< ယေရမိ 24 >
1 ၁ ထာဝရဘုရား ပြတော်မူသောရူပါရုံဟူမူကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခါနိ မင်းအစ ရှိသော ယုဒ မှူးမတ် များ၊ လက်သမား ၊ ပန်းပဲ သမားများတို့ကို ယေရုရှလင် မြို့ မှ ဗာဗုလုန် မြို့သို့ သိမ်းသွား သောနောက်၊ ထာဝရဘုရား ၏ ဗိမာန် တော်ရှေ့ ၌ ထား သော သင်္ဘော သဖန်းသီးတောင်း နှစ် လုံးသည် ထင်ရှား လေ၏။
The Lord shewed me: and behold two baskets full of figs, set before the temple of the Lord: after that Nabuchodonosor king of Babylon had carried away Jechonias the son of Joakim the king of Juda, and his chief men, and the craftsmen, and engravers of Jerusalem, and had brought them to Babylon.
2 ၂ တောင်း တလုံး ၌ကား၊ အဦး မှည့်သော သင်္ဘောသဖန်း သီးကဲ့သို့ အလွန် ကောင်း သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မ စား နိုင်အောင် အလွန် ညံ့ သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။
One basket had very good figs, like the figs of the first season: and the other basket had very bad figs, which could not be eaten, because they were bad.
3 ၃ ထာဝရဘုရား ကလည်း ၊ ယေရမိ ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ အကျွန်ုပ်သည် သင်္ဘောသဖန်း သီးကို မြင်ပါ၏။ ကောင်း သော သင်္ဘော သဖန်းသီးသည် အလွန်ကောင်း ပါ၏။ ညံ့ သော သင်္ဘေသဖန်းသီးသည် မ စား နိုင်အောင် အလွန် ညံ့ ပါသည်ဟု ပြန်လျှောက် ၏။
And the Lord said to me: What seest thou, Jeremias? And I said: Figs, the good figs, very good: and the bad figs, very bad, which cannot be eaten because they are bad.
4 ၄ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
And the word of the Lord came to me, saying:
5 ၅ ဤ အရပ် မှ ခါလဒဲ ပြည် သို့ ငါစေလွှတ် ၍ သိမ်းသွား ခြင်းကို ခံရသော ယုဒ အမျိုးသားတို့သည်၊ ဤ ကောင်း သော သင်္ဘော သဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည်။
Thus saith the Lord the God of Israel: Like these good figs, so will I regard the captives of Juda, whom I have sent forth out of this place into the land of the Chaldeans, for their own good.
6 ၆ သူ တို့၌ ကျေးဇူး ပြုမည်ဟု ငါကြံစည်၍၊ ဤ ပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ နောက် တဖန် မ ဖြို မဖျက်ဘဲ တည်ဆောက် မည်။ မ နှုတ် မပယ်ဘဲစိုက် ထားမည်။
And I will set my eyes upon them to be pacified, and I will bring them again into this land: and I will be their God: and I will build them up, and not pull them down: and I will plant them, and not pluck them up.
7 ၇ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို၊ သူတို့ သိ နိုင်သော စိတ် နှလုံးကို ငါပေး မည်။ သူတို့သည် ငါ ၏လူ ဖြစ် ကြ၍ ၊ ငါ သည်လည်း သူ တို့၏ ဘုရား သခင်ဖြစ် လိမ့်မည် ။ ငါ့ ထံသို့ စိတ် နှလုံးအကြွင်းမဲ့ နှင့် ပြန် လာကြလိမ့်မည်။
And I will give them a heart to know me, that I am the Lord: and they shall be my people, and I will be their God: because they shall return to me with their whole heart.
8 ၈ မ စား နိုင်အောင် အလွန်ညံ့ သော သင်္ဘော သဖန်း သီးကဲ့သို့ ၊ ငါသည် ယုဒ ရှင်ဘုရင် ဇေဒကိ မှစ ၍၊ မှူး တော်မတ်တော်၊ ဤ ပြည် ၌ ကျန် ကြွင်းသော ယေရုရှလင် မြို့သား၊ အဲဂုတ္တု ပြည် ၌ နေ သောအမျိုးသားတို့ကို ဖြစ် စေမည်။
And as the very bad figs, that cannot be eaten, because they are bad: thus saith the Lord: So will I give Sedecias the king of Juda, and his princes, and the residue of Jerusalem, that have remained in this city, and that dwell in the land of Egypt.
9 ၉ သူတို့သည် ငါနှင် ရာ အရပ်ရပ် တို့၌ ကဲ့ရဲ့ခြင်း၊ ပုံ ခိုင်း ခြင်း၊ ဆဲရေး ခြင်း၊ ကျိန် ခြင်းတို့ကိုခံ ရမည် အကြောင်း၊ ငါသည် မြေ ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့၌ နှောင့်ရှက် ညှဉ်းဆဲခြင်းသို့ သူ တို့ကို အပ် လိုက်မည်။
And I will deliver them up to vexation, and affliction, to all the kingdoms of the earth: to be a reproach, and a byword, and a proverb, and to be a curse in all places, to which I have cast them out.
10 ၁၀ သူ တို့နှင့် သူ တို့၏ ဘိုးဘေး တို့အား ငါပေး သော ပြည် မှ ၊ သူ တို့ကို မ ပယ်ရှင်း မှီတိုင်အောင်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးကို သူ တို့ရှိရာ သို့ ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And I will send among them the sword, and the famine, and the pestilence: till they be consumed out of the land which I gave to them, and their fathers.