< ယေရမိ 23 >
1 ၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ ထံမှာကျက်စား သော သိုး တို့ကို ဖျက်ဆီး ၍ ၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။
Woe unto the shepherds that destroy and scatter the sheep of my pasture! saith Jehovah.
2 ၂ ထိုကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို ကျွေးမွေး ရသောသိုးထိန်း တို့အမှုမှာ သင်တို့သည် ငါ ၏ သိုးစု ကို မ ကြည့်ရှု ၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြား စေ၍ နှင်ထုတ် သောကြောင့်၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကို သင် တို့အပေါ် မှာ ငါ သက်ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Therefore thus saith Jehovah, the God of Israel, against the shepherds that feed my people: Ye have scattered my flock, and driven them away, and have not visited them; behold, I will visit upon you the evil of your doings, saith Jehovah.
3 ၃ တဖန်မိန့်တော်မူသည်ကား၊ ငါ ၏သိုးစု ကို ငါနှင်ထုတ် သော ပြည် ရှိသမျှ တို့၌ ကျန် ကြွင်းသော သိုး တို့ကို ငါစုဝေး ၍၊ နေရင်းသိုးခြံ သို့ တဖန်ငါဆောင် ခဲ့ ဦးမည်။ သူတို့သည်လည်း ၊ သားဘွား ၍ များ ပြားကြ လိမ့်မည်။
And I will gather the remnant of my flock out of all the countries whither I have driven them, and will bring them again to their folds; and they shall be fruitful and multiply.
4 ၄ သူတို့ကို ကျွေးမွေးသော သိုးထိန်း တို့ကို သူ တို့ အပေါ် မှာ ငါခန့် ထားသဖြင့် ၊ သူတို့သည် နောက် တဖန် ကြောက် ခြင်း၊ ထိတ်လန့် ခြင်းမ ရှိ ရကြ။ ဆုံးမ ခြင်းကိုလည်း မ ခံရကြဟု ထာဝရဘုရား မိန့် တော်မူ၏။
And I will set up shepherds over them, who shall feed them; and they shall fear no more, nor be dismayed, neither shall any be lacking, saith Jehovah.
5 ၅ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သန့်ရှင်း သော အညွန့် ကို ဒါဝိဒ် အဘို့ ငါပေါက် စေသည်အတိုင်း ၊ ဉာဏ် ကောင်းသောရှင်ဘုရင် တဦးသည် စိုးစံ ၍ ၊ မြေကြီး ပေါ် မှာ တရား သဖြင့် ဖြောင့်မတ် စွာ စီရင် ရာ ကာလ သည် ရောက် လိမ့်မည်။
Behold, the days come, saith Jehovah, that I will raise unto David a righteous Branch, and he shall reign as king and deal wisely, and shall execute justice and righteousness in the land.
6 ၆ ထိုမင်း လက်ထက် ၌ ယုဒ ပြည်သည် ကယ်တင် ခြင်းသို့ရောက်၍ ၊ ဣသရေလ ပြည်လည်း ငြိမ်ဝပ် စွာ နေ ရ လိမ့်မည်။ ထို မင်းသည် ယေဟောဝါ ဇေဒကနု ဟူသော ဘွဲ့ နာမရှိ လိမ့်သတည်း။
In his days Judah shall be saved, and Israel shall dwell safely; and this is his name whereby he shall be called: Jehovah our righteousness.
7 ၇ သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင် သော ထာဝရဘုရား အသက်ရှင် တော်မူသည်ဟူ၍မ ကျိန်ဆို ဘဲ၊
Therefore, behold, the days come, saith Jehovah, that they shall no more say, As Jehovah liveth, who brought up the children of Israel out of the land of Egypt;
8 ၈ ဣသရေလ အမျိုးသား အစဉ် အဆက်တို့ကို မြောက် ပြည် မှစ၍ ၊ နှင်ထုတ် ဘူးသော ပြည် ရှိသမျှ တို့မှ ပို့ဆောင် သော ထာဝရဘုရား အသက် ရှင်တော်မူသည် ဟူ၍ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက် လိမ့်မည်။ သူ တို့သည် နေရင်းပြည် ၌ တဖန် နေ ရကြ လိမ့်မည်။
but, As Jehovah liveth, who brought up and who led the seed of the house of Israel out of the north country, and from all the countries whither I had driven them. And they shall dwell in their own land.
9 ၉ ပရောဖက် များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရား ကြောင့် ၎င်း ၊ သန့်ရှင်း သော စကား တော် ကြောင့် ၎င်း ငါ့ စိတ် ပျက် လျက်ရှိ၏။ ငါ့ အရိုး ရှိသမျှ တို့သည် လှုပ်ရှား ကြ၏။ ယစ်မူး သောသူ နှင့် စပျစ်ရည် နိုင် သော သူ ကဲ့သို့ ငါဖြစ် ၏။
Concerning the prophets. My heart within me is broken, all my bones shake; I am like a drunken man, and like a man whom wine hath overcome, because of Jehovah, and because of his holy words.
10 ၁၀ အကြောင်း မူကား၊ မတရား သောမေထုန် ၌မှီဝဲ သောသူတို့သည် တပြည် လုံး၌ အနှံ့အပြားရှိ ကြ၏။ ထိုသူတို့ကြောင့် တပြည် လုံးမြည်တမ်း ရ၏။ တော ၌ ကျက်စား ရာအရပ်တို့သည် သွေ့ ခြောက်ကြ၏။ ပြည်သားများလိုက်သောလမ်း သည် မဖြောင့် ၊ သူ တို့အစွမ်း သတ္တိ သည် တရား ဘက်၌ မ နေတတ်။
For the land is full of adulterers; for because of swearing the land mourneth; the pastures of the wilderness are dried up. And their course is evil, and their might is not right;
11 ၁၁ ပရောဖက် နှင့် ယဇ်ပုရောဟိတ် နှစ်ပါးတို့သည် ဘုရားကို မရိုမသေ ပြုကြပြီ။ ငါ့ အိမ် ၌ ပင် သူ တို့ပြုသောအဓမ္မ အမှုကို ငါတွေ့ ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
for both prophet and priest are profane; yea, in my house have I found their wickedness, saith Jehovah.
12 ၁၂ ထိုကြောင့်၊ သူ တို့သွားသောလမ်း သည် မှောင်မိုက် ၌ ချော တတ်သော လမ်းကဲ့သို့ ဖြစ်၍၊ သူတို့သည် တွန်း တိုးခြင်းကို ခံရ၍ လဲ ကြလိမ့်မည်။ အကြောင်း မူကား၊ သူ တို့သည် ဆုံးမ ခြင်းကို ခံရသောကာလ ၌ သူ တို့အပေါ် မှာ ဘေးဥပဒ် ကို သင့် ရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Wherefore their way shall be unto them as slippery places in the darkness: they shall be driven on, and fall therein; for I will bring evil upon them, even the year of their visitation, saith Jehovah.
13 ၁၃ ရှမာရိ ပြည်သား ပရောဖက် တို့၌ လည်း ၊ မိုက် သောသဘောကို ငါမြင် ပြီ။ သူတို့သည် ဗာလ ဘုရားကို မှီဝဲ ၍ ပရောဖက် ပြုသဖြင့် ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်း စေကြပြီ။
And I have seen folly in the prophets of Samaria; they prophesied by Baal, and caused my people Israel to err.
14 ၁၄ ယေရုရှလင် မြို့သား ပရောဖက် တို့၌ လည်း ၊ စက်ဆုပ် ရွံရှာဘွယ်သောသဘောကို ငါမြင် ပြီ။ သူတို့သည် မတရား သောမေထုန် ၌မှီဝဲလျက် ၊ မုသာ ကိုလည်း သုံး လျက် ၊ အဓမ္မ ပြုသောသူတို့ကို အားပေး တတ်သဖြင့်၊ အဘယ်သူမျှမိမိ ပြုသော အဓမ္မ အမှုကို မ စွန့် ။ ထိုသူ ရှိ သမျှတို့သည် ငါ၌ သောဒုံ မြို့သားကဲ့သို့ ၎င်း ၊ ယေရုရှလင် မြို့သား တို့သည် ဂေါမောရ မြို့သားကဲ့သို့ ၎င်း ဖြစ် ကြ၏။
In the prophets of Jerusalem also I have seen a horrible thing: they commit adultery, and walk in lies; and they strengthen the hands of evil-doers, so that none doth return from his wickedness: they are all of them become unto me as Sodom, and the inhabitants thereof as Gomorrah.
15 ၁၅ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ပရောဖက် တို့အမှု ၌ မိန့် တော်မူသည်ကား ၊ သူ တို့ကို ဒေါန နှင့် ငါ ကျွေး မည်။ ဆေးခါး ကိုလည်း သောက် စေမည်။ ယေရုရှလင် မြို့သား ပရောဖက် တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မ အမှုသည် တပြည် လုံး ကို နှံ့ပြား လေပြီ။
Therefore thus saith Jehovah of hosts concerning the prophets: Behold, I will feed them with wormwood, and make them drink the water of gall; for from the prophets of Jerusalem is ungodliness gone forth into all the land.
16 ၁၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပရောဖက်ပြု၍ သင် တို့အား ဟော တတ်သော ဆရာ တို့၏ စကား ကို နား မ ထောင်ကြနှင့်။ သူ တို့သည် သင်တို့အား အချည်းနှီးဟော တတ် ကြ၏။ ထာဝရဘုရား ၏ နှုတ် တော်ထွက်သို့မ လိုက်၊ ကိုယ် အလို အလျောက်ရူပါရုံ ကို မြင်သည်အတိုင်း ဟော ပြောတတ်ကြ၏။
Thus saith Jehovah of hosts, Hearken not unto the words of the prophets that prophesy unto you: they teach you vanity; they speak a vision of their own heart, and not out of the mouth of Jehovah.
17 ၁၇ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူတို့ အား ၊ သင် တို့သည် ငြိမ်ဝပ် ခြင်းရှိ ကြ လိမ့်မည်ဟု ဟော တတ်ကြ၏။ မိမိ တို့စိတ်နှလုံး ခိုင်မာ ခြင်း သဘောသို့ လိုက် သောသူတို့ အား၊ သင် တို့သည် ဘေးဥပဒ် နှင့် မ တွေ့ ရကြဟု ဟော တတ်ကြ၏။
They say continually unto them that despise me, Jehovah hath said, Ye shall have peace; and unto every one that walketh in the stubbornness of his own heart they say, No evil shall come upon you.
18 ၁၈ ထိုသူတို့တွင် အဘယ်သူ သည် ထာဝရဘုရား နှင့် တိုင်ပင်ဘက် ပြုသနည်း။ အဘယ်သူသည် အမှုတော်ကို ကြား မြင် သနည်း။ အဘယ်သူ သည် နှုတ်ကပတ် တော်ကို နားထောင် ၍ ကြား သနည်း။
For who hath stood in the council of Jehovah, that he should perceive and hear his word? who hath marked my word, and heard it?
19 ၁၉ ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့်ထွက် ၏။ ပြင်းစွာသော လေဘွေ ဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည်။
Behold, the tempest of Jehovah, [even his] wrath, is gone forth, yea, a whirling tempest: it shall burst upon the head of the wicked.
20 ၂၀ ထာဝရဘုရား သည် လက်စ သတ်၍ ၊ အကြံအစည် တော်ကို ပြည့်စုံ စေတော်မမူမှီ အမျက် တော် မ ငြိမ်း ရ။ နောက် ကာလ ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။
The anger of Jehovah shall not return, until he have executed, and till he have performed the intents of his heart: in the latter days ye shall understand it perfectly.
21 ၂၁ ငါမ စေလွှတ် ဘဲ ထိုပရောဖက် တို့သည် ပြေး ကြပြီ ။ ငါမ မှာ ထားဘဲ သူ တို့သည် ကိုယ်အလိုအလျောက်ဟော ပြောကြပြီ။
I sent not these prophets, yet they ran: I spake not unto them, yet they prophesied.
22 ၂၂ ထိုသူတို့သည် ငါ နှင့် တိုင်ပင်ဘက် ပြု လျှင် ၊ ငါ့ စကား ကို ငါ၏ လူမျိုးအားဆင့်ဆို ၍ ၊ ငါ ၏လူမျိုး ကို မတရား သော လမ်း မှ ၎င်း ၊ မကောင်း သောအကျင့် ဓလေ့မှ ၎င်း လွဲသွား စေကြပြီ။
But if they had stood in my council, then had they caused my people to hear my words, and had turned them from their evil way, and from the evil of their doings.
23 ၂၃ ငါ သည်နီး သော အရပ်၌ သာ ဘုရား ဖြစ် သလော။ ဝေး သော အရပ်၌ လည်း ဘုရား ဖြစ်သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ၏။
Am I a God at hand, saith Jehovah, and not a God afar off?
24 ၂၄ ငါ မ မြင် စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင် ၍ နေနိုင်သနည်းဟု ထာဝရဘုရား မေး တော်မူ၏။ ငါ သည် ကောင်းကင် မြေကြီး ကို နှံ့ပြား သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ ၏။
Can any hide himself in secret places so that I shall not see him? saith Jehovah. Do not I fill heaven and earth? saith Jehovah.
25 ၂၅ ငါသည် အိပ်မက် မြင်ပြီ၊ အိပ်မက် မြင်ပြီဟု၊ ငါ့ နာမ ကို အမှီပြု၍၊ မုသာဖြင့် ဟောပြော သော ပရောဖက် တို့၏ စကား ကို ငါကြား ပြီ။
I have heard what the prophets have said, that prophesy lies in my name, saying, I have dreamed, I have dreamed.
26 ၂၆ ထိုပရောဖက် တို့သည် အဘယ် မျှကာလပတ်လုံး ဤသို့ကြံစည်ကြလိမ့်မည်နည်း။ သူတို့သည် မုသာ စကား ကို ဟော ပြောတတ်ကြ၏။ ကိုယ် စိတ် နှလုံးလှည့်စား သည် အတိုင်း ဟောပြောတတ်ကြ၏။
How long shall this be in the heart of the prophets that prophesy lies, even the prophets of the deceit of their own heart?
27 ၂၇ ဘိုးဘေး တို့သည် ဗာလ ကြောင့် ငါ့ နာမ ကို မေ့လျော့ သကဲ့သို့ ၊ သူတို့သည် အိမ်နီးချင်း တ ယောက်ကို တယောက်ပြော တတ်သော အိပ်မက် များအားဖြင့် ငါ ၏ လူမျိုး သည် ငါ့ နာမ ကို မေ့လျော့ စေမည်ဟု အကြံ ရှိကြ သည်တကား။
that think to cause my people to forget my name by their dreams which they tell every man to his neighbor, as their fathers forgat my name for Baal.
28 ၂၈ အိပ်မက် မြင်သော ပရောဖက် သည် အိပ်မက် စကားကို ပြော ပါလေစေ။ ငါ ၏နှုတ်ကပတ် တော်ကို ခံရသောသူ သည်နှုတ်ကပတ် စကားတော်ကို မှန်ကန် စွာ ဟော ပြောပါလေစေ။ အဖျင်း သည်စပါး နှင့် အဘယ် သို့ဆိုင် သနည်းဟု ထာဝရဘုရား မိန့် တော်မူ၏။
The prophet that hath a dream, let him tell a dream; and he that hath my word, let him speak my word faithfully. What is the straw to the wheat? saith Jehovah.
29 ၂၉ ငါ ၏ နှုတ်ကပတ် တော်သည် မီး ကဲ့သို့ ၎င်း ၊ ကျောက် ကို ထု ချေသောသံတူ ကဲ့သို့ ၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေး တော်မူ၏။
Is not my word like fire? saith Jehovah; and like a hammer that breaketh the rock in pieces?
30 ၃၀ သို့ဖြစ်၍၊ ငါ့ စကား တော်ကို အိမ်နီးချင်း တယောက်မှ တယောက်ခိုး သော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Therefore, behold, I am against the prophets, saith Jehovah, that steal my words every one from his neighbor.
31 ၃၁ မိမိ တို့အလို အလျောက်ဟော ပြောလျက် နှင့် အမိန့် တော်ရှိ သည်ဟုဆိုသော ပရောဖက် တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Behold, I am against the prophets, saith Jehovah, that use their tongues, and say, He saith.
32 ၃၂ မှား သောအိပ်မက် ကိုဟော ပြော၍၊ မုသာ စကား နှင့် အချည်းနှီး စကားအားဖြင့် ငါ ၏လူမျိုး ကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါ သည် ဆန့်ကျင် ဘက်ပြုမည်။ သူ တို့ကို ငါ မ စေလွှတ် ၊ မ မှာ ထားသောကြောင့် ၊ ဤ လူမျိုး သည် ကျေးဇူး မ ရှိဟု ထာဝရဘုရား မိန့် တော်မူ၏။
Behold, I am against them that prophesy lying dreams, saith Jehovah, and do tell them, and cause my people to err by their lies, and by their vain boasting: yet I sent them not, nor commanded them; neither do they profit this people at all, saith Jehovah.
33 ၃၃ ဤ လူမျိုး တွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ ၊ ယဇ်ပုရောဟိတ် ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်အဘယ်သို့ နည်းဟု သင့် ကို မေး လျှင် ၊ ပြန် ပြော ရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ် တော်ဟူမူကား၊ သင် တို့ကို ငါစွန့်ပစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And when this people, or the prophet, or a priest, shall ask thee, saying, What is the burden of Jehovah? then shalt thou say unto them, What burden! I will cast you off, saith Jehovah.
34 ၃၄ ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟု ပြော ဆို သော ပရောဖက် ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားကို၎င်း၊ ထိုသူ ၏ အိမ် သူအိမ်သားတို့ကို၎င်း၊ ငါသည် ဒဏ်ပေး မည်။
And as for the prophet, and the priest, and the people, that shall say, The burden of Jehovah, I will even punish that man and his house.
35 ၃၅ သင်တို့က၊ ထာဝရဘုရား သည် အဘယ် သို့ပြန်ပြော တော်မူသနည်းဟူ၍၎င်း ၊ အဘယ်သို့ မိန့် တော်မူသနည်းဟူ၍၎င်း ၊ အိမ်နီးချင်း ၊ ညီအစ်ကို ချင်း တယောက် ကို တယောက် မေးမြန်း ရမည်။
Thus shall ye say every one to his neighbor, and every one to his brother, What hath Jehovah answered? and, What hath Jehovah spoken?
36 ၃၆ ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိသည်ဟူ၍နောက် တဖန် မ ဆို ရ။ လူ တိုင်းမိမိ စကား မှတပါး အခြား သောဗျာဒိတ် တော်မရှိရ။ အကြောင်းမူကား၊ သင်တို့သည် အသက်ရှင် တော်မူသောဘုရား ၊ ငါ တို့၏ ဘုရား သခင်တည်းဟူသောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား ၏ စကား တော်ကို ဖျက် ကြပြီ။
And the burden of Jehovah shall ye mention no more: for every man’s own word shall be his burden; for ye have perverted the words of the living God, of Jehovah of hosts our God.
37 ၃၇ ထာဝရဘုရား သည် သင့် အား အဘယ်သို့ ပြန်ပြော တော်မူသနည်း။ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟု ပရောဖက် ကို မေး လော့။
Thus shalt thou say to the prophet, What hath Jehovah answered thee? and, What hath Jehovah spoken?
38 ၃၈ သင်တို့က၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟု ဆို ကြသည်ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟု မ ဆို ရမည် အကြောင်း၊ ငါပညတ် သော်လည်း ၊ သင် တို့သည် ထာဝရဘုရား ၏ ဗျာဒိတ် တော်ရှိ သည်ဟူသောစကား ကို သုံး ကြ သောကြောင့် ၊
But if ye say, The burden of Jehovah; therefore thus saith Jehovah: Because ye say this word, The burden of Jehovah, and I have sent unto you, saying, Ye shall not say, The burden of Jehovah;
39 ၃၉ ငါသည် သင် တို့ကို၎င်း၊ သင် တို့နှင့် ဘိုးဘေး တို့ အား ငါပေး သော မြို့ ကို၎င်း၊ ငါ့ ထံမှ အကုန်အစင်ကျုံး ၍ ပစ်လိုက်မည်။
therefore, behold, I will utterly forget you, and I will cast you off, and the city that I gave unto you and to your fathers, away from my presence:
40 ၄၀ အစဉ်အမြဲ မ မေ့လျော့ နိုင်သော ထာဝရ ကဲ့ရဲ့ ခြင်းနှင့် အရှက်ကွဲ ခြင်းကို သင် တို့အပေါ် မှာ သက်ရောက် စေမည်။
and I will bring an everlasting reproach upon you, and a perpetual shame, which shall not be forgotten.