< ယေရမိ 35 >
1 ၁ ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် မင်း လက်ထက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား ၊
The word which came to Jeremiah from the LORD in the days of Jehoiakim the son of Josiah, king of Judah, saying,
2 ၂ သင်သည်ရေခပ် အမျိုးသားတို့အိမ် သို့ သွား ၍ ၊ သူ တို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန် တော် အခန်း တ ခန်းထဲသို့ ခေါ် သွင်း၍ စပျစ်ရည် ကိုတိုက် ပေးလော့ဟု မိန့် တော်မူသည် အတိုင်း ၊
“Go to the house of the Rechabites, and speak to them, and bring them into the LORD’s house, into one of the rooms, and give them wine to drink.”
3 ၃ ငါသည် ဟာဗဇိညာ သား ဖြစ်သော ယေရမိ ၏ သား ယာဇညာ မှစ၍ ၊ သူ ၏ညီအစ်ကို တို့နှင့် သား များ အပေါင်း ၊ ရေခပ် အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊
Then I took Jaazaniah the son of Jeremiah, the son of Habazziniah, with his brothers, all his sons, and the whole house of the Rechabites;
4 ၄ ဗိမာန် တော်အတွင်း၊ တံခါးစောင့်ရှလ္လုံ သား မာသေယ ၏ အခန်း အပေါ် ၊ မှူး တော်မတ်တော် စည်းဝေး ရာ အခန်း နား မှာ ဘုရား သခင်၏လူ ဣဂဒါလိ သား ဟာနန် ၏သား တို့ နေသော အခန်း ထဲသို့ ဆောင် သွားပြီးလျှင်၊
and I brought them into the LORD’s house, into the room of the sons of Hanan the son of Igdaliah, the man of God, which was by the room of the princes, which was above the room of Maaseiah the son of Shallum, the keeper of the threshold.
5 ၅ ထိုရေခပ် အမျိုးသား တို့ရှေ့၌ စပျစ်ရည် နှင့် ပြည့် သောအိုး များနှင့် ခွက် ဖလားတို့ကိုထည့် ၍ ၊ စပျစ်ရည် ကို သောက် ကြပါဟု သူ တို့အား ဆို ၏။
I set before the sons of the house of the Rechabites bowls full of wine, and cups; and I said to them, “Drink wine!”
6 ၆ သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် စပျစ်ရည် ကို မ သောက် ပါ။ အကြောင်း မူကား၊ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ် ၏ သား ယောနဒပ် က၊ သင်တို့မှစ၍ သား စဉ် မြေးဆက်တို့သည် စပျစ်ရည် ကို မ သောက် ရကြ။
But they said, “We will drink no wine; for Jonadab the son of Rechab, our father, commanded us, saying, ‘You shall drink no wine, neither you nor your children, forever.
7 ၇ အိမ် ကိုလည်း မ ဆောက် ရ၊ မျိုးစေ့ ကိုလည်း မ ကြဲ ရ၊ စပျစ် ဥယျာဉ်ကိုလည်း မ စိုက် ရ၊ မ ရှိ စေရကြ။ သင် တို့သည် ဧည့်သည် ဖြစ်လျက်နေသော ပြည် ၌ အသက် တာရှည် မည်အကြောင်း ၊ တသက် လုံး တဲ နှင့် သာ နေ ရကြမည်ဟု အကျွန်ုပ် တို့ကို မှာ ထားပါပြီ။
You shall not build a house, sow seed, plant a vineyard, or have any; but all your days you shall dwell in tents, that you may live many days in the land in which you live as nomads.’
8 ၈ ထိုကြောင့် ၊ အကျွန်ုပ် တို့သည် မယား သား သမီး နှင့်တကွတသက်လုံး စပျစ်ရည် ကိုမ သောက် ။
We have obeyed the voice of Jonadab the son of Rechab, our father, in all that he commanded us, to drink no wine all our days, we, our wives, our sons, or our daughters;
9 ၉ နေ စရာဘို့ အိမ် ကိုလည်း မ ဆောက် ။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာ မရှိ၊ မျိုးစေ့ မ ရှိ ။
and not to build houses for ourselves to dwell in. We have no vineyard, field, or seed;
10 ၁၀ တဲ နှင့် သာ နေ ၍ အကျွန်ုပ် တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာ ထားသမျှ သော စကားကို နားထောင် လျက် ၊ အဘယောနဒပ်မှာထား သမျှအတိုင်း ပြု ကြပါပြီ။
but we have lived in tents, and have obeyed, and done according to all that Jonadab our father commanded us.
11 ၁၁ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ ပြည် သို့ လာ သောအခါ ၊ အကျွန်ုပ်တို့က၊ လာ ကြ။ ယေရုရှလင် မြို့သို့ သွား ကြကုန်အံ့။ ခါလဒဲ စစ်သူရဲ တို့နှင့် ရှုရိ စစ်သူရဲ တို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်းပြောဆို၍၊ ယခုယေရှုရှလင် မြို့၌ နေ ကြပါသည်ဟု ဆို ကြ၏။
But when Nebuchadnezzar king of Babylon came up into the land, we said, ‘Come! Let’s go to Jerusalem for fear of the army of the Chaldeans, and for fear of the army of the Syrians; so we will dwell at Jerusalem.’”
12 ၁၂ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာ၍၊
Then the LORD’s word came to Jeremiah, saying,
13 ၁၃ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ယုဒ ပြည်သူ ၊ ယေရှုရှလင် မြို့သား တို့ ရှိရာသို့ သွား ၍ ၊ သင်တို့သည် ငါ့ စကား ကို နားထောင် အံ့သောငှါ ဆုံးမ ခြင်းကို မ ခံ ကြသလောဟု ထာဝရဘုရား မေး တော်မူ ၏။
“The LORD of Armies, the God of Israel, says: ‘Go and tell the men of Judah and the inhabitants of Jerusalem, “Will you not receive instruction to listen to my words?” says the LORD.
14 ၁၄ စပျစ်ရည် ကို မ သောက် ရဟု၊ ရေခပ် သား ယောနဒပ် သည် မိမိ သား တို့၌ ထား သော ပညတ် စကားအတိုင်း၊ သူတို့သည် ကျင့် ၍ ယနေ့ တိုင် အောင်စပျစ်ရည် ကို မ သောက်ဘဲနေလျက်၊ အဘ ၏ပညတ် စကားကို နားထောင် ကြ၏။ ငါ သည် စောစော ထ၍ သင် တို့ကို အထပ်ထပ် ပြော သော်လည်း ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်ကြ။
“The words of Jonadab the son of Rechab that he commanded his sons, not to drink wine, are performed; and to this day they drink none, for they obey their father’s commandment; but I have spoken to you, rising up early and speaking, and you have not listened to me.
15 ၁၅ ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကိုလည်း ၊ ငါသည်စောစော ထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ် လျက်၊ သင်တို့အသီးအသီး လိုက်သော အဓမ္မ လမ်း ကို ရှောင် ကြလော့။ သင် တို့အကျင့် ကို ပြုပြင် ကြလော့ ။ အခြား တပါးသော ဘုရား နောက် သို့မ လိုက် ၊ ဝတ် မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင် တို့နှင့် သင် တို့၏ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ နေ ရကြ လိမ့်မည်ဟု မှာ လိုက်သော်လည်း ၊ သင်တို့သည် နား ကိုပိတ် လျက်၊ ငါ့ စကားကို နား မ ထောင်ဘဲ နေကြပြီ။
I have sent also to you all my servants the prophets, rising up early and sending them, saying, ‘Every one of you must return now from his evil way, amend your doings, and do not go after other gods to serve them. Then you will dwell in the land which I have given to you and to your fathers;’ but you have not inclined your ear, nor listened to me.
16 ၁၆ ရေခပ် သား ဖြစ်သော ယောနဒပ် ၏ သား မြေးတို့ သည် မိမိ တို့ အဘ မှာ ထားသော စကား အတိုင်း ကျင့် ကြ၍၊ ဤ လူမျိုး သည် ငါ့ စကားကို နား မ ထောင်သောကြောင့်၊
The sons of Jonadab the son of Rechab have performed the commandment of their father which he commanded them, but this people has not listened to me.”’
17 ၁၇ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါသည်ခြိမ်း သမျှ သော ဘေးဥပဒ် တို့ကို ယုဒ ပြည်သူ၊ ယေရှုရှလင် မြို့သား အပေါင်း တို့အပေါ် သို့ ရောက် စေမည်။ အကြောင်း မူကား၊ ငါပြော သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ ခေါ် သော်လည်း မ ထူး ကြဟု မိန့်တော်မူ၏။
“Therefore the LORD, the God of Armies, the God of Israel, says: ‘Behold, I will bring on Judah and on all the inhabitants of Jerusalem all the evil that I have pronounced against them, because I have spoken to them, but they have not heard; and I have called to them, but they have not answered.’”
18 ၁၈ ရေခပ် အမျိုးသား တို့အား လည်း ၊ ယေရမိ ဆင့်ဆို သော၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမိန့် တော်ဟူမူကား ၊ သင်တို့သည် သင် တို့အဘ ယောနဒပ် ၏ ပညတ် စကားကို နားထောင် ၍၊ သူ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့် သောကြောင့်၊
Jeremiah said to the house of the Rechabites, “The LORD of Armies, the God of Israel, says: ‘Because you have obeyed the commandment of Jonadab your father, and kept all his precepts, and done according to all that he commanded you,’
19 ၁၉ ရေခပ် ယောနဒပ် အမျိုး ၌ ငါ့ အမှုထမ်း တို့သည် အစဉ် ရှိကြလိမ့်မည်ဟု ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
therefore the LORD of Armies, the God of Israel, says: ‘Jonadab the son of Rechab will not lack a man to stand before me forever.’”