< ယေရမိ 33 >

1 ယေရမိ သည် ထောင် ဝင်း ထဲမှာ အချုပ်ခံ လျက် နေရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ရောက် လာ၍ ၊
וַיְהִי דְבַר־יְהֹוָה אֶֽל־יִרְמְיָהוּ שֵׁנִית וְהוּא עוֹדֶנּוּ עָצוּר בַּחֲצַר הַמַּטָּרָה לֵאמֹֽר׃
2 ဤအမှု ကို ပြု သောဘုရား၊ ဤအမှု ကို ဖန်ဆင်း စီရင် သော ဘုရား ၊ ယေဟောဝါ အမည် ရှိသောထာဝရဘုရား မိန့် တော်မူသည်ကား ၊
כֹּה־אָמַר יְהֹוָה עֹשָׂהּ יְהֹוָה יוֹצֵר אוֹתָהּ לַהֲכִינָהּ יְהֹוָה שְׁמֽוֹ׃
3 ငါ့ ကို ခေါ် လော့။ ငါထူး မည်။ ကြီး သောအရာ၊ သင်မ သိ နိုင်အောင် နက်နဲ သော အရာတို့ကို ငါပြ မည်။
קְרָא אֵלַי וְאֶעֱנֶךָּ וְאַגִּידָה לְּךָ גְּדֹלוֹת וּבְצֻרוֹת לֹא יְדַעְתָּֽם׃
4 ပြအိုး မြေရိုးဖြင့်၎င်း ၊ ထား ဖြင့်၎င်း ပြိုပျက် သော ဤ မြို့ ၏အိမ် များ၊ ယုဒ ရှင်ဘုရင် ၏ ဘုံ ဗိမာန်များကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
כִּי כֹה אָמַר יְהֹוָה אֱלֹהֵי יִשְׂרָאֵל עַל־בָּתֵּי הָעִיר הַזֹּאת וְעַל־בָּתֵּי מַלְכֵי יְהוּדָה הַנְּתֻצִים אֶל־הַסֹּלְלוֹת וְאֶל־הֶחָֽרֶב׃
5 ခါလဒဲ လူတို့သည် စစ်တိုက် ခြင်းငှါ လာ ကြ၏။ ငါ သည် ပြင်းစွာအမျက် ထွက်၍ ကွပ်မျက် သော သူ တို့ ၏ အသေ ကောင်များနှင့် ထို အိမ်များကို ပြည့် စေခြင်းငှါ လာကြ၏။ ထိုသူ တို့၏ ဒုစရိုက် များကြောင့် ၊ ဤ မြို့ မှ ငါ သည် မျက်နှာ ကိုလွှဲ ပြီ။
בָּאִים לְהִלָּחֵם אֶת־הַכַּשְׂדִּים וּלְמַלְאָם אֶת־פִּגְרֵי הָאָדָם אֲשֶׁר־הִכֵּיתִי בְאַפִּי וּבַחֲמָתִי וַאֲשֶׁר הִסְתַּרְתִּי פָנַי מֵהָעִיר הַזֹּאת עַל כׇּל־רָעָתָֽם׃
6 သို့ရာတွင်၊ ငါ သည် ဤမြို့၏ အနာကို ဆေးအုံ ၍ ပျောက် စေမည်။ မြို့သားတို့သည် ကျန်းမာ မည် အကြောင်း ၊ မြဲ သောစည်းစိမ်ချမ်းသာ နှင့် ပြည့်စုံ မည် အကြောင်းကို ငါပြ မည်။
הִנְנִי מַעֲלֶה־לָּהּ אֲרֻכָה וּמַרְפֵּא וּרְפָאתִים וְגִלֵּיתִי לָהֶם עֲתֶרֶת שָׁלוֹם וֶאֱמֶֽת׃
7 သိမ်းသွား ခြင်းကိုခံရသောယုဒ အမျိုးနှင့် ဣသရေလ အမျိုးသား တို့ကို တဖန်ငါဆောင် ခဲ့၍ အရင် ကဲ့သို့ တည်ဆောက် မည်။
וַהֲשִֽׁבֹתִי אֶת־שְׁבוּת יְהוּדָה וְאֵת שְׁבוּת יִשְׂרָאֵל וּבְנִתִים כְּבָרִֽאשֹׁנָֽה׃
8 သူတို့သည် ငါ့ ကို ပြစ်မှား သမျှ သော အပြစ် တို့ကို ငါဖြေရှင်း မည်။ ငါ့ ကို ပြစ်မှား ၍ ငါ၏တရားကို လွန်ကျူး သမျှ သောအပြစ် တို့ကို ငါလွှတ် မည်။
וְטִהַרְתִּים מִכׇּל־עֲוֺנָם אֲשֶׁר חָֽטְאוּ־לִי וְסָלַחְתִּי (לכול) [לְכׇל־]עֲוֺנֽוֹתֵיהֶם אֲשֶׁר חָֽטְאוּ־לִי וַאֲשֶׁר פָּשְׁעוּ בִֽי׃
9 ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်း သောလူမျိုး တို့တွင် ချီးမွမ်း စရာ အကြောင်း၊ ဂုဏ် အသရေတော်ကျော်စော စရာအကြောင်းဖြစ် လိမ့်မည်။ ဤမြို့သားတို့အား ငါ ပြု သမျှ သော ကျေးဇူး ကို လူအမျိုးမျိုးတို့သည် ကြား သိကြလိမ့်မည်။ ဤမြို့ ၌ ငါ ပြုစု သမျှသော စည်းစိမ် ချမ်းသာ ကိုထောက်၍ ကြောက်ရွံ တုန်လှုပ် ကြလိမ့်မည်။
וְהָיְתָה לִּי לְשֵׁם שָׂשׂוֹן לִתְהִלָּה וּלְתִפְאֶרֶת לְכֹל גּוֹיֵי הָאָרֶץ אֲשֶׁר יִשְׁמְעוּ אֶת־כׇּל־הַטּוֹבָה אֲשֶׁר אָנֹכִי עֹשֶׂה אוֹתָם וּפָחֲדוּ וְרָגְזוּ עַל כׇּל־הַטּוֹבָה וְעַל כׇּל־הַשָּׁלוֹם אֲשֶׁר אָנֹכִי עֹשֶׂה לָּֽהּ׃
10 ၁၀ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ မ ရှိ၊ တိရစ္ဆာန် မ ရှိ၊ ဆိတ်ညံ ပြီဟု သင် တို့ဆို တတ်သော ဤ အရပ် ၌ ၎င်း ၊ လူ မ ရှိ၊ တိရစ္ဆာန် မ ရှိ၊ နေ သောသူမ ရှိ၊ ဆိတ်ညံသောယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ၎င်း ၊
כֹּה ׀ אָמַר יְהֹוָה עוֹד יִשָּׁמַע בַּמָּקוֹם־הַזֶּה אֲשֶׁר אַתֶּם אֹֽמְרִים חָרֵב הוּא מֵאֵין אָדָם וּמֵאֵין בְּהֵמָה בְּעָרֵי יְהוּדָה וּבְחֻצוֹת יְרוּשָׁלַ͏ִם הַֽנְשַׁמּוֹת מֵאֵין אָדָם וּמֵאֵין יוֹשֵׁב וּמֵאֵין בְּהֵמָֽה׃
11 ၁၁ နောက်တဖန်ဝမ်းမြောက် သော အသံ ၊ ရွှင်လန်း သော အသံ ၊ မင်္ဂလာဆောင်သတို့သား အသံ ၊ မင်္ဂလာဆောင် သတို့သမီး အသံ ၊ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ကရုဏာ တော်သည် အစဉ် အမြဲတည်သောကြောင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ချီးမွမ်း ကြလော့ဟုဆို သောသူတို့ ၏အသံ ၊ ချီးမွမ်း ရာ ပူဇော်သက္ကာကို ဗိမာန် တော်သို့ဆောင် ခဲ့သောသူတို့ ၏ အသံကို ကြား ရကြလိမ့်မည်။ အကြောင်း မူကား၊ သိမ်း သွားခြင်းကို ခံရသောပြည် သားတို့ကို ငါဆောင် ခဲ့၍၊ အရင် ကဲ့သို့ နေစေမည်ဟု မိန့် တော်မူ၏။
קוֹל שָׂשׂוֹן וְקוֹל שִׂמְחָה קוֹל חָתָן וְקוֹל כַּלָּה קוֹל אֹמְרִים הוֹדוּ אֶת־יְהֹוָה צְבָאוֹת כִּי־טוֹב יְהֹוָה כִּֽי־לְעוֹלָם חַסְדּוֹ מְבִאִים תּוֹדָה בֵּית יְהֹוָה כִּֽי־אָשִׁיב אֶת־שְׁבוּת־הָאָרֶץ כְּבָרִאשֹׁנָה אָמַר יְהֹוָֽה׃
12 ၁၂ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ မ ရှိ၊ တိရစ္ဆာန် မရှိ၊ ဆိတ်ညံ သော ဤ အရပ် တွင် ၊ မြို့ ရွာရှိသမျှ တို့၌ သိုးစု ကို ထိန်းသော သိုးထိန်း နေရာ ရှိ လေဦး မည်။
כֹּה־אָמַר יְהֹוָה צְבָאוֹת עוֹד יִהְיֶה ׀ בַּמָּקוֹם הַזֶּה הֶחָרֵב מֵאֵין־אָדָם וְעַד־בְּהֵמָה וּבְכׇל־עָרָיו נְוֵה רֹעִים מַרְבִּצִים צֹֽאן׃
13 ၁၃ တောင် ပေါ်မြို့ ၊ ချိုင့် ထဲမြို့ ၊ တောင် ဘက်မြို့ ၊ ဗင်္ယာမိန် ပြည် ၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် အရပ်၊ ယုဒ မြို့ များတို့၌ ၊ သိုးစု ကိုရေတွက် သောသူ ၏ လက် အောက် မှာ၊ သိုးစုတို့သည် တဖန် ရှောက်သွား ကြလိမ့်မည် ဟု မိန့် တော်မူ၏။
בְּעָרֵי הָהָר בְּעָרֵי הַשְּׁפֵלָה וּבְעָרֵי הַנֶּגֶב וּבְאֶרֶץ בִּנְיָמִן וּבִסְבִיבֵי יְרוּשָׁלַ͏ִם וּבְעָרֵי יְהוּדָה עֹד תַּעֲבֹרְנָה הַצֹּאן עַל־יְדֵי מוֹנֶה אָמַר יְהֹוָֽה׃
14 ၁၄ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့၌ ငါထား သော ဂတိ အတိုင်း ကျေးဇူး ပြုရသော အချိန်ကာလသည် ရောက် လိမ့်မည်။
הִנֵּה יָמִים בָּאִים נְאֻם־יְהֹוָה וַהֲקִֽמֹתִי אֶת־הַדָּבָר הַטּוֹב אֲשֶׁר דִּבַּרְתִּי אֶל־בֵּית יִשְׂרָאֵל וְעַל־בֵּית יְהוּדָֽה׃
15 ၁၅ ထို ကာလ အခါ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါ ပေါက် စေ၍ ၊ သူသည် မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် လိမ့်မည်။
בַּיָּמִים הָהֵם וּבָעֵת הַהִיא אַצְמִיחַ לְדָוִד צֶמַח צְדָקָה וְעָשָׂה מִשְׁפָּט וּצְדָקָה בָּאָֽרֶץ׃
16 ၁၆ ထို ကာလ ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ ရောက်၍ ၊ ယေရုရှလင် မြို့သည်လည်း ငြိမ်ဝပ် ခြင်း ရှိ လိမ့်မည်။ ထိုမြို့သည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိလိမ့်သတည်း။
בַּיָּמִים הָהֵם תִּוָּשַׁע יְהוּדָה וִירוּשָׁלַ͏ִם תִּשְׁכּוֹן לָבֶטַח וְזֶה אֲשֶׁר־יִקְרָא־לָהּ יְהֹוָה ׀ צִדְקֵֽנוּ׃
17 ၁၇ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ နန်းတော် ပေါ် မှာ ထိုင် ရသောဒါဝိဒ် မင်းရိုး မင်းစဉ်သည် အလျှင်း မပြတ် ရ။
כִּי־כֹה אָמַר יְהֹוָה לֹא־יִכָּרֵת לְדָוִד אִישׁ יֹשֵׁב עַל־כִּסֵּא בֵֽית־יִשְׂרָאֵֽל׃
18 ၁၈ ငါ့ ရှေ့ မှာ မီးရှို့ ရာ ယဇ်ကိုပူဇော် လျက် ၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့ လျက် ၊ ယဇ် ပူဇော်ရာဝတ်ကို အစဉ် ပြု ရသော လေဝိ သားယဇ် ပုရောဟိတ်ရိုးလည်း အလျှင်း မပြတ် ရဟု မိန့်တော်မူ၏။
וְלַכֹּֽהֲנִים הַלְוִיִּם לֹא־יִכָּרֵת אִישׁ מִלְּפָנָי מַעֲלֶה עוֹלָה וּמַקְטִיר מִנְחָה וְעֹשֶׂה זֶּבַח כׇּל־הַיָּמִֽים׃
19 ၁၉ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် ၍၊
וַֽיְהִי דְּבַר־יְהֹוָה אֶֽל־יִרְמְיָהוּ לֵאמֽוֹר׃
20 ၂၀ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါထား သောနေ့ ပဋိညာဉ် နှင့် ညဉ့် ပဋိညာဉ် တရားကို သင်တို့သည် ဖျက် ၍၊ နေ့ ညဉ့် အပိုင်း အခြား မ ရှိ စေခြင်းငှါ တတ်နိုင် လျှင်၊
כֹּה אָמַר יְהֹוָה אִם־תָּפֵרוּ אֶת־בְּרִיתִי הַיּוֹם וְאֶת־בְּרִיתִי הַלָּיְלָה וּלְבִלְתִּי הֱיוֹת יֽוֹמָם־וָלַיְלָה בְּעִתָּֽם׃
21 ၂၁ ငါ ၏ကျွန် ဒါဝိဒ် ၌ ငါ ထားသော ပဋိညာဉ် ပျက် ၍၊ ဒါဝိဒ် ၏ ရာဇပလ္လင် ပေါ် မှာစိုးစံ ရသောဒါဝိဒ် မင်းရိုး သည် ပြတ်လိမ့်မည်။ ငါ ၏အမှုထမ်း လေဝိ သား ယဇ် ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။
גַּם־בְּרִיתִי תֻפַר אֶת־דָּוִד עַבְדִּי מִהְיֽוֹת־לוֹ בֵן מֹלֵךְ עַל־כִּסְאוֹ וְאֶת־הַלְוִיִּם הַכֹּהֲנִים מְשָֽׁרְתָֽי׃
22 ၂၂ မိုဃ်းကောင်းကင် တန်ဆာ တို့ကို မ ရေတွက် နိုင်၊ သမုဒ္ဒရာ သဲ လုံးတို့ကို တောင်းတင်းနှင့် မ ခြင် နိုင်အောင် များပြားသကဲ့သို့၊ ငါ့ ကျွန် ဒါဝိဒ် ၏အမျိုး ကို၎င်း ၊ ငါ ၏အမှုထမ်း လေဝိ သားတို့ကို၎င်းငါများ ပြားစေမည်ဟု မိန့် တော်မူ ၏။
אֲשֶׁר לֹֽא־יִסָּפֵר צְבָא הַשָּׁמַיִם וְלֹא יִמַּד חוֹל הַיָּם כֵּן אַרְבֶּה אֶת־זֶרַע דָּוִד עַבְדִּי וְאֶת־הַלְוִיִּם מְשָֽׁרְתֵי אֹתִֽי׃
23 ၂၃ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊
וַֽיְהִי דְּבַר־יְהֹוָה אֶֽל־יִרְמְיָהוּ לֵאמֹֽר׃
24 ၂၄ ထာဝရဘုရား ရွေးကောက် သော လူမျိုး နှစ် မျိုး ကို တဖန် ပယ် တော်မူပြီဟု ဤ လူ တို့ပြော တတ်သော စကား ကို သင်သည်ဆင်ခြင် ပြီလော။ ထိုသို့သူတို့သည် ငါ ၏လူမျိုး ကို လူမျိုး ကဲ့သို့မ မှတ် ၊ မထီမဲ့မြင် ပြုကြပြီ။
הֲלוֹא רָאִיתָ מָֽה־הָעָם הַזֶּה דִּבְּרוּ לֵאמֹר שְׁתֵּי הַמִּשְׁפָּחוֹת אֲשֶׁר בָּחַר יְהֹוָה בָּהֶם וַיִּמְאָסֵם וְאֶת־עַמִּי יִנְאָצוּן מִֽהְיוֹת עוֹד גּוֹי לִפְנֵיהֶֽם׃
25 ၂၅ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နေ့ နှင့် ညဉ့် အဘို့ငါ ၏ပဋိညာဉ် မရှိ လျှင် ၎င်း ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး တရား တို့ကို ငါမ စီရင် လျှင်၎င်း ၊
כֹּה אָמַר יְהֹוָה אִם־לֹא בְרִיתִי יוֹמָם וָלָיְלָה חֻקּוֹת שָׁמַיִם וָאָרֶץ לֹא־שָֽׂמְתִּי׃
26 ၂၆ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် အမျိုး ကို အုပ်စိုး ရသောမင်းအရာ၌၊ ယာကုပ် အမျိုးနှင့် ငါ့ ကျွန် ဒါဝိဒ် ၏ အမျိုးသား စဉ် မြေးဆက်ထဲက ငါရွေး ၍ မခန့်ထားဘဲ စွန့်ပစ် မည်။ သို့မဟုတ်သိမ်း သွားခြင်းကိုခံရသောထိုသူ တို့ ကို တဖန်ငါဆောင် ခဲ့၍ ကယ်မ သနားမည်ဟု မိန့်တော်မူ ၏။
גַּם־זֶרַע יַעֲקוֹב וְדָוִד עַבְדִּי אֶמְאַס מִקַּחַת מִזַּרְעוֹ מֹֽשְׁלִים אֶל־זֶרַע אַבְרָהָם יִשְׂחָק וְיַעֲקֹב כִּֽי־[אָשִׁיב] (אשוב) אֶת־שְׁבוּתָם וְרִֽחַמְתִּֽים׃

< ယေရမိ 33 >