< ယေရမိ 34 >
1 ၁ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းကြီးသည် ဗိုလ်ခြေ အပေါင်း ၊ အစိုးရ တော်မူသမျှ သော တိုင်း နိုင်ငံသား၊ လူမျိုး အသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင် မြို့ကို၎င်း၊ ထို မြို့နှင့်ဆိုင်သမျှ သောမြို့ရွာ တို့ကို၎င်းတိုက် သောအခါ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊
2 ၂ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ဇေဒကိ ကို သွား ၍ ပြော ရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၍ ၊ သူသည် မီးရှို့ လိမ့်မည်။
3 ၃ သင် သည် ထိုမင်း လက် နှင့် မ လွတ် ရ။ စင်စစ်သင့်ကိုဘမ်းဆီး ၍ ထိုမင်း လက် သို့ အပ် ကြလိမ့်မည်။ သင် သည် ဗာဗုလုန် ရှင်ဘုရင် ကို မျက်နှာ ချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပြော ရလိမ့်မည်။ ဗာဗုလုန် မြို့သို့လည်း သွား ရလိမ့်မည်။
4 ၄ သို့ရာတွင်၊ ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီး၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။ မင်းကြီး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်သည် ထား ဖြင့် အသေ မ ခံရ။
5 ၅ ငြိမ်ဝပ် စွာ သေ ၍ သင့် ရှေ့ မှာ စိုးစံ သော ဘိုး တော်ဘေးတော်တို့အဘို့ ပြုဘူးသည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့ လျက် ၊ ဩ သခင် ဟူ၍ငိုကြွေး မြည်တမ်းကြလိမ့်မည်၊ ငါ ပြော ထားပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
6 ၆ ဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ တို့သည် ယေရုရှလင် မြို့ကို ၎င်း၊
7 ၇ ယုဒပြည်၌ ခိုင်ခံ့ ၍ ကျန်ကြွင်း သောမြို့ ၊ လာခိရှ မြို့၊ အဇေကာ မြို့တည်းဟူသောယုဒ ပြည် ၌ ကျန် ကြွင်း သော မြို့ တို့ကို၎င်းတိုက် သောအခါ ၊ ပရောဖက် ယေရမိ သည် ထို စကား အလုံးစုံ တို့ကို ယုဒ ရှင်ဘုရင် ဇေဒကိ အား ဆင့်ဆို လေ၏။
8 ၈ ယေရုရှလင် မြို့သား အပေါင်း တို့သည် အသီးအသီး စေစားသော ယုဒ ညီအစ်ကို ချင်း၊
9 ၉ အစေခံရသောဟေဗြဲ အမျိုးကျွန်ယောက်ျား မိန်းမ တို့ကို နောက်တဖန် မ စေစားဘဲလွှတ် စေခြင်းငှါ ၊ ဇေဒကိ မင်းကြီး သည် လွှတ်ခြင်း တရားကို စီရင် မည်ဟု ဝန်ခံပြီးသည်နောက် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ရောက် လာ၏။
10 ၁၀ အကြောင်းမူကား၊ ဝန်ခံ သောမှူးမတ် ၊ ဆင်းရဲသား အပေါင်း တို့သည် အသီးအသီး စေစား သော ကျွန် ယောက်ျား မိန်းမ တို့ကို နောက် တဖန် မ စေစား ဘဲ လွှတ် ရမည်ဟု ကြားသောအခါ၊ နားထောင် ၍ လွှတ် လိုက်ကြ၏။
11 ၁၁ နောက် တဖန် ပြောင်းလဲ ၍ ယခင်လွှတ် ပြီးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြ ၏။
12 ၁၂ ထိုကြောင့် ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် ၍၊
13 ၁၃ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘိုးဘေး များကို ကျွန်ခံ နေရာ အဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ ၊
14 ၁၄ သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကို ချင်း ဟေဗြဲ အမျိုးသားတို့ကို ခုနစ် နှစ် စေ့ လျှင် လွှတ် ရမည် ။ ခြောက် နှစ် ပတ်လုံးသင် တို့၌ အစေကျွန်ခံ ပြီးမှ ၊ လွတ် သော အခွင့် ကိုပေးရမည်ဟု ပညတ်သော်လည်း ၊ သင် တို့ဘိုးဘေး များတို့သည် ငါ့ စကားကို နား မ ထောင်၊ နား ကို ပိတ် လျက်နေကြ၏။
15 ၁၅ သင်တို့သည် ယခုမှာပြောင်းလဲ ၍၊ အသီးအသီး အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ စီရင်သဖြင့်၊ ငါ့ ရှေ့ ၌ တရား သော အမှုကို ပြု လျက်၊ ငါ့ နာမ ဖြင့် သမုတ် သော ဗိမာန် တော်၌ ငါ့ ရှေ့ မှာ ဝန်ခံခြင်း ပဋိညာဉ် ကိုပြု ကြသော်လည်း ၊
16 ၁၆ တဖန် ပြောင်းလဲ ၍ ငါ ၏နာမ ကို ရှုတ်ချ လျက် ၊ အသီးအသီး ရှင်းရှင်းလွှတ် ဘူးသော ကျွန် ယောက်ျား မိန်းမ တို့ကို ခေါ် ပြန်၍ အစေ ကျွန်ခံစေကြပြီတကား။
17 ၁၇ ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အသီးအသီး ညီအစ်ကို ချင်း၊ အိမ်နီးချင်း တို့ အား လွတ် ရသောအခွင့်ကို ထင်ရှား စွာ မစီရင်၊ ငါ့ စကား ကို နား မ ထောင်သောကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင် တို့အဘို့ ၊ ထား ဘေး၊ ကာလနာ ဘေး၊ မွတ်သိပ် ခြင်းဘေးတို့အား လွတ် သောအခွင့်ကို ထင်ရှား စွာ စီရင်၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့် အရှက်ခံ စေမည်။
18 ၁၈ နွားသငယ် ကို ထက်ခြမ်းခွဲ ၍ ၊ အလယ် သို့ ရှောက် သွားလျက်၊ ငါ့ ရှေ့ မှာပြု သော ဝန်ခံခြင်းပဋိညာဉ် စကား အတိုင်းမ ကျင့် ၊ ငါ ၏ပဋိညာဉ် ကို ဖျက် သော သူ တည်းဟူသော၊
19 ၁၉ ယုဒ မင်း ၊ ယေရုရှလင် မင်း ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် အစ ရှိသော၊ နွားသငယ် ထက် ခြမ်းအလယ် သို့ ရှောက်သွား သော ပြည်သူ ပြည်သားအပေါင်း တို့ကို၊
20 ၂၀ သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောသူများလက် သို့ ၎င်း ငါအပ် မည်။ သူ တို့အသေ ကောင် များတို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ များ စားစရာ ဘို့ဖြစ်ကြလိမ့်မည်။
21 ၂၁ ယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ မှူး တော်မတ်တော် တို့ကို သူ တို့ရန်သူ များလက် သို့ ၎င်း ၊ သတ် ချင်သောလူများ လက် သို့ ၎င်း ၊ ယခုလွှဲ သွားသောဗာဗုလုန် ရှင်ဘုရင် ၏ ဗိုလ်ခြေ များလက် သို့ ၎င်း ငါအပ် မည်။
22 ၂၂ ငါ သည် အမိန့် တော်ပေး၍ သူ တို့ကို ဤ မြို့ သို့ ပြန် လာစေမည်။ သူတို့သည် တိုက် ယူ ၍ မီးရှို့ ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒ မြို့ ရွာတို့ကို လူဆိတ်ညံ ရာအရပ် ဖြစ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။