< ယေရမိ 3 >

1 ယောက်ျား စွန့်ပစ် သော မိန်းမ သည် ထွက် သွား၍၊ အခြား သောသူ ၏မယားဖြစ် ပြီးမှ၊ အရင်လင်သည် ထိုမိန်းမ ကို ပြန် ၍ယူ သင့်သလော။ ထို သို့ပြုသောပြည် သည် ညစ်ညူး သည်မ ဟုတ်လောဟု ဆိုလေ့ရှိလျက် နှင့်၊ သင် သည်များစွာ သော ရည်းစား တို့၌မှီဝဲ၍ မှားယွင်း သော်လည်း ၊ ငါ့ ထံသို့ ပြန် လာပါဟု ထာဝရဘုရား မိန့် တော်မူ ၏။
They say, If a man puts away his wife, and she goes from him, and become another man's, will he return to her again? Will not that land be greatly polluted? But thou have played the harlot with many lovers. Yet return again to me, says Jehovah.
2 မြင့် သောအရပ်များကို မျှော် ကြည့်၍ ၊ လင် မ နေ ဘူးသောအရပ် တစုံတခုကို ရှာ လော့။ အာရပ် လူသည် တော ၌ စောင့်သကဲ့သို့ ၊ သင်သည် လမ်း တို့၌ စောင့် နေ၍၊ မတရားသောမေထုန် အားဖြင့် ၎င်း ၊ အဓမ္မ အမှုအားဖြင့် ၎င်း ပြည် ကို ညစ်ညူး စေပြီ။
Lift up thine eyes to the bare heights, and see. Where have thou not been lain with? By the ways thou have sat for them, as an Arabian in the wilderness, and thou have polluted the land with thy whoredoms and with thy wickedness.
3 မိုဃ်း ခေါင် ၍ နောက် မိုဃ်းတိုင်အောင်မ ရွာ သော်လည်း ၊ သင် သည် ပြည်တန်ဆာ နဖူး ရှိ၍၊ ရှက် ခြင်း သဘောကိုပယ်ရှား ပြီ။
Therefore the showers have been withheld, and there has been no latter rain. Yet thou have a harlot's forehead; thou refused to be ashamed.
4 ယခု မှစ၍ သင်က၊ အကျွန်ုပ် အဘ ၊ ကိုယ်တော် သည် အကျွန်ုပ် အသက်ငယ် စဉ်၊ စောင့်မပါပြီဟု ငါ့ အား အော်ဟစ် ပါစေသော။
Will thou not from this time cry to me, My Father, thou are the guide of my youth?
5 ဘုရားသခင်သည် အစဉ် အမျက်ထွက် တော်မူမည် လော။ အဆုံး တိုင်အောင် အပြစ်ကို မှတ် တော်မူမည် လောဟု ဆိုပါစေသော။ ထိုသို့ဆို သော်လည်း ၊ တတ် နိုင်သမျှအတိုင်း အဓမ္မ အမှုကို ပြု ပါသည်တကား။
Will he retain his anger forever? Will he keep it to the end? Behold, thou have spoken, and have done evil things, and have had thy way.
6 ယောရှိ မင်းကြီး လက်ထက် ၊ ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည်ကား၊ ဖောက်ပြန် သော ဣသရေလ အမျိုးပြု သော အမှုကိုသင်မြင် ပြီလော ။ မြင့် သော တောင် ရှိသမျှ အပေါ် သို့တက် ၍ ၎င်း ၊ စိမ်း သောသစ် ပင် ရှိသမျှ အောက် ၌ ၎င်း ပြည်တန်ဆာ လုပ်လေပြီ။
Moreover Jehovah said to me in the days of Josiah the king, Have thou seen that which backsliding Israel has done? She has gone up upon every high mountain and under every green tree, and there has played the harlot.
7 သူသည် ထို အမှုအလုံးစုံ တို့ကို ပြု ပြီးမှ ၊ ငါ့ ထံသို့ ပြန် လာပါဟု ငါပြော သော်လည်း ၊ သူသည်ပြန်၍မ လာ ။ ထိုအမှုကို သူ ၏ညီမ ၊ သစ္စာပျက် သောညီမ ယုဒ သည် ကြည့် မြင်လေ၏။
And I said after she had done all these things, She will return to me, but she returned not. And her treacherous sister Judah saw it.
8 ဖောက်ပြန် သော ဣသရေလ သည် မတရား သောမေထုန် ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူ နှင့်ငါကွာ ၍ ဖြတ်စာ ကို အပ် သော်လည်း ၊ သစ္စာပျက် သောညီမ ယုဒ သည်လည်း၊ မ ကြောက် ဘဲသွား ၍ ၊ ပြည်တန်ဆာ လုပ်ကြောင်း ကို ငါမြင် ရ၏။
And I saw, when, for this very cause that backsliding Israel had committed adultery, I had put her away and given her a bill of divorcement, yet treacherous Judah her sister feared not, but she also went and played the harlot.
9 သူသည် မတရား သောမေထုန် ကိုပြု၍ အလွန် လော်လည် သောအားဖြင့် ပြည် ကို ညစ်ညူး စေ၍ ၊ ကျောက် နှင့် ၎င်း ၊ သစ် တုံးနှင့် ၎င်း မှားယွင်း လေ၏။
And it came to pass through the frivolity of her whoredom, that the land was polluted, and she committed adultery with stones and with stocks.
10 ၁၀ ထို မျှ လောက်အပြစ်ရှိသော်လည်း ၊ သစ္စာ ပျက် သော ညီမ ယုဒ သည် ငါ့ ထံသို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် ၍ မ လာ။ ပြန်လာဟန်ဆောင် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And yet for all this her treacherous sister Judah has not returned to me with her whole heart, but in pretense, says Jehovah.
11 ၁၁ တဖန် ထာဝရဘုရား သည် ငါ့ အား မိန့်တော်မူသည် ကား၊ သစ္စာ ပျက်သော ယုဒ သည် ဖောက်ပြန် သော ဣသရေလ ထက် အပြစ် ကြီး၏။
And Jehovah said to me, Backsliding Israel has shown herself more righteous than treacherous Judah.
12 ၁၂ သင် သည် သွား ၍ မြောက် မျက်နှာ သို့ ဟစ်ကြော် ရမည် စကား ဟူမူကား၊ အိုဖောက်ပြန် သော ဣသရေလ ၊ ပြန် လာပါဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် ၌ ငါ သည် မျက်မုန်းကြိုး ခြင်းကိုမ ပြု၊ ကရုဏာ စိတ်သဘောရှိ၏။ အစဉ် အမျက် ထွက်တတ်သည်မ ဟုတ်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Go, and proclaim these words toward the north, and say, Return, thou backsliding Israel, says Jehovah, I will not look in anger upon you, for I am merciful, says Jehovah. I will not keep anger forever.
13 ၁၃ သင်သည် ငါ့ စကား ကို နား မ ထောင်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ၍ ၊ စိမ်း သော သစ်ပင် ရှိသမျှ အောက် ၌တွေ့သော ဧည့်သည် တို့နှင့် မှားယွင်း သော အပြစ် ရှိကြောင်းကို ဝန်ချ ရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။
Only acknowledge thine iniquity, that thou have transgressed against Jehovah thy God, and have scattered thy ways to the strangers under every green tree, and ye have not obeyed my voice, says Jehovah.
14 ၁၄ အိုဖောက်ပြန် သော သူငယ် တို့၊ ပြန်လာ ကြလော့ ဟု ထာဝရဘုရား မိန့် တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့ များထဲက တ မြို့လျှင် လူ တယောက်၊ အမျိုးသား ချင်း အစုစုထဲက တစုလျှင် လူနှစ် ယောက်ကို ရွေးယူ ၍ ဇိအုန် မြို့သို့ ပို့ဆောင် မည်။
Return, O backsliding sons, says Jehovah, for I am a husband to you. And I will take you, one of a city, and two of a family, and I will bring you to Zion.
15 ၁၅ ငါ သည် နှစ်သက် သောသူတို့ကို သင်းအုပ် အရာ ၌ ခန့် ထား၍ ၊ သူတို့သည် ဉာဏ် ပညာနှင့် ပြည့်စုံလျက် သင် တို့ကို အုပ် ကြလိမ့်မည်။
And I will give you shepherds according to my heart, who shall feed you with knowledge and understanding.
16 ၁၆ ထို ကာလ တွင် သင်တို့သည် ပြည် တော်၌ တိုးပွါး များပြား သောအခါ ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ဟူ၍နောက် တဖန် မ ပြော မဆိုရ။ ထိုသေတ္တာတော် ကို စိတ် မ စွဲလမ်း ၊ မအောက်မေ့၊ မ ပြုစု ရ။ နောက် တဖန် မ လုပ် ရဟု ထာဝရဘုရား မိန့် တော်မူ၏။
And it shall come to pass, when ye are multiplied and increased in the land, in those days, says Jehovah, they shall no more say, The ark of the covenant of Jehovah, nor shall it come to mind. Neither shall they remember it, nor shall they miss it. Neither shall it be made any more.
17 ၁၇ ထို အခါ ယေရုရှလင် မြို့ကို ထာဝရဘုရား ၏ ပလ္လင် ဟူ၍ခေါ် ကြလိမ့်မည်။ လူမျိုး အပေါင်း တို့သည် လည်း ၊ ထာဝရဘုရား ၏နာမ တော်ကို အမှီပြု၍၊ ထို ပလ္လင် သို့ စည်းဝေး ကြလိမ့်မည်။ နောက် တဖန် မိမိ တို့၌ ဆိုး သောစိတ် နှလုံးခိုင်မာ ခြင်းသဘော သို့ လိုက် ၍ မ ကျင့် ရကြ။
At that time they shall call Jerusalem the throne of Jehovah, and all the nations shall be gathered to it, to the name of Jehovah, to Jerusalem. Neither shall they walk any more after the stubbornness of their evil heart.
18 ၁၈ ထို ကာလ ၌ ယုဒ အမျိုး သည် ဣသရေလ အမျိုး နှင့် ပေါင်းဘော် လျက် ၊ မြောက် မျက်နှာအရပ် က တစု တည်းလာ၍၊ သင် တို့ဘိုးဘေး များ အမွေခံ ဘို့ ၊ ငါပေးဘူး သော ပြည် သို့ ရောက် ကြလိမ့်မည်။
In those days the house of Judah shall walk with the house of Israel, and they shall come together out of the land of the north to the land that I gave for an inheritance to your fathers.
19 ၁၉ ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထား ရ အံ့နည်း။ သာယာ သောပြည် ၊ တိုင်း နိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေ ခံရာ ပြည်ကိုသင့် အား အဘယ်သို့ပေး ရအံ့နည်းဟု ငါ မေး သောအခါ၊ သင်သည် ငါ့ ကို အကျွန်ုပ် အဘ ဟူ၍ ခေါ် ရလိမ့်မည်။ ငါ့ ထံမှ လွှဲ ၍ မ သွားရဟု ငါပြန်ပြော ၏။
But I said, How I will put thee among the sons, and give thee a pleasant land, a goodly heritage of the hosts of the nations! And I said, Ye shall call me My Father, and shall not turn away from following me.
20 ၂၀ အိုဣသရေလ အမျိုး ၊ မယား သည် မိမိ ခင်ပွန်း ၌ သစ္စာဖျက်သကဲ့သို့၊ အကယ် စင်စစ်သင်တို့သည်ငါ ၌ သစ္စာ ဖျက်ကြပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
Surely as a wife treacherously departs from her husband, so ye have dealt treacherously with me, O house of Israel, says Jehovah.
21 ၂၁ ဣသရေလ အမျိုးသား တို့သည် မြင့် သောအရပ်တို့၌ ငိုကြွေး ၍ တောင်းပန် သောအသံ ကို ငါကြား ရပြီ။ အကြောင်း မူကား၊ သူ တို့သည် လမ်း လွှဲ ၍၊ မိမိ တို့ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ ကြပြီ။
A voice is heard upon the bare heights, the weeping and the supplications of the sons of Israel, because they have perverted their way; they have forgotten Jehovah their God.
22 ၂၂ အိုဖောက်ပြန် သော သူငယ် ၊ သင်တို့ပြန်လာ ကြလော့။ ဖောက်ပြန် ရာများကို ငါပြုပြင် မည်။ သူတို့ ကလည်း၊ အကျွန်ုပ် တို့သည် ကိုယ်တော် ထံသို့ လာ ကြ ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရ ဘုရားဖြစ်တော်မူ၏။
Return, ye backsliding sons, I will heal your backslidings. Behold, we have come to thee, for thou are Jehovah our God.
23 ၂၃ အကယ် စင်စစ် ကုန်း များနှင့် တောင် ရိုး များတ ို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကယ် စင်စစ် အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား သည် ဣသရေလ အမျိုးကို ကယ်တင် ရာ အကြောင်း ဖြစ်တော်မူ၏။
Truly it is in vain from the heights, the multitude on the mountains. Truly in Jehovah our God is the salvation of Israel.
24 ၂၄ ရှက်ဘွယ် သော အရာသည် အကျွန်ုပ် တို့၏ ဘိုးဘေး ဥစ္စာ တည်းဟူသောသူ တို့ သိုး နွား ၊ သားသမီး များကို အကျွန်ုပ် တို့ ငယ် သောအရွယ်ကပင် စား ၍ ကုန်ပါပြီ။
But the shameful thing has devoured the labor of our fathers from our youth, their flocks and their herds, their sons and their daughters.
25 ၂၅ အကျွန်ုပ် တို့သည် ရှက် ကြောက်လျက် အိပ် ရကြ ၏။ အသရေ ပျက်ခြင်း၌ နစ်မွန်း ကြ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့သည် ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေး နှင့်တကွ အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ပါ ပြီဟု ဆိုကြ၏။
Let us lie down in our shame, and let our confusion cover us, for we have sinned against Jehovah our God, we and our fathers, from our youth even to this day, and we have not obeyed the voice of Jehovah our God.

< ယေရမိ 3 >