< ယေရမိ 31 >
1 ၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ငါသည် ဣသရေလ အဆွေ အမျိုးအပေါင်း တို့၏ ဘုရား သခင်ဖြစ် ၍ ၊ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
At that time, saith the LORD, will I be the God of all the families of Israel, and they shall be My people.
2 ၂ တဖန် မိန့်တော်မူသည်ကား၊ ထား ဘေးနှင့်လွတ် သောသူ တို့ သည် တော ၌ ကျေးဇူး ကိုခံရ ကြပြီ။ ငါသည် ကြွသွား ၍ ဣသရေလ အမျိုးကို ချမ်းသာ ပေးမည်။
Thus saith the LORD: The people that were left of the sword have found grace in the wilderness, even Israel, when I go to cause him to rest.
3 ၃ ထာဝရဘုရား သည် အဝေးက ထင်ရှား ၍ မိန့်တော်မူသည်ကား၊ အကယ် စင်စစ်ထာဝရ မေတ္တာ နှင့် သင့် ကိုငါချစ် ၏။ ထိုကြောင့် ၊ ကရုဏာ ကျေးဇူးကို သင် ၌ကြာမြင့်စွာပြ ၏။
'From afar the LORD appeared unto me.' 'Yea, I have loved thee with an everlasting love; therefore with affection have I drawn thee.
4 ၄ အို ဣသရေလ သတို့သမီး ကညာ၊ သင့် ကိုတဖန် ငါတည်ဆောက် သောကြောင့် ၊ သင်သည် တည်ဆောက် ခြင်းသို့ ရောက်လိမ့်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာ ဆင်လျက် ၊ ရွှင်မြူး ခြင်းကို ပြုသောသူတို့နှင့် အတူက ခုန်လျက်သွား လိမ့်မည်။
Again will I build thee, and thou shalt be built, O virgin of Israel; again shalt thou be adorned with thy tabrets, and shalt go forth in the dances of them that make merry.
5 ၅ ရှမာရိ တောင် ပေါ် မှာ စပျစ် ဥယျာဉ်ကို တဖန် စိုက် လိမ့်မည်။ ဥယျာဉ်လုပ် သောသူတို့သည် စိုက်ပျိုး ၍ ၊ အသီးကို ကိုယ်အလိုအလျောက်စား ရကြလိမ့်မည်။
Again shalt thou plant vineyards upon the mountains of Samaria; the planters shall plant, and shall have the use thereof.
6 ၆ ဧဖရိမ် တောင် ပေါ် မှာ ကင်းစောင့် တို့က၊ ထ ကြ လော့။ ငါ တို့ ဘုရား သခင်ထာဝရဘုရား ရှိတော်မူရာ ဇိအုန် တောင်သို့ သွား ကြကုန်အံ့ဟု ကြွေးကြော် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
For there shall be a day, that the watchmen shall call upon the mount Ephraim: arise ye, and let us go up to Zion, unto the LORD our God.'
7 ၇ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယာကုပ် အမျိုးအား၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။ လူမျိုး တို့၏ အထွဋ် ၌ ကြွေးကြော် ကြလော့။ အို ထာဝရဘုရား ၊ ကိုယ်တော် ၏ လူမျိုး တည်းဟူသော၊ ကျန် ကြွင်းသော ဣသရေလ အမျိုးသားကို ကယ်တင် တော်မူပြီဟု မြွက် ဆိုလျက် သိတင်း ကြားလိုက်၍ ချီးမွမ်း ကြလော့။
For thus saith the LORD: Sing with gladness for Jacob, and shout at the head of the nations; announce ye, praise ye, and say: 'O LORD, save Thy people, The remnant of Israel.'
8 ၈ သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။
Behold, I will bring them from the north country, and gather them from the uttermost parts of the earth, and with them the blind and the lame, the woman with child and her that travaileth with child together; a great company shall they return hither.
9 ၉ ငိုကြွေး လျက် လာ ကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသောထိုသူ တို့ကို ငါပို့ဆောင် မည်။ မြစ် နား မှာ ရှောက်သောလမ်း၊ ထိမိ ၍ မလဲရသော လမ်း ဖြောင့် တို့၌ ငါသွေးဆောင် မည်။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး၏ အဘ ဖြစ် ၏။ ဧဖရိမ် အမျိုး သည် ငါ ၏ သားဦး ဖြစ်၏။
They shall come with weeping, and with supplications will I lead them; I will cause them to walk by rivers of waters, in a straight way wherein they shall not stumble; for I am become a father to Israel, and Ephraim is My first-born.
10 ၁၀ အိုလူမျိုးတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ ဝေး သောအရပ် ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်း ပြီးလျှင် ၊ သိုးထိန်း သည် မိမိ သိုးစု ကိုစောင့်တတ်သကဲ့သို့ စောင့် တော်မူမည်ဟု ကြား ပြောကြလော့။
Hear the word of the LORD, O ye nations, and declare it in the isles afar off, and say: 'He that scattered Israel doth gather him, and keep him, as a shepherd doth his flock.'
11 ၁၁ အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို ရွေးနှုတ် တော်မူပြီ။ သူ့ ထက် အားကြီး သောသူ ၏လက် မှ ကယ်လွှတ် တော်မူပြီ။
For the LORD hath ransomed Jacob, and He redeemeth him from the hand of him that is stronger than he.
12 ၁၂ ထိုကြောင့် အမျိုးသားတို့သည် လာ ၍ ၊ ဇိအုန် တောင်ထိပ် ၌ သီချင်းဆို ကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူး တည်းဟူသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး သငယ် ၊ နွား သငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူ တို့စိတ် ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ဖြစ်၍ ၊ နောက် တဖန် ညှိုးငယ် ခြင်းမ ရှိရ။
And they shall come and sing in the height of Zion, and shall flow unto the goodness of the LORD, to the corn, and to the wine, and to the oil, and to the young of the flock and of the herd; and their soul shall be as a watered garden, and they shall not pine any more at all.
13 ၁၃ ထိုအခါ သမီး ကညာသည် က ခုန်လျက် ၊ လူပျို ၊ လူအို တို့နှင့်တကွပျော်မွေ့ လိမ့်မည်။ သူ တို့ညည်းတွား ခြင်း အရာ၌ ဝမ်းမြောက် ခြင်းကို ငါဖြစ် စေမည်။ သူ တို့သည် ဝမ်းနည်း ခြင်းကို ခံရသောနောက်၊ စိတ် သက်သာ၍ ရွှင်လန်း မည်အကြောင်းကို ငါပြုမည်။
Then shall the virgin rejoice in the dance, and the young men and the old together; for I will turn their mourning into joy, and will comfort them, and make them rejoice from their sorrow.
14 ၁၄ ယဇ် ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေး မည်။ ငါ ၏လူ တို့သည်လည်း ငါ့ ကျေးဇူး နှင့် ဝပြော ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And I will satiate the soul of the priests with fatness, and My people shall be satisfied with My goodness, saith the LORD.
15 ၁၅ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရာမ အရပ် ၌ သည်း စွာသော ညည်းတွား ငိုကြွေး ခြင်းအသံ ကို ကြား ရ ၍၊ ရာခေလ သည် မိမိ သား တို့မ ရှိသောကြောင့် ၊ ငို ၍ စိတ် မပြေနိုင်။
Thus saith the LORD: A voice is heard in Ramah, lamentation, and bitter weeping, Rachel weeping for her children; she refuseth to be comforted for her children, because they are not.
16 ၁၆ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ငိုကြွေးသံ ကို ချုပ် လော့၊ မျက်ရည် မကျစေနှင့်။ သင်သည် ကိုယ် ကျင့်သောအကျင့် ၏ အကျိုး ကိုခံရ လိမ့်မည်။ သင်၏ သားတို့သည် ရန်သူ ပြည် မှ ပြန် လာကြလိမ့်မည်။
Thus saith the LORD: Refrain thy voice from weeping, and thine eyes from tears; for thy work shall be rewarded, saith the LORD; and they shall come back from the land of the enemy.
17 ၁၇ သင် ၏အဆုံး ၌ မြော်လင့် စရာအကြောင်းရှိ ၏။ သင်၏ သား တို့သည် နေရင်းပြည် သို့ ပြန် လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And there is hope for thy future, saith the LORD; and thy children shall return to their own border.
18 ၁၈ ဧဖရိမ် က၊ ကိုယ်တော်သည် အကျွန်ုပ် ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်း သောနွားလား ကဲ့သို့ ဆုံးမ ခြင်းကိုခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင် တော်မူ ပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ပြန် လာပါမည်။ အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင် ဖြစ်တော်မူ၏။
I have surely heard Ephraim bemoaning himself: 'Thou hast chastised me, and I was chastised, as a calf untrained; turn thou me, and I shall be turned, for Thou art the LORD my God.
19 ၁၉ ပြန်လာသောနောက် ၊ အကျွန်ုပ်သည် အမှန် နောင်တရ ပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင် ကို ရိုက် ပါ၏။ အသက် ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက် ခြင်းကို ခံရသဖြင့် ၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက်ကြားရပြီ။
Surely after that I was turned, I repented, and after that I was instructed, I smote upon my thigh; I was ashamed, yea, even confounded, because I did bear the reproach of my youth.'
20 ၂၀ ဧဖရိမ် သည် ငါ ၏ ချစ် သား ဖြစ်သလော ။ ချစ်ဘွယ် သော သူငယ် ဖြစ်သလော။ သူ ၏အကြောင်းကို ငါ ပြော လေ ရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့် ၊ ငါ သည် သူ့ အတွက် စိတ် ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ်သူ့ ကိုငါကယ်မ သနားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Is Ephraim a darling son unto Me? Is he a child that is dandled? For as often as I speak of him, I do earnestly remember him still; Therefore My heart yearneth for him, I will surely have compassion upon him, saith the LORD.
21 ၂၁ လမ်း၌မှတ်တိုင် တို့ကိုစိုက် လော့။ အလံတိုင် တို့ကို ထူ လော့။ လိုက်သွား သောလမ်းမ ကို စိတ် စွဲလမ်းလော့။ အိုဣသရေလ သတို့သမီး ကညာ၊ ပြန် လာလော့။ သင် ၏ နေရာ ဤ မြို့ များသို့ ပြန်လာ လော့။
Set thee up waymarks, make thee guide-posts; set thy heart toward the high-way, even the way by which thou wentest; Return, O virgin of Israel, return to these thy cities.
22 ၂၂ အိုဖောက်ပြန် သော သတို့သမီး ၊ သင်သည် အဘယ် မျှကာလပတ်လုံးလှည့်လည် ၍ နေလိမ့်မည်နည်း။ ထာဝရဘုရား သည် မြေကြီး ပေါ် မှာ ထူးဆန်း သော အမှုကို စီရင် တော်မူ၍၊ မိန်းမ သည် ယောက်ျား ကို ပတ်ဝိုင်း လိမ့်မည်။
How long wilt thou turn away coyly, O thou backsliding daughter? For the LORD hath created a new thing in the earth: a woman shall court a man.
23 ၂၃ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွားခြင်းကို ခံရသောသူ တို့ကို ငါ ဆောင် ခဲ့ပြန်သောအခါ ၊ ယုဒ ပြည် ၏မြို့ ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်း ခြင်း နေရာ တောင် ၊ ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူစေသတည်း ဟူသောစကား ကို တဖန် သုံး ကြလိမ့်မည်။
Thus saith the LORD of hosts, the God of Israel: Yet again shall they use this speech in the land of Judah and in the cities thereof, when I shall turn their captivity: 'The LORD bless thee, O habitation of righteousness, O mountain of holiness.'
24 ၂၄ ထိုအရပ် ၌ ယုဒ ပြည်သူ၊ ယုဒ မြို့ ရွာသား အပေါင်း တို့သည်၊ လယ်လုပ် သောသူနှင့် သိုး ထိန်းသော သူများပါလျက် ၊ အတူ နေ ရကြလိမ့်မည်။
And Judah and all the cities thereof shall dwell therein together: the husbandmen, and they that go forth with flocks.
25 ၂၅ ငတ်မွတ် သော သူ အပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ် သော သူ အပေါင်း တို့ကို ငါသက်သာ စေမည် ဟု မိန့်တော်မူ၏။
For I have satiated the weary soul, and every pining soul have I replenished.
26 ၂၆ ထိုနောက်၊ ငါသည် နိုး ၍ ကြည့်ရှု သောအခါ ၊ အိပ်ပျော် ခြင်းအားဖြင့်အားရ လျက်ရှိ၏။
Upon this I awaked, and beheld; and my sleep was sweet unto me.
27 ၂၇ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဣသရေလ ပြည် ၊ ယုဒ ပြည် ၌ လူ မျိုးစေ့ နှင့် တိရစ္ဆာန် မျိုးစေ့ ကို ကြဲ ရသော အချိန် ကာလရောက် လိမ့်မည်။
Behold, the days come, saith the LORD, that I will sow the house of Israel and the house of Judah with the seed of man, and with the seed of beast.
28 ၂၈ ငါသည် သူ တို့ကို နှုတ်ပယ် ဖြိုချ မှောက်လှန် ဖျက်ဆီး ညှဉ်းဆဲ ခြင်းအမှုကို ပြု ဘူးသည်နည်းတူ ၊ တဖန် တည်ဆောက် စိုက်ပျိုး ခြင်းအမှုကို ပြု ဦးမည်ဟု မိန့် တော်မူ ၏။
And it shall come to pass, that like as I have watched over them to pluck up and to break down, and to overthrow and to destroy, and to afflict; so will I watch over them to build and to plant, saith the LORD.
29 ၂၉ ထို ကာလ ၌ အဘ သည် ချဉ်သောစပျစ် သီးကို စား သောကြောင့် ၊ သား သည် သွား ကျိန်း ခြင်းကို ခံရ၏ ဟု မ ဆို ရကြ။
In those days they shall say no more: 'The fathers have eaten sour grapes, and the children's teeth are set on edge.'
30 ၃၀ လူတိုင်း မိမိ အပြစ် ကြောင့် မိမိသေ ရမည်။ ချဉ်သောစပျစ် သီးကို စား သောသူတိုင်း သွား ကျိန်း ခြင်းကိုခံရမည်။
But every one shall die for his own iniquity; every man that eateth the sour grapes, his teeth shall be set on edge.
31 ၃၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဤလူမျိုး ၏ဘိုးဘေး တို့ကိုလက်ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရား သစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေး သောအချိန် ကာလရောက် လိမ့်မည်။
Behold, the days come, saith the LORD, that I will make a new covenant with the house of Israel, and with the house of Judah;
32 ၃၂ အရင်ငါ ပေးဘူးသောပဋိညာဉ်တရား ကို သူတို့သည်ဖျက် ၍၊ ငါ သည်လည်း သူတို့ကိုရွံရှာ၏။
not according to the covenant that I made with their fathers in the day that I took them by the hand to bring them out of the land of Egypt; forasmuch as they broke My covenant, although I was a lord over them, saith the LORD.
33 ၃၃ နောက် ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေး အံ့သော ပဋိညာဉ် တရားဟူမူကား ၊ ငါထာဝရ ဘုရားသည် ငါ ၏ပညတ် တရားကို သူ တို့အတွင်း ထဲ သို့ သွင်း မည်။ သူ တို့နှလုံး ပေါ် မှာ ရေး ထားမည်။ ငါသည် သူ တို့၏ ဘုရား ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
But this is the covenant that I will make with the house of Israel after those days, saith the LORD, I will put My law in their inward parts, and in their heart will I write it; and I will be their God, and they shall be My people;
34 ၃၄ ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
and they shall teach no more every man his neighbour, and every man his brother, saying: 'Know the LORD'; for they shall all know Me, from the least of them unto the greatest of them, saith the LORD; for I will forgive their iniquity, and their sin will I remember no more.
35 ၃၅ နေ့ အချိန်၌ လင်း စရာဘို့ နေ ကိုခန့် ထား၍၊ ညဉ့် အချိန်၌ လင်း စရာဘို့ လ နှင့် ကြယ် တို့ကို စီရင် တော်မူထသော၊ သမုဒ္ဒရာ ကိုဆုံးမ ၍ လှိုင်း တံပိုးကို ဟုန်း စေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ဘွဲ့ နာမရှိတော်မူသောထာဝရဘုရား မိန့် တော်မူ သည်ကား ၊
Thus saith the LORD, Who giveth the sun for a light by day, and the ordinances of the moon and of the stars for a light by night, who stirreth up the sea, that the waves thereof roar, the LORD of hosts is His name:
36 ၃၆ ထို တရား တို့သည် ငါ့ ရှေ့ မှာ ကွယ်ပျောက် လျှင် ၊ ဣသရေလ အမျိုး သည် ငါ့ ရှေ့ မှာ အမျိုး တိမ်မြုပ် ၍ အစဉ် ကွယ်ပျောက်လိမ့်မည်ဟု မိန့် တော်မူ၏။
If these ordinances depart from before Me, saith the LORD, then the seed of Israel also shall cease from being a nation before Me for ever.
37 ၃၇ တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အထက် မိုဃ်းကောင်းကင် ကို တိုင်းထွာ နိုင်လျှင် ၎င်း ၊ မြေကြီး အောက် ဆုံးအမြစ် တို့ကိုလိုက်၍ စစ် နိုင်လျှင်၎င်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့ကို သူတို့ပြု မိသမျှ သော အပြစ်တို့ကြောင့် ငါ စွန့်ပစ် မည်ဟု မိန့် တော်မူ၏။
Thus saith the LORD: If heaven above can be measured, and the foundations of the earth searched out beneath, then will I also cast off all the seed of Israel for all that they have done, saith the LORD.
38 ၃၈ တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာနနေလ ရဲတိုက် မှစ၍ မြို့ထောင့် တံခါး တိုင်အောင်၊ မြို့ တော်ကို ထာဝရဘုရား အဘို့ တည်ထောင် ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
Behold, the days come, saith the LORD, that the city shall be built to the LORD from the tower of Hananel unto the gate of the corner.
39 ၃၉ ဂါရက် တောင် ကို လွန်၍ မျဉ်းကြိုး နှင့်တန်းချ လိမ့်မည်။ ဂေါသ တောင်ကိုလည်း ဝိုင်း မိလိမ့်မည်။
And the measuring line shall yet go out straight forward unto the hill Gareb, and shall turn about unto Goah.
40 ၄၀ အရှေ့ ဘက်မြင်း တံခါး ရှိသောမြို့ထောင့် တိုင်အောင် ၊ အသေ ကောင်များ၊ ပြာ များစွန့်ပစ်ရာ ချိုင့် တရှောက် လုံးနှင့်၊ ကေဒြုန် ချောင်း အတွင်းတွင် ၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း ကြ လိမ့်မည်။ နောက် တဖန် နှုတ်ပယ် ဖြိုချ ခြင်း အလျှင်း မ ရှိရဟု မိန့်တော်မူ၏။
And the whole valley of the dead bodies, and of the ashes, and all the fields unto the brook Kidron, unto the corner of the horse gate toward the east, shall be holy unto the LORD; it shall not be plucked up, nor thrown down any more for ever.