< ယေရမိ 27 >
1 ၁ ယုဒ ရှင်ဘုရင် ယောရှိ သား ဇေဒကိ မင်းနန်း ထိုင် စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊
၁ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိမင်းနန်းထိုင် စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
2 ၂ ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ကြိုး နှင့် ထမ်းဘိုး များကိုလုပ် ၍ ၊ သင် ၏လည်ပင်း ၌ တပ် လော့။
၂ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ကြိုးနှင့်ထမ်း ဘိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌ တပ်လော့။
3 ၃ ယုဒ ရှင်ဘုရင် ဇေဒကိ ထံ ၊ ယေရုရှလင် မြို့သို့ ရောက် လာသောသံတမန် တို့တွင်၊ ထို ကြိုးနှင့် ထမ်းဘိုးတို့ကို ဧဒုံ မင်း ၊ မောဘ မင်း ၊ အမ္မုန် မင်း ၊ တုရု မင်း ၊ ဇိဒုန် မင်း သို့ ပေး လိုက်လော့။
၃ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုး တို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်း သို့ ပေးလိုက်လော့။
4 ၄ ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင် တို့အရှင် များတို့အား ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
၄ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
5 ၅ ငါသည် မဟာ တန်ခိုး နှင့် လက်ရုံး ကို ဆန့် လျက် မြေကြီး ကို၎င်း၊ မြေကြီး ပေါ် မှာ ရှိသော လူ နှင့် တိရစ္ဆာန် တို့ကို၎င်းဖန်ဆင်း သည်ဖြစ်၍၊ ငါသည် ပေးလို သောသူ တို့အား ပေး ၏။
၅ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။
6 ၆ ယခု မှာ ဤ ပြည် ရှိသမျှ တို့ကို ငါ့ ကျွန် ဗာဗုလုန် ရှင်ဘုရင် ၊ နေဗုခဒ်နေဇာ လက် သို့ ငါ အပ်ပေး ပြီ။ သူ စေစား ဘို့ရာ တော တိရစ္ဆာန် များကိုလည်း ငါပေး ပြီ။
၆ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။
7 ၇ သူ ၏နိုင်ငံ ဆုံးချိန် မ ရောက် မှီတိုင်အောင်၊ ဤ ပြည် သားအပေါင်း တို့သည် သူ၏အမှုနှင့် သူ ၏သား မြေး အမှုကို ဆောင်ရွက် ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုး တို့နှင့် ကြီး သောရှင် ဘုရင်တို့သည် သူ့ ကို စေစား ကြလိမ့်မည်။
၇သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤ ပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေး အမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။
8 ၈ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေ ကိုမ ခံ၊ သူ၏ထမ်းဘိုး ကို မ ထမ်း လိုသော တိုင်း နိုင်ငံရှိသမျှကို၊ သူ ၏လက် ၌ ဆုံးရှုံး စေခြင်းငှါ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ငါအပြစ် ပေးမည်။
၈ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းဘိုး ကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလ နာဘေးဖြင့် ငါအပြစ်ပေးမည်။
9 ၉ သို့ ဖြစ်၍၊ သင် တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကို မ ခံရဟု၊ သင် တို့အား ပြော တတ်သော ပရောဖက် ၊ အနာဂတ် ဆရာ၊ အိပ်မက် မြင်သောဆရာ၊ နတ် ဝိဇ္ဇာ ဆရာ၊ ပြုစား တတ်သော ဆရာတို့၏ စကားကို နား မ ထောင်ကြနှင့်။
၉သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အားပြောတတ်သော ပရော ဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာ ဆရာ၊ ပြုစားတတ်သော ဆရာတို့၏ စကားကို နား မထောင်ကြနှင့်။
10 ၁၀ ထိုသူတို့သည် သင်တို့ကို သင် တို့ပြည် မှ အဝေးသို့ ရွှေ့ သွားစေခြင်းငှါ ၊ သင် တို့ကို ငါနှင်ထုတ် ၍ ဆုံးရှုံး စေခြင်းငှါ၎င်း မုသာ စကားကို ဟော ပြောတတ်ကြ၏။
၁၀ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ ရွှေ့သွားစေခြင်းငှါ၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်း ငှါ၎င်း မုသာစကားကို ဟောပြောတတ်ကြ၏။
11 ၁၁ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ထမ်း ၍ ၊ သူ ၏ အစေ ကိုခံသော လူမျိုးတို့အား၊ မိမိ တို့ပြည် ၌ နေ ရသော အခွင့်ကို ငါပေးသဖြင့် ၊ သူတို့သည် မိမိတို့မြေ၌ လုပ် ၍ နေ ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၁ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးထမ်း၍၊ သူ၏ အစေကိုခံသော လူမျိုးတို့အား၊ မိမိတို့ပြည်၌နေရသော အခွင့်ကို ငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
12 ၁၂ ထို စကား တော်ရှိသမျှ ကို ငါပြန်၍ ယုဒ ရှင်ဘုရင် ဇေဒကိ အား လျှောက် ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကိုထမ်း ၍ ၊ သူ နှင့် သူ ၏လူ များ အစေ ကို ခံလျက်၊ အသက် ချမ်းသာပါလော့။
၁၂ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒ ရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ ထမ်းဘိုးကိုထမ်း၍၊ သူနှင့် သူ၏လူများ အစေကို ခံလျက်၊ အသက်ချမ်းသာပါလော့။
13 ၁၃ ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကိုမ ခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ်၍ မိန့် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် ကိုယ်တော် ၏ လူ တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် အဘယ်ကြောင့် သေ ရပါမည်နည်း။
၁၃ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။
14 ၁၄ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကို မ ခံရဟု၊ သင် တို့အား ဟောပြော သောပရောဖက် တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် မုသာ စကားကို ဟော ပြောတတ်ကြ၏။
၁၄သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ဟောပြောသောပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။
15 ၁၅ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့နှင့် သင် တို့အား ဟော ပြောသော ပရောဖက် တို့ကို ငါ နှင်ထုတ် ၍ ဆုံးရှုံး စေခြင်းငှါ၊ ငါမ စေလွှတ် ဘဲ သူ တို့သည် ငါ့ နာမ ကို အမှီပြု ၍ မုသာ စကားကို ဟော ပြောတတ်ကြ ၏။
၁၅ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင် ထုတ်၍ ဆုံးရှုံးစေခြင်းငှါ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြော တတ်ကြ ၏။
16 ၁၆ ယဇ်ပုရောဟိတ် တို့နှင့် လူ အပေါင်း တို့အား လည်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို ငါပြန်ပြော သည် ကား ၊ ကာလ မ ကြာမမြင့်မှီ၊ ဗိမာန် တော် တန်ဆာ တို့ကို ဗာဗုလုန် မြို့မှ တဖန် ဆောင် ခဲ့လိမ့်မည်ဟု သင် တို့အား ဟောပြော သော ပရောဖက် တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် မုသာ စကားကို ဟော ပြောတတ် ကြ၏။
၁၆ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အား လည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို ငါပြန်ပြောသည် ကား၊ ကာလမကြာမမြင့်မှီ၊ ဗိမာန် တော် တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တဖန် ဆောင်ခဲ့လိမ့်မည်ဟု သင်တို့ အား ဟောပြောသော ပရောဖက်တို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ် ကြ၏။
17 ၁၇ သူ တို့၏စကားကို နား မ ထောင်ကြနှင့်။ ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကိုခံ၍ ၊ အသက် ချမ်းသာကြလော့။ ဤ မြို့ သည် အဘယ်ကြောင့် ပျက်စီး ခြင်းသို့ရောက် ရ မည်နည်း။
၁၇သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗု လုန်ရှင်ဘုရင်၏ အစေကိုခံ၍၊ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ရောက်ရ မည်နည်း။
18 ၁၈ သူ တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ကိုခံ ၍၊ ပရောဖက် မှန် လျှင် ၊ ဗိမာန် တော်၌ ၎င်း ၊ နန်းတော် ၌ ၎င်း ၊ ယေရုရှလင် မြို့၌ ၎င်း ကျန် ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ၍မ သွား ရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားအား တောင်းပန် ကြလော့။
၁၈သူတို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ခံ၍၊ ပရောဖက်မှန်လျှင်၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌ ၎င်း၊ ယေရုရှလင်မြို့၌၎င်း ကျန်ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန်မြို့သို့ ယူ၍မသွားရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်း ပန်ကြလော့။
19 ၁၉ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခေါနိ အစရှိသော ယုဒ ပြည် ယေရုရှလင် မြို့ မှူး တော်မတ်တော်အပေါင်း တို့ကို၊
၁၉ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင် ယောယကိမ်သား ယေခေါနိ အစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော်အပေါင်း တို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော အခါ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌၎င်း၊ ယေရုရှလင်မြို့၌၎င်း ကျန်ကြွင်းသေး သောတိုင်၊ ရကန်၊ ရေကန်အခြေတို့ကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
20 ၂၀ ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသောအခါ ၊ ထိုရှင်ဘုရင်သည် မ သိမ်း မယူ၊
၂၀
21 ၂၁ ဗိမာန် တော်၌၎င်း ၊ နန်းတော် ၌၎င်း ၊ ယေရုရှလင်မြို့ ၌ ၎င်း ကျန် ကြွင်းသေး သောတိုင် ၊ ရေကန် ၊ ရေကန်အခြေအမြစ် များ၊ ကျန်ကြွင်း သေးသောတန်ဆာ များတို့ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
၂၁
22 ၂၂ ထိုတန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူသွား ရ လိမ့်မည်။ ငါ အကြည့်အရှု မ ကြွလာမှီတိုင်အောင်၊ ထို မြို့၌ ရှိ နေရကြလိမ့်မည်။ ငါကြွလာသောအခါ ၊ ထိုတန်ဆာတို့ကို ငါဆောင် ခဲ့၍ ၊ ဤ အရပ် ၌ ပြန်ထား မည်ဟု မိန့် တော်မူ၏။
၂၂ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ သွားရလိမ့် မည်။ ငါအကြည့် အရှင်မကြွလာမှီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာ တို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။