< ယေရမိ 32 >

1 နေဗုခဒ်နေဇာ နန်းစံတဆယ် ရှစ် နှစ် ၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ် နှစ် တွင် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၏။
Слово бывшее от Господа ко Иеремии в десятое лето Седекии, царя Иудина, то лето осмоенадесять Навуходоносору царю Вавилонску.
2 ထိုအခါ ဗာဗုလုန် ရှင်ဘုရင် ၏ စစ်သူရဲ တို့သည် ယေရုရှလင် မြို့ကို ဝိုင်း ထားကြပြီ။ ပရောဖက် ယေရမိ သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် ထောင် ဝင်း ထဲမှာ အချုပ် ခံလျက်နေ ရ၏။
И тогда сила царя Вавилонска острог обложи окрест Иерусалима, Иеремиа же стегомь бяше во дворе темничнем, иже есть во дворе царя Иудина,
3 အကြောင်းမူကား၊ ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခေါ်၍၊ ထာဝရဘုရား က၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၍ ၊ သူသည် သိမ်း ယူလိမ့်မည်။
в нейже заключи его Седекиа царь, глаголя: почто ты прорицаеши, глаголя: тако рече Господь: се, Аз даю сей град в руце царя Вавилонска, и возмет его,
4 ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခါလဒဲ လူတို့ လက် နှင့် မ လွတ် ၊ ဗာဗုလုန် ရှင်ဘုရင် လက် သို့ ဆက်ဆက် ရောက် လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြော လျက် ၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ ရလိမ့်မည်။
и Седекиа царь Иудин не спасется от руки Халдейски, яко преданием предастся в руце царя Вавилонска, и соглаголет усты своими ко устом его, и очи его очи его узрят,
5 ဇေဒကိ ကိုလည်း ဗာဗုလုန် မြို့သို့ ဆောင်သွား လိမ့်မည်။ ငါ အကြည့် အရှုမ လာမှီတိုင်အောင်၊ ထို မြို့၌ နေ ရလိမ့်မည်။ သင်တို့သည် ခါလဒဲ လူတို့ကို စစ်တိုက် ၍ မ နိုင် ရကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့်ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။
и в Вавилон внидет Седекиа и ту будет, дондеже посещу его, глаголет Господь: аще же воевати будете на Халдеи, ничесоже успеете?
6 ထိုအခါ ယေရမိ က၊ ငါ့ ဆီသို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
И рече Иеремиа: бысть слово Господне ко мне глаголя:
7 သင် ၏ဘ ထွေး ရှလ္လုံ သား ဟာနမေလ သည် သင့် ထံ သို့လာ ၍၊ အာနသုတ် မြို့မှာ ရှိသော ကျွန်ုပ် လယ် ကို သင် သည် ရွေး ပိုင်သောကြောင့် ၊ ဝယ် ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့်အညီ ၊
се, Аиамеил, сын Саломль, брата отца твоего, идет к тебе, глаголя: прикупи себе село мое, еже во Анафофе, яко тебе суд ужичества прияти во притяжание.
8 ငါ့ ဘထွေး သား ဟာနမေလ သည် ငါ ရှိရာထောင်ဝင်းထဲသို့ လာ ၍ ၊ ဗင်္ယာမိန် ခရိုင် ၊ အာနသုတ် မြို့၌ ရှိသော ကျွန်ုပ် လယ် ကို ဝယ် ပါလော့။ သင် သည် အမွေခံ ပိုင်သော အခွင့် နှင့် ရွေး ပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ် အဘို့ ဝယ် ပါဟု ငါ့ အား ပြောဆို ၏။ ထိုအခါ ထာဝရ ဘုရား စီရင်တော်မူသောအမှု ဖြစ်ကြောင်း ကို ငါသိ သောကြောင့် ၊
И прииде ко мне Анамеил, сын Саломль, брата отца моего, по словеси Господню во двор темничный и рече ми: прикупи себе село мое, еже во Анафофе в земли Вениамини: яко тебе суд прикупити е, ты бо старей. И разумех, яко слово Господне есть,
9 အာနသုတ် မြို့၌ ရှိသော ငါ့ ဘထွေး သား ဟာနမေလ ၏လယ် ကို ငါဝယ် ၍ လယ်ဘိုးငွေ တဆယ် ခုနစ် ကျပ် ကို ချိန် ပေးလေ၏။
и прикупих село Анамеиле, сына брата отца моего, от Анафофа, и поставих ему седмьнадесять сикль сребра,
10 ၁၀ စာချုပ်ကိုလည်း စီရင် ၍ တံဆိပ် ခတ်ပြီးမှ ၊ သက်သေ တို့ကိုခေါ် ၍ ငွေ ကို ချိန်ခွင် နှင့် ချိန် ပေး၏။
и вписах в книгу и запечатах, и засвидетелствовах послухи и поставих сребро на весах.
11 ၁၁ ဓမ္မသတ် ထုံးစံအတိုင်း တံဆိပ် ခတ်သော စာချုပ် တစောင်နှင့် ဖွင့် ထားသောလက်ခံ တစောင်ကို ယူ ၍ ၊
И взях книгу купления прочтену и запечатану.
12 ၁၂ ဘထွေး သား ဟာနမေလ အစ ရှိသော၊ စာချုပ် ၌ အမည်ပါ သောသက်သေ များ၊ ထောင် ဝင်း ထဲ မှာ ထိုင် နေသော ယုဒ လူများအပေါင်း တို့ရှေ့ တွင်၊ မာသေယ သား ဖြစ်သော နေရိ ၏သား ဗာရုတ် ၌ အပ် လျက်၊
И дах книгу купления Варухови сыну Нириину, сына Маассеова, пред очима Анамеила сына брата отца моего, и пред очима стоящих послух и вписавших в книги купления, и пред очима всех Иудеов, седящих во дворе темничнем.
13 ၁၃ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
И завещах Варуху пред очима их, глаголя:
14 ၁၄ တံဆိပ် ခတ်သော ဤ စာချုပ် တစောင်နှင့် ဖွင့် ထားသော ဤ လက်ခံ တစောင်ကို ယူ၍၊ ကာလ ကြာမြင့် စွာ တည် နေစေခြင်းငှါ မြေ အိုး ၌ ထား လော့။
тако рече Господь Вседержитель Бог Израилев: возми книгу сию купления запечатленну и книгу прочтеную и вложи ю в сосуд глинян, да пребудет дни множайшыя.
15 ၁၅ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ အိမ် ၊ လယ် ယာ၊ စပျစ် ဥယျာဉ်တို့ကို ပိုင် ရကြ လေဦး မည်ဟု မိန့် တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူ တို့ရှေ့ မှာ ဗာရုတ် ကိုမှာ ထားလေ၏။
Яко тако рече Господь Вседержитель Бог Израилев: еще притяжутся храмины и села и винограды на сей земли.
16 ၁၆ ထိုသို့ နေရိ သား ဗာရုတ် ၌ စာချုပ် ကို အပ် ပြီးမှ ၊ ထာဝရဘုရား အား ငါဆုတောင်း သော ပဌနာ စကား ဟူမူကား၊
И молихся ко Господеви по отдании книги прикупления Варуху сыну Нириину, глаголя:
17 ၁၇ အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် မဟာ တန်ခိုး နှင့် လက်ရုံး တော်ကိုဆန့် ၍၊ ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ကိုယ်တော် မ တတ်နိုင် သော အရာ တစုံတခု မျှ မ ရှိပါ။
о, сый Господи Боже! Ты сотворил еси небо и землю крепостию Твоею великою и мышцею Твоею высокою, не утаится от Тебе ничтоже,
18 ၁၈ ကိုယ်တော်သည် လူအထောင် အသောင်းတို့အား ကရုဏာ ကျေးဇူးပြု လျက်၊ အဘ တို့၏အပြစ် ကို နောက် ဖြစ်သောသား တို့၏ ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူ ၏။ အလွန်ကြီးမြတ် သောဘုရား ၊ မဟာတန်ခိုး တော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသောဘွဲ့ နာမရှိတော်မူ၏။
творяй милость в тысящы и отдаяй грехи отчи в недра чад их по них: Бог великий и крепкий,
19 ၁၉ ထူးဆန်း သော အကြံ ကိုကြံ၍ ၊ ထူးဆန်း သော အမှု ကို စီရင်တော်မူလျက်၊ လူ အသီး အသီးတို့ ကျင့်ကြံ ပြုမူ သည် အတိုင်း အကျိုးအပြစ်ကိုပေး ခြင်းငှါ ၊ လူ သား များ သွားလာသောလမ်း အလုံးစုံ တို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။
Бог велика совета и силен делесы, Бог великий Вседержитель и великоименит Господь: очи Твои отверсты на вся пути сынов человеческих, дати комуждо по пути его и по плоду начинаний его:
20 ၂၀ အဲဂုတ္တု ပြည် ၊ ဣသရေလ ပြည်အစရှိသော လူ အမျိုးမျိုးတို့၌ နိမိတ် လက္ခဏာအံ့ဘွယ် သော အမှုတို့ကို ယနေ့ တိုင်အောင် ပြ တော်မူသဖြင့် ၊ ယခု ကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိ တော်မူ၏။
иже сотворил еси знамения и чудеса во земли Египетстей, даже до сего дне и во Израили и в людех, и сотворил еси имя Себе, якоже день сей,
21 ၂၁ နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ကို ပြလျက်၊ အားကြီး သော လက် ၊ ဆန့် တော်မူသောလက်ရုံး ၊ အလွန် ကြောက်မက် ဘွယ်သော အခြင်းအရာနှင့် တကွ၊ ကိုယ်တော် ၏ ဣသရေလလူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်တော်မူ၍၊
и извел еси люди Твоя Израиля из земли Египетския знамении и чудесы, рукою крепкою и мышцею высокою и видении великими,
22 ၂၂ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် တည်းဟူသော၊ နို့ နှင့် ပျားရည် စီးသော ဤ ပြည် ကိုပေး သနားတော်မူသဖြင့်၊
и дал еси им сию землю, еюже клялся еси отцем их, землю кипящую медом и млеком.
23 ၂၃ သူတို့သည် ဝင် ၍ သိမ်းယူ ကြသော်လည်း ၊ အမိန့် တော်ကို နား မထောင်၊ တရား တော်လမ်းသို့ မ လိုက် ၊ မှာ ထားတော်မူသော အကျင့် တစုံတခုကိုမျှ မ ကျင့် ဘဲ နေသောကြောင့် ၊ ယခုခံရသမျှသော ဘေးဥပဒ် တို့ကို သူ တို့အပေါ်သို့ ရောက် စေတော်မူပြီ။
И внидоша и прияша ю, и не послушаша гласа Твоего и в заповедех Твоих не ходиша: вся, яже заповедал еси им (творити), не сотвориша, и сотвориша, да сбудутся им вся злая сия.
24 ၂၄ ပြအိုး မြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့ တော်ကို တိုက် ယူခြင်းငှါ ရောက် ကြပါပြီ။ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် တိုက် သော ခါလဒဲ လူတို့ လက် သို့ မြို့ တော်ကို အပ် တော်မူပြီ။ မိန့် တော်မူသော စကားပြည့်စုံ ကြောင်းကိုလည်း ကိုယ်တော် တိုင် မြင် တော်မူ၏။
Се, народ идет на сей град взяти его, и град предан есть в руце Халдеев воюющих нань от лица меча и глада и мора. Якоже глаголал еси, тако и бысть: и се, Ты зриши.
25 ၂၅ ထိုမြို့ တော်သည် ခါလဒဲ လူတို့လက် သို့ ရောက် သော်လည်း၊ အိုအရှင် ထာဝရဘုရား ၊ ထိုလယ် ကို ငွေ နှင့် ဝယ် ၍ ၊ သက်သေ တို့ကို ခေါ် ထား ရမည်အကြောင်းမိန့် တော်မူပါပြီတကားဟု လျှောက်လေ ၏။
А Ты ко мне глаголеши: притяжи себе село сребром: и вписах в книгу, и запечатах, и засвидетелствовах послухи, град же предастся в руце Халдейсте.
26 ၂၆ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊
И бысть слово Господне ко мне глаголя:
27 ၂၇ ငါ ထာဝရဘုရား သည် ခပ်သိမ်း သော သတ္တဝါ တို့ကို အစိုးရသောဘုရား သခင်ဖြစ်၏။ ငါ မ တတ်နိုင် သော အရာ တစုံတခု ရှိလိမ့်မည်လော။
Аз Господь Бог всея плоти, еда от Мене утаится что?
28 ၂၈ သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ခါလဒဲ လူတို့ လက် သို့ ၎င်း ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လက် သို့ ၎င်း ငါ အပ် ၍၊ သူသည် သိမ်းယူ လိမ့်မည်။
Сего ради тако рече Господь Бог Израилев: отдан предастся сей град в руце царя Вавилонска, и возмет его,
29 ၂၉ ဤ မြို့ ကို တိုက် သော ခါလဒဲ လူတို့သည်ဝင် ၍ မီးရှို့ ကြလိမ့်မည်။ ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုး ပေါ် မှာ နံ့သာပေါင်းကိုမီးရှို ၍ ၊ အခြား တပါးသော ဘုရား တို့အဘို့ သွန်းလောင်း ရာပူဇော် သက္ကာ ကိုပြုရာ အိမ် များနှင့် တကွ၊ တမြို့ လုံးကို မီးလောင် စေကြ လိမ့်မည်။
и приидут Халдее воюющии на сей град, и пожгут его огнем, и храмины сожгут, в нихже кадиша на кровех своих Ваалу и возливаша возлияния богом инем, ко еже разгневати Мя.
30 ၃၀ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့နှင့် ယုဒ အမျိုးသား တို့သည်၊ ငယ် သော အရွယ်မှစ၍ ငါ့ ရှေ့ မှာ ဒုစရိုက် ကိုသာ ပြု ကြပြီ။ မိမိ တို့ ပြု လေရာရာ၌ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ သာ ပြုကြပြီ။
Понеже беша сынове Израилевы и сынове Иудины едини творяще зло пред очима Моима от юности своея, сынове Израилевы подвизают Мя на гнев в делех рук своих, рече Господь.
31 ၃၁ ဣသရေလ အမျိုး နှင့် ယုဒ အမျိုး ၏ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ပြု လေသမျှ သောဒုစရိုက် ကြောင့် ၊
Яко на гнев Мой и на ярость Мою бе град сей, от негоже дне соградиша его и даже до сего дне, яко отставити его от лица Моего,
32 ၃၂ ဤ မြို့ ကို ငါ့ ထံမှ ငါပယ်ရှား မည်အကြောင်း ၊ မြို့ တည် သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါ့ အမျက် ထွက်၍၊ အမျက် အရှိန်အားကြီး စေသောမြို့ဖြစ်၏။
злобы ради всякия сынов Израилевых и Иудиных, яко сотвориша разгневати Мя тии и царие их, и князи их и вельможи их, и жерцы их и пророцы их, мужие Иудины и живущии во Иерусалиме,
33 ၃၃ သူတို့သည် ငါ့ ကို မျက်နှာ မ ပြုဘဲ ကျောခိုင်း ကြပြီ။ ငါသည် စောစောထ ၍ အထပ်ထပ်ဆုံးမ သွန်သင် သော်လည်း ၊ ငါ၏ဩဝါဒ ကို ခံ လိုသောငှါ နား မ ထောင်ကြ။
и обратиша хребет ко мне, а не лице: и наказах я из утра, и не послушаша прияти наказания,
34 ၃၄ ငါ ၏နာမ ဖြင့် သမုတ် သော ဗိမာန် ကို ညစ်ညှုး စေခြင်းငှါ ၊ စက်ဆုပ် ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊
и положиша осквернения своя в дому, идеже наречеся имя Мое, в нечистотах своих:
35 ၃၅ သူ တို့သား သမီး တို့ကို မောလုပ် ဘုရားအား ပူဇော် ခြင်းငှါ ၊ ဟိန္နုံ သား၏ချိုင့်၌ ရှိသော ဗာလ ဘုရား၏ ကုန်း တို့ကို တည် လုပ်ကြပြီ။ ယုဒ အမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ ၊ ထို မျှလောက် စက်ဆုပ် ရွံရှာဘွယ် သောအမှုကို ငါမ မှာ ထား၊ ငါ အလျှင်းအလို မ ရှိဘဲ ပြု ကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
и соградиша требища Ваалу, яже в дебри сына Енномля, еже возносити сыны своя и дщери своя Молоху, ихже не заповедах им, и не взыде на сердце Мое, еже сотворити мерзость сию на согрешение Иуде.
36 ၃၆ သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေး အားဖြင့် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် မည်ဟု သင် တို့ဆို တတ်သော ဤ မြို့ ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
И ныне тако рече Господь Бог Израилев ко граду, о немже ты глаголеши: предан будет в руце царя Вавилонска мечем и гладом и мором.
37 ၃၇ ငါ သည် အမျက် ဟုန်းဟုန်းထွက်၍ ၊ အမျက် အရှိန်အားကြီး သည်နှင့်၊ သူ တို့ကိုနှင်ထုတ် ရာ တိုင်း ပြည် ရှိသမျှ တို့မှ ၊ တဖန်စုသိမ်း ၍ ဤ အရပ် သို့ ဆောင် ခဲ့ပြီးလျှင် ၊ ငြိမ်ဝပ် စွာ နေ စေမည်။
Се, Аз соберу я от всея земли, идеже разсеях я во гневе Моем и ярости Моей и в преогорчении велием, и обращу я на сие место, и посажду я во уповании,
38 ၃၈ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည် လည်း သူ တို့၏ ဘုရား သခင်ဖြစ် မည်။
и будут Ми в люди, и Аз буду им в Бога:
39 ၃၉ ကိုယ် အကျိုး အလိုငှါ ၎င်း ၊ နောက် ဖြစ်လတံ့သော သား သမီးတို့၏ အကျိုးအလိုငှါ ၎င်း ၊ ငါ့ ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံ နိုင်သော သဘော ကို ငါပေး မည်။
и дам им путь ин и сердце ино, боятися Мене вся дни, на благоту им и чадом их по них:
40 ၄၀ သူ တို့ကို မ စွန့်ပစ် ဘဲ အစဉ်ကျေးဇူး ပြုခြင်းငှါ ၊ သူ တို့၌ ထာဝရ ပဋိညာဉ် ကို ငါထား မည်။ သူတို့သည်လည်း ငါ့ ထံ မှ မ ထွက်မသွား မည်အကြောင်း၊ ငါ့ ကိုကြောက်ရွံ့ သော သဘော နှင့် ပြည့်စုံ စေမည်။
и завещаю им завет вечный, егоже не отвращу последи их, и страх Мой дам в сердце их, ко еже не отступити им от Мене:
41 ၄၁ သူ တို့အား ကျေးဇူး ပြုခြင်း အမှု၌ ငါသည် အားရ ဝမ်းမြောက်၍ ၊ ငါ့ စိတ် နှလုံးနှင့် နံဝိညာဉ် အကြွင်းမဲ့ ပါ လျက်၊ သူ တို့ကို ဤ ပြည် ၌ ဆက်ဆက်နေရာ ချမည်။
и посещу еже ублажити я и насажду я в сей земли с верою и со всем сердцем Моим и со всею душею Моею.
42 ၄၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး အပေါ် မှာ ကြီး စွာသော ဤ ဘေးဥပဒ် အပေါင်း ကို ရောက် စေသည် နည်းတူ ၊ ငါ ဂတိ ထားသော ကောင်းကျိုး အပေါင်း ကိုလည်း ငါ ရောက် စေမည်။
Яко тако рече Господь: якоже наведох на люди сия вся злая сия великая, тако Аз наведу на них вся благоты, яже Аз глаголах к ним.
43 ၄၃ လူ မရှိ ၊ တိရစ္ဆာန် မရှိ ဆိတ်ညံ ပြီ၊ ခါလဒဲ လူတို့ လက် သို့ ရောက် လေပြီဟု သင် တို့ဆို တတ်သော ဤ ပြည် ၌ ၊ နောက်တဖန် လယ်ယာ တို့ကို ရောင်းဝယ် ကြလိမ့်မည်။
И возобладают паки селы на земли, о нейже ты глаголеши: непроходна будет от человек и скота, и предашася в руце Халдейсте.
44 ၄၄ ဗင်္ယာမိန် ပြည် ၌ ၎င်း ၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် အရပ်တို့၌ ၎င်း ၊ ယုဒ ပြည်တွင်ရှိသောမြို့ တို့၌ ၎င်း ၊ တောင် ပေါ်မြို့ ၊ ချိုင့် ထဲမြို့ ၊ တောင် ဘက်မြို့ တို့၌ ၎င်း ၊ လူတို့သည် လယ်ယာ တို့ကို ငွေ နှင့်ဝယ် ခြင်း၊ စာချုပ် ကို စီရင် ခြင်း၊ တံဆိပ် ခတ်ခြင်း၊ သက်သေ တို့ကိုခေါ် ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်း မူကား၊ သိမ်းသွား ခြင်းကို ခံရသောသူ တို့ကို တဖန် ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
И притяжут села сребром: и впишеши в книги, и запечатаеши, и опослушиши послухи в земли Вениамини и окрест Иерусалима, и во градех Иудиных и во градех горних, и во градех польных и во градех нагев и: яко возвращу преселения их, глаголет Господь.

< ယေရမိ 32 >