< ယေရမိ 32 >
1 ၁ နေဗုခဒ်နေဇာ နန်းစံတဆယ် ရှစ် နှစ် ၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ် နှစ် တွင် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၏။
၁ထာဝရဘုရားသည်ယုဒဘုရင်ဇေဒကိ နန်းစံဒသမနှစ်၌ ငါ့အားဗျာဒိတ်ပေး တော်မူ၏။ ထိုနှစ်သည်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်ဖြစ်သတည်း။-
2 ၂ ထိုအခါ ဗာဗုလုန် ရှင်ဘုရင် ၏ စစ်သူရဲ တို့သည် ယေရုရှလင် မြို့ကို ဝိုင်း ထားကြပြီ။ ပရောဖက် ယေရမိ သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် ထောင် ဝင်း ထဲမှာ အချုပ် ခံလျက်နေ ရ၏။
၂ထိုအခါ၌ဗာဗုလုန်မင်း၏တပ်မတော်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်ရှိ၏။ ငါ သည်လည်းဘုရင့်နန်းတော်ဝင်းအတွင်း၌ အချုပ်ခံလျက်နေရ၏။-
3 ၃ အကြောင်းမူကား၊ ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခေါ်၍၊ ထာဝရဘုရား က၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၍ ၊ သူသည် သိမ်း ယူလိမ့်မည်။
၃ဇေဒကိမင်းသည်ငါ့အားထိုအရပ်တွင် အကျဉ်းချထားပြီးနောက်``ဤမြို့ကိုဗာဗု လုန်ဘုရင်အားငါပေးအပ်မည်။ သူသည် ဤမြို့ကိုသိမ်းယူလိမ့်မည်။-
4 ၄ ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခါလဒဲ လူတို့ လက် နှင့် မ လွတ် ၊ ဗာဗုလုန် ရှင်ဘုရင် လက် သို့ ဆက်ဆက် ရောက် လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြော လျက် ၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ ရလိမ့်မည်။
၄ဇေဒကိမင်းသည်ဗာဗုလုန်ပြည်သားတို့ ၏ဘေးမှလွတ်မြောက်ရလိမ့်မည်မဟုတ်။ ဗာဗုလုန်ဘုရင်၏လက်တွင်းသို့သက်ဆင်း ရကာသူနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြော ဆိုရလိမ့်မည်။-
5 ၅ ဇေဒကိ ကိုလည်း ဗာဗုလုန် မြို့သို့ ဆောင်သွား လိမ့်မည်။ ငါ အကြည့် အရှုမ လာမှီတိုင်အောင်၊ ထို မြို့၌ နေ ရလိမ့်မည်။ သင်တို့သည် ခါလဒဲ လူတို့ကို စစ်တိုက် ၍ မ နိုင် ရကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့်ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။
၅ဇေဒကိသည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်ခြင်း ကိုခံရ၍ သူ့အားငါမစီရင်မချင်းထိုမြို့ တွင်နေရလိမ့်မည်။ သူသည်ဗာဗုလုန်အမျိုး သားတို့အားပြန်လှန်၍ပင်တိုက်ခိုက်စေကာ မူအောင်မြင်လိမ့်မည်မဟုတ်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏ ဟုမိန့်တော်မူကြောင်းအဘယ့်ကြောင့်ဟော ပြောကြေညာရသနည်း'' ဟုပြစ်တင် စွပ်စွဲ၏။
6 ၆ ထိုအခါ ယေရမိ က၊ ငါ့ ဆီသို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
၆ထာဝရဘုရားသည်ငါ့အား``သင်၏ဦးရီး ရှလ္လုံ၏သားဟာနမေလသည်အာနသုတ် တွင်ရှိသည့် မိမိ၏လယ်မြေကိုဝယ်ယူရန် သင့်အားပြောကြားလာလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သင်သည်သူနှင့်အနီးဆုံး ဆွေမျိုးတော်စပ်သဖြင့် ထိုမြေကွက်ကို ဝယ်ယူပိုင်ခွင့်ရှိသူဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။-
7 ၇ သင် ၏ဘ ထွေး ရှလ္လုံ သား ဟာနမေလ သည် သင့် ထံ သို့လာ ၍၊ အာနသုတ် မြို့မှာ ရှိသော ကျွန်ုပ် လယ် ကို သင် သည် ရွေး ပိုင်သောကြောင့် ၊ ဝယ် ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့်အညီ ၊
၇
8 ၈ ငါ့ ဘထွေး သား ဟာနမေလ သည် ငါ ရှိရာထောင်ဝင်းထဲသို့ လာ ၍ ၊ ဗင်္ယာမိန် ခရိုင် ၊ အာနသုတ် မြို့၌ ရှိသော ကျွန်ုပ် လယ် ကို ဝယ် ပါလော့။ သင် သည် အမွေခံ ပိုင်သော အခွင့် နှင့် ရွေး ပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ် အဘို့ ဝယ် ပါဟု ငါ့ အား ပြောဆို ၏။ ထိုအခါ ထာဝရ ဘုရား စီရင်တော်မူသောအမှု ဖြစ်ကြောင်း ကို ငါသိ သောကြောင့် ၊
၈ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-
9 ၉ အာနသုတ် မြို့၌ ရှိသော ငါ့ ဘထွေး သား ဟာနမေလ ၏လယ် ကို ငါဝယ် ၍ လယ်ဘိုးငွေ တဆယ် ခုနစ် ကျပ် ကို ချိန် ပေးလေ၏။
၉ဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။-
10 ၁၀ စာချုပ်ကိုလည်း စီရင် ၍ တံဆိပ် ခတ်ပြီးမှ ၊ သက်သေ တို့ကိုခေါ် ၍ ငွေ ကို ချိန်ခွင် နှင့် ချိန် ပေး၏။
၁၀ငါသည်အသိသက်သေများ၏ရှေ့တွင်စာချုပ် ကိုလက်မှတ်ရေးထိုးကာ ချိပ်တံဆိပ်ခတ်နှိပ် ပြီးလျှင်ငွေကိုချိန်ခွင်ဖြင့်ချိန်တွယ်၍ ပေး၏။-
11 ၁၁ ဓမ္မသတ် ထုံးစံအတိုင်း တံဆိပ် ခတ်သော စာချုပ် တစောင်နှင့် ဖွင့် ထားသောလက်ခံ တစောင်ကို ယူ ၍ ၊
၁၁ထိုနောက်ငါသည်နှစ်ဦးနှစ်ဝသဘောတူညီ ချက်နှင့်စည်းကမ်းသတ်မှတ်ချက်များပါရှိ သည့် ချိပ်တံဆိပ်နှိပ်ထားသောစာချုပ်တစ် စောင်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထားသည့် စာချုပ်လက်ခံတစ်စောင်ကိုယူ၍၊-
12 ၁၂ ဘထွေး သား ဟာနမေလ အစ ရှိသော၊ စာချုပ် ၌ အမည်ပါ သောသက်သေ များ၊ ထောင် ဝင်း ထဲ မှာ ထိုင် နေသော ယုဒ လူများအပေါင်း တို့ရှေ့ တွင်၊ မာသေယ သား ဖြစ်သော နေရိ ၏သား ဗာရုတ် ၌ အပ် လျက်၊
၁၂မာသေယ၏မြေး၊ နေရိ၏သားဗာရုတ်၏ လက်သို့ပေးအပ်လိုက်လေသည်။ ထိုစာချုပ် များကိုငါသည်သူ့အားယာနမေလ၏ ရှေ့၌လည်းကောင်း၊ အရောင်းအဝယ်ပြုရာ တွင်အသိသက်သေများအဖြစ်လက်မှတ် ရေးထိုးခဲ့သူများ၏ရှေ့၌လည်းကောင်း၊ အချုပ်ထောင်ဝင်းအတွင်းတွင်ထိုင်လျက် နေကြသောဟေဗြဲအမျိုးသား၏ရှေ့၌ လည်းကောင်းပေးအပ်ခြင်းဖြစ်သတည်း။-
13 ၁၃ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
၁၃ငါသည်ထိုသူအားလုံးတို့၏ရှေ့၌ဗာရုတ် အား၊-
14 ၁၄ တံဆိပ် ခတ်သော ဤ စာချုပ် တစောင်နှင့် ဖွင့် ထားသော ဤ လက်ခံ တစောင်ကို ယူ၍၊ ကာလ ကြာမြင့် စွာ တည် နေစေခြင်းငှါ မြေ အိုး ၌ ထား လော့။
၁၄``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားကသင့် အား`ဤချိပ်တံဆိပ်ခတ်နှိပ်ထားသည့်မြေ ဝယ်စာချုပ်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထား သည့်စာချုပ်တို့ကိုယူ၍ နှစ်ပေါင်းများစွာ မပျက်မစီးဘဲရှိစေရန်မြေအိုးထဲတွင် ထည့်ထားရမည်ဟုမိန့်တော်မူလေပြီ။-
15 ၁၅ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ အိမ် ၊ လယ် ယာ၊ စပျစ် ဥယျာဉ်တို့ကို ပိုင် ရကြ လေဦး မည်ဟု မိန့် တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူ တို့ရှေ့ မှာ ဗာရုတ် ကိုမှာ ထားလေ၏။
၁၅ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက ဤပြည် တွင်အိမ်များလယ်ယာများနှင့်စပျစ်ဥယျာဉ် များကိုနောက်တစ်ဖန်အရောင်းအဝယ်ပြု လုပ်ကြလိမ့်ဦးမည်ဟုမိန့်တော်မူလေပြီ'' ဟုမှာကြား၏။
16 ၁၆ ထိုသို့ နေရိ သား ဗာရုတ် ၌ စာချုပ် ကို အပ် ပြီးမှ ၊ ထာဝရဘုရား အား ငါဆုတောင်း သော ပဌနာ စကား ဟူမူကား၊
၁၆ငါသည်မြေဝယ်စာချုပ်ကိုနေရိ၏သား ဗာရုတ်အားပေးအပ်လိုက်ပြီးနောက်၊ ထာဝရဘုရားထံဆုတောင်း၏။-
17 ၁၇ အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် မဟာ တန်ခိုး နှင့် လက်ရုံး တော်ကိုဆန့် ၍၊ ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ကိုယ်တော် မ တတ်နိုင် သော အရာ တစုံတခု မျှ မ ရှိပါ။
၁၇``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ရှင်သည်မဟာတန်ခိုးအာနုဘော်တော်အား ဖြင့်ကမ္ဘာမိုးမြေကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်ရှင်မတတ်နိုင်လောက်အောင်ခက်ခဲ သောအရာဟူ၍မရှိပါ။-
18 ၁၈ ကိုယ်တော်သည် လူအထောင် အသောင်းတို့အား ကရုဏာ ကျေးဇူးပြု လျက်၊ အဘ တို့၏အပြစ် ကို နောက် ဖြစ်သောသား တို့၏ ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူ ၏။ အလွန်ကြီးမြတ် သောဘုရား ၊ မဟာတန်ခိုး တော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသောဘွဲ့ နာမရှိတော်မူ၏။
၁၈ကိုယ်တော်ရှင်သည်ထောင်ပေါင်းများစွာသော လူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြ တော်မူခဲ့ပါပြီ။ သို့ရာတွင်လူတို့အား မိမိတို့ဘိုးဘေးများ၏အပြစ်များ အတွက်ဒဏ်ခတ်တော်မူခဲ့ပါ၏။ ကိုယ်တော် ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုးတော် နှင့်ပြည့်စုံတော်မူသည့်ဘုရားဖြစ်တော် မူပါ၏။ ကိုယ်တော်ရှင်သည်အနန္တတန်ခိုး ရှင်ထာဝရဘုရားဖြစ်ပါ၏။-
19 ၁၉ ထူးဆန်း သော အကြံ ကိုကြံ၍ ၊ ထူးဆန်း သော အမှု ကို စီရင်တော်မူလျက်၊ လူ အသီး အသီးတို့ ကျင့်ကြံ ပြုမူ သည် အတိုင်း အကျိုးအပြစ်ကိုပေး ခြင်းငှါ ၊ လူ သား များ သွားလာသောလမ်း အလုံးစုံ တို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။
၁၉ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် အံ့သြဖွယ်ကောင်း၍ ပြုတော်မူသောအမှု တော်တို့သည်ကြီးမြတ်ပါ၏။ ကိုယ်တော်ရှင် သည်လူတို့ပြုသမျှသောအမှုတို့ကိုတွေ့ မြင်တော်မူသည်ဖြစ်၍ သူတို့အားမိမိတို့ ၏အကျင့်အကြံအပြုအမူများကို လိုက်၍ဆုချတော်မူပါ၏။-
20 ၂၀ အဲဂုတ္တု ပြည် ၊ ဣသရေလ ပြည်အစရှိသော လူ အမျိုးမျိုးတို့၌ နိမိတ် လက္ခဏာအံ့ဘွယ် သော အမှုတို့ကို ယနေ့ တိုင်အောင် ပြ တော်မူသဖြင့် ၊ ယခု ကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိ တော်မူ၏။
၂၀အီဂျစ်ပြည်တွင်ကိုယ်တော်ရှင်သည်အံ့သြ ဖွယ်ရာများနှင့် ထူးဆန်းသည့်နိမိတ်လက္ခ ဏာများကိုပြတော်မူပါ၏။ ယနေ့တိုင် အောင်ပင်ထိုအမှုအရာများကိုဣသ ရေလအမျိုးသားတို့တွင်လည်းကောင်း၊ လူမျိုးတကာတို့တွင်လည်းကောင်းဆက် လက်၍ပြတော်မူလျက်ရှိသဖြင့် ကိုယ် တော်ရှင်၏သတင်းတော်သည်အရပ်ရပ် သို့ပျံ့နှံ့၍ရှိပါ၏။-
21 ၂၁ နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ကို ပြလျက်၊ အားကြီး သော လက် ၊ ဆန့် တော်မူသောလက်ရုံး ၊ အလွန် ကြောက်မက် ဘွယ်သော အခြင်းအရာနှင့် တကွ၊ ကိုယ်တော် ၏ ဣသရေလလူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်တော်မူ၍၊
၂၁ရန်သူများအားကြောက်လန့်တုန်လှုပ်၍ သွားစေသည့်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့်အံ့သြဖွယ်ရာတို့ဖြင့် ကိုယ်တော်ရှင် သည်ကိုယ်တော်ရှင်၏တန်ခိုးစွမ်းအားတို့ ကိုအသုံးပြု၍ ကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလတို့အားအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့ပါ၏။-
22 ၂၂ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် တည်းဟူသော၊ နို့ နှင့် ပျားရည် စီးသော ဤ ပြည် ကိုပေး သနားတော်မူသဖြင့်၊
၂၂ကိုယ်တော်ရှင်သည် သူတို့၏ဘိုးဘေးများ အားကတိထားတော်မူခဲ့သည့်အတိုင်းချမ်း သာကြွယ်ဝ၍ အသီးအနှံပေါများသည့် ဤပြည်တော်ကိုသူတို့အားပေးအပ်တော် မူပါ၏။-
23 ၂၃ သူတို့သည် ဝင် ၍ သိမ်းယူ ကြသော်လည်း ၊ အမိန့် တော်ကို နား မထောင်၊ တရား တော်လမ်းသို့ မ လိုက် ၊ မှာ ထားတော်မူသော အကျင့် တစုံတခုကိုမျှ မ ကျင့် ဘဲ နေသောကြောင့် ၊ ယခုခံရသမျှသော ဘေးဥပဒ် တို့ကို သူ တို့အပေါ်သို့ ရောက် စေတော်မူပြီ။
၂၃သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။
24 ၂၄ ပြအိုး မြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့ တော်ကို တိုက် ယူခြင်းငှါ ရောက် ကြပါပြီ။ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် တိုက် သော ခါလဒဲ လူတို့ လက် သို့ မြို့ တော်ကို အပ် တော်မူပြီ။ မိန့် တော်မူသော စကားပြည့်စုံ ကြောင်းကိုလည်း ကိုယ်တော် တိုင် မြင် တော်မူ၏။
၂၄``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
25 ၂၅ ထိုမြို့ တော်သည် ခါလဒဲ လူတို့လက် သို့ ရောက် သော်လည်း၊ အိုအရှင် ထာဝရဘုရား ၊ ထိုလယ် ကို ငွေ နှင့် ဝယ် ၍ ၊ သက်သေ တို့ကို ခေါ် ထား ရမည်အကြောင်းမိန့် တော်မူပါပြီတကားဟု လျှောက်လေ ၏။
၂၅သို့ရာတွင် အို ထာဝရအရှင်ဘုရားသခင်၊ ဤမြို့ကိုဗာဗုလုန်ပြည်သားတို့သိမ်းပိုက် အံ့ဆဲဆဲ၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးအားအသိသက်သေများရှေ့တွင် လယ်မြေကိုဝယ်ယူရန်အမိန့်ပေးတော် မူပါသည်တကား'' ဟုလျှောက်လေ၏။
26 ၂၆ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊
၂၆ထိုအခါထာဝရဘုရားကငါ့အား၊-
27 ၂၇ ငါ ထာဝရဘုရား သည် ခပ်သိမ်း သော သတ္တဝါ တို့ကို အစိုးရသောဘုရား သခင်ဖြစ်၏။ ငါ မ တတ်နိုင် သော အရာ တစုံတခု ရှိလိမ့်မည်လော။
၂၇``ငါသည်လူသားအပေါင်းတို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်၏။ ငါမတတ် နိုင်လောက်အောင်ခက်ခဲသည့်အမှုအရာ ဟူ၍မရှိ။-
28 ၂၈ သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ခါလဒဲ လူတို့ လက် သို့ ၎င်း ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လက် သို့ ၎င်း ငါ အပ် ၍၊ သူသည် သိမ်းယူ လိမ့်မည်။
၂၈ထို့ကြောင့်ငါသည်ဤမြို့ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့် သူ့တပ်မတော်၏လက်သို့ ပေးအပ်မည်။ သူတို့သည်ဤမြို့ကိုသိမ်းယူ ကြလိမ့်မည်။-
29 ၂၉ ဤ မြို့ ကို တိုက် သော ခါလဒဲ လူတို့သည်ဝင် ၍ မီးရှို့ ကြလိမ့်မည်။ ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုး ပေါ် မှာ နံ့သာပေါင်းကိုမီးရှို ၍ ၊ အခြား တပါးသော ဘုရား တို့အဘို့ သွန်းလောင်း ရာပူဇော် သက္ကာ ကိုပြုရာ အိမ် များနှင့် တကွ၊ တမြို့ လုံးကို မီးလောင် စေကြ လိမ့်မည်။
၂၉ဤမြို့ကိုတိုက်ခိုက်သူဗာဗုလုန်အမျိုးသား တို့သည်လာ၍မီးရှို့ကြလိမ့်မည်။ အိမ်ခေါင်မိုး များအထက်တွင်ဗာလဘုရားအားနံ့သာ ပေါင်းကိုမီးရှို့ပူဇော်ခြင်းအားဖြင့်လည်း ကောင်း၊ အခြားဘုရားများအတွက်စပျစ် ရည်ပူဇော်သကာကိုသွန်းလောင်းခြင်းအား ဖြင့်လည်းကောင်း ငါ၏အမျက်တော်ကိုလူ တို့လှုံ့ဆော်ရာအိမ်များနှင့်အတူ ဤမြို့ တစ်မြို့လုံးသည်လောင်ကျွမ်း၍သွားလိမ့် မည်။-
30 ၃၀ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့နှင့် ယုဒ အမျိုးသား တို့သည်၊ ငယ် သော အရွယ်မှစ၍ ငါ့ ရှေ့ မှာ ဒုစရိုက် ကိုသာ ပြု ကြပြီ။ မိမိ တို့ ပြု လေရာရာ၌ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ သာ ပြုကြပြီ။
၃၀ဣသရေလနှင့်ယုဒပြည်သားတို့သည်ရှေး မဆွကပင်လျှင်အစပြု၍ ငါမနှစ်သက် သည့်အမှုများကိုသာလျှင်ပြုခဲ့ကြပေ သည်။ ဣသရေလပြည်သားတို့သည်မိမိ တို့သွန်းလုပ်သည့်ရုပ်တုများအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ၏။-
31 ၃၁ ဣသရေလ အမျိုး နှင့် ယုဒ အမျိုး ၏ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ပြု လေသမျှ သောဒုစရိုက် ကြောင့် ၊
၃၁ဤမြို့ကိုတည်ထောင်သည့်နေ့မှအစပြု၍ မြို့သူမြို့သားတို့သည် ငါ၏အမျက်တော် ကိုပြင်းထန်စွာလှုံ့ဆော်ခဲ့ကြ၏။-
32 ၃၂ ဤ မြို့ ကို ငါ့ ထံမှ ငါပယ်ရှား မည်အကြောင်း ၊ မြို့ တည် သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါ့ အမျက် ထွက်၍၊ အမျက် အရှိန်အားကြီး စေသောမြို့ဖြစ်၏။
၃၂ဣသရေလပြည်သားများနှင့်ယုဒပြည် သားများ၊ သူတို့၏ဘုရင်များနှင့်မှူးမတ် များ၊ ယဇ်ပုရောဟိတ်များနှင့်ပရောဖက် များ၊ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင် နေထိုင်ကြသူတို့ပြုကျင့်သည့်မကောင်းမှု များအတွက် ငါသည်ဤမြို့ကိုပျက်သုဉ်း စေရန်စိတ်ပိုင်းဖြတ်ထားလေပြီ။-
33 ၃၃ သူတို့သည် ငါ့ ကို မျက်နှာ မ ပြုဘဲ ကျောခိုင်း ကြပြီ။ ငါသည် စောစောထ ၍ အထပ်ထပ်ဆုံးမ သွန်သင် သော်လည်း ၊ ငါ၏ဩဝါဒ ကို ခံ လိုသောငှါ နား မ ထောင်ကြ။
၃၃သူတို့သည်ငါ့ကိုကျောခိုင်းကြ၏။ ငါသည် သူတို့အားဆက်လက်၍သွန်သင်ပါသော် လည်း သူတို့သည်နားမထောင်လိုကြ။ ဆုံးမပဲ့ပြင်မှုကိုမခံယူလိုကြ။-
34 ၃၄ ငါ ၏နာမ ဖြင့် သမုတ် သော ဗိမာန် ကို ညစ်ညှုး စေခြင်းငှါ ၊ စက်ဆုပ် ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊
၃၄သူတို့သည်ငါ၏နာမတော်ဖြင့်တည်ဆောက် ထားသည့်ဗိမာန်တော်တွင် ရွံရှာဖွယ်ကောင်း သောရုပ်တုများကိုထားရှိလျက်ညစ် ညမ်းစေကြ၏။-
35 ၃၅ သူ တို့သား သမီး တို့ကို မောလုပ် ဘုရားအား ပူဇော် ခြင်းငှါ ၊ ဟိန္နုံ သား၏ချိုင့်၌ ရှိသော ဗာလ ဘုရား၏ ကုန်း တို့ကို တည် လုပ်ကြပြီ။ ယုဒ အမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ ၊ ထို မျှလောက် စက်ဆုပ် ရွံရှာဘွယ် သောအမှုကို ငါမ မှာ ထား၊ ငါ အလျှင်းအလို မ ရှိဘဲ ပြု ကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
၃၅သူတို့သည်မိမိတို့သားသမီးများအား မောလုပ်ဘုရားကိုယဇ်ပူဇော်ရန်ဟိန္နုံချိုင့် ဝှမ်းတွင် ဗာလဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်ကြ၏။ ဤအမှုကိုပြရန်သူတို့ အားငါမခိုင်းစေခဲ့။ သူတို့သည်ယုဒပြည် သားတို့အားဤသို့အပြစ်ကူးလွန်ရန်ပို့ ဆောင်လမ်းပြကြလိမ့်မည်ဟုလည်း အဘယ် အခါကမျှငါမတွေးတောမိခဲ့'' ဟု မိန့်တော်မူ၏။
36 ၃၆ သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေး အားဖြင့် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် မည်ဟု သင် တို့ဆို တတ်သော ဤ မြို့ ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
၃၆ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက``ယေရမိ၊ ဤမြို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကြောင့် ဗာဗုလုန် ဘုရင်၏လက်တွင်းသို့ကျရောက်ရလိမ့်မည် ဟုပြည်သူတို့ပြောဆိုနေကြ၏။ နောက်ထပ် ငါမိန့်မှာရန်ရှိသည့်စကားကိုယခုနား ထောင်လော့။-
37 ၃၇ ငါ သည် အမျက် ဟုန်းဟုန်းထွက်၍ ၊ အမျက် အရှိန်အားကြီး သည်နှင့်၊ သူ တို့ကိုနှင်ထုတ် ရာ တိုင်း ပြည် ရှိသမျှ တို့မှ ၊ တဖန်စုသိမ်း ၍ ဤ အရပ် သို့ ဆောင် ခဲ့ပြီးလျှင် ၊ ငြိမ်ဝပ် စွာ နေ စေမည်။
၃၇ငါသည်ဒေါသအမျက်ချောင်းချောင်းထွက် ၍ထိုသူတို့အားကွဲလွင့်စေခဲ့သည့်တိုင်း နိုင်ငံများမှပြန်လည်စုသိမ်းမည်။ ထိုနောက် သူတို့ကိုဤအရပ်သို့ပြန်လည်ခေါ်ဆောင် ကာဘေးမဲ့လုံခြုံစွာနေထိုင်စေမည်။-
38 ၃၈ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည် လည်း သူ တို့၏ ဘုရား သခင်ဖြစ် မည်။
၃၈ထိုအခါသူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။-
39 ၃၉ ကိုယ် အကျိုး အလိုငှါ ၎င်း ၊ နောက် ဖြစ်လတံ့သော သား သမီးတို့၏ အကျိုးအလိုငှါ ၎င်း ၊ ငါ့ ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံ နိုင်သော သဘော ကို ငါပေး မည်။
၃၉ငါသည်သူတို့အားမိမိတို့၏အကျိုး၊ နောင် လာနောက်သားတို့၏အကျိုးငှာတစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်အသက်ရှင်စေမည်။ ထိုရည်ရွယ်ချက်မှာငါ့ကိုအစဉ်အမြဲ ကြောက်ရွံ့ရိုသေကြရန်ပင်ဖြစ်သည်။-
40 ၄၀ သူ တို့ကို မ စွန့်ပစ် ဘဲ အစဉ်ကျေးဇူး ပြုခြင်းငှါ ၊ သူ တို့၌ ထာဝရ ပဋိညာဉ် ကို ငါထား မည်။ သူတို့သည်လည်း ငါ့ ထံ မှ မ ထွက်မသွား မည်အကြောင်း၊ ငါ့ ကိုကြောက်ရွံ့ သော သဘော နှင့် ပြည့်စုံ စေမည်။
၄၀ငါသည်သူတို့နှင့်ထာဝရပဋိညာဉ်ပြုမည်။ သူတို့အားထာဝစဉ်ကောင်းကျိုးပေးမည်။ သူ တို့သည်အဘယ်အခါ၌မျှငါ့ကိုမစွန့် မပယ်စေကြစေရန် သူတို့၏နှလုံးတွင်ငါ့ ကိုကြောက်ရွံ့ရိုသေသောစိတ်သဘောကို ငါရရှိစေမည်။-
41 ၄၁ သူ တို့အား ကျေးဇူး ပြုခြင်း အမှု၌ ငါသည် အားရ ဝမ်းမြောက်၍ ၊ ငါ့ စိတ် နှလုံးနှင့် နံဝိညာဉ် အကြွင်းမဲ့ ပါ လျက်၊ သူ တို့ကို ဤ ပြည် ၌ ဆက်ဆက်နေရာ ချမည်။
၄၁သူတို့အားကောင်းကျိုးပေးရန်ကိုသာနှစ် သက်မည်။ ဤပြည်တွင်အစဉ်အမြဲ နေရာ ချထားမည်။
42 ၄၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး အပေါ် မှာ ကြီး စွာသော ဤ ဘေးဥပဒ် အပေါင်း ကို ရောက် စေသည် နည်းတူ ၊ ငါ ဂတိ ထားသော ကောင်းကျိုး အပေါင်း ကိုလည်း ငါ ရောက် စေမည်။
၄၂``ငါသည်ဤဘေးအန္တရာယ်ဆိုးကို သူတို့ အပေါ်သို့သက်ရောက်စေခဲ့သည့်နည်းတူ သူ တို့အားငါကတိရှိခဲ့သည့်ကောင်းကျိုး ချမ်းသာမှန်သမျှကိုခံစားစေမည်။-
43 ၄၃ လူ မရှိ ၊ တိရစ္ဆာန် မရှိ ဆိတ်ညံ ပြီ၊ ခါလဒဲ လူတို့ လက် သို့ ရောက် လေပြီဟု သင် တို့ဆို တတ်သော ဤ ပြည် ၌ ၊ နောက်တဖန် လယ်ယာ တို့ကို ရောင်းဝယ် ကြလိမ့်မည်။
၄၃ဤပြည်သည်လူနှင့်တိရစ္ဆာန်ကင်းမဲ့သည့် သဲကန္တာရကဲ့သို့ဖြစ်လိမ့်မည်ဟူ၍လည်း ကောင်း၊ ဗာဗုလုန်ပြည်သားတို့၏လက်တွင်း သို့ကျရောက်ရလိမ့်မည်ဟူ၍လည်းကောင်း လူတို့ပြောဆိုနေကြ၏။ သို့ရာတွင်ဤ ပြည်ရှိလယ်ယာများကိုအရောင်းအဝယ် ပြုလုပ်ကြလိမ့်မည်။-
44 ၄၄ ဗင်္ယာမိန် ပြည် ၌ ၎င်း ၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် အရပ်တို့၌ ၎င်း ၊ ယုဒ ပြည်တွင်ရှိသောမြို့ တို့၌ ၎င်း ၊ တောင် ပေါ်မြို့ ၊ ချိုင့် ထဲမြို့ ၊ တောင် ဘက်မြို့ တို့၌ ၎င်း ၊ လူတို့သည် လယ်ယာ တို့ကို ငွေ နှင့်ဝယ် ခြင်း၊ စာချုပ် ကို စီရင် ခြင်း၊ တံဆိပ် ခတ်ခြင်း၊ သက်သေ တို့ကိုခေါ် ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်း မူကား၊ သိမ်းသွား ခြင်းကို ခံရသောသူ တို့ကို တဖန် ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၄၄လူတို့သည်လယ်ယာများကိုဝယ်ယူကာ စာ ချုပ်များကိုအသိသက်သေတို့ရှေ့တွင်လက် မှတ်ရေးထိုး၍ချိပ်တံဆိပ်ခတ်နှိပ်ကြလိမ့် မည်။ သူတို့သည်ဤအမှုတို့ကိုဗင်္ယာမိန်နယ် နှင့်ယေရုရှလင်မြို့နီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများ၌လည်းကောင်း၊ ယုဒမြို့ရွာ များ၊ တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့် တောင်ဘက်ယုဒပြည်၌လည်းကောင်းပြု ကြလိမ့်မည်။ ငါသည်လူတို့အားမိမိတို့ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ ငါထာဝရ ဘုရားမိန့်တော်မူ၏'' ဟုမိန့်မြွက်တော် မူ၏။