< ယေရမိ 22 >
1 ၁ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် သို့သွား ၍ ဆင့် ဆိုရမည်မှာ၊
၁ထာဝရဘုရားသည်ငါ့အားယုဒနန်းတော် သို့သွား၍ ဒါဝိဒ်မင်း၏သားမြေးများ၊ ယုဒ ရှင်ဘုရင်မင်းကြီးနှင့်အတူသူ၏မှူးမတ် များနှင့်ယေရုရှလင်မြို့သူမြို့သားများ အားပြောကြားရန် ဤသို့မိန့်တော်မူသည်မှာ၊-
2 ၂ ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ယုဒ ရှင်ဘုရင် ၊ သင့် ကိုယ်တိုင်မှစ၍ သင် ၏ကျွန် များနှင့် ၊ ဤ မြို့တံခါး တို့ဖြင့် ဝင် သောသင် ၏လူ များတို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
၂
3 ၃ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား သဖြင့် စီရင် ၍ ဖြောင့်မတ် စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။ ဧည့်သည် ဖြစ်သောသူ၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့ကို မတရား သဖြင့်မ ပြု၊ မ ညှဉ်းဆဲ ကြနှင့်။ အပြစ် မရှိသောသူတို့ ကို ဤ အရပ် ၌ မ ကွပ်မျက် ကြနှင့်။
၃`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
4 ၄ အကြောင်း မူကား၊ သင်တို့သည် ဤ ပညတ် တော် အတိုင်း အမှန်ပြု လျှင် ၊ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင် ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သား များနှင့်တကွ၊ ဤ နန်းတော် တံခါး များ ကို ထွက်ဝင် ရကြလိမ့်မည်။
၄သင်တို့သည်ငါပညတ်တော်မူသည့်အ တိုင်းအကယ်ပင်လိုက်လျှောက်ပြုကျင့်ကြ မည်ဆိုပါမူ ဒါဝိဒ်မင်း၏ရာဇပလ္လင်တွင် ထိုင်လျက်ရှိသောဘုရင်တို့သည် ဆက်လက် ၍မင်းပြုရကြလိမ့်မည်။ ထို့ပြင်သူတို့ သည်မိမိတို့၏မှူးမတ်များ၊ ပြည်သူများ နှင့်အတူမြင်းရထားများ၊ မြင်းများကို စီး၍ဤနန်းတော်ဝင်းတံခါးများကို ဝင်ထွက်သွားလာရကြလိမ့်မည်။-
5 ၅ သို့မဟုတ် ၊ သင်တို့သည် ဤ အမိန့် တော်ကို နား မ ထောင်ဘဲနေလျှင် ၊ ဤ နန်းတော် သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား သည် ကိုယ် ကို ကိုယ်တိုင်တည် ၍ မိန့် တော်မူ၏။
၅သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ စကားကိုနားမထောင်ကြပါမူ ဤနန်း တော်သည်ယိုယွင်းပျက်စီး၍သွားလိမ့်မည် ဖြစ်ကြောင်းသင်တို့အားကျိန်ဆိုပြောကြား ၏။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏ဟုမိန့်တော်မူ၏။
6 ၆ ယုဒ ရှင်ဘုရင် ၏ နန်းတော် ကို ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည်ငါ ၌ ဂိလဒ် အရပ်ကဲ့သို့၎င်း ၊ လေဗနုန် တောင်ထိပ် ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ်ငါသည်သင့်ကို လူမ နေ သောမြို့ ကဲ့သို့တော ဖြစ် စေမည်။
၆``ငါ၏အဖို့ယုဒဘုရင်၏နန်းတော်သည် ဂိလဒ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင် ထိပ်ကဲ့သို့လည်းကောင်းလှပတင့်တယ်သော် လည်း ငါသည်ထိုအရပ်ကိုလူသူဆိတ် ငြိမ်ရာသဲကန္တာရဖြစ်စေမည်။
7 ၇ သင့် ကို ဖျက်ဆီးစေခြင်းငှါ၊ ထား နှင့်ပုဆိန်ပါ သောသူ တို့ ကို ငါပြင်ဆင် သဖြင့် ၊ သူတို့သည် သင် ၌ အမြတ် ဆုံးသော အာရဇ ပင်တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက် ကြလိမ့်မည်။
၇ထိုနန်းတော်ကိုဖြိုဖျက်ရန် လူများကိုငါ စေလွှတ်မည်။ သူတို့သည်ပုဆိန်များကိုယူ ဆောင်လာပြီးလျှင် လှပသည့်အာရစ်တိုင် ကြီးများကိုခုတ်လှဲ၍မီးထဲသို့ပစ်ချ ကြလိမ့်မည်။
8 ၈ လူ အမျိုးမျိုး တို့သည် ဤ မြို့ အနားမှာ ရှောက် သွား လျက် ၊ ထာဝရဘုရား သည် ဤ မြို့ ကြီး ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု၊ တယောက် ကို တယောက်မေး ကြသည်ရှိသော် ၊
၈``ထိုနောက်လူမျိုးခြားအများပင် အနီးမှ ဖြတ်သန်းသွားလာကြလျက် ဤမြို့တော် ကြီးကိုအဘယ်ကြောင့်ငါထာဝရဘုရား ဤသို့ဖြိုဖျက်စေတော်မူရကြောင်းကို သူ တို့အချင်းချင်းမေးမြန်းကြလိမ့်မည်။-
9 ၉ ဤ မြို့သားတို့သည် မိမိတို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် ကို စွန့်ပစ် ၍ ၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ဤသို့ပြုတော်မူသည်ဟု ပြန်ပြော ကြလိမ့်မည်။
၉သင်တို့သည်မိမိတို့ဘုရားသခင်တည်းဟူ သော ငါနှင့်ပြုခဲ့သည့်ပဋိညာဉ်တော်ကိုစွန့် ပစ်၍ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်ကြသဖြင့် ဤသို့ဖြစ်ရကြောင်းကို လည်းအချင်းချင်းပြန်လည်ပြောကြား ကြလိမ့်မည်။
10 ၁၀ သေ သောသူအတွက် ငိုကြွေး မြည်တမ်း ခြင်းကို မ ပြုကြနှင့်။ အခြားတပါးသို့ သွား သောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မ လာ ရ။ မိမိ မွေးဘွား ရာဌာန ကို မမြင် ရ။
၁၀ယုဒပြည်သူတို့၊ယောရှိမင်းအတွက်သင်တို့ မငိုကြွေးကြနှင့်။ သူကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေးမှု မပြုကြနှင့်။ သို့ရာတွင်သူ၏သားတော်ယောခတ်အတွက် ပြင်းပြစွာငိုကြွေးကြလော့။ ရန်သူတို့သည်သူ့အားအပြီးအပိုင် ခေါ်ဆောင်သွားကြလိမ့်မည်။ သူသည်မိမိမွေးဖွားရာအရပ်ကို နောင်အဘယ်အခါ၌မျှပြန်လည်တွေ့မြင် ရတော့မည်မဟုတ်။
11 ၁၁ ခမည်းတော် ယောရှိ မင်းကြီးအရာ ၌စိုးစံ ၍ ဤ ပြည် မှ ထွက် သွားသော ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏ သား ရှလ္လုံ ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ထိုမင်းသည် နောက် တဖန်ဤပြည်သို့ ပြန်၍မ လာ ရ။
၁၁ယုဒဘုရင်အဖြစ်ခမည်းတော်ယောရှိ၏ အရိုက်အရာကိုဆက်ခံသူ သားတော်ယော ခတ်အကြောင်းနှင့်ပတ်သက်၍ ထာဝရဘုရား က``သူသည်ဤအရပ်မှအပြီးအပိုင်ထွက် ခွာသွားလေပြီ။-
12 ၁၂ ရန်သူတို့ သိမ်း သွားရာပြည် ၌ ပင် သေ ရလိမ့်မည်။ ဤ ပြည် ကို နောက် တဖန်မ မြင် ရ။
၁၂သူသည်ရန်သူတို့ခေါ်ဆောင်သွားသည့်ပြည် ၌ပင်ကွယ်လွန်ရလိမ့်မည်။ နောင်အဘယ်အခါ ၌မျှဤပြည်ကိုပြန်လည်တွေ့မြင်ရတော့ မည်မဟုတ်'' ဟုမိန့်တော်မူ၏။
13 ၁၃ မ တရား သော အမှုအားဖြင့် မိမိ အိမ် ကို၎င်း ၊ အဓမ္မ ပြု၍ အထက် ခန်းတို့ကို၎င်းဆောက် သောသူ၊ အိမ်နီးချင်း ကိုအခ မ ပေးဘဲ စေစား ၍၊ အလုပ်လုပ်သည် အတွက် ဆုမချ သော သူသည် အမင်္ဂလာ ရှိ၏။
၁၃``မိမိအိမ်ကိုမတရားသောနည်းဖြင့်လည်း ကောင်း၊ မိမိ၏အထက်ခန်းများကိုမရိုးဖြောင့်သော နည်းဖြင့်လည်းကောင်း၊တည်ဆောက်ကာ၊ မိမိ၏အိမ်နီးချင်းများအားအခမဲ့စေ စားသူ၊ သူတို့၏လုပ်အားခများကိုမပေးဘဲနေ သူသည် အမင်္ဂလာရှိ၏။
14 ၁၄ ကြီး သောအိမ် ၊ ကျယ် သောအထက် ခန်းတို့ကို ငါဆောက် မည်ဟု ဆို လျက် ၊ ပြတင်းပေါက် ကို ဖေါက် ၍ ၊ အာရဇ် သစ်သားနှင့် မိုး ပြီးမှ ၊ ဟင်းသပြတား နှင့် ချယ်လှယ် ပြီတကား။
၁၄အထက်ထပ်တွင်အခန်းကျယ်ကြီးများနှင့် ငါသည်မိမိအတွက်နန်းတော်ကြီး တစ်ဆောင်ကို၊ တည်ဆောက်အံ့ဟုဆိုသောသူသည်အမင်္ဂလာ ရှိ၏။ သူသည်ထိုသို့ဆိုပြီးလျှင်မိမိအိမ်တွင် ပြူတင်းပေါက်များကိုဖောက်၏။ အာရဇ်သားမှန်ပုံများကိုတပ်၍အနီရောင် ဆေးကိုသုတ်၏။
15 ၁၅ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် အာရဇ် သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင် ၏ အဘ သည်ဝစွာ စား သောက် ရသည် မ ဟုတ်လော။ တရား သဖြင့် စီရင် ဆုံးဖြတ်သည်မဟုတ် လော။ ထို သို့ပြု၍ ကောင်းစား ခြင်းရှိ၏။
၁၅သူတစ်ပါးတို့၏အိမ်ထက်ပိုမိုခမ်းနား အောင် အာရစ်သားဖြင့်အိမ်များကိုတည်ဆောက် နိုင်ခြင်းကြောင့်၊ သင်သည်ပို၍ကောင်းသောမင်းဖြစ်ပါသလော။ သင်၏ခမည်းတော်သည်ပျော်ရွှင်စွာနေထိုင် လျက် အစဉ်ဖြောင့်မတ်၍တရားမျှတ၏။ သူပြုလေသမျှသောအမှုတို့တွင်အောင် မြင်လေသည်။
16 ၁၆ သူသည် ဆင်းရဲ ငတ်မွတ် သောသူတို့ အမှု ကို စောင့် ၍ တရား သဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ ကိုသိ သော အကျိုးမ ဟုတ်လော။
၁၆သူသည်ဆင်းရဲချို့တဲ့သူတို့၏အမှုကိုတရား မျှတစွာစီရင်ဆုံးဖြတ်သည်ဖြစ်၍ အစစအရာရာအဆင်ပြေလျက်ရှိ၏။ ဤကားထာဝရဘုရားကိုသိကျွမ်းရခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်လေသည်။
17 ၁၇ သင် ၏ မျက်စိ နှင့် သင် ၏နှလုံး မူကား ၊ လောဘ လွန်ကျူးခြင်း၊ အပြစ် မရှိသောသူကို သတ် ခြင်း၊ ညှဉ်းဆဲ နှိပ်စက် ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မ မှတ် တတ်။
၁၇``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
18 ၁၈ ထိုကြောင့်၊ ထာဝရဘုရား သည် ယုဒ ရှင်ဘုရင် ယောရှိ မင်းကြီး၏သား ယောယကိမ် ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား ၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့ အစ်ကို ၊ ဩ ငါ့နှမ ဟူ၍မ ငိုကြွေး ရကြ။ သူ ၏ အတွက် လည်း၊ ဩ သခင် ၊ ဩ အရှင်မ၏ ဘုန်း ဟူ၍မ မြည်တမ်း ရကြ။
၁၈သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။
19 ၁၉ ယေရုရှလင် မြို့ပြင် သို့ ဆွဲသွား ၍ ပစ် ထားသဖြင့်၊ မြည်း ကို သင်္ဂြိုဟ် သကဲ့သို့ထိုမင်းကို သင်္ဂြိုဟ် ရလိမ့်မည်။
၁၉မြည်းသေကိုမသာချသကဲ့သို့သူ့အားဆွဲယူ သွားကာ ယေရုရှလင်မြို့တံခါးပြင်သို့ပစ်ထုတ်လိုက်ကြ လိမ့်မည်'' ဟူ၍ဖြစ်သည်။
20 ၂၀ လေဗနုန် တောင်ပေါ်သို့ တက် ၍ ကြွေးကြော် လော့။ ဗာရှန် ပြည်၌ အော်ဟစ် လော့။ အာဗရိမ် အရပ်မှာ အသံ ကိုလွှင့်လော့။ အကြောင်း မူကား၊ သင် ၏မိတ်ဆွေ အပေါင်း တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။
၂၀ယေရုရှလင်မြို့သားတို့၊သင်တို့၏မဟာမိတ် များသည် အရေးရှုံးနိမ့်ကြလေပြီ။ သို့ဖြစ်၍သင်တို့သည်လေဗနုန်တောင်ထိပ်သို့ တက်၍ ကြွေးကြော်ကြလော့။ ဗာရှန်ပြည်သို့သွား၍အော်ဟစ်ကြလော့။ မောဘပြည်တောင်များပေါ်မှအသံကို လွှင့်လော့။
21 ၂၁ သင် သည် ကောင်းစား သောအခါ ငါသတိပေး ၏။ သင်က၊ ငါနား မ ထောင်ဟု ပြန်ပြော ၏။ ငယ် သောအရွယ်မှစ၍ ငါ့ စကား ကို နား မ ထောင်ဘဲ နေမြဲရှိ၏။
၂၁သင်တို့ကောင်းစားစဉ်အခါကထာဝရ ဘုရားသည် သင်တို့အားသတိပေးခဲ့၏။ သို့ရာတွင်သင်တို့သည်နားမထောင်ခဲ့ကြ။ သင်တို့သည်ငယ်စဉ်အခါမှစ၍ဤ အတိုင်းပင် ပြုခဲ့ကြ၏။ ထာဝရဘုရား၏စကားကိုအဘယ်အခါ၌မျှ နားမထောင်လိုကြ။
22 ၂၂ သင့် ကို ကျွေးမွေး သော သူအပေါင်း တို့ကို လေ သည် စား လိမ့်မည်။ သင် ၏မိတ်ဆွေ တို့ကို ရန်သူတို့ သည် သိမ်း သွား ကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ် ပြု သမျှ သောဒုစရိုက် တို့ကြောင့် အမှန် ရှက်ကြောက် ၍ စိတ်ပျက် ခြင်း ရှိလိမ့်မည်။
၂၂သင်တို့၏ခေါင်းဆောင်များသည်လေတွင်လွင့်၍ ပါသွားကြလိမ့်မည်။ သင်တို့၏မဟာမိတ်များသည်စစ်သုံ့ပန်းများ အဖြစ် အဖမ်းခံရကြလိမ့်မည်။ သင်တို့ပြုကျင့်ခဲ့သည့်မကောင်းမှုများအတွက် သင်တို့၏မြို့သည်အသရေပျက်၍ အရှက်ကွဲရလိမ့်မည်။
23 ၂၃ အာရဇ် ပင်တို့၌ အသိုက် လုပ်တတ်သော လေဗနုန် တောင်သား ၊ သားဘွား ခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့ ၊ သင် သည်နာကျင် ခြင်းဝေဒနာ ကိုခံရ သောအခါ ၊ အဘယ် မျှလောက်သနား ဘွယ်ဖြစ်လိမ့်မည်တကား။
၂၃သင်တို့သည်လေဗနုန်တောမှယူဆောင်လာ သည့် အာရစ်ပင်များ၏အလယ်တွင်ဘေးမဲ့လုံခြုံစွာ နေထိုင်လျက်ရှိကြ၏။ သို့ရာတွင်သားဖွားသောအမျိုးသမီးကဲ့သို့ ဝေဒနာခံရကြသောအခါ သင်တို့သည်အဘယ်မျှသနားစရာ ကောင်းလိမ့်မည်နည်း။
24 ၂၄ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ် မင်းကြီး၏သား ခေါနိ သည်၊ ငါ့ လက်ျာ လက် ၌ ပါသောတံဆိပ် လက်စွပ်မှန် သော်လည်း ၊ ငါ အသက် ရှင်သည်အတိုင်း သင့် ကို ငါပယ် ပစ်မည်။
၂၄ထာဝရဘုရားသည် ယောယကိမ်၏သားယုဒ ဘုရင်ယေခေါနိအား``အကယ်၍သင်သည်ငါ ၏လက်ယာလက်တွင်ရှိသောတံဆိပ်လက်စွပ်ပင် ဖြစ်စေကာမူ ငါသည်အသက်ရှင်တော်မူသော ဘုရားဖြစ်သည်နှင့်အညီသင့်ကိုဆွဲချ၍၊-
25 ၂၅ သင့် အသက် ကိုသတ် ချင်သောသူ၊ သင် အလွန် ကြောက် သော သူတည်းဟူသောဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းမှစ၍ ခါလဒဲ လူတို့ လက် သို့ ငါအပ် မည်။
၂၅သင်၏အသက်ကိုသတ်လိုသူများ၊ သင် ကြောက်ရွံ့သူများ၏လက်သို့ပေးအပ်မည်။ သင့်ကိုဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ မင်းနှင့်သူ၏စစ်သည်များ၏လက်သို့ငါ ပေးအပ်မည်။-
26 ၂၆ သင့် ကို၎င်း ၊ သင့် ကိုဘွား မြင်သော သင် ၏အမိ ကို၎င်း ၊ မွေးဘွား ရာ ဌာနမ ဟုတ်သော ပြည်သို့ ငါနှင်ထုတ် သဖြင့် ၊ ထို ပြည်၌ သင်တို့သည် သေ ကြ လိမ့်မည်။
၂၆ငါသည်သင်နှင့်သင်၏မယ်တော်အား သင်တို့ မွေးဖွားရာဌာနမဟုတ်သည့်ပြည်သို့နှင် ထုတ်မည်။ သင်တို့သည်ထိုပြည်တွင်သေရ ကြလိမ့်မည်။-
27 ၂၇ ပြန် လို သောပြည် သို့ နောက်တဖန်ပြန် ၍ မ လာရကြ။
၂၇မိမိတို့မျှော်မှန်းတမ်းတသည့်ပြည်သို့ နောင်အဘယ်အခါ၌မျှပြန်လာရကြ လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
28 ၂၈ ဤ မင်းသား ခေါနိ သည် ရိုသေ ဘွယ်မဟုတ်၊ ကျိုးပဲ့ သောရုပ်တု ဖြစ်သလော။ အဘယ်သူမျှမ နှစ်သက် သောတန်ဆာ ဖြစ်သလော။ သူ နှင့် တကွ သူ ၏သား မြေး တို့ကို နှင်ထုတ် ၍ ၊ သူတို့မ သိ ဘူးသောပြည် ၌ အဘယ်ကြောင့် ချ ပစ်ရသနည်း။
၂၈ယေရမိက``ယေခေါနိသည် အဘယ်သူမျှ အလိုမရှိ၍စွန့်ပစ်လိုက်သော အိုးကွဲကဲ့ သို့ဖြစ်၍နေပါပြီလော။ ထိုကြောင့်သူနှင့် သူ၏သားသမီးများသည် မိမိတို့မသိ ဘူးသည့်ပြည်သို့အနှင်ခံရကြပါ သလော။''
29 ၂၉ အိုမြေကြီး ၊ မြေကြီး ၊ မြေကြီး ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် လော့။
၂၉အို ပြည်တော်၊ အို ပြည်တော်၊ အို ပြည်တော်၊ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် လော့။
30 ၃၀ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မင်း ကို သား မရှိသောသူ ဟူ၍၎င်း ၊ တသက် လုံးမ ကောင်းစား သောသူဟူ၍၎င်း ရေး မှတ်လော့။ သူ ၏သား မြေးတစုံ တယောက်မျှ ဒါဝိဒ် မင်းကြီး၏ ရာဇပလ္လင် ပေါ် မှာ ထိုင် ရ သောအခွင့်နှင့်၊ ယုဒ ပြည်ကို စိုးစံ ရသောအခွင့်မရှိရ။
၃၀``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။