< ယေရမိ 30 >
1 ၁ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊
This is the message that came to Jeremiah from the Lord:
2 ၂ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အား ငါပြော သမျှ သော စကား တို့ကို ရေး ထားလော့။
This is what the Lord, the God of Israel, says: Write down in a book everything I've told you.
3 ၃ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု သိမ်း သွားခြင်းကို ခံရသောငါ ၏ လူ ဣသရေလ အမျိုးနှင့် ယုဒ အမျိုးသားတို့ကို ငါဆောင် ခဲ့ရသော အချိန် ကာလသည် ရောက် လိမ့်မည်။ သူ တို့ဘိုးဘေး တို့အား ငါပေး သော ပြည် သို့ ငါပြန် လာစေသဖြင့် ၊ သူတို့သည် ပိုင် ရကြလိမ့်မည်ဟု မိန့် တော်မူ၏။
Look, the time is coming, declares the Lord, when I will bring back my people Israel and Judah from captivity, declares the Lord. I will bring them back to the country I gave to their forefathers, and they will own it again.
4 ၄ ဣသရေလ အမျိုးနှင့် ယုဒ အမျိုးကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊
This what the Lord said about Israel and Judah.
5 ၅ ငါသည် ထိတ်လန့် ခြင်းစကား သံကို ကြား ရ၏။ ငြိမ်သက် ခြင်းမရှိ ။ ကြောက်ရွံ ဘွယ်သောအကြောင်းသာ ရှိ၏။
This is what the Lord says: Hear the cries of panic, cries of fear, not peace.
6 ၆ ယောက်ျား သည် သားဘွား တတ်သလောဟုမေးမြန်း ကြည့်ရှု ကြလော့။ မိန်းမသည် သားဘွား ခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိ ခါး ၌ လက် တင်သကဲ့သို့ ယောက်ျား တိုင်း ပြု၍ ၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ ပျက် လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါ မြင်ရသနည်း။
Think about it! Can men give birth? No. So why do I see every man holding his stomach with his hands like a woman in labor. Why is every face white as a sheet?
7 ၇ အလို လေး၊ ထို နေ့ ရက်ကား ခိုင်းနှိုင်း စရာမရှိ ။ ကြီး သောနေ့ရက်ဖြစ်၏။ ယာကုပ် အမျိုး၌ အမှု ရောက် သော နေ့ရက် ဖြစ်၏။ သို့ရာတွင် ၊ သူ တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။
What a terrible day it will be—a day like never before! This is the time of trouble for Jacob's descendants, but they will be rescued from it.
8 ၈ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ရက်၌ သူ တို့ထမ်းရသောထမ်းဘိုး ကို သူ တို့လည်ပင်း မှ ငါချိုး ပယ်မည်။ သူ တို့ကို ချည်နှောင် သော ကြိုးများကို ငါဖြတ် မည်။ တပါး အမျိုးသား တို့သည် နောက် တဖန်သူ တို့ကို မ စေစား ရကြ။
On that day, declares the Lord Almighty, I will break the yoke from their necks and tear off their chains. Foreigners won't make them slaves anymore.
9 ၉ သူတို့သည် မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ အမှုကို၎င်း ၊ သူ တို့အဘို့ ငါပေါ်ထွန်း စေလတံ့သော ရှင်ဘုရင် ဒါဝိဒ် ၏အမှုကို၎င်း ဆောင်ရွက် ရကြမည်။
They will serve the Lord their God, and their king, David's descendant whom I will give them.
10 ၁၀ သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် မ ပျက်နှင့်။ သင့် ကို ဝေး သောအရပ်မှ ၎င်း ၊ သင် ၏ အမျိုးသား တို့ကို သိမ်းသွားရာ ပြည် မှ ၎င်း ၊ ငါ နှုတ် ယူဆောင်ခဲ့သဖြင့် ၊ ယာကုပ် အမျိုးသည် ပြန်လာ ၍ ၊ ချောက်လှန့် သောသူမရှိ ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရလိမ့်မည်ဟု မိန့် တော်မူ၏။
As far as you're concerned, my servant Jacob, don't be afraid, declares the Lord, Israel, don't be discouraged. I promise to save you from your distant places of exile, your descendants from the countries where they're being held captive. The descendants of Jacob will go home to a quiet and comfortable life, free from any threats.
11 ၁၁ တဖန်မိန့်တော်မူသည်ကား၊ သင့် ကို ကယ်တင် ခြင်းငှါ သင် နှင့် အတူငါ ရှိ၏။ ငါသည်သင့် ကို ငါကွဲပြား စေသော တိုင်း နိုင်ငံရှိသမျှ တို့ကို ဆုံး စေသော်လည်း ၊ သင့် ကိုမ ဆုံး စေ။ သို့ရာတွင် ၊ အပြစ် ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမ မည်။
I am with you and I will save you, declares the Lord. Even though I'm going to completely destroy all the nations where I scattered you, I won't completely destroy you. However, I will discipline you as you deserve, and you can be sure I won't leave you unpunished.
12 ၁၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အနာ သည် ပျောက် ခဲ၏။ သင် ခံရသောဝေဒနာ သည် ပြင်း လှ ၏။
This is what the Lord says: You have a wound that cannot be healed, you have a terrible injury.
13 ၁၃ သင့်အနာကို စည်း အံ့သောငှါ အဘယ်သူမျှသင့် အမှု ကို မ စောင့် ။ အနာ ပျောက်စေနိုင်သော ဆေး ကို အဘယ်သူမျှမ ကု။
There's no one to take care of your case, no cure for your sores, no healing for you.
14 ၁၄ သင် ၏မိတ်ဆွေ ရှိသမျှ တို့သည် သင့် ကို မေ့လျော့ ၍ မ မေး မရှာဘဲနေကြ၏။ သင့် အပြစ် သည် ကြီး ၍၊ သင်ပြုသောဒုစရိုက် သည် များပြား သောကြောင့် ၊ ရန်သူ ပေးတတ်သော အနာ နှင့်သင့် ကို ငါနာ စေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ် ကို ငါပေးပြီ။
All your lovers have forgotten about you; they don't bother looking for you anymore, because I have beaten you as if I were your enemy, the discipline of a cruel person, because of how wicked you are, because of your many sins.
15 ၁၅ သင် သည် အနာ ကိုခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေး သနည်း။ သင် ၏အပြစ် ကြီး သောကြောင့် ၊ သင် ခံရသောဝေဒနာ သည် ပျောက် ခဲ၏။ သင် ပြုသောဒုစရိုက် များပြား သောကြောင့်၊ ဤ သို့ငါဆုံးမ ရ၏။
Why are you crying over your wound? You pain can't be cured. I did this to you because of how wicked you are, because of your many sins.
16 ၁၆ သို့ရာတွင်၊ သင့် ကို ကိုက်စား သောသူအပေါင်း တို့သည် ကိုက် စားခြင်း၊ သင် ၏ရန်သူ အပေါင်း တို့သည် သိမ်း သွားခြင်း၊ သင့် ကို လုယူ ဖျက်ဆီး သော သူအပေါင်း တို့ သည် လုယူ ဖျက်ဆီး ခြင်းကိုခံရ ကြမည်။
Even so, everyone who destroys you will be destroyed. All your enemies, every last one, will be sent into exile. Those who plundered you will be plundered, and all who robbed you will be robbed.
17 ၁၇ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူတပါးတို့ က၊ သင် သည် စွန့်ပစ် ခြင်းကို ခံရသောသူဟူ၍၎င်း ၊ အဘယ်သူမျှမ ကြည့်ရှု မပြုစုသော ဇိအုန် မြို့ဟူ၍၎င်း ခေါ် သော်လည်း၊ သင် ၏အနာ ရောဂါများကို ငါပျောက် စေ၍၊ ကျန်းမာ ပကတိ ဖြစ်စေမည်။
But I will give you back your health and heal your wounds, declares the Lord, because people say you've been abandoned and that no one cares about you, Zion.
18 ၁၈ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွား ခြင်းကိုခံရသောယာကုပ် အမျိုးသားတို့၏ တဲ များကို ငါ ဆောင် ခဲ့ဦးမည်။ သူ တို့အိမ် များကို သနား ဦးမည်။ မြို့ သည်လည်း ၊ မိမိ ကုန်း ပေါ် မှာ တဖန် တည် လျက်ရှိ လိမ့်မည်။ နန်းတော် ၌လည်း ၊ ရှေးထုံးစံ အတိုင်းနေ ကြလိမ့်မည်။
This is what the Lord says: I will bring Jacob's descendants back to their homes and have mercy on their families. The city will be rebuilt on top of its ruins, and the palace once again stand where it should.
19 ၁၉ ထိုသူ တို့အထဲ က ကျေးဇူးကို ချီးမွမ်း ခြင်းအသံ၊ ရွှင်မြူး သောသူတို့ ၏ အသံ သည် ထွက် လိမ့်မည်။ ငါသည် သူ တို့ကို မ နည်း စေဘဲ များပြား စေမည်။ နှိမ့်ချ ခြင်းသို့ မ ရောက်၊ ချီးမြှောက် ခြင်းသို့ ရောက်စေမည်အကြောင်းစီရင်မည်။
People will be singing songs of thanks, the sounds of celebration. I will increase their number—they will not become less. I will honor them—they will not be treated as insignificant.
20 ၂၀ အမျိုးသား တို့သည် အရင် ကဲ့သို့ ဖြစ် ၍၊ ပရိသတ် တို့သည် ငါ့ ရှေ့ မှာ တည် ကြလိမ့်မည်။ ညှဉ်းဆဲ သော သူအပေါင်း တို့ကို ငါသည် အပြစ် ပေးမည်။
Their children will be looked after like they used to be. I will make their nation strong again, and punish anyone who attacks them.
21 ၂၁ သူ တို့၏ မင်း သည် သူ တို့အမျိုးဖြစ် လိမ့်မည်။ သူ တို့အထဲက ပေါ်ထွန်း သောသူသည်သူ တို့ကို အုပ်စိုး ရ လိမ့်မည်။ ငါသွေးဆောင် ၍ သူတို့သည် ငါ့ ထံသို့ ချဉ်းကပ် ကြလိမ့်မည်။ ငါ့ ထံသို့ ချဉ်းကပ် လိုသောငှါ ၊ အဘယ်သူ သည် မိမိစိတ် ကို တန်းစေသနည်း။
Their leader will be from their own country, their ruler will be chosen from among them. I will invite him to come close to me, and he will do so, for would anyone dare to approach me without being asked? declares the Lord.
22 ၂၂ ထိုအခါ သင်တို့သည် ငါ ၏ လူ ဖြစ် ၍ ၊ ငါ သည် လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
You will be my people, and I will be your God.
23 ၂၃ ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့် ထွက် ၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည် ။
Watch out! The Lord has sent out a furious storm, a tornado swirling around the heads of the wicked.
24 ၂၄ ထာဝရဘုရား သည် လက်စသတ် ၍ ၊ အကြံအစည် တော်ကို ပြည့်စုံ စေတော်မ မူမှီ၊ ပြင်းစွာ သော အမျက် တော်မ ငြိမ်း ရ။ နောင် ကာလ ၌ သင်တို့သည် နားလည် ကြလိမ့်မည်။
The Lord's anger won't fade until he's finished doing everything he wants. Only then will you really understand.