းထဲသို့ ခေါ် သွင်း၍ စပျစ်ရည် ကိုတိုက် ပေးလော့ဟု မိန့် တော်မူသည် အတိုင်း ၊
הָלוֹךְ אֶל־בֵּית הָרֵכָבִים וְדִבַּרְתָּ אוֹתָם וַהֲבִֽאוֹתָם בֵּית יְהוָה אֶל־אַחַת הַלְּשָׁכוֹת וְהִשְׁקִיתָ אוֹתָם יָֽיִן׃
3 ငါသည် ဟာဗဇိညာ သား ဖြစ်သော ယေရမိ ၏ သား ယာဇညာ မှစ၍ ၊ သူ ၏ညီအစ်ကို တို့နှင့် သား များ အပေါင်း ၊ ရေခပ် အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊
וָאֶקַּח אֶת־יַאֲזַנְיָה בֶֽן־יִרְמְיָהוּ בֶּן־חֲבַצִּנְיָה וְאֶת־אֶחָיו וְאֶת־כָּל־בָּנָיו וְאֵת כָּל־בֵּית הָרֵכָבִֽים׃
4 ဗိမာန် တော်အတွင်း၊ တံခါးစောင့်ရှလ္လုံ သား မာသေယ ၏ အခန်း အပေါ် ၊ မှူး တော်မတ်တော် စည်းဝေး ရာ အခန်း နား မှာ ဘုရား သခင်၏လူ ဣဂဒါလိ သား ဟာနန် ၏သား တို့ နေသော အခန်း ထဲသို့ ဆောင် သွားပြီးလျှင်၊
וָאָבִא אֹתָם בֵּית יְהוָה אֶל־לִשְׁכַּת בְּנֵי חָנָן בֶּן־יִגְדַּלְיָהוּ אִישׁ הָאֱלֹהִים אֲשֶׁר־אֵצֶל לִשְׁכַּת הַשָּׂרִים אֲשֶׁר מִמַּעַל לְלִשְׁכַּת מַעֲשֵׂיָהוּ בֶן־שַׁלֻּם שֹׁמֵר הַסַּֽף׃
5 ထိုရေခပ် အမျိုးသား တို့ရှေ့၌ စပျစ်ရည် နှင့် ပြည့် သောအိုး များနှင့် ခွက် ဖလားတို့ကိုထည့် ၍ ၊ စပျစ်ရည် ကို သောက် ကြပါဟု သူ တို့အား ဆို ၏။
וָאֶתֵּן לִפְנֵי ׀ בְּנֵי בֵית־הָרֵכָבִים גְּבִעִים מְלֵאִים יַיִן וְכֹסוֹת וָאֹמַר אֲלֵיהֶם שְׁתוּ־יָֽיִן׃
6 သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် စပျစ်ရည် ကို မ သောက် ပါ။ အကြောင်း မူကား၊ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ် ၏ သား ယောနဒပ် က၊ သင်တို့မှစ၍ သား စဉ် မြေးဆက်တို့သည် စပျစ်ရည် ကို မ သောက် ရကြ။
וַיֹּאמְרוּ לֹא נִשְׁתֶּה־יָּיִן כִּי יוֹנָדָב בֶּן־רֵכָב אָבִינוּ צִוָּה עָלֵינוּ לֵאמֹר לֹא תִשְׁתּוּ־יַיִן אַתֶּם וּבְנֵיכֶם עַד־עוֹלָֽם׃
7 အိမ် ကိုလည်း မ ဆောက် ရ၊ မျိုးစေ့ ကိုလည်း မ ကြဲ ရ၊ စပျစ် ဥယျာဉ်ကိုလည်း မ စိုက် ရ၊ မ ရှိ စေရကြ။ သင် တို့သည် ဧည့်သည် ဖြစ်လျက်နေသော ပြည် ၌ အသက် တာရှည် မည်အကြောင်း ၊ တသက် လုံး တဲ နှင့် သာ နေ ရကြမည်ဟု အကျွန်ုပ် တို့ကို မှာ ထားပါပြီ။
וּבַיִת לֹֽא־תִבְנוּ וְזֶרַע לֹֽא־תִזְרָעוּ וְכֶרֶם לֹֽא־תִטָּעוּ וְלֹא יִֽהְיֶה לָכֶם כִּי בָּאֳהָלִים תֵּֽשְׁבוּ כָּל־יְמֵיכֶם לְמַעַן תִּֽחְיוּ יָמִים רַבִּים עַל־פְּנֵי הָאֲדָמָה אֲשֶׁר אַתֶּם גָּרִים שָֽׁם׃
8 ထိုကြောင့် ၊ အကျွန်ုပ် တို့သည် မယား သား သမီး နှင့်တကွတသက်လုံး စပျစ်ရည် ကိုမ သောက် ။
וַנִּשְׁמַע בְּקוֹל יְהוֹנָדָב בֶּן־רֵכָב אָבִינוּ לְכֹל אֲשֶׁר צִוָּנוּ לְבִלְתִּי שְׁתֽוֹת־יַיִן כָּל־יָמֵינוּ אֲנַחְנוּ נָשֵׁינוּ בָּנֵינוּ וּבְנֹתֵֽינוּ׃
9 နေ စရာဘို့ အိမ် ကိုလည်း မ ဆောက် ။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာ မရှိ၊ မျိုးစေ့ မ ရှိ ။
וּלְבִלְתִּי בְּנוֹת בָּתִּים לְשִׁבְתֵּנוּ וְכֶרֶם וְשָׂדֶה וָזֶרַע לֹא יִֽהְיֶה־לָּֽנוּ׃
10 ၁၀ တဲ နှင့် သာ နေ ၍ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာ ထားသမျှ သော စကားကို နားထောင် လျက် ၊ အဘယောနဒပ်မှာထား သမျှအတိုင်း ပြု ကြပါပြီ။
וַנֵּשֶׁב בָּֽאֳהָלִים וַנִּשְׁמַע וַנַּעַשׂ כְּכֹל אֲשֶׁר־צִוָּנוּ יוֹנָדָב אָבִֽינוּ׃
11 ၁၁ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ ပြည် သို့ လာ သောအခါ ၊ အကျွန်ုပ်တို့က၊ လာ ကြ။ ယေရုရှလင် မြို့သို့ သွား ကြကုန်အံ့။ ခါလဒဲ စစ်သူရဲ တို့နှင့် ရှုရိ စစ်သူရဲ တို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်းပြောဆို၍၊ ယခုယေရှုရှလင် မြို့၌ နေ ကြပါသည်ဟု ဆို ကြ၏။
וַיְהִי בַּעֲלוֹת נְבוּכַדְרֶאצַּר מֶֽלֶךְ־בָּבֶל אֶל־הָאָרֶץ וַנֹּאמֶר בֹּאוּ וְנָבוֹא יְרוּשָׁלִַם מִפְּנֵי חֵיל הַכַּשְׂדִּים וּמִפְּנֵי חֵיל אֲרָם וַנֵּשֶׁב בִּירוּשָׁלָֽ͏ִם׃
12 ၁၂ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာ၍၊
וַֽיְהִי דְּבַר־יְהוָה אֶֽל־יִרְמְיָהוּ לֵאמֹֽר׃
13 ၁၃ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ယုဒ ပြည်သူ ၊ ယေရှုရှလင် မြို့သား တို့ ရှိရာသို့ သွား ၍ ၊ သင်တို့သည် ငါ့ စကား ကို နားထောင် အံ့သောငှါ ဆုံးမ ခြင်းကို မ ခံ ကြသလောဟု ထာဝရဘုရား မေး တော်မူ ၏။
כֹּֽה־אָמַר יְהוָה צְבָאוֹת אֱלֹהֵי יִשְׂרָאֵל הָלֹךְ וְאָֽמַרְתָּ לְאִישׁ יְהוּדָה וּלְיֽוֹשְׁבֵי יְרֽוּשָׁלָ͏ִם הֲלוֹא תִקְחוּ מוּסָר לִשְׁמֹעַ אֶל־דְּבָרַי נְאֻם־יְהוָֽה׃
14 ၁၄ စပျစ်ရည် ကို မ သောက် ရဟု၊ ရေခပ် သား ယောနဒပ် သည် မိမိ သား တို့၌ ထား သော ပညတ် စကားအတိုင်း၊ သူတို့သည် ကျင့် ၍ ယနေ့ တိုင် အောင်စပျစ်ရည် ကို မ သောက်ဘဲနေလျက်၊ အဘ ၏ပညတ် စကားကို နားထောင် ကြ၏။ ငါ သည် စောစော ထ၍ သင် တို့ကို အထပ်ထပ် ပြော သော်လည်း ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်ကြ။
הוּקַם אֶת־דִּבְרֵי יְהוֹנָדָב בֶּן־רֵכָב אֲשֶׁר־צִוָּה אֶת־בָּנָיו לְבִלְתִּי שְׁתֽוֹת־יַיִן וְלֹא שָׁתוּ עַד־הַיּוֹם הַזֶּה כִּי שָֽׁמְעוּ אֵת מִצְוַת אֲבִיהֶם וְאָנֹכִי דִּבַּרְתִּי אֲלֵיכֶם הַשְׁכֵּם וְדַבֵּר וְלֹא שְׁמַעְתֶּם אֵלָֽי׃
15 ၁၅ ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကိုလည်း ၊ ငါသည်စောစော ထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မ လမ်း ကို ရှောင် ကြလော့။ သင် တို့အကျင့် ကို ပြုပြင် ကြလော့ ။ အခြား တပါးသော ဘုရား နောက် သို့မ လိုက် ၊ ဝတ် မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင် တို့နှင့် သင် တို့၏ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ နေ ရကြ လိမ့်မည်ဟု မှာ လိုက်သော်လည်း ၊ သင်တို့သည် နား ကိုပိတ် လျက်၊ ငါ့ စကားကို နား မ ထောင်ဘဲ နေကြပြီ။
וָאֶשְׁלַח אֲלֵיכֶם אֶת־כָּל־עֲבָדַי הַנְּבִאִים ׀ הַשְׁכֵּים וְשָׁלֹחַ ׀ לֵאמֹר שֻׁבוּ־נָא אִישׁ מִדַּרְכּוֹ הָרָעָה וְהֵיטִיבוּ מַֽעַלְלֵיכֶם וְאַל־תֵּלְכוּ אַחֲרֵי אֱלֹהִים אֲחֵרִים לְעָבְדָם וּשְׁבוּ אֶל־הָאֲדָמָה אֲשֶׁר־נָתַתִּי לָכֶם וְלַאֲבֹֽתֵיכֶם וְלֹא הִטִּיתֶם אֶֽת־אָזְנְכֶם וְלֹא שְׁמַעְתֶּם אֵלָֽי׃
16 ၁၆ ရေခပ် သား ဖြစ်သော ယောနဒပ် ၏ သား မြေးတို့ သည် မိမိ တို့ အဘ မှာ ထားသော စကား အတိုင်း ကျင့် ကြ၍၊ ဤ လူမျိုး သည် ငါ့ စကားကို နား မ ထောင်သောကြောင့်၊
כִּי הֵקִימוּ בְּנֵי יְהוֹנָדָב בֶּן־רֵכָב אֶת־מִצְוַת אֲבִיהֶם אֲשֶׁר צִוָּם וְהָעָם הַזֶּה לֹא שָׁמְעוּ אֵלָֽי׃
17 ၁၇ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါသည်ခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ယုဒ ပြည်သူ၊ ယေရှုရှလင် မြို့သား အပေါင်း တို့အပေါ် သို့ ရောက် စေမည်။ အကြောင်း မူကား၊ ငါပြော သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ ခေါ် သော်လည်း မ ထူး ကြဟု မိန့်တော်မူ၏။
לָכֵן כֹּֽה־אָמַר יְהוָה אֱלֹהֵי צְבָאוֹת אֱלֹהֵי יִשְׂרָאֵל הִנְנִי מֵבִיא אֶל־יְהוּדָה וְאֶל כָּל־יֽוֹשְׁבֵי יְרוּשָׁלִַם אֵת כָּל־הָרָעָה אֲשֶׁר דִּבַּרְתִּי עֲלֵיהֶם יַעַן דִּבַּרְתִּי אֲלֵיהֶם וְלֹא שָׁמֵעוּ וָאֶקְרָא לָהֶם וְלֹא עָנֽוּ׃
18 ၁၈ ရေခပ် အမျိုးသား တို့အား လည်း ၊ ယေရမိ ဆင့်ဆို သော၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမိန့် တော်ဟူမူကား ၊ သင်တို့သည် သင် တို့အဘ ယောနဒပ် ၏ ပညတ် စကားကို နားထောင် ၍၊ သူ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့် သောကြောင့်၊
וּלְבֵית הָרֵכָבִים אָמַר יִרְמְיָהוּ כֹּֽה־אָמַר יְהוָה צְבָאוֹת אֱלֹהֵי יִשְׂרָאֵל יַעַן אֲשֶׁר שְׁמַעְתֶּם עַל־מִצְוַת יְהוֹנָדָב אֲבִיכֶם וַֽתִּשְׁמְרוּ אֶת־כָּל־מִצְוֺתָיו וַֽתַּעֲשׂוּ כְּכֹל אֲשֶׁר־צִוָּה אֶתְכֶֽם׃
19 ၁၉ ရေခပ် ယောနဒပ် အမျိုး ၌ ငါ့ အမှုထမ်း တို့သည် အစဉ် ရှိကြလိမ့်မည်ဟု ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
לָכֵן כֹּה אָמַר יְהוָה צְבָאוֹת אֱלֹהֵי יִשְׂרָאֵל לֹֽא־יִכָּרֵת אִישׁ לְיוֹנָדָב בֶּן־רֵכָב עֹמֵד לְפָנַי כָּל־הַיָּמִֽים׃

< ယေရမိ 35 >