< ယေရမိ 21 >

1 ဇေဒကိ မင်းကြီး သည် မေလခိ သား ပါရှုရ နှင့်၊ ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ယေရမိ ထံသို့ စေလွှတ် ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို စစ်တိုက် သည်ဖြစ်၍၊ သူ့ကိုငါ့ တို့ထံမှ ပြန်သွား စေခြင်းငှါ ၊ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကိုပြုတော်မူသမျှ အတိုင်း ၊
The word that came to Jeremias from the Lord, when king Sedecias sent unto him Phassur, the son of Melchias, and Sophonias, the son of Maasias the priest, saying:
2 ငါ တို့၌တဖန်ပြု တော်မူမည်အကြောင်း၊ ငါ တို့အတွက် ထာဝရဘုရား ကိုတောင်းပန် ပါလော့ဟုမိန့် တော်မူသောအခါ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက်လာ ၍၊
Inquire of the Lord for us, for Nabuchodonosor king of Babylon maketh war against us: if so be the Lord will deal with us according to all his wonderful works, that he may depart from us.
3 ယေရမိ က၊ သင်တို့သည် ဇေဒကိ မင်းကြီးအား ပြန်ပြော ရမည်မှာ၊
And Jeremias said to them: Thus shall you say to Sedecias:
4 ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့၏မြို့ ပြင် မှာ တပ်စွဲ ၍ နေသောဗာဗုလုန် ရှင်ဘုရင် ၊ ခါလဒဲ အမျိုးသားတို့ကို စစ်တိုက်လျက်၊ သင် တို့စွဲကိုင် သော လက်နက် များကို ငါ လွဲ စေမည်။ ထိုသူ တို့ကို မြို့ ထဲ၌ ငါစည်းဝေး စေမည်။
Thus saith the Lord, the God of Israel: Behold I will turn back the weapons of war that are in your hands, with which you fight against the king of Babylon, and the Chaldeans, that besiege you round about the walls: and I will gather them together in the midst of this city.
5 ငါ့ ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက် အရှိန်အားကြီး ၍ ၊ ဆန့် သောလက် ၊ သန်စွမ်း သော လက်ရုံး နှင့် သင် တို့ကို တိုက် မည်။
And I myself will fight against you with an outstretched hand, and with a strong arm, and in fury, and in indignation, and in great wrath.
6 ဤ မြို့ ၌နေ သောလူ သတ္တဝါတိရစ္ဆာန် တို့ကို ငါသည် ဒဏ်ခတ် ၍ ၊ ပြင်း စွာသောကာလနာ ဖြင့် သေ ရ ကြလိမ့်မည်။
And I will strike the inhabitants of this city, men and beasts shall die of a great pestilence.
7 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို နောက်မှ နာ ဘေး၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် လွတ်၍၊ ကျန် ကြွင်းသော မြို့သားတည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ သူ ၏ကျွန် များ၊ သူ၏လူ များတို့ကို၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစ ရှိသော ရန်သူ များ၊ သတ် ချင်သော သူများလက် သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမ ရှိ၊ မ စုံမက် ၊ မ နှမြော ဘဲ၊ ထား နှင့် ကွပ်မျက် လိမ့်မည်ဟု ဆင့်ဆိုလေ၏။
And after this, saith the Lord, I will give Sedecias the king of Juda, and his servants, and his people, and such as are left in this city from the pestilence, and the sword, and the famine, into the hand of Nabuchodonosor the king of Babylon, and into the hand of their enemies, and into the hand of them that seek their life, and he shall strike them with the edge of the sword, and he shall not be moved to pity, nor spare them, nor shew mercy on them.
8 ထာဝရဘုရား ကလည်း၊ သင်သည် ဤ လူမျိုး တို့ အား ဆင့် ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူမူကား ၊ အသက်ရှင် ရာလမ်း ၊ သေ ရာလမ်း တို့ကို သင် တို့ရှေ့ မှာ ငါ ဖွင့် ထား၏။
And to this people thou shalt say: Thus saith the Lord: Behold I set before you the way of life, and the way of death.
9 ဤ မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ခြင်းဘေးဖြင့် သေ လိမ့်မည်။ မြို့ပြင်သို့ထွက် ၍ ၊ မြို့ပြင်မှာ တပ်စွဲ လျက်နေသောခါလဒဲ လူတို့ဘက်သို့ ဝင်စား သောသူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာ ကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။
He that shall abide in this city, shall die by the sword, and by the famine, and by the pestilence: but he that shall go out and flee over to the Chaldeans, that besiege you, shall live, and his life shall be to him as a spoil.
10 ၁၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဤ မြို့ ကို ကျေးဇူး မ ပြု၊ အပြစ် ပြုခြင်းငှါ ငါ သည် မျက်နှာ ထား သည်ဖြစ် ၍၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် မီးရှို့ လိမ့်မည်။
For I have set my face against this city for evil, and not for good, saith the Lord: it shall be given into the hand of the king of Babylon, and he shall burn it with fire.
11 ၁၁ ယုဒ ရှင်ဘုရင် အမျိုး ကို ရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသောစကား တော်ကို နားထောင် ကြလော့။
And to the house of the king of Juda: Hear ye the word of the Lord,
12 ၁၂ အို ဒါဝိဒ် မင်းကြီးအမျိုး ၊ ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ မဆိုင်းမလင့်၊ တရား သဖြင့် စီရင် ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ၏ လက် မှ ကယ်နှုတ် ကြလော့။ သို့မဟုတ် ၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကြောင့် ၊ ငါ့ အမျက် သည် မီး ကဲ့သို့ ဖြစ်၍ ၊ အဘယ် သူမျှမသတ် နိုင်အောင်လောင် လိမ့်မည်။
O house of David, this saith the Lord: Judge ye judgement in the morning, and deliver him that is oppressed by violence out of the hand of the oppressor: lest my indignation go forth like a fire, and be kindled, and there be none to quench it, because of the evil of your ways.
13 ၁၃ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုချိုင့် ၌ နေ သောသူ၊ အိုလွင်ပြင် ၌ရှိသောကျောက် ၊ သင့် တဘက် ၌ ငါ နေ၏။ သင်တို့က၊ ငါ တို့ကို အဘယ်သူ စစ်တိုက် နိုင်မည်နည်း ။ ငါ တို့ နေရာ ထဲသို့ အဘယ်သူ ဝင် နိုင်မည်နည်းဟု ဆို တတ်သော်လည်း ၊
Behold I come to thee that dwellest in a valley upon a rock above a plain, saith the Lord: and you say: Who shall strike us? and who shall enter into our houses?
14 ၁၄ သင် တို့အကျင့် နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ် ကို ငါပေးမည်။ သင်တို့တော ကို ငါရှို့ သော မီး သည်၊ ပတ်လည် ၌ရှိသမျှ သောအရာတို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။
But I will visit upon you according to the fruit of your doings, saith the Lord: and I will kindle a fire in the forest thereof: and it shall devour all things round about it.

< ယေရမိ 21 >