< ယေရမိ 26 >
1 ၁ ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် နန်း ထိုင်စ က ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် လာ ၍၊
၁ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်နန်း ထိုင်စ က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ ၍၊
2 ၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်၌ ကိုးကွယ် အံ့သောငှါ ရောက် လာသောယုဒ မြို့ သူရွာသားအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ငါသည်သင် ၌ မှာ ထားသမျှ သောစကား တို့ကို ဗိမာန် တော် တန်တိုင်း ထဲမှာ ရပ် လျက်၊ သူ တို့အား ပြန်ပြော လော့။ တခွန်း ကိုမျှ မ ထိမ် မဝှက်နှင့်။
၂ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန် တော်၌ ကိုးကွယ်အံ့သောငှါ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ငါသည်သင်၌ မှားထားသမျှသော စကားတို့ကို ဗိမာန်တော် တန်တိုင်း ထဲမှာရပ်လျက်၊ သူတို့အားပြန်ပြောလော့။ တခွန်းကိုမျှ မထိမ်မဝှက်နှင့်။
3 ၃ သူတို့သည် နားထောင် ၍ ၊ အသီးအသီး မိမိ တို့ အဓမ္မ လမ်း မှ လွှဲရှောင် ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါ သည်လည်း သူ တို့ပြု သောဒုစရိုက် ကြောင့် အပြစ် ပေး မည်ဟု ကြံစည် ခြင်းကို နောင်တရ မည်။
၃သူတို့သည် နားထောင်၍၊ အသီးအသီးမိမိတို့ အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေး မည်ဟု ကြံစည်ခြင်းကို နောင်တရမည်။
4 ၄ သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ သင် တို့၌ ငါထား သော ပညတ် တရားလမ်း သို့ မလိုက် ၊
၄သို့ဖြစ်၍၊ သင်သည် ဆင့်ဆိုရမည်မှာ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ ငါထားသော ပညတ်တရားလမ်း သို့ မလိုက်၊
5 ၅ ငါ သည် စောစော ထ၍ သင် တို့ရှိရာသို့ အထပ်ထပ် စေလွှတ် သော ငါ ၏ကျွန် ပရောဖက် တို့၏ စကား ကို နား မထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နား မ ထောင်ဘဲ နေလျှင် ၊
၅ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ် ထပ်စေလွှတ်သော ငါ၏ကျွန် ပရောဖက်တို့၏ စကားကို နားမထောင်ဘဲနေသကဲ့သို့၊ ယခုလည်း နားမထောင်ဘဲ နေလျှင်၊
6 ၆ ဤ အိမ် ကို ရှိလော ရွာကဲ့သို့ ငါဖြစ် စေမည်။ ဤ မြို့ ကိုလည်း ၊ မြေ ပေါ်မှာ လူ အမျိုးမျိုး ကျိန်ဆဲ သော မြို့ဖြစ် စေမည်ဟု မိန့်တော်မူ၏။
၆ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း၊ မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသော မြို့ဖြစ်စေမည်ဟု မိန့်တော်မူ၏။
7 ၇ ထို စကား ကို ဗိမာန် တော်၌ ယေရမိ ဟောပြော သည်ကို ယဇ် ပုရောဟိတ်များ၊ ပရောဖက် များ၊ လူ များ အပေါင်း တို့သည် ကြား ကြ၏။
၇ထိုစကားကို ဗိမာန်တော်၌ ယေရမိ ဟောပြော သည်ကို ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများ အပေါင်းတို့သည် ကြားကြ၏။
8 ၈ လူ များအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ထာဝရဘုရား မှာ ထားတော်မူသမျှ သော စကားတော်ကို အကုန်အစင်ဟော ပြောပြီး မှ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ လူ များအပေါင်း တို့သည် ယေရမိ ကို ဘမ်းဆီး ၍၊ သင်သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
၈လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှါ၊ ထာဝရဘုရား မှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရော ဖက်၊ လူများအပေါင်းတို့သည် ယေရမိကို ဘမ်းဆီး၍၊ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။
9 ၉ ဤ အိမ် တော်သည် ရှိလော ရွာကဲ့သို့ ဖြစ် လိမ့်မည် ။ ဤ မြို့ သည် လူမ ရှိ ၊ ဆိတ်ညံ ရာအရပ်ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား ၏နာမ တော်ကို အမှီ ပြု၍ အဘယ်ကြောင့် ဟော သနည်းဟုပြော ဆိုလျက် ၊ လူ များ အပေါင်း တို့သည် ဗိမာန် တော်တွင် ယေရမိ တဘက် ၌ စုဝေး ကြ၏။
၉ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့် မည်။ ဤမြို့သည် လူမရှိ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟု သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟုပြောဆိုလျက်၊ လူများ အပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတဘက်၌ စုဝေးကြ၏။
10 ၁၀ ယုဒ မှူးမတ် တို့သည် ထို အမှု ကို ကြားသိ သောအခါ ၊ နန်းတော် မှ ဗိမာန် တော်သို့လာ ၍ ၊ ဗိမာန် တော် တံခါး သစ် အတွင်း၌ ထိုင် ကြ၏။
၁၀ယုဒမှူးမတ်တို့သည် ထိုအမှုကို ကြားသိသော အခါ၊ နန်းတော်မှ ဗိမာန်တော်သို့လာ၍၊ ဗိမာန်တော် တံခါးသစ်အတွင်း၌ ထိုင်ကြ၏။
11 ၁၁ ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့က၊ ဤ သူ သည် အသေ ခံထိုက် ပေ၏။ သင်တို့သည် ကိုယ် နား နှင့် ကြား သည်အတိုင်း ၊ ဤ မြို့ ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောပါပြီတကားဟု မှူးမတ် အစရှိ သော လူ များ အပေါင်း တို့အား ပြော ဆိုကြ၏။
၁၁ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က၊ ဤသူ သည် အသေခံထိုက်ပေ၏။ သင်တို့သည် ကိုယ်နားနှင့် ကြားသည်အတိုင်း၊ ဤမြို့ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောပါပြီတကားဟု မှူးမတ်အစရှိသော လူများ အပေါင်းတို့အား ပြောဆိုကြ၏။
12 ၁၂ ယေရမိ ကလည်း ၊ သင်တို့ကြား သမျှ အတိုင်း၊ ဤ အိမ် တော်နှင့် ဤ မြို့ တော်ကို ဆန့်ကျင် ဘက်ပြု၍ ဟော ပြောစေခြင်းငှါ ၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူပြီ။
၁၂ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မူပြီ။
13 ၁၃ ယခု မှာသင် တို့၏ ကျင့်ကြံ ပြုမူ ခြင်းတို့ကို ပြောင်းလဲ ကြလော့။ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ထာဝရဘုရား သည် သင် တို့၌ ဘေးဥပဒ် ရောက်စေမည်ဟု ခြိမ်း တော်မူသော်လည်း၊ တဖန် နောင်တရ တော်မူလိမ့်မည်။
၁၃ယခုမှာသင်တို့၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်း လဲကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရ ဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း၊ တဖန် နောင်တရတော်မူလိမ့် မည်။
14 ၁၄ ငါ မူကား၊ သင် တို့လက် ၌ ရှိပါ၏။ သင် တို့စိတ် ၌ ဖြောင့်မတ် လျောက်ပတ် သည်ဟု ထင်သည်အတိုင်း ၊ ငါ့ ကို ပြု ကြလော့။
၁၄ငါမူကား၊ သင်တို့လက်၌ရှိပါ၏။ သင်တို့စိတ်၌ ဖြောင့်မတ်လျောက်ပတ်သည်ဟု ထင်သည်အတိုင်း၊ ငါ့ကို ပြုကြလော့။
15 ၁၅ သို့ရာတွင် ၊ ငါ့ ကိုသတ် လျှင် အပြစ် မရှိသောအသွေး ကို သင် တို့သည် ကိုယ် အပေါ် သို့၎င်း ၊ ဤ မြို့ နှင့် မြို့ သား တို့အပေါ် သို့၎င်း စင်စစ်ရောက် စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ် ကြလော့။ ဤ စကား အလုံးစုံ တို့ကို သင် တို့အား ကြား ပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ ကို စင်စစ် စေလွှတ် တော်မူပြီဟု မှူးမတ် အစ ရှိသောလူ များအပေါင်း တို့အား ပြော ဆိုလေ၏။
၁၅သို့ရာတွင်၊ ငါ့ကို သတ်လျှင်အပြစ်မရှိသော အသွေးကို သင်တို့သည် ကိုယ်အပေါ်သို့၎င်း၊ ဤမြို့နှင့် မြို့သားတို့အပေါ်သို့၎င်း၊ စင်စစ်ရောက်စေလိမ့်မည်ဟု ဧကန်အမှန် သိမှတ်ကြလော့။ ဤစကား အလုံးစုံတို့ကို သင်တို့အား ကြားပြောမည်အကြောင်း၊ ထာဝရဘုရား သည် ငါ့ကို စင်စစ်စေလွှတ်တော်မူပြီဟု မှူးမတ်အစ ရှိသော လူများအပေါင်းတို့အား ပြောဆိုလေ၏။
16 ၁၆ ထိုအခါ မှူးမတ် အစ ရှိသော လူ များအပေါင်း တို့ က၊ ဤ သူ သည် အသေခံ ထိုက်သည်မ ဟုတ်။ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ငါ တို့ အား ဟော ပြောလေပြီဟု ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့အား ပြော ဆိုကြ၏။
၁၆ထိုအခါမှူးမတ်အစရှိသော လူများအပေါင်းတို့ က၊ ဤသူသည် အသေခံထိုက်သည်မဟုတ်။ ငါတို့ဘုရား သခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့ အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက် တို့အား ပြောဆိုကြ၏။
17 ၁၇ ပြည် သား အသက်ကြီး သူ အချို့ကလည်း ၊ ယုဒ ရှင်ဘုရင် ဟေဇကိ လက်ထက် ၊ မောရရှ ရွာသားမိက္ခါ သည် ပရောဖက် ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
၁၇ပြည်သားအသက်ကြီးသူ အချို့ကလည်း၊
18 ၁၈ ဇိအုန် တောင်သည် လယ် ကဲ့သို့ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့သည်လည်း၊ မြေပုံ များဖြစ်လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း၊ တော တောင် ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒ ပြည်သား အပေါင်း တို့အား ဟောပြော ၏။
၁၈ယုဒရှင်ဘုရင် ဟေဇကိလက်ထက်၊ မေရရှရွာ သားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန် တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ် လိမ့်မည်ဟု ယုဒပြည်သားအပေါင်းတို့အား ဟောပြော၏။
19 ၁၉ ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒ ရှင်ဘုရင် ဟေဇကိ သည် ထိုပရောဖက် ကိုသတ် သလော။ ထိုမင်းသည် ထာဝရဘုရား ကို ကြောက်ရွံ သည် မ ဟုတ်လော။ ရှေ့ တော်၌ တောင်းပန် သည် မဟုတ်လော။ ထာဝရဘုရား သည် သူ တို့၌ ဘေးဥပဒ် ကို ရောက် စေမည် ဟု ခြိမ်း တော်မူသော်လည်း၊ တဖန် နောင်တရ တော်မူသည် မဟုတ်လော။ ငါ တို့မူကား၊ ကိုယ်အကျိုး ကို ဖျက်ဆီး ခြင်းငှါပြုကြသည်တကားဟု စည်းဝေး သောသူ အပေါင်း တို့အား ပြော ဆိုကြ၏။
၁၉ထိုအခါ ယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ဟေဇကိသည် ထိုပရောဖက်ကို သတ် သလော။ ထိုမင်းသည် ထာဝရဘုရားကို ကြောက်ရွံသည် မဟုတ်လော။ ရှေ့တော်၌ တောင်းပန်သည် မဟုတ်လော။ ထာဝရဘုရားသည် သူတို့၌ ဘေးဥပဒ်ကို ရောက်စေမည် ဟု ခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူ သည် မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကို ဖျက်ဆီး ခြင်းငှါ ပြုကြသည်တကားဟု စည်းဝေးသောသူ အပေါင်း တို့အား ပြောဆိုကြ၏။
20 ၂၀ ကိရယတ် ယာရိမ်မြို့နေ၊ ရှေမာယ ၏သား ဥရိယ သည်လည်း၊ ထာဝရဘုရား ၏ နာမ တော်ကို အမှီပြု ၍၊ ထို မြို့ နှင့် ထိုပြည် တဘက် ၌ ပရောဖက် ပြု၍၊ ယေရမိ ဟောပြောသောစကား နှင့် တညီတည်းဟောပြော ၏။
၂၀ကိရယတ်ယာရိမ်မြို့နေ၊ ရှေမာယ၏သား ဥရိယသည်လည်း၊ ထာဝရဘုရား၏ နာမတော်ကို အမှီ ပြု၍၊ ထိုမြို့နှင့် ထိုပြည်တဘက်၌ ပရောဖက်ပြု၍၊ ယေရမိ ဟောပြောသောစကားနှင့် တညီတည်းဟောပြော၏။
21 ၂၁ ယောယကိမ် မင်းကြီး နှင့် မင်း များ၊ မှူးမတ် များ အပေါင်း တို့သည် ထိုပရောဖက် ၏ စကား ကို ကြား သောအခါ ၊ သူ့ ကိုသတ် အံ့သောငှါမင်းကြီး သည် ရှာကြံ ၏။ ထိုသိတင်းကိုကြား လျှင် ၊ ဥရိယ သည်ကြောက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြေး သွားလေ၏။
၂၁ယောယကိမ် မင်းကြီးနှင့် မင်းများ၊ မှူးမတ်များ အပေါင်းတို့သည် ထိုပရောဖက်၏ စကားကို ကြားသော အခါ၊ သူ့ကို သတ်အံ့သောငှါ မင်းကြီးသည် ရှာကြံ၏။ ထိုသိတင်းကိုကြားလျှင်၊ ဥရိယသည်ကြောက်၍၊ အဲဂုတ္တု ပြည်သို့ ပြေးသွားလေ၏။
22 ၂၂ ယောယကိမ် မင်းကြီး သည် အာခဗော် သား ဧလနာသန် နှင့်တကွ လူ အချို့တို့ကို အဲဂုတ္တု ပြည်သို့ စေလွှတ် ၍ ၊
၂၂ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ်၍၊
23 ၂၃ ထိုသူတို့သည် ဥရိယ ကို အဲဂုတ္တု ပြည်မှ ယောယကိမ် မင်း ထံသို့ ပို့ဆောင် သဖြင့် ၊ မင်းကြီးသည် ဥရိယ ကို ထား နှင့် သတ် ၍ ၊ အသေ ကောင်ကို ဆင်းရဲသား တို့၏ သင်္ချိုင်း ၌ ပစ် ထားလေ၏။
၂၃ထိုသူတို့သည် ဥရိယကို အဲဂုတ္တုပြည်မှ ယောယ ကိမ်မင်းထံသို့ ပို့ဆောင်သဖြင့်၊ မင်းကြီးသည် ဥရိယကို ထားနှင့် သတ်၍၊ အသေကောင်ကို ဆင်းရဲသားတို့၏ သင်္ချိုင်း၌ ပစ်ထားလေ၏။
24 ၂၄ သို့ သော်လည်း၊ ရှာဖန် သား အဟိကံ သည် ယေရမိ ကို မစသောကြောင့်၊ အသေခံ စေခြင်းငှါ လူ များ တို့ လက် သို့ မ အပ် ရ။
၂၄သို့သော်လည်း၊ ရှာဖန်သားအဟိကံသည် ယေရမိကို မစသောကြောင့်၊ အသေခံစေခြင်းငှါ လူများ တို့ လက်သို့မအပ်ရ။