< ယေရမိ 3 >
1 ၁ ယောက်ျား စွန့်ပစ် သော မိန်းမ သည် ထွက် သွား၍၊ အခြား သောသူ ၏မယားဖြစ် ပြီးမှ၊ အရင်လင်သည် ထိုမိန်းမ ကို ပြန် ၍ယူ သင့်သလော။ ထို သို့ပြုသောပြည် သည် ညစ်ညူး သည်မ ဟုတ်လောဟု ဆိုလေ့ရှိလျက် နှင့်၊ သင် သည်များစွာ သော ရည်းစား တို့၌မှီဝဲ၍ မှားယွင်း သော်လည်း ၊ ငါ့ ထံသို့ ပြန် လာပါဟု ထာဝရဘုရား မိန့် တော်မူ ၏။
If a man divorces his wife and she goes and marries someone else, could he ever go back to her? Wouldn't the country be made totally unclean by this? But you have done worse by prostituting yourselves with many lovers, and now you want to come back to me? declares the Lord.
2 ၂ မြင့် သောအရပ်များကို မျှော် ကြည့်၍ ၊ လင် မ နေ ဘူးသောအရပ် တစုံတခုကို ရှာ လော့။ အာရပ် လူသည် တော ၌ စောင့်သကဲ့သို့ ၊ သင်သည် လမ်း တို့၌ စောင့် နေ၍၊ မတရားသောမေထုန် အားဖြင့် ၎င်း ၊ အဓမ္မ အမှုအားဖြင့် ၎င်း ပြည် ကို ညစ်ညူး စေပြီ။
Look up at the bare hilltops. Is there anywhere that you haven't had sex? You sat at the roadside like someone from the desert waiting for your lovers to pass by. You have made the land unclean with your prostitution and evil.
3 ၃ မိုဃ်း ခေါင် ၍ နောက် မိုဃ်းတိုင်အောင်မ ရွာ သော်လည်း ၊ သင် သည် ပြည်တန်ဆာ နဖူး ရှိ၍၊ ရှက် ခြင်း သဘောကိုပယ်ရှား ပြီ။
That's why no showers have been sent, and no spring rains have fallen. But you just stare back shamelessly like a prostitute; you refuse to accept you've done anything wrong.
4 ၄ ယခု မှစ၍ သင်က၊ အကျွန်ုပ် အဘ ၊ ကိုယ်တော် သည် အကျွန်ုပ် အသက်ငယ် စဉ်၊ စောင့်မပါပြီဟု ငါ့ အား အော်ဟစ် ပါစေသော။
Didn't you just tell me, “My father, you've been such a close friend to me since I was little.
5 ၅ ဘုရားသခင်သည် အစဉ် အမျက်ထွက် တော်မူမည် လော။ အဆုံး တိုင်အောင် အပြစ်ကို မှတ် တော်မူမည် လောဟု ဆိုပါစေသော။ ထိုသို့ဆို သော်လည်း ၊ တတ် နိုင်သမျှအတိုင်း အဓမ္မ အမှုကို ပြု ပါသည်တကား။
You won't be angry with me for a long time, will you? You won't go on being like that forever?” This is what you've said, but you keep on sinning as much as you can.
6 ၆ ယောရှိ မင်းကြီး လက်ထက် ၊ ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည်ကား၊ ဖောက်ပြန် သော ဣသရေလ အမျိုးပြု သော အမှုကိုသင်မြင် ပြီလော ။ မြင့် သော တောင် ရှိသမျှ အပေါ် သို့တက် ၍ ၎င်း ၊ စိမ်း သောသစ် ပင် ရှိသမျှ အောက် ၌ ၎င်း ပြည်တန်ဆာ လုပ်လေပြီ။
During the reign of King Josiah, the Lord told me, Have you seen what unfaithful Israel has done? She has prostituted herself on every high hill and under every green tree.
7 ၇ သူသည် ထို အမှုအလုံးစုံ တို့ကို ပြု ပြီးမှ ၊ ငါ့ ထံသို့ ပြန် လာပါဟု ငါပြော သော်လည်း ၊ သူသည်ပြန်၍မ လာ ။ ထိုအမှုကို သူ ၏ညီမ ၊ သစ္စာပျက် သောညီမ ယုဒ သည် ကြည့် မြင်လေ၏။
I hoped that after she'd done all this she'd come back to me. But she didn't come back, and her unfaithful sister Judah saw what happened.
8 ၈ ဖောက်ပြန် သော ဣသရေလ သည် မတရား သောမေထုန် ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူ နှင့်ငါကွာ ၍ ဖြတ်စာ ကို အပ် သော်လည်း ၊ သစ္စာပျက် သောညီမ ယုဒ သည်လည်း၊ မ ကြောက် ဘဲသွား ၍ ၊ ပြည်တန်ဆာ လုပ်ကြောင်း ကို ငါမြင် ရ၏။
She saw that because of everything unfaithful Israel had done on committing adultery, I sent her away, giving her a certificate of divorce. But her unfaithful sister Judah wasn't afraid and prostituted herself too.
9 ၉ သူသည် မတရား သောမေထုန် ကိုပြု၍ အလွန် လော်လည် သောအားဖြင့် ပြည် ကို ညစ်ညူး စေ၍ ၊ ကျောက် နှင့် ၎င်း ၊ သစ် တုံးနှင့် ၎င်း မှားယွင်း လေ၏။
Israel didn't care about the immorality, as she made herself and the land unclean, committing adultery by worshiping stones and trees.
10 ၁၀ ထို မျှ လောက်အပြစ်ရှိသော်လည်း ၊ သစ္စာ ပျက် သော ညီမ ယုဒ သည် ငါ့ ထံသို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် ၍ မ လာ။ ပြန်လာဟန်ဆောင် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Despite all this, her unfaithful sister Judah didn't come back to me in sincerity. She only pretended to do so, declares the Lord.
11 ၁၁ တဖန် ထာဝရဘုရား သည် ငါ့ အား မိန့်တော်မူသည် ကား၊ သစ္စာ ပျက်သော ယုဒ သည် ဖောက်ပြန် သော ဣသရေလ ထက် အပြစ် ကြီး၏။
The Lord told me, Unfaithful Israel showed that she wasn't as guilty as unfaithful Judah.
12 ၁၂ သင် သည် သွား ၍ မြောက် မျက်နှာ သို့ ဟစ်ကြော် ရမည် စကား ဟူမူကား၊ အိုဖောက်ပြန် သော ဣသရေလ ၊ ပြန် လာပါဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် ၌ ငါ သည် မျက်မုန်းကြိုး ခြင်းကိုမ ပြု၊ ကရုဏာ စိတ်သဘောရှိ၏။ အစဉ် အမျက် ထွက်တတ်သည်မ ဟုတ်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Now go and announce this message to the north: Come back, unfaithful Israel, declares the Lord. I won't be angry with you anymore, because I am merciful, declares the Lord. I won't be angry forever.
13 ၁၃ သင်သည် ငါ့ စကား ကို နား မ ထောင်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ၍ ၊ စိမ်း သော သစ်ပင် ရှိသမျှ အောက် ၌တွေ့သော ဧည့်သည် တို့နှင့် မှားယွင်း သော အပြစ် ရှိကြောင်းကို ဝန်ချ ရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။
Just admit you did wrong, that you rebelled against the Lord your God. You spread yourself around, committing adultery by worshiping foreign gods under every green tree, refusing to do what I told you, declares the Lord.
14 ၁၄ အိုဖောက်ပြန် သော သူငယ် တို့၊ ပြန်လာ ကြလော့ ဟု ထာဝရဘုရား မိန့် တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့ များထဲက တ မြို့လျှင် လူ တယောက်၊ အမျိုးသား ချင်း အစုစုထဲက တစုလျှင် လူနှစ် ယောက်ကို ရွေးယူ ၍ ဇိအုန် မြို့သို့ ပို့ဆောင် မည်။
Come back, unfaithful children, declares the Lord, because I am married to you. I will take you, one from a town and two from a family, and bring you to Zion.
15 ၁၅ ငါ သည် နှစ်သက် သောသူတို့ကို သင်းအုပ် အရာ ၌ ခန့် ထား၍ ၊ သူတို့သည် ဉာဏ် ပညာနှင့် ပြည့်စုံလျက် သင် တို့ကို အုပ် ကြလိမ့်မည်။
I will give you shepherds who are like me who will feed you wisely and with understanding.
16 ၁၆ ထို ကာလ တွင် သင်တို့သည် ပြည် တော်၌ တိုးပွါး များပြား သောအခါ ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ဟူ၍နောက် တဖန် မ ပြော မဆိုရ။ ထိုသေတ္တာတော် ကို စိတ် မ စွဲလမ်း ၊ မအောက်မေ့၊ မ ပြုစု ရ။ နောက် တဖန် မ လုပ် ရဟု ထာဝရဘုရား မိန့် တော်မူ၏။
At that time as you increase in number in the country, declares the Lord, no one will be talking about the Ark of the Lord's Agreement anymore. People won't need to think about it or remember it or wonder what happened to it; and certainly won't need to make a new one.
17 ၁၇ ထို အခါ ယေရုရှလင် မြို့ကို ထာဝရဘုရား ၏ ပလ္လင် ဟူ၍ခေါ် ကြလိမ့်မည်။ လူမျိုး အပေါင်း တို့သည် လည်း ၊ ထာဝရဘုရား ၏နာမ တော်ကို အမှီပြု၍၊ ထို ပလ္လင် သို့ စည်းဝေး ကြလိမ့်မည်။ နောက် တဖန် မိမိ တို့၌ ဆိုး သောစိတ် နှလုံးခိုင်မာ ခြင်းသဘော သို့ လိုက် ၍ မ ကျင့် ရကြ။
When that time comes Jerusalem will be called the Throne of the Lord, and all the nations will come together in Jerusalem to honor the Lord. They won't be stubborn or wicked anymore.
18 ၁၈ ထို ကာလ ၌ ယုဒ အမျိုး သည် ဣသရေလ အမျိုး နှင့် ပေါင်းဘော် လျက် ၊ မြောက် မျက်နှာအရပ် က တစု တည်းလာ၍၊ သင် တို့ဘိုးဘေး များ အမွေခံ ဘို့ ၊ ငါပေးဘူး သော ပြည် သို့ ရောက် ကြလိမ့်မည်။
At that time the people of Judah will join with the people of Israel, and they will return from the land of the north to the country I gave to your forefathers to own.
19 ၁၉ ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထား ရ အံ့နည်း။ သာယာ သောပြည် ၊ တိုင်း နိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေ ခံရာ ပြည်ကိုသင့် အား အဘယ်သို့ပေး ရအံ့နည်းဟု ငါ မေး သောအခါ၊ သင်သည် ငါ့ ကို အကျွန်ုပ် အဘ ဟူ၍ ခေါ် ရလိမ့်မည်။ ငါ့ ထံမှ လွှဲ ၍ မ သွားရဟု ငါပြန်ပြော ၏။
I said to myself, I really want you to be my children, and to give you the best country, the most beautiful place of any nation. I hoped you would call me “Father,” and never give up following me.
20 ၂၀ အိုဣသရေလ အမျိုး ၊ မယား သည် မိမိ ခင်ပွန်း ၌ သစ္စာဖျက်သကဲ့သို့၊ အကယ် စင်စစ်သင်တို့သည်ငါ ၌ သစ္စာ ဖျက်ကြပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
But just like a wife might betray her husband, you have betrayed me, people of Israel, declares the Lord.
21 ၂၁ ဣသရေလ အမျိုးသား တို့သည် မြင့် သောအရပ်တို့၌ ငိုကြွေး ၍ တောင်းပန် သောအသံ ကို ငါကြား ရပြီ။ အကြောင်း မူကား၊ သူ တို့သည် လမ်း လွှဲ ၍၊ မိမိ တို့ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ ကြပြီ။
Voices are crying on bare hilltops—the Israelites weeping and pleading for mercy, because they have gone astray and forgotten the Lord their God.
22 ၂၂ အိုဖောက်ပြန် သော သူငယ် ၊ သင်တို့ပြန်လာ ကြလော့။ ဖောက်ပြန် ရာများကို ငါပြုပြင် မည်။ သူတို့ ကလည်း၊ အကျွန်ုပ် တို့သည် ကိုယ်တော် ထံသို့ လာ ကြ ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရ ဘုရားဖြစ်တော်မူ၏။
Come back, unfaithful children, and I will heal your unfaithfulness. “We're here! Yes, we're coming back to you, because you are the Lord our God.”
23 ၂၃ အကယ် စင်စစ် ကုန်း များနှင့် တောင် ရိုး များတ ို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကယ် စင်စစ် အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား သည် ဣသရေလ အမျိုးကို ကယ်တင် ရာ အကြောင်း ဖြစ်တော်မူ၏။
There's no doubt that pagan worship from the hills is pure lies; the idolatry that comes from the mountains is just noise. Israel's salvation is in the Lord our God alone.
24 ၂၄ ရှက်ဘွယ် သော အရာသည် အကျွန်ုပ် တို့၏ ဘိုးဘေး ဥစ္စာ တည်းဟူသောသူ တို့ သိုး နွား ၊ သားသမီး များကို အကျွန်ုပ် တို့ ငယ် သောအရွယ်ကပင် စား ၍ ကုန်ပါပြီ။
All our lives pagan idolatry has destroyed what our fathers worked so hard for: their flocks and herds, their sons and daughters.
25 ၂၅ အကျွန်ုပ် တို့သည် ရှက် ကြောက်လျက် အိပ် ရကြ ၏။ အသရေ ပျက်ခြင်း၌ နစ်မွန်း ကြ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့သည် ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေး နှင့်တကွ အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ပါ ပြီဟု ဆိုကြ၏။
We should lie down in shame, and have our disgrace bury us. We have sinned against the Lord our God, us and our fathers. From when we were young right up to now we have not obeyed what the Lord our God told us to do.