< ယေရမိ 27 >

1 ယုဒ ရှင်ဘုရင် ယောရှိ သား ဇေဒကိ မင်းနန်း ထိုင် စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊
I KA makamua o ke au ia Zede kia, ke keiki a Iosia, ke alii o ka Iuda, hiki mai la ka olelo io Ieremia la, mai o Iehova mai, i mai la,
2 ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ကြိုး နှင့် ထမ်းဘိုး များကိုလုပ် ၍ ၊ သင် ၏လည်ပင်း ၌ တပ် လော့။
Ke i mai nei o Iehova ia'u penei; E hana oe nou i mau kupee, a i mau auamo, a e kau ia mau mea maluna o kou a-i.
3 ယုဒ ရှင်ဘုရင် ဇေဒကိ ထံ ၊ ယေရုရှလင် မြို့သို့ ရောက် လာသောသံတမန် တို့တွင်၊ ထို ကြိုးနှင့် ထမ်းဘိုးတို့ကို ဧဒုံ မင်း ၊ မောဘ မင်း ၊ အမ္မုန် မင်း ၊ တုရု မင်း ၊ ဇိဒုန် မင်း သို့ ပေး လိုက်လော့။
A e hoouka aku ia mau mea i ke alii o Edoma, a i ke alii o Moaba, a i ke alii o ka Amona, a i ke alii o Turo, a i ke alii o Zidona, ma ka lima o na elele i hele mai i Ierusalema io Zedekia la, ke alii o ka Iuda:
4 ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင် တို့အရှင် များတို့အား ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
A e kauoha aku ia lakou e olelo i ko lakou mau haku, Penei ka olelo ana mai a Iehova o na kaua, ke Akua o ka Iseraela; E olelo oukou i ko oukou poe haku penei;
5 ငါသည် မဟာ တန်ခိုး နှင့် လက်ရုံး ကို ဆန့် လျက် မြေကြီး ကို၎င်း၊ မြေကြီး ပေါ် မှာ ရှိသော လူ နှင့် တိရစ္ဆာန် တို့ကို၎င်းဖန်ဆင်း သည်ဖြစ်၍၊ ငါသည် ပေးလို သောသူ တို့အား ပေး ၏။
Na'u no i hana ka honua, ke kanaka, a me na holoholona maluna o ka aina, i ko'u mana nui, a i ko'u lima kakauka, a ua haawi hoi ia i ka mea a'u i manao makemake ai.
6 ယခု မှာ ဤ ပြည် ရှိသမျှ တို့ကို ငါ့ ကျွန် ဗာဗုလုန် ရှင်ဘုရင် ၊ နေဗုခဒ်နေဇာ လက် သို့ ငါ အပ်ပေး ပြီ။ သူ စေစား ဘို့ရာ တော တိရစ္ဆာန် များကိုလည်း ငါပေး ပြီ။
Ano hoi, ua haawi aku au i keia mau aina a pau iloko o ka lima o Nebukaneza, ke alii o Babulona, i kuu kauwa; a ua haawi hoi au ia ia i na holoholona o ke kula e hookauwa nana.
7 သူ ၏နိုင်ငံ ဆုံးချိန် မ ရောက် မှီတိုင်အောင်၊ ဤ ပြည် သားအပေါင်း တို့သည် သူ၏အမှုနှင့် သူ ၏သား မြေး အမှုကို ဆောင်ရွက် ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုး တို့နှင့် ကြီး သောရှင် ဘုရင်တို့သည် သူ့ ကို စေစား ကြလိမ့်မည်။
A e hookauwa ko na aina a pau nana, a na kana keiki, a na ke keiki a kana keiki, a hiki wale mai ka manawa o na aina: alaila, e hookauwa aku oia na ko na aina he nui, a na na'lii kaulana.
8 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ အစေ ကိုမ ခံ၊ သူ၏ထမ်းဘိုး ကို မ ထမ်း လိုသော တိုင်း နိုင်ငံရှိသမျှကို၊ သူ ၏လက် ၌ ဆုံးရှုံး စေခြင်းငှါ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ငါအပြစ် ပေးမည်။
A o ka aina auanei, a me ke aupuni e hookauwa ole na ua Nebukaneza la, na ke alii o Babulona, a haawi ole hoi i ko lakou a-i malalo o ka auamo o ke alii o Babulona, e hoopai no wau i ko ia aina, wahi a Iehova, i ka pahikaua, a i ka wi, a i ka mai ahulau, a hoopau wau ia lakou i kona lima.
9 သို့ ဖြစ်၍၊ သင် တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကို မ ခံရဟု၊ သင် တို့အား ပြော တတ်သော ပရောဖက် ၊ အနာဂတ် ဆရာ၊ အိပ်မက် မြင်သောဆရာ၊ နတ် ဝိဇ္ဇာ ဆရာ၊ ပြုစား တတ်သော ဆရာတို့၏ စကားကို နား မ ထောင်ကြနှင့်။
Nolaila, mai hoolohe oukou i na kaula o oukou a me ko oukou poe wanana wahahee, a me ko oukou poe moeuhane, a me ko oukou poe awihi hoowalewale, a me ko oukou poe kilokilo, ka poe olelo mai ia oukou, me ka i ana iho, Aole oukou e hookauwa aku na ke alii o Babulona;
10 ၁၀ ထိုသူတို့သည် သင်တို့ကို သင် တို့ပြည် မှ အဝေးသို့ ရွှေ့ သွားစေခြင်းငှါ ၊ သင် တို့ကို ငါနှင်ထုတ် ၍ ဆုံးရှုံး စေခြင်းငှါ၎င်း မုသာ စကားကို ဟော ပြောတတ်ကြ၏။
No ka mea, wanana mai lakou i ka wahahee ia oukou, i mea e lawe aku ai ia oukou mai kahi loihi aku o ko oukou aina; a i kipaku aku ai au ia oukou, i make hoi oukou.
11 ၁၁ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ထမ်း ၍ ၊ သူ ၏ အစေ ကိုခံသော လူမျိုးတို့အား၊ မိမိ တို့ပြည် ၌ နေ ရသော အခွင့်ကို ငါပေးသဖြင့် ၊ သူတို့သည် မိမိတို့မြေ၌ လုပ် ၍ နေ ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Aka, o na aina i haawi i ko lakou a-i malalo iho o ka auamo o ke alii o Babulona, a hookauwa aku nana, o lakou no ka'u e hookoe aku maloko o ko lakou aina iho, wahi a Iehova; a e mahiai no lakou, a e noho ma ka aina.
12 ၁၂ ထို စကား တော်ရှိသမျှ ကို ငါပြန်၍ ယုဒ ရှင်ဘုရင် ဇေဒကိ အား လျှောက် ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထမ်းဘိုး ကိုထမ်း ၍ ၊ သူ နှင့် သူ ၏လူ များ အစေ ကို ခံလျက်၊ အသက် ချမ်းသာပါလော့။
Olelo no hoi au ia Zedekia, i ke alii o ka Iuda e like me keia mau olelo a pau, i aku la, E hookomo oukou i ko oukou mau a-i, malalo iho o ka auamo o ke alii o Babulona, a e hookauwa aku nana, a na kona poe kanaka, i ola.
13 ၁၃ ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကိုမ ခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ်၍ မိန့် တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် ကိုယ်တော် ၏ လူ တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် အဘယ်ကြောင့် သေ ရပါမည်နည်း။
No ke aha la oe e make ai, o oe, a me kou poe kanaka, i ka pahikaua, a i ka wi, a i ka mai ahulau, e like me ka Iehova i olelo ku e ai i ko ka aina hookauwa ole na ke alii o Babulona?
14 ၁၄ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကို မ ခံရဟု၊ သင် တို့အား ဟောပြော သောပရောဖက် တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် မုသာ စကားကို ဟော ပြောတတ်ကြ၏။
Nolaila, mai hoolohe i na olelo a na kaula, ka poe olelo ia oukou, i ka i ana iho, Aole oukou e hookauwa na ke alii o Babulona: no ka mea, wanana mai lakou i ka wahahee ia oukou.
15 ၁၅ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့နှင့် သင် တို့အား ဟော ပြောသော ပရောဖက် တို့ကို ငါ နှင်ထုတ် ၍ ဆုံးရှုံး စေခြင်းငှါ၊ ငါမ စေလွှတ် ဘဲ သူ တို့သည် ငါ့ နာမ ကို အမှီပြု ၍ မုသာ စကားကို ဟော ပြောတတ်ကြ ၏။
No ka mea, aole na'u lakou i hoouna aku, wahi a Iehova, aka, ke wanana mai nei lakou i ka wahahee ma ko'u inoa; i mea e kipaku aku ai au ia oukou, i make hoi oukou, o oukou, a me na kaula i wanana mai ia oukou.
16 ၁၆ ယဇ်ပုရောဟိတ် တို့နှင့် လူ အပေါင်း တို့အား လည်း ၊ ထာဝရဘုရား ၏ အမိန့် တော်ကို ငါပြန်ပြော သည် ကား ၊ ကာလ မ ကြာမမြင့်မှီ၊ ဗိမာန် တော် တန်ဆာ တို့ကို ဗာဗုလုန် မြို့မှ တဖန် ဆောင် ခဲ့လိမ့်မည်ဟု သင် တို့အား ဟောပြော သော ပရောဖက် တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် မုသာ စကားကို ဟော ပြောတတ် ကြ၏။
A olelo aku no hoi au i na kahuna, a i keia poe kanaka a pau, i aku la, Ke i mai nei o Iehova penei; Mai hoolohe i na olelo a ko oukou poe kaula, ka poe wanana mai ia oukou, i ka i ana iho, Aia hoi, e lawe hou koke ia mai na kiaha o ka hale o Iehova mai Babulona mai; no ka mea, ko wanana mai nei lakou i ka wahahee ia oukou.
17 ၁၇ သူ တို့၏စကားကို နား မ ထောင်ကြနှင့်။ ဗာဗုလုန် ရှင်ဘုရင် ၏ အစေ ကိုခံ၍ ၊ အသက် ချမ်းသာကြလော့။ ဤ မြို့ သည် အဘယ်ကြောင့် ပျက်စီး ခြင်းသို့ရောက် ရ မည်နည်း။
Mai hoolohe ia lakou: e hookauwa aku na ke alii o Babulona, a e ola. No keaha la e anaiia'i keia kulanakauhale?
18 ၁၈ သူ တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ကိုခံ ၍၊ ပရောဖက် မှန် လျှင် ၊ ဗိမာန် တော်၌ ၎င်း ၊ နန်းတော် ၌ ၎င်း ၊ ယေရုရှလင် မြို့၌ ၎င်း ကျန် ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ၍မ သွား ရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားအား တောင်းပန် ကြလော့။
Aka, ina he poe kaula lakou, a ina ia lakou ka olelo a Iehova, e nonoi uwao aku lakou ia Iehova o na kaua, i hele ole aku ai i Babulona na kiaha i waihoia iloko o ka hale o Iehova, a iloko o ka hale o ke alii o ka Iuda, a ma Ierusalema hoi.
19 ၁၉ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခေါနိ အစရှိသော ယုဒ ပြည် ယေရုရှလင် မြို့ မှူး တော်မတ်တော်အပေါင်း တို့ကို၊
No ka mea, penei ka olelo ana mai a Iehova o na kaua, no na kia, a no ke kai, a no na kumu kiaha, a no ke koena o na kiaha, i koe mai maloko o keia kulanakauhale,
20 ၂၀ ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ သိမ်း သွားသောအခါ ၊ ထိုရှင်ဘုရင်သည် မ သိမ်း မယူ၊
Na mea a Nebukaneza i lawe ole ai i ka wa ana i lawepio ai ia Iekonia, i ke keiki a Iehoiakima, i ke alii o ka Iuda, mai Ierusalema aku a Babulona, e me na haku a pau o ka Iuda, a me Ierusalema;
21 ၂၁ ဗိမာန် တော်၌၎င်း ၊ နန်းတော် ၌၎င်း ၊ ယေရုရှလင်မြို့ ၌ ၎င်း ကျန် ကြွင်းသေး သောတိုင် ၊ ရေကန် ၊ ရေကန်အခြေအမြစ် များ၊ ကျန်ကြွင်း သေးသောတန်ဆာ များတို့ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
Oia, penei ka olelo ana mai a Iehova o na kaua ke Akua o ka Iseraela, no na kiaha i koe ma ka hale o Iehova, a ma ka hale o ke alii o ka Iuda, a ma Ierusalema;
22 ၂၂ ထိုတန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူသွား ရ လိမ့်မည်။ ငါ အကြည့်အရှု မ ကြွလာမှီတိုင်အောင်၊ ထို မြို့၌ ရှိ နေရကြလိမ့်မည်။ ငါကြွလာသောအခါ ၊ ထိုတန်ဆာတို့ကို ငါဆောင် ခဲ့၍ ၊ ဤ အရပ် ၌ ပြန်ထား မည်ဟု မိန့် တော်မူ၏။
E laweia no lakou i Babulona, a malaila no lakou e waiho ai, a hiki i ka la e hele mai ai au e ike ia lakou, wahi a Iehova; alaila, e lawe mai no au ia lakou iluna, a e hoihoi mai ia lakou i keia wahi.

< ယေရမိ 27 >