< ယေရမိ 28 >

1 ထိုနှစ်တည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံစတုတ္ထ နှစ် ၊ ပဉ္စမ လ တွင် ၊ ဂိဗောင် မြို့နေ၊ အာဇုရ သား ဟာနနိ က၊
This is what happened in the beginning of the reign of King Zedekiah of Judah, in the fifth month of that same year, the fourth year. The prophet Hananiah, son of Azzur, who was from Gibeon, told me in the Lord's Temple in front of the priests and all the people:
2 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်။
“This is what the Lord Almighty, the God of Israel, says: I have broken the yoke of the king of Babylon.
3 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဤ အရပ် မှ ဗာဗုလုန် မြို့သို့ ယူသွားသောဗိမာန် တော် တန်ဆာ အလုံးစုံ တို့ကို နှစ် နှစ်အတွင်း တွင်၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။
Before two years have passed I'm going to bring back to Jerusalem all the Temple objects that Nebuchadnezzar king of Babylon removed and took to Babylon.
4 ဗာဗုလုန် မြို့သို့ သိမ်း သွားသော ယုဒ ပြည်သား အပေါင်း တို့နှင့်တကွ၊ ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခေါနိ မင်းကိုလည်း ၊ ဤ အရပ် သို့ ငါ ဆောင် ခဲ့ဦးမည်။ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကို ငါချိုး မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ ဗိမာန် တော်၌ ယဇ် ပုရောဟိတ်များ၊ လူ များအပေါင်း တို့ ရှေ့ မှာ ငါ့အား ပြောဆို၏။
I will also bring back to Jerusalem Jehoiachin, son of Jehoiakim, king of Judah, together with all the exiles from Judah who were taken to Babylon, declares the Lord, because I'm going to break the yoke of the king of Babylon.”
5 ထိုအခါ ပရောဖက် ယေရမိ သည် ဗိမာန် တော်၌ ရပ် နေသောယဇ် ပုရောဟိတ်များနှင့် လူ များအပေါင်း တို့ ရှေ့ မှာ၊ ပရောဖက် ဟာနနိ အား ပြန်ပြော သည်ကား၊
Then the prophet Jeremiah responded to the prophet Hananiah in front of the priests and all the people who were standing in the Lord's Temple.
6 အာမင် ၊ ထာဝရဘုရား ပြု တော်မူပါစေသော။ ဗိမာန် တော်တန်ဆာ များနှင့်တကွ ၊ ဤ အရပ် မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသော သူများအပေါင်း တို့ကို၊ ထာဝရဘုရား သည် တဖန်ဆောင် ခဲ့၍၊ သင်ဟောပြော သော စကား မှန် ကြောင်းကို ပြ တော်မူပါစေသော။
“Amen!” said Jeremiah. “I wish the Lord would do just that! I wish the Lord would fulfill your prophetic words and bring back Temple objects and all the exiles back to Jerusalem from Babylon.
7 သို့ရာတွင် ၊ သင် နှင့် တကွလူ အပေါင်း တို့အား ငါ ယခု ဟောပြော သော စကား ကို နားထောင် လော့။
But even so, pay attention to this message I'm going to tell you and everyone here.
8 ငါ တို့မဖြစ်မှီ ရှေး ကာလ၌ ဖြစ်ဘူးသော ပရောဖက် တို့သည်၊ များပြား သော ပြည် ၊ အားကြီး သော တိုင်း နိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက် မည်အကြောင်း ၊ ဘေး ရောက်မည်အကြောင်း ၊ ကာလနာ ပေါ်မည်အကြောင်း တို့ကို ဟော ပြောတတ်ကြ၏။
The prophets of long ago who came before you and me prophesied war, disaster, and disease against many countries and great kingdoms.
9 ငြိမ်ဝပ် မည်အကြောင်း ကို ဟောပြော သော ပရောဖက် ရှိလျှင်၊ သူ ၏ စကား ပြည့်စုံ သောအခါ စင်စစ်ထာဝရဘုရား စေလွှတ် တော်မူသော ပရောဖက် ဖြစ် ကြောင်း ထင်ရှား လိမ့်မည်ဟု ပြောဆို၏။
When it comes to a prophet who prophesies peace, see if their prophecies come true. Only that will prove they are really sent by the Lord.”
10 ၁၀ ထိုအခါ ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ လည်ပင်း မှ ထမ်းဘိုး ကို ယူ ၍ ချိုး လျက် ၊
Then the prophet Hananiah removed the yoke from the prophet Jeremiah's neck and broke it.
11 ၁၁ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထိုသို့ လူ အမျိုးမျိုး တို့၏ လည်ပင်း ပေါ် မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ် နှစ်အတွင်းတွင် ငါချိုး ပယ်မည်ဟု မိန့် တော်မူကြောင်းကို၊ လူ အပေါင်း တို့ရှေ့ မှာ ပြောဆို ၏။ ထို အခါ ပရောဖက် ယေရမိ သည် ထွက် သွားလေ၏။
Hananiah announced in front of everyone, “This is what the Lord says: Just like this, before two years have passed I will break the yoke of Nebuchadnezzar king of Babylon from the neck of all the nations.” Jeremiah the prophet left.
12 ၁၂ ပရောဖက် ဟာနနိ သည် ပရောဖက် ယေရမိ ၏ လည်ပင်း မှ ထမ်းဘိုး ကို ချိုး ပယ်သောနောက် ၊ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာသည်ကား၊
However, right after Hananiah the prophet had broken the yoke from his neck, a message of the Lord came to Jeremiah:
13 ၁၃ သင်သွား ၍ ထာဝရဘုရား ၏ အမိန့် တော်ကို ဟာနနိ အား ဆင့်ဆို ရမည်မှာ၊ သင်ချိုး သော သစ်သား ထမ်းဘိုး အစား ၊ သံ ထမ်းဘိုး ကို လုပ် ရမည်။
“Go and tell Hananiah that this is what the Lord says: You may have broken a wooden yoke of wood, but you have replaced it with an iron yoke.
14 ၁၄ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး ရှိသမျှ တို့သည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေ ကိုခံစေခြင်းငှါ ၊ သူတို့လည်ပင်း ပေါ် မှာ သံ ထမ်းဘိုး ကို ငါတင် ပြီ။ ထိုသူတို့သည် ထိုမင်း ၏ အစေ ကိုခံ ရကြမည်။ တော တိရစ္ဆာန် များကိုလည်း ၊ သူ ၌ ငါအပ်ပေး ပြီဟု မိန့်တော်မူ၏။
This is what the Lord Almighty, the God of Israel, says: I have tied iron yokes on the necks of all these nations to force them to serve Nebuchadnezzar king of Babylon, and they will serve him. I have even given him control over the wild animals.”
15 ၁၅ ပရောဖက်ယေရမိ ကလည်း ၊ ဟာနနိ၊ နားထောင် လော့။ ထာဝရဘုရား သည် သင့် ကို စေလွှတ် တော်မ မူ။ ဤ လူမျိုး သည် မုသာ ၌ ခိုလှုံမည်အကြောင်းကို သင် ပြု တတ်၏။
Then the prophet Jeremiah said to the prophet Hananiah, “Listen to this, Hananiah! The Lord didn't send you, but you have convinced these people to believe in a lie.
16 ၁၆ ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်ထာဝရဘုရား ကို ပုန်ကန် စေခြင်းငှါ သွန်သင် သောကြောင့် ၊ သင့် ကို မြေပြင် မှ ငါ ပယ်ရှင်း မည်။ ယခုနှစ် တွင် သင် သည် သေ ရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို ၏။
So this is what the Lord says: I'm going to get rid of you from the earth. You will die this year because you have promoted rebellion against the Lord.”
17 ၁၇ ထိုသို့ နှင့်အညီပရောဖက် ဟာနနိ သည် ထို နှစ် တွင် ၊ သတ္တမ လ ၌ သေ လေ၏။
The prophet Hananiah died in the seventh month of that very year.

< ယေရမိ 28 >