< ယေရမိ 2 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည်ငါ့ ဆီသို့ ရောက် ၍၊ သင်သည်ယေရုရှလင် မြို့သို့ သွား ပြီးလျှင် ၊
၁ထာဝရဘုရားသည်ငါ့အား၊-
2 ၂ အော်ဟစ် ရမည်အရာဟူမူကား၊ ထာဝရဘုရား က၊ လယ် မ လုပ် သော တော အရပ်၌ သင် သည် ငါ့ နောက် သို့လိုက် သောအခါ၊ အသက် အရွယ်နုငယ်၍ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြား ပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်း မေတ္တာကို၎င်း ငါအောက်မေ့ ၏။
၂``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
3 ၃ ထိုအခါ ဣသရေလ အမျိုးသည် ထာဝရဘုရား အဘို့ သန့်ရှင်း ၏။ စီးပွားတော်အဘို့ အဦး သီးသော အသီး ဖြစ်၏။ သူ တို့ကို လုယူ သောသူအပေါင်း တို့သည် အပြစ် ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည် ဟု ထာဝရဘုရား မိန့် တော်မူ၏။
၃အို ဣသရေလအမျိုးတို့၊သင်တို့ကို ငါတစ်ဦးတည်းသာလျှင်ပိုင်တော်မူ၏။ သင်တို့သည်ငါပိုင်သောအမြတ်ထားရာ ဖြစ်၏။ ငါသည်သင်တို့ကိုထိခိုက်နာကျင်စေသူ အပေါင်းအား ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခရောက်စေခဲ့၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း။''
4 ၄ အိုယာကုပ် အမျိုး နှင့် ဣသရေလ အမျိုး အနွယ် အပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
၄အချင်းယာကုပ်၏သားမြေး၊ ဣသရေလ အနွယ်ဝင်တို့၊ ထာဝရဘုရား၏ဗျာဒိတ် တော်ကိုနားထောင်ကြလော့။
5 ၅ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့၏ဘိုးဘေး တို့သည် ငါ့ ထံမှ ဝေး စွာထွက်သွား၍ ၊ အနတ္တ လမ်း သို့လိုက် လျက်၊ အနတ္တ သက်သက် ဖြစ် ရမည် အကြောင်း၊ ငါ ၌ အဘယ် မည်သောအပြစ် ကို တွေ့ ကြသနည်း။
၅ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
6 ၆ သူတို့က၊ ငါ တို့ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ် ၍၊ တော တရှောက် လုံး၊ လွင်ပြင် ၊ မြေတွင်း နှင့်ပြည့်စုံသော ပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည် ၊ ခရီး သွားသောသူ၊ နေရာ ကျသောသူ မ ရှိသော ပြည်တရှောက် လုံးသို့ပို့ဆောင်သော ထာဝရဘုရား သည် အဘယ်မှာ ရှိတော်မူသနည်းဟု မ မေး ကြ။
၆ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
7 ၇ ဝပြော သော ပြည် ၏အသီးအနှံ ဆီဥ ဆီကြည်ကို စား စေခြင်းငှါ သင် တို့ကို ငါဆောင် သွင်း၍၊ သင်တို့သည် ဝင်စား သောအခါ ၊ ငါ့ ပြည် ကို ညစ်ညူး စေ၍ ၊ ငါ ၏အမွေ ကို ရွံရှာ ဘွယ်ဖြစ် စေကြသည်တကား။
၇ငါသည်သူတို့အားမြေသြဇာကောင်းမွန်သော ပြည်သို့အသီးအနှံနှင့် အခြားမွန်မြတ်သည့်အစားအစာများကို စားသောက်စေရန်ခေါ်ဆောင်ခဲ့၏။ သို့ရာတွင်သူတို့သည်ငါ့ပြည်ကိုဖျက်ဆီးပစ်ကြ၏။ သူတို့အားငါပေးသည့်ပြည်ကိုညစ်ညမ်းစေကြ၏။
8 ၈ ယဇ် ပုရောဟိတ်တို့က၊ ထာဝရဘုရား သည် အဘယ်မှာ ရှိတော်မူသနည်းဟု မ မေး ကြ။ ကျမ်း တတ်တို့ သည် ငါ့ ကိုမ သိ ကြ။ သင်းအုပ် တို့သည် ငါ့ ကို ပြစ်မှား ကြ၏။ ပရောဖက် တို့သည် ဗာလ ကို အမှီပြု ၍ ဟောပြော လျက် ၊ ကျေးဇူး မဲ့ သောလမ်းသို့ လိုက် ကြ၏။
၈ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
9 ၉ ထိုကြောင့် ၊ သင် တို့နှင့် သင် တို့သား သမီးများကို ငါစစ်ကြော မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၉``သို့ဖြစ်၍ငါသည်သင်တို့အား တစ်ဖန်တရားစွပ်စွဲမည်။ သူတို့၏သားမြေးများအားလည်း စွပ်စွဲချက်တင်မည်'' ဟုထာဝရဘုရားမိန့်တော် မူ၏။
10 ၁၀ ခိတ္တိမ် ကျွန်း တို့သို့ကူး ၍ ကြည့်ရှု ကြလော့။ ကေဒါ ပြည်သို့ လူကို စေလွှတ် ၍ ၊ ထို သို့ ဖြစ် ဘူးပြီလောဟု စေ့စေ့ ကြည့်ရှု ဆင်ခြင်ကြလော့။
၁၀ခိတ္တိမ်ကျွန်းရှိရာအနောက်ဘက်သို့သွားလော့။ ကေဒါပြည်သို့လူလွှတ်၍ကြည့်ရှုစေကြလော့။ ယခုအမှုမျိုးကိုအဘယ်အခါကမျှ မဖြစ်ပျက်ခဲ့ဘူးသည်ကိုသိမြင်ရလိမ့်မည်။
11 ၁၁ အခြားတပါးသော လူမျိုး ကိုးကွယ်သော ဘုရား သည် ဘုရား မဟုတ် သော်လည်း ၊ ပြောင်းလဲ ဘူးပြီလော။ ငါ ၏လူမျိုး သည် ကျေးဇူး မ ပြုနိုင်သောအရာဘို့ မိမိ တို့ ဘုန်း ကို ပြောင်းလဲ ကြပြီတကား။
၁၁မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူ အဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။ သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့် ဘုရားသခင်တည်းဟူသော၊ ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။
12 ၁၂ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို မိုဃ်း ကောင်းကင် တို့၊ ထို အမှုကို မိန်းမော တွေဝေ ၍၊ ကြက်သီး မွေးညှင်း ထ သည် တိုင်အောင ်ထိတ်လန့် လျက် နေကြလော့ ။
၁၂သို့ဖြစ်၍ငါထာဝရဘုရားသည်မိုးကောင်းကင်အား ထိတ်လန့်တုန်လှုပ်အံ့သြတွေဝေ၍သွားစေရန် အမိန့်ပေးတော်မူပြီ။
13 ၁၃ ငါ ၏ လူ တို့သည် အသက် စမ်း ရေတွင်း တည်း ဟူသော၊ ငါ့ ကိုစွန့်ပယ် ၍၊ ရေ မ လုံ ၊ ပဲ့ ပျက်သောရေကျင်း တို့ကို တူး သောအားဖြင့် ဒုစရိုက် နှစ် ပါးကို ပြု ကြပြီ။
၁၃ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသော ငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍ အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
14 ၁၄ ဣသရေလ သည် ကျွန် ဖြစ်သလော ။ ကျွန် သားပေါက် ဖြစ်သလော။ အဘယ်ကြောင့် လုယူ ခြင်းကိုခံရ သနည်း။
၁၄``ဣသရေလသည်ကျွန်မဟုတ်။ ကျွန်သားပေါက်လည်းမဟုတ်။ သို့ပါလျက်၊ရန်သူများသည်အဘယ် ကြောင့် သူ့အားလိုက်လံဖမ်းဆီးကြသနည်း။
15 ၁၅ ခြင်္သေ့ တို့သည် သူ့ ကို ဟောက် ၍ အသံ မြည် ကြပြီ ။ သူ ၏ပြည် ကို ဖျက်ဆီး ကြပြီ။ သူ ၏မြို့ တို့သည် မီးလောင် သောကြောင့်၊ အဘယ်သူမျှမ နေ ရ။
၁၅ရန်သူများသည်သူ့အားခြင်္သေ့ကဲ့သို့ဟောက် ကြ၏။ သူ၏ပြည်ကိုခြောက်သွေ့စေကြ၏။ သူ၏မြို့များသည်ယိုယွင်းပျက်စီးကာ လူသူဆိတ်ညံလျက်ရှိ၏။
16 ၁၆ နောဖ မြို့သား နှင့် တာပနက် မြို့သားတို့သည် သင် ၏ဦးထိပ် ကို စား ကြပြီ။
၁၆နောဖမြို့သားများနှင့်တာပနက်မြို့သားများ သည် သင်၏ဦးခေါင်းခွံကိုခွဲကြလေပြီ။
17 ၁၇ သင့် ကိုပို့ဆောင် တော်မူသောသင် ၏ဘုရား သခင် ထာဝရဘုရား ကို သင် သည်စွန့် သောကြောင့်၊ ထို သို့သော အပြစ်ရောက် သည် မ ဟုတ်လော။
၁၇အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ် သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။
18 ၁၈ ယခု မှာ သင် သည် ရှိဟောရ မြစ်ရေ ကို သောက် အံ့သောငှါ ၊ အဲဂုတ္တု လမ်း သို့ အဘယ်ကြောင့် လိုက် သနည်း။ ဥဖရတ်မြစ် ရေ ကို သောက် အံ့သောငှါ ၊ အာရှုရိ လမ်း သို့ အဘယ်ကြောင့် လိုက်သနည်း။
၁၈ယခုသင်သည်နိုင်းမြစ်ရေသောက်ရန်အီဂျစ်ပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ ဥဖရတ်မြစ်ရေသောက်ရန်အာရှုရိပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။
19 ၁၉ သင် ၏ ဒုစရိုက် သည် သင့် ကိုဆုံးမ မည်။ သင် ၏ ဖောက်ပြန် ခြင်းသည် သင့် ကို အပြစ် ပေးမည်။ သို့ ဖြစ်၍သင် ၏ဘုရား သခင်ထာဝရဘုရား ကို စွန့်ပစ် သောအမှု၊ ငါ့ ကိုမ ကြောက် ဘဲ နေသောအမှုသည်၊ မကောင်း သော အမှု၊ ခါး သောအမှုဖြစ်သည်ကို သိမြင် ရမည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၉သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
20 ၂၀ ရှေး ကာလ၌ သင် ထမ်းရသောထမ်းဘိုး ၊ သင် ၌ ချည်သော နှောင်ဖွဲ့ ခြင်းကို ငါချိုးချွတ် ၍ သင်က၊ အကျွန်ုပ်သည် မ မှားယွင်း ဘဲ နေ ပါမည်ဟု ဂတိ ထား သော်လည်း ၊ မြင့် သောတောင် ရှိသမျှ အပေါ် ၌၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် ၌၎င်း ၊ ကိုယ် ကိုချ၍ ပြည်တန်ဆာ လုပ် လေ၏။
၂၀အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
21 ၂၁ အကောင်းဆုံးသော စပျစ် နွယ်ပင်အမျိုး စစ် ဖြစ်သော သင့် ကို ငါ စိုက်ပျိုး သော်လည်း ၊ သင်သည် ငါ့ ရှေ့ မှာ အဘယ် မျှလောက်ဖောက်ပြန် ၍၊ အမျိုး မစစ်သော စပျစ် နွယ်ပင်ဖြစ်ပါသည်တကား။
၂၁ငါသည်လက်ရွေးစင်မျိုးစေ့မှစပျစ်နွယ်ကို ငါစိုက်ပျိုးခဲ့၏။ သို့ရာတွင်သင်အဘယ်သို့ဖြစ်လာကြ သည်ကိုကြည့်ရှုလော့။ သင်သည်ပုပ်၍အသုံးမဝင်သည့်စပျစ်ပင်နှင့် တူနေပါသည်တကား။
22 ၂၂ သင်သည် ပေါက်ဆပ်ပြာ နှင့် ရေချိုး ၍၊ ချက် သော ဆပ်ပြာ အများကို သုံး သော်လည်း ၊ သင် ၏အပြစ် သည် ငါ့ ရှေ့ မှာထင်ရှား သည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၂၂အကယ်၍သင်တို့သည်ဆပ်ပြာနှင့်အစွန်းချွတ် ဆေး အမြောက်အမြားကိုအသုံးပြုမည်ဆိုသော်လည်း၊ သင်တို့၏အပြစ်သည်ငါ၏ရှေ့၌ ထင်ရှားလျက်ပင်ရှိမည်။
23 ၂၃ သင်ကလည်း၊ ငါသည် ညစ်ညူး ခြင်းမ ရှိ၊ ဗာလ ဘုရားတို့ နောက် သို့မ လိုက် ဟု အဘယ်သို့ ဆို နိုင်သနည်း။ ချိုင့် ၌ သင် လိုက်သော လမ်း ကိုကြည့်ရှု လော့။ သင်ပြု သော အမှုတို့ကို ဝန်ခံ လော့။ လျင်မြန် စွာ ပြေး၍ လှည့်လည် တတ်သော ကုလားအုပ် မပါတကား။
၂၃သင်တို့သည်ဗာလဘုရားကိုအဘယ်အခါကမျှ ဝတ်မပြုရှိမခိုးခဲ့ပါ၊ မိမိတို့ကိုယ်ကိုမညစ်ညမ်းစေခဲ့ပါဟူ၍ အဘယ်သို့လျှင်ဆိုနိုင်မည်နည်း။ ချိုင့်ဝှမ်းထဲတွင်သင်တို့အဘယ်သို့ အပြစ် ကူးလွန်ခဲ့သည်ကိုကြည့်လော့။ သင်ပြုခဲ့သည့်အမှုကိုသိမှတ်လော့။ သင်သည်မုန်ယိုလျက်နေသည့်ကုလားအုတ် ပျိုကဲ့သို့၊ အချုပ်အချယ်မရှိဟိုမှသည်သို့ပြေး လျက်နေ၏။
24 ၂၄ တော ၌ လှည့်လည်၍ ကိလေသာ ရာဂစိတ်နှင့် လေ ကိုရှူ တတ်သော မြည်း ရိုင်းမပါတကား။ အချိန် ရောက် သောအခါ အဘယ်သူ ဆီးတား နိုင်သနည်း။ သူ့ ကိုရှာ အံ့ သောငှါ အဘယ်သူ မျှပင်ပန်း ခြင်းကို မ ခံရ။ အချိန် စေ့ သောအခါ သူ့ ကိုတွေ့ လိမ့်မည်။
၂၄သင်သည်တောကန္တာရတွင်နေသည့် မြည်းရိုင်းမနှင့်တူ၏။ မိတ်လိုက်ချိန်ကျသောအခါ၊ သူ့အား အဘယ်သူတားဆီးနိုင်သနည်း။ သူ့ကိုအလိုရှိသူမြည်းထီးမှန်သမျှသည် အပင်ပန်းခံ၍ရှာနေရန်မလို။ မိတ်လိုက်ချိန်၌သူ့အားအစဉ်တွေ့ရှိနိုင်လေသည်။
25 ၂၅ သင် ၏ခြေ နင်းကို မ ပျက်စေနှင့်။ ရေငတ် ခြင်း အကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း ၊ သင်ကမြော်လင့် စရာမရှိ၊ အလျှင်းမရှိ။ သူတပါး တို့ကို ငါချစ် ၍ ၊ သူ တို့ နောက် သို့ လိုက် မည်ဟု ပြန်ပြော ၏။
၂၅အို ဣသရေလ၊အခြားဘုရားများသို့ လိုက်ပြေးခြင်းအားဖြင့် သင်၏ခြေ၌ဖိနပ်မကျွတ်စေနှင့်။ သင်၏အာခေါင်ကိုသော်လည်းမခြောက်စေနှင့်။ သို့ရာတွင်သင်က`အကျွန်ုပ်သည်လူမျိုးခြား ဘုရားများကိုချစ်၍၊ သူတို့၏နောက်သို့ပင်လိုက်ပါတော့မည်' ဟုဆို၏။
26 ၂၆ ဘမ်းမိ သောသူခိုး သည် ရှက် သကဲ့သို့ ၊ ဣသရေလ အမျိုး ၏ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် နှင့်တကွ အမျိုးသား များ တို့သည် ရှက် ကြ၏။
၂၆အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-
27 ၂၇ သစ် တုံးအား ၊ ကိုယ်တော် သည် အကျွန်ုပ် အဘ ဖြစ်တော်မူ၏ဟူ၍၎င်း ၊ ကျောက် အား လည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင် တော်မူပြီဟူ၍၎င်း ဆို လျက် ၊ စင်စစ်ငါ့ကို မျက်နှာ မ ပြု၊ ကျောခိုင်း ကြသော်လည်း၊ အမှု ရောက်လျှင်မူကား ၊ ထ တော်မူပါ၊ အကျွန်ုပ် တို့ကို ကယ်မ တော်မူပါဟု လျှောက် တတ်ကြ၏။
၂၇သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
28 ၂၈ ကိုယ် အဘို့ သင် လုပ် သော ဘုရား တို့သည် အဘယ် မှာရှိကြသနည်း။ အမှု ရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင် ထ ၍ ကယ် ကြပါလေစေ။ အိုယုဒ ပြည်၊ သင် သည် မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။
၂၈``မိမိတို့အတွက်သင်တို့ပြုလုပ်ထားသည့် ဘုရားများကားအဘယ်မှာနည်း။ သင်တို့ဒုက္ခ ရောက်ချိန်ထိုဘုရားများကယ်နိုင်လျှင်ကယ် စေကြလော့။ အို ယုဒပြည်၊ သင်၏မြို့တို့သည် များပြားသကဲ့သို့ သင်ပြုလုပ်သောဘုရား တို့သည်လည်းများပြားလှပါသည်တကား။-
29 ၂၉ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့သည် အဘယ် အကျိုးအလိုငှါ ငါ နှင့် တရားတွေ့ ကြမည် နည်း။ သင် တို့ရှိသမျှ သည် ငါ့ ကို ပြစ်မှား ကြပြီ။
၂၉သင်တို့အားလုံးပင်ငါ့ကိုပုန်ကန်ကြလေပြီ။ သင်တို့သည်ငါ့ကို အဘယ်သို့မကျေမနပ် ဖြစ်ကြသနည်း'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
30 ၃၀ ငါသည်သင် တို့သား များကို အချည်းနှီး ဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမ ခြင်းကို မ ခံ ကြ။ သင် တို့၏ ထား သည် လုယူဖျက်ဆီး တတ်သော ခြင်္သေ့ ကဲ့သို့ ၊ သင် တို့၏ ပရောဖက် များကို ဖျက်ဆီး လေပြီ။
၃၀``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
31 ၃၁ ယခု ဖြစ် သော အမျိုးသား တို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင်ခြင် ကြလော့။ ငါသည် ဣသရေလ အမျိုး၌ တော ကဲ့သို့၎င်း ၊ မှောင်မိုက် နိုင်ငံ ကဲ့သို့၎င်း ဖြစ် ဘူး သလော။ ငါ ၏လူ တို့က၊ ငါတို့သည် အရပ်ရပ်သို့ လည် မည်။ ကိုယ်တော် ထံသို့ နောက် တဖန်မ ချဉ်းကပ် ဟု အဘယ်ကြောင့် ဆို ကြသနည်း။
၃၁ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
32 ၃၂ အပျို မသည် မိမိ ၌ဆင်သောတန်ဆာ ကို၎င်း ၊ မင်္ဂလာဆောင် သတို့သမီး သည် မိမိ ခါးပန်း ကို၎င်းမေ့လျော့ နိုင်သလော။ သို့ သော်လည်း၊ ငါ ၏လူ တို့သည် မ ရေတွက် နိုင်အောင် များစွာသောကာလ ပတ်လုံးငါ့ ကို မေ့လျော့ ကြပြီ။
၃၂မိန်းမပျိုသည်မိမိ၏ကျောက်မျက်ရတနာ များကိုလည်းကောင်း၊ မင်္ဂလာဆောင်သတို့ သမီးသည်မိမိ၏မင်္ဂလာဆောင်ဝတ်စုံကို လည်းကောင်းမေ့လျော့တတ်ပါသလော။ သို့ ရာတွင်ငါ၏လူမျိုးတော်မူကားမရေ မတွက်နိုင်သောနေ့ရက်များတွင်ငါ့ကို မေ့လျော့ကြလေပြီ။-
33 ၃၃ သင်သည် ရည်းစား ကို ရှာ ခြင်းငှါ သင် တို့ဘာသာ ဓလေ့တို့ကို အဘယ်ကြောင့် ပြုပြင် သနည်း။ သင်၏အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား။
၃၃သင်တို့သည်မိမိတို့ချစ်သူများကိုအမှန် ပင်လိုက်၍ရှာတတ်ကြ၏။ ဆိုးညစ်သည့်အမျိုး သမီးများကိုပင်သင်တို့၏အကျင့်ကိုသင် ပေးနိုင်ကြ၏။-
34 ၃၄ ထိုမှတပါး၊ အနိုင် အထက်ပြု သည်ကို သင် မတွေ့ ။ အပြစ်မရှိ သော ဆင်းရဲသား တို့ကို အသေ သတ်၍၊ သွန်းသော အသွေး သည် သင် ၏အဝတ် စွန်း၌ ထင်ရှား ၏။
၃၄ဖောက်ထွင်းခိုးယူမှုအတွက်သင်တို့ဖမ်းမမိ သော်လည်း ထိုဆင်းရဲသားများ၊ အပြစ်မဲ့သူ များ၏သွေးနှင့် သင်တို့၏အဝတ်များသည် စွန်းကွက်လျက်ရှိ၏။ ``သို့ပါလျက်
35 ၃၅ ထို သို့သော အပြစ်များ ရှိ သော်လည်း သင်က၊ ငါ၌အပြစ် မရှိသောကြောင့် ၊ ဘုရား သခင်၏ အမျက် တော်သည် ငါ မှ လွှဲသွား လိမ့်မည် ဟု ဆို ပါသည်တကား။ ငါ၌အပြစ် မ ရှိဟုဆို သောကြောင့် ၊ သင့် ကို ငါ စစ်ကြော စီရင်မည်။
၃၅`ငါ့တွင်အပြစ်မရှိ၊ ထာဝရဘုရားသည်အမှန် ပင် ငါ့အားအမျက်ထွက်တော်မမူတော့ပြီဟု' ဆို ချင်သည်။ သို့သော်သင်ကမိမိအပြစ်မကူး လွန်ပါဟုငြင်းဆိုသဖြင့် ငါသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူမည်။-
36 ၃၆ သင် သည် အရပ်ရပ်သို့ ပြောင်းလဲ ခြင်းငှါ ၊ အဘယ်ကြောင့် ဤမျှ လောက်လှည့်လည် သနည်း။ အာရှုရိ ပြည်ကို ရှက်ကြောက် သည်နည်းတူ ၊ အဲဂုတ္တု ပြည် ကို ရှက်ကြောက် လိမ့်မည်။
၃၆သင်တို့သည်အခြားနိုင်ငံဘုရားများဆည်း ကပ်သောအားဖြင့်၊ မိမိကိုယ်ကိုတန်ဖိုးကျ စေသည့်အာရှုရိပြည်သည်သင့်အားအကူ အညီပေးရန်ပျက်ကွက်သကဲ့သို့ အီဂျစ် ပြည်သည်လည်းပျက်ကွက်လိမ့်မည်။-
37 ၃၇ သင်သည် မိမိ လက် ကို မိမိ ခေါင်း ပေါ် မှာ တင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွား ရလိမ့်မည်။ အကြောင်းမူကား၊ သင် ခိုလှုံ သောအရာတို့ကို ထာဝရဘုရား သည် ပယ် တော်မူသောကြောင့် ၊ ခိုလှုံ၍ အကျိုး ကို မ ရနိုင်ရာ။
၃၇သင်သည်အရှက်ကွဲလျက်ခေါင်းငိုက်စိုက်နှင့် အီဂျစ်ပြည်မှပြန်လာရလိမ့်မည်။ ငါထာဝရ ဘုရားသည်သင်အားကိုးသူတို့ကိုပစ်ပယ် တော်မူပြီ။ သူတို့ထံမှသင်သည်အဘယ် အကျိုးကိုမျှရရှိလိမ့်မည်မဟုတ်။''