< ယေရမိ 20 >
1 ၁ ထို သို့ယေရမိ ဟော ပြောကြောင်းကို၊ ဗိမာန် တော် မှူး ဖြစ်သော ယဇ်ပုရောဟိတ် ဣမေရ သား ပါရှုရ သည် ကြား သောအခါ ၊
၁ထိုသို့ယေရမိဟောပြောကြောင်းကို၊ ဗိမာန်တော် မှူးဖြစ်သော ယဇ်ပုရောဟိတ် ဣမေရသား ပါရှုရသည် ကြားသောအခါ၊
2 ၂ ပရောဖက် ယေရမိ ကို ရိုက်ပုတ် ၍ ၊ ဗိမာန် တော် နား မှာ ဗင်္ယာမိန် အထက် တံခါး ဝတွင် ထိတ်ခတ် ၍ ထား၏။
၂ပရောဖက် ယေရမိကို ရိုက်ပုတ်၍၊ ဗိမာန်တော် နားမှာ ဗင်္ယာမိန် အထက်တံခါးဝတွင် ထိတ်ခတ်၍ ထား၏။
3 ၃ နက်ဖြန် နေ့၌ ပါရှုရ သည် ယေရမိ ကို ထိတ် မှ လွှတ် သောအခါ ၊ ယေရမိ က၊ ထာဝရဘုရား သည် သင့် ကို ပါရှုရ ဟူ၍ မှည့် တော်မ မူ။ မာဂေါ မိဿဘိတ် ဟူ၍မှည့် တော်မူ၏။
၃နက်ဖြန်နေ့၌ ပါရှုရသည် ယေရမိကို ထိတ်မှ လွှတ်သောအခါ၊ ယေရမိက၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ၍ မှည့်တော်မမူ။ မာဂေါမိဿဘိတ်ဟူ၍ မှည့် တော်မူ၏။
4 ၄ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင်နှင့် သင် ၏ အဆွေ ခင်ပွန်းတို့၌ ၊ သင့် ကို ကြောက်မက် ဘွယ်သော အရာဖြစ် စေမည်။ သူတို့သည်လည်း ၊ သင့် မျက်မှောက် ၌ ရန်သူ ၏ထား ဖြင့် ဆုံး ကြလိမ့်မည်။ ယုဒ ပြည် တပြည်လုံး ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား ၍ ၊ ထား နှင့် သတ် လိမ့်မည်။
၄ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်နှင့်သင်၏ အဆွေခင်ပွန်းတို့၌၊ သင့်ကိုကြောက်မက် ဘွယ်သော အရာဖြစ်စေမည်။ သူတို့သည်လည်း၊ သင့် မျက်မှောက်၌ ရန်သူ၏ထားဖြင့် ဆုံးကြလိမ့်မည်။ ယုဒ ပြည်တပြည်လုံးကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့်၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား ၍၊ ထားနှင့်သတ်လိမ့်မည်။
5 ၅ ဤ မြို့ ၏ အစွမ်း သတ္တိရှိ သမျှကို၎င်း ၊ လုပ်ဆောင်၍ ရသမျှ သော ဥစ္စာ ကို၎င်း ၊ ဆည်းဖူးသမျှ သောရတနာ ကို၎င်း ၊ ယုဒ ရှင်ဘုရင် ၏ ဘဏ္ဍာ တော် အလုံးစုံ တို့ကို၎င်း၊ ရန်သူ လက် သို့ ငါအပ် သဖြင့် ၊ ရန်သူတို့သည် လုယက် ၍ ဗာဗုလုန် မြို့သို့ သိမ်း သွားကြလိမ့်မည်။
၅ဤမြို့၏ အစွမ်းသတ္တိရှိသမျှကို၎င်း၊ လုပ်ဆောင် ၍ ရသမျှသော ဥစ္စာကို၎င်း၊ ဆည်းဖူးသမျှသော ရတနာ ကို၎င်း၊ ယုဒရှင်ဘုရင်၏ ဘဏ္ဍာတော် အလုံးစုံတို့ကို၎င်း၊ ရန်သူလက်သို့ ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။
6 ၆ သင် ပါရှုရ နှင့် သင် ၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်း သွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက် ရလိမ့်မည်။ သင်ဟောပြော သော မုသာ စကားကို နားထောင်သော သင် ၏အဆွေ ခင်ပွန်းအပေါင်း တို့နှင် တကွ၊ သင် သည် ထို မြို့၌ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံ ရလိမ့်မည်ဟု ပါရှုရ အား ပြောဆို ၏။
၆သင်ပါရှုရနှင့် သင်၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသာ စကားကို နားထောင်သော သင်၏အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ၊ သင်သည် ထိုမြို့၌ သေ၍သင်္ဂြိုဟ် ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။
7 ၇ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို သွေးဆောင် တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ် ထက်အားကြီး ၍ နိုင် တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို နေ့ တိုင်း ခံရ ပါ၏။ လူတိုင်း ပြက်ပြယ် ခြင်းကို ပြုတတ်ကြပါ၏။
၇အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်း ပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ၏။
8 ၈ အကျွန်ုပ်သည် ဟော ပြောလေရာရာ၌ အနိုင် အထက် ပြုခြင်း၊ ညှဉ်းဆဲ ခြင်းအမှုကြောင့် အော်ဟစ် ၍ ကြွေးကြော် ရပါ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် အကျွန်ုပ် ၌ ကဲ့ရဲ့ ခြင်း၊ အစဉ် ပြက်ပြယ် ခြင်းကိုခံ စေရာအကြောင်း ဖြစ် ပါ၏။
၈အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင် အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဉ်ပြက်ပြယ်ခြင်းကို ခံစေရာအကြောင်း ဖြစ်ပါ၏။
9 ၉ ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မ ကြား မပြော၊ နာမ တော်ကို အမှီပြု ၍ မ ဟော ဘဲနေမည်ဟု သဘော ထားသော်လည်း ၊ ငါ့ အရိုး တို့၌ ချုပ် ထား၍ ၊ လောင် သောမီး ကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့ နှလုံး ၌ ဖြစ် သောကြောင့်၊ အလွန်ငြီးငွေ့ သဖြင့် အောင့် ၍မ နေနိုင် ၊
၉ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြား မပြော၊ နာမတော်ကို အမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း၊ ငါ့အရိုးတို့၌ ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်၊
10 ၁၀ လူများ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ကြား ရ၏။ ခပ်သိမ်း သော အရပ်တို့၌ ကြောက်မက် ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြား ပြော ကြလော့။ ငါတို့သည် တဆင့်ကြား ပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ ၏အနားမှာ အစဉ်နေ သောငါ ၏မိတ်ဆွေ အပေါင်း တို့က၊ ငါတို့သည် သူ့ ကို နိုင် ၍ အငြိုး ထားသောစိတ် ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင် ကောင်း သွေးဆောင် လိမ့်မည်ဟု ဆိုကြ၏။
၁၀လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ် သိမ်းသော အရပ်တို့၌ ကြောက်မက်ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြားပြော ကြလော့။ ငါတို့သည် တဆင့်ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေ အပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသော စိတ်ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင်ကောင်း သွေး ဆောင်လိမ့်မည်ဟု ဆိုကြ၏။
11 ၁၁ သို့ သော်လည်း၊ ထာဝရဘုရား သည် အားကြီး သော သူရဲ ကဲ့သို့ ငါ့ ဘက် ၌ ရှိတော်မူ၏။ ထိုကြောင့် ၊ ငါ့ ကိုညှဉ်းဆဲ သောသူတို့ သည် မ နိုင် ဘဲ ထိမိ၍ လဲ ကြ လိမ့်မည်။ အကြံ မ မြောက်သောကြောင့် အလွန် ရှက် ကြ လိမ့်မည်။ မ ပြေ မပျောက်နိုင်သော ထာဝရ ရှက် ကြောက်ခြင်း ရှိကြလိမ့်မည်။
၁၁သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီး သော သူရဲကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ၍ လဲကြ လိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြ လိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက် ခြင်း ရှိကြလိမ့်မည်။
12 ၁၂ ဖြောင့်မတ် သောသူတို့ ကို စုံစမ်း ၍၊ နှလုံး ကျောက်ကပ်သဘော ကို သိ မြင်တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏အမှု ကို ရှေ့တော်၌ ဖွင့်ပြ ပါသည်ဖြစ်၍ ၊ သူ တို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင် ရပါလိမ့်မည်။
၁၂ဖြောင့်မတ်သော သူတို့ကို စုံစမ်း၍၊ နှလုံး ကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ရှေ့တော်၌ ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည်။
13 ၁၃ ထာဝရဘုရား အား သီချင်း ဆိုကြလော့။ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ အကြောင်း မူကား၊ မတရား သဖြင့် ပြုသောသူတို့ လက် မှ ၊ ဆင်းရဲ သောသူ ကို ကယ်နှုတ် တော်မူသတည်း။
၁၃ထာဝရဘုရားအား သီချင်းဆိုကြလော့။ ထာဝရ ဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ မတရား သဖြင့် ပြုသော သူတို့လက်မှ၊ ဆင်းရဲသောသူကို ကယ်နှုတ်တော်မူသတည်း။
14 ၁၄ ငါဘွား သော နေ့ ရက်သည် အမင်္ဂလာ ရှိပါစေသော။ ငါ့ ကို ငါ့ အမိ ဘွား သော နေ့ ရက်သည် ကောင်းကြီး မင်္ဂလာကို မ ခံ ပါစေနှင့်။
၁၄ငါဘွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေ သော။ ငါ့ကို ငါ့အမိဘွားသော နေ့ရက်သည် ကောင်းကြီး မင်္ဂလာကို မခံပါစေနှင့်။
15 ၁၅ ငါ့ အဘ ထံသို့သွား၍၊ ကိုယ်တော် သည် သား ယောက်ျားကို ရ ပါပြီဟု သိတင်းပြော လျက်၊ ငါ့အဘ ကို အလွန်ဝမ်းမြောက် စေသောသူသည် အမင်္ဂလာ ရှိပါ စေသော။
၁၅ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သား ယောက်ျားကို ရပါပြီဟု သိတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါ စေသော။
16 ၁၆ ထာဝရဘုရား သည် နောင်တ မ ရ၊ ဖျက်ဆီး တော်မူ သော မြို့ တို့ကဲ့သို့ ၊ ထို သူ သည်ဖြစ် ပါစေသော။ နံနက် အချိန်၌ ကြွေးကြော် သံကို၎င်း ၊ မွန်းတည့် အချိန် ၌ အော်ဟစ် သံကို၎င်းကြား ပါစေသော။
၁၆ထာဝရဘုရားသည် နောင်တမရ၊ ဖျက်ဆီးတော် မူသော မြို့တို့ကဲ့သို့၊ ထိုသူသည်ဖြစ်ပါစေသော။ နံနက် အချိန်၌ ကြွေးကြော်သံကို၎င်း၊ မွန်းတည့်အချိန်၌ အော် ဟစ်သံကို၎င်း ကြားပါစေသော။
17 ၁၇ အကြောင်း မူကား၊ သူသည် ငါ့ ကိုဘွား စကပင် မ သတ် ဘဲ၊ ငါ့ အမိ ၏ ဝမ်း သည်ငါ ၏ သင်္ချိုင်း ဖြစ် ၍၊ ငါ့ ကို အစဉ် ကိုယ်ဝန် ဆောင်မည် အကြောင်း မပြုဘဲ နေပါ သည်တကား။
၁၇အကြောင်းမူကား၊ သူသည် ငါ့ကိုဘွားစကပင် မသတ်ဘဲ၊ ငါ့အမိ၏ ဝမ်းသည်ငါ၏ သင်္ချိုင်းဖြစ်၍၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါ သည်တကား။
18 ၁၈ ငါသည် ပူပန် ခြင်း၊ ဝမ်းနည်း ခြင်းကိုခံရ မည် အကြောင်းနှင့်၊ ရှက် ကြောက်ခြင်းအားဖြင့် ကိုယ် အသက် ကို လွန် စေရမည်အကြောင်း ၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင် ရပါသနည်း။
၁၈ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကို ခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက် ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင်ရပါသနည်း။